စစ်ရေယာဉ် (၅)စင်း ထပ်မံတပ်တော်ဝင်၊ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များကို အင်အားဖြန့်ကြက်နိုင်ရန် ပြင်ဆင်နေ

7222
မြူနစ် (NP News) - ဒီဇင်ဘာ ၂၅
စစ်ရေယာဉ် (၅)စင်း ထပ်မံတပ်တော်ဝင်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များကို အင်အားဖြန့်ကြက်နိုင်ရန် ပြင်ဆင်နေကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

၎င်းက ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်)တွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပသော (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါနှစ်ပတ်လည်နေ့၌ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာအကျိုးစီးပွားများ နှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား ကာကွယ်စောင့် ရှောက်ရန်အတွက် စစ်ရေယာဉ် (၅)စင်း တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။
တပ်မတော်(ရေ)သို့ ၃၃ မီတာ ကမ်းခြေစောင့်တိုက်ရေယာဉ် (၂)စင်း၊ ပြည်ပမှ နည်းပညာလွှဲပြောင်းရယူကာ တပ်မတော်(ရေ)က ကိုယ်တိုင်တည် ဆောက်ခဲ့သော သတ္တမမြောက် နှင့် အဋ္ဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့် ရေယာဉ် (၂)စင်းနှင့် မြစ်တွင်းသွားကင်းလှည့်ရေယာဉ်တစ်စင်းတို့ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်(ရေ)၏ တရားဝင်အသိပေးထုတ်ပြန်မှုများအရ လက်ရှိတွင် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (၂)စင်းကို ပိုင်ဆိုင်ထားပြီး ၎င်းသင်္ဘော (၂) စင်းအား အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ထံမှ ရယူပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့တပ်မတော်(ရေ)အတွက် စစ်ရေယာဉ်များ တည်ဆောက်လျက်ရှိရာတွင် ၂၀၁၁ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ဆယ်စုနှစ်တစ်စုကျော်ကာလအတွင်း၌ စစ်ရေယာဉ်အစင်းပေါင်း (၁၀၀)ကျော်ကို တည် ဆောက်နိုင်ခဲ့ကာ တပ်တော်ဝင်ထားကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ပြောကြားခဲ့ဖူးသည်။
လက်ရှိတွင် တပ်မတော်(ရေ)ကို တည်ဆောက်ရာ၌ အဆင့်လိုက်မျှော်မှန်းချက်များချမှတ်ကာဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်းအား အပြည့်အဝကာကွယ်နိုင်သော သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ် တည် ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ထို့ပြင် ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံအသိပေးပြောကြားသည်။
အဆိုပါရေတပ်ဖြစ်ရန်အတွက် ပင်လယ်ပြင်၌ ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအားပြည့်ဝသော စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည့်အတွက် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည် ဆောက်သွားရမည်ဟု ဒုတပ်ချုပ်က ပြောသည်။
ထို့ပြင် တပ်မတော်(ရေ)သည် အနာဂတ်၌ လွန်းကျင်းကြီးများနှင့် ရေယာဉ်တည်ဆောက်နိုင်မှု စွမ်းရည်များကို ပေါင်းစပ် ကာ စွမ်းအားကြီးမားသော စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက် ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကိုလည်း တည်ဆောက်ရန် ပြင်ဆင်နေဖွယ်ရှိသည်။
လက်ရှိတွင် တပ်မတော်(ရေ)၌ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော(၂)စင်းကို ပိုင်ဆိုင်ထားသည့်အပြင် ဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်များကိုလည်း ကိုယ်တိုင်ထုတ်လုပ်ပိုင်ဆိုင်နေသည့်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
