ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တုံချိန်ဒေသရှိ အရပ်သား(၈)ဦး သေဆုံး၍ (၂၁)ဦး ထိခိုက်ဒဏ်ရာရ

 1621

NP News - ဒီဇင်ဘာ ၂၅

ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တုံချိန်ဒေသရှိ အရပ်သား(၈)ဦး သေဆုံး၍ (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

MNDAA အဖွဲ့သည် ယနေ့(ဒီဇင်ဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် လောက်ကိုင်မြို့၊ တုံချိန်၊ Crown ဟိုတယ်ရှေ့၊ ကော်တုံး (၃)လမ်းပေါ်တွင် အထက် ပါကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုံချိန်ဒေသရှိ သတင်းအရင်း အမြစ်က NP News ကို ပြောသည်။

“တုံချိန်က Crown ဟိုတယ်ရှေ့၊ ကော်တုံး (၃)လမ်းမှာ အရပ်သားတွေကို MNDAA အဖွဲ့က ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်တာ။ တုံချိန်မှာ တပ်မရှိတော့ဘူးလေ။ သူတို့ပဲ(MNDAA) ရှိတာ။ အကြောင်းပြချက်ကတော့ မသိဘူး။ သူတို့ လုပ်ချင်ရင်လုပ်တာပဲ။ သေတဲ့လူတွေ အကုန်လုံးက ကိုးကန့်တွေပဲ။ သေဆုံးတာ (၈)ယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူက (၂၁)ယောက်ရှိတယ်။ အားလုံးက ကိုးကန့်တွေချည်ပဲ”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

တုံချိန်ဒေသသည် လောက်ကိုင်မြို့နှင့်တစ်စပ်တည်းတွင်တည်ရှိပြီး ဒေသခံများအနေဖြင့် လောက်ကိုင်မြို့သစ်ဟု ခေါ်ဆိုလေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် တုံချိန်ဒေသအား MNDAA အဖွဲ့က သိမ်းပိုက်ထားကြောင်း သိရပြီး ဒေသခံကိုးကန့်လူမျိုးများကို ၎င်းတို့အဖွဲ့ထဲသို့ ဝင်ရောက်ခိုင်းမှုများရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ထို့ကြောင့် ဒေသခံကိုးကန့်လူမျိုးများအနေဖြင့် MNDAA အဖွဲ့ထံသို့ ဝင်ရောက်မှုများရှိသကဲ့သို့ မဝင်ရောက်သောသူများကိုလည်း အထက်ပါကဲ့သို့ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ၎င်းက ထပ်မံပြောသည်။

ထို့ပြင် MNDAA လက်နက်ကိုင်အဖွဲ့သည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ပြန်ပေးဆွဲခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က တရားဝင် ထုတ်ဖော်အသိပေးထားသည်။

MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်းဒေသရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ MNDAA ဦးဆောင်အဖွဲ့၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့ နှင့် တစ်ဝိုက်တွင် ပြီးခဲ့သော ရက်ပိုင်းအတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြို့ပြအဆောက်အဦးများစွာသည်လည်း ပျက်စီးနေလျက်ရှိသည်။

zawgyi version
ကိုးကန႔္လက္နက္ကိုင္ MNDAA အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ တုံခ်ိန္ေဒသရွိ အရပ္သား(၈)ဦး ေသဆုံး၍ (၂၁)ဦး ထိခိုက္ဒဏ္ရာရ

NP News - ဒီဇင္ဘာ ၂၅

ကိုးကန႔္လက္နက္ကိုင္ MNDAA အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ တုံခ်ိန္ေဒသရွိ အရပ္သား(၈)ဦး ေသဆုံး၍ (၂၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

MNDAA အဖြဲ႕သည္ ယေန႔(ဒီဇင္ဘာလ ၂၅ ရက္) နံနက္ပိုင္းတြင္ ေလာက္ကိုင္ၿမိဳ႕၊ တုံခ်ိန္၊ Crown ဟိုတယ္ေရွ႕၊ ေကာ္တုံး (၃)လမ္းေပၚတြင္ အထက္ ပါကဲ့သို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း တုံခ်ိန္ေဒသရွိ သတင္းအရင္း အျမစ္က NP News ကို ေျပာသည္။

“တုံခ်ိန္က Crown ဟိုတယ္ေရွ႕၊ ေကာ္တုံး (၃)လမ္းမွာ အရပ္သားေတြကို MNDAA အဖြဲ႕က ပစ္ခတ္တိုက္ခိုက္သတ္ျဖတ္တာ။ တုံခ်ိန္မွာ တပ္မရွိေတာ့ဘူးေလ။ သူတို႔ပဲ(MNDAA) ရွိတာ။ အေၾကာင္းျပခ်က္ကေတာ့ မသိဘူး။ သူတို႔ လုပ္ခ်င္ရင္လုပ္တာပဲ။ ေသတဲ့လူေတြ အကုန္လုံးက ကိုးကန႔္ေတြပဲ။ ေသဆုံးတာ (၈)ေယာက္ရွိတယ္။ ဒဏ္ရာရတဲ့သူက (၂၁)ေယာက္ရွိတယ္။ အားလုံးက ကိုးကန႔္ေတြခ်ည္ပဲ”ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

တုံခ်ိန္ေဒသသည္ ေလာက္ကိုင္ၿမိဳ႕ႏွင့္တစ္စပ္တည္းတြင္တည္ရွိၿပီး ေဒသခံမ်ားအေနျဖင့္ ေလာက္ကိုင္ၿမိဳ႕သစ္ဟု ေခၚဆိုေလ့ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ တုံခ်ိန္ေဒသအား MNDAA အဖြဲ႕က သိမ္းပိုက္ထားေၾကာင္း သိရၿပီး ေဒသခံကိုးကန႔္လူမ်ိဳးမ်ားကို ၎တို႔အဖြဲ႕ထဲသို႔ ဝင္ေရာက္ခိုင္းမႈမ်ားရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေဒသခံကိုးကန႔္လူမ်ိဳးမ်ားအေနျဖင့္ MNDAA အဖြဲ႕ထံသို႔ ဝင္ေရာက္မႈမ်ားရွိသကဲ့သို႔ မဝင္ေရာက္ေသာသူမ်ားကိုလည္း အထက္ပါကဲ့သို႔ ပစ္ခတ္တိုက္ခိုက္ေလ့ရွိေၾကာင္း ၎က ထပ္မံေျပာသည္။

ထို႔ျပင္ MNDAA လက္နက္ကိုင္အဖြဲ႕သည္ ေနရပ္စြန႔္ခြာထြက္ေျပးတိမ္းေရွာင္ေနသူမ်ားကို အတင္းအဓမၼ လူသစ္စုေဆာင္းျခင