တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက်အမြဲအသင့်ရှိကာ ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေဟု တပ်ချုပ်ပြော

 5428

ကျော်(NP News) - ဒီဇင်ဘာ ၂၅

နစက အနေဖြင့် ငြိမ်းချမ်းရေးတံခါးများအမြဲဖွင့်လှစ်ထားကာ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက်အမြဲအသင့်ရှိပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော သည်။

၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)မွန်းလွဲပိုင်းက နေပြည် တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် (၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"နစက အနေနဲ့ ငြိမ်းချမ်းရေးတံခါးတွေ အမြဲဖွင့်ထားသလို တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းအရ နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတိုင်းဟာ ငြိမ်းချမ်းရေးအတွက်အလေးအနက်ထားအစဉ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်"ဟု တပ်ချုပ်ကပြောသည်။

ထို့ကြောင့် နစက လက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များချမှတ်၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

"မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေ နိုင်ငံသားတွေအားလုံးဆီ အမြန်ရောက်ရှိနိုင်ဖို့ ဘာသာတရားအားလုံးက ငြိမ်းချမ်းစွာအတူလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားကြရပါမယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ထို့ပြင် လူသားများကောင်းကျိုးအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာ ယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်ရာတွင် ဘာသာရေးအပိုင်းမှပါဝင်ခြင်းသည် အကျိုးကျေးဇူးကြီးမားနိုင်သည်ကို ယုံကြည်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာသာသနာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာသာသနာတို့အပြင် အခြားဘာသာများကိုလည်း အသိအမှတ်ပြုထားသည်ဟု ပြောသည်။

ဥပဒေများနှင့်မဆန့်ကျင်ဘဲ တိုင်းရင်းသားလူမျိုးများနှင့်အခြားဘာသာသာသနာများကို ထိခိုက်နစ်နာမှုမရှိပါက မိမိတို့ကိုးကွယ်သည့် ဘာသာသာသနာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးလျက်ရှိသည်ဟုလည်း တပ်ချုပ်က ပြောကြားခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်၌ တိုင်းနှင့်ပြည်နယ်အချို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များပူးပေါင်းအဖွဲ့များ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

zawgyi version
တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးအတြက္အၿမဲအသင့္ရွိကာ ထာဝစဥ္ဖိတ္ေခၚႀကိဳဆိုေနဟု တပ္ခ်ဳပ္ေျပာ
ေက်ာ္(NP News) - ဒီဇင္ဘာ ၂၅

နစက အေနျဖင့္ ၿငိမ္းခ်မ္းေရးတံခါးမ်ားအၿမဲဖြင့္လွစ္ထားကာ တပ္မေတာ္အေနျဖင့္လည္း ၿငိမ္းခ်မ္းေရးအတြက္အၿမဲအသင့္ရွိၿပီး ထာဝစဥ္ဖိတ္ေခၚႀကိဳဆိုေနေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေျပာ သည္။

၎က ယမန္ေန႔ (ဒီဇင္ဘာလ ၂၄ ရက္)မြန္းလြဲပိုင္းက ေနျပည္ ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ ရန္ေအာင္ (၁)ရပ္ကြက္ရွိ စိန႔္မိုင္ကယ္ကက္သလစ္ဘုရားေက်ာင္း၌ျပဳလုပ္သည့္ ခရစ္ေတာ္ေမြးေန႔(ခရစၥမတ္)ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

"နစက အေနနဲ႔ ၿငိမ္းခ်မ္းေရးတံခါးေတြ အၿမဲဖြင့္ထားသလို တပ္မေတာ္အေနနဲ႔လည္း ၿငိမ္းခ်မ္းေရးအတြက္ အၿမဲအသင့္ရွိေနၿပီး ထာဝစဥ္ဖိတ္ေခၚႀကိဳဆိုေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕သမိုင္းေၾကာင္းအရ ႏိုင္ငံေတာ္ကိုတာဝန္ယူအုပ္ခ်ဳပ္တဲ့ အစိုးရတိုင္းဟာ ၿငိမ္းခ်မ္းေရးအတြက္အေလးအနက္ထားအစဥ္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၾကပါတယ္"ဟု တပ္ခ်ဳပ္ကေျပာသည္။

ထို႔ေၾကာင့္ နစက လက္ထက္တြင္လည္း ၿငိမ္းခ်မ္းေရးအတြက္ လုပ္ငန္းစဥ္မ်ားခ်မွတ္၍ အားသြန္ခြန္စိုက္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္ဟု ေျပာသည္။

"ျမန္မာႏိုင္ငံမွာ အဓိကလိုအပ္ေနတဲ့ တည္ၿငိမ္ေအးခ်မ္းေရး၊ လုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးေတြ ႏိုင္ငံသားေတြအားလုံးဆီ အျမန္ေရာက္ရွိႏိုင္ဖို႔ ဘာသာတရားအားလုံးက ၿငိမ္းခ်မ္းစြာအတူလက္တြဲၿပီး ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရပါမယ္"ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေျပာသည္။

ထို႔ျပင္ လူသားမ်ားေကာင္းက်ိဳးအတြက္ လိုအပ္ေနသည့္ ၿငိမ္းခ်မ္းေရး၊ သာ ယာဝေျပာေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကိုေဆာင္႐ြက္ရာတြင္ ဘာသာေရးအပိုင္းမွပါဝင္ျခင္းသည္ အက်ိဳးေက်းဇူးႀကီးမားႏိုင္သည္ကို ယုံၾကည္သည္ဟုလည္း ၎ကေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံသားအမ်ားစုကိုးကြယ္သည့္ ဗုဒၶဘာသာသာသနာႏွင့္အတူ ခရစ္ယာန္၊ အစၥလာမ္၊ ဟိႏၵဴဘာသာသာသနာတို႔အျပင္ အျခားဘာသာမ်ားကိုလည္း အသိအမွတ္ျပဳထားသည္ဟု ေျပာသည္။

ဥပေဒမ်ားႏွင့္မဆန႔္က်င္ဘဲ တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္အျခားဘာသာသာသနာမ်ားကို ထိခိုက္နစ္နာမႈမရွိပါက မိမိတို႔ကိုးကြယ္သည့္ ဘာသာသာသနာကို လြတ္လပ္စြာကိုးကြယ္ခြင့္ျပဳထားၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ျပ႒ာန္းထားသည့္အတိုင္း တတ္ႏိုင္သမွ်ကူညီေစာင့္ေရွာက္ေပးလ်က္ရွိသည္ဟုလည္း တပ္ခ်ဳပ္က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း လက္ရွိအခ်ိန္၌ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ားပူးေပါင္းအဖြဲ႕မ်ား ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။

Related news

© 2021. All rights reserved.