စစ္ေရယာဥ္ (၅)စင္း ထပ္မံတပ္ေတာ္ဝင္၊ အိႏၵိယသမုဒၵရာအတြင္းရွိ ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားကို အင္အားျဖန႔္ၾကက္ႏိုင္ရန္ ျပင္ဆင္ေန
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၂၅
စစ္ေရယာဥ္ (၅)စင္း ထပ္မံတပ္ေတာ္ဝင္ခဲ့ၿပီး အိႏၵိယသမုဒၵရာအတြင္းရွိ ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားကို အင္အားျဖန႔္ၾကက္ႏိုင္ရန္ ျပင္ဆင္ေနေၾကာင္း ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။
၎က ယမန္ေန႔(ဒီဇင္ဘာလ ၂၄ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ေရတပ္ဆိပ္ခံတား၌ က်င္းပေသာ (၇၆)ႏွစ္ေျမာက္ တပ္မေတာ္(ေရ) ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါႏွစ္ပတ္လည္ေန႔၌ ႏိုင္ငံေတာ္၏ ေရေၾကာင္းဆိုင္ရာအက်ိဳးစီးပြားမ်ား ႏွင့္ ျမန္မာ့ပင္လယ္ျပင္သီးသန႔္စီးပြားေရးဇုန္အား ကာကြယ္ေစာင့္ ေရွာက္ရန္အတြက္ စစ္ေရယာဥ္ (၅)စင္း တပ္ေတာ္ဝင္ခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္(ေရ)သို႔ ၃၃ မီတာ ကမ္းေျခေစာင့္တိုက္ေရယာဥ္ (၂)စင္း၊ ျပည္ပမွ နည္းပညာလႊဲေျပာင္းရယူကာ တပ္မေတာ္(ေရ)က ကိုယ္တိုင္တည္ ေဆာက္ခဲ့ေသာ သတၱမေျမာက္ ႏွင့္ အ႒မေျမာက္ ၂၇ မီတာ Super Dvora အျမန္သြားကင္းလွည့္ ေရယာဥ္ (၂)စင္းႏွင့္ ျမစ္တြင္းသြားကင္းလွည့္ေရယာဥ္တစ္စင္းတို႔ တပ္ေတာ္ဝင္ခဲ့ျခင္းျဖစ္သည္။
တပ္မေတာ္(ေရ)၏ တရားဝင္အသိေပးထုတ္ျပန္မႈမ်ားအရ လက္ရွိတြင္ တိုက္ခိုက္ေရး ေရငုပ္သေဘၤာ (၂)စင္းကို ပိုင္ဆိုင္ထားၿပီး ၎သေဘၤာ (၂) စင္းအား အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔ထံမွ ရယူပိုင္ဆိုင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့တပ္မေတာ္(ေရ)အတြက္ စစ္ေရယာဥ္မ်ား တည္ေဆာက္လ်က္ရွိရာတြင္ ၂၀၁၁ ခုႏွစ္မွစ၍ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလအထိ ဆယ္စုႏွစ္တစ္စုေက်ာ္ကာလအတြင္း၌ စစ္ေရယာဥ္အစင္းေပါင္း (၁၀၀)ေက်ာ္ကို တည္ ေဆာက္ႏိုင္ခဲ့ကာ တပ္ေတာ္ဝင္ထားေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္က ေျပာၾကားခဲ့ဖူးသည္။
လက္ရွိတြင္ တပ္မေတာ္(ေရ)ကို တည္ေဆာက္ရာ၌ အဆင့္လိုက္ေမွ်ာ္မွန္းခ်က္မ်ားခ်မွတ္ကာေဆာင္႐ြက္လ်က္ရွိၿပီး ပထမအဆင့္ျဖစ္သည့္ ျမန္မာ့ပင္လယ္ျပင္ သီးသန႔္စီးပြားေရးဇုန္းအား အျပည့္အဝကာကြယ္ႏိုင္ေသာ သုံးဘက္ျမင္ စစ္ဆင္ႏိုင္စြမ္းရွိသည့္ တိုက္ပြဲဝင္အသင့္ေရတပ္အျဖစ္ တည္ ေဆာက္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။
ထို႔ျပင္ ဒုတိယအဆင့္အေနျဖင့္ အိႏၵိယသမုဒၵရာအတြင္းရွိ ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားသို႔ အင္အားျဖန႔္ၾကက္ႏိုင္စြမ္းရွိသည့္ ေရတပ္အျဖစ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းလည္း ၎က ထပ္မံအသိေပးေျပာၾကားသည္။
အဆိုပါေရတပ္ျဖစ္ရန္အတြက္ ပင္လယ္ျပင္၌ ေရရွည္ရပ္တည္ႏိုင္စြမ္းရွိၿပီး တိုက္စြမ္းအားျပည့္ဝေသာ စစ္ေရယာဥ္ႀကီးမ်ားရွိမွသာ အေကာင္အထည္ ေဖာ္ႏိုင္မည္ျဖစ္သည့္အတြက္ စစ္ေရယာဥ္ႀကီးမ်ားကို ဆက္လက္တည္ ေဆာက္သြားရမည္ဟု ဒုတပ္ခ်ဳပ္က ေျပာသည္။
ထို႔ျပင္ တပ္မေတာ္(ေရ)သည္ အနာဂတ္၌ လြန္းက်င္းႀကီးမ်ားႏွင့္ ေရယာဥ္တည္ေဆာက္ႏိုင္မႈ စြမ္းရည္မ်ားကို ေပါင္းစပ္ ကာ စြမ္းအားႀကီးမားေသာ စစ္ေရယာဥ္ႀကီးမ်ားအျပင္ အရပ္ဘက္ ကုန္တင္ေရယာဥ္ႀကီးမ်ားႏွင့္ ဆီတင္ေရယာဥ္ႀကီးမ်ားကိုလည္း တည္ေဆာက္ရန္ ျပင္ဆင္ေနဖြယ္ရွိသည္။
လက္ရွိတြင္ တပ္မေတာ္(ေရ)၌ တိုက္ခိုက္ေရး ေရငုပ္သေဘၤာ(၂)စင္းကို ပိုင္ဆိုင္ထားသည့္အျပင္ ဒုံးပ်ံတင္ ဖရီးဂိတ္စစ္ေရယာဥ္မ်ားကိုလည္း ကိုယ္တိုင္ထုတ္လုပ္ပိုင္ဆိုင္ေနသည့္အဆင့္ထိ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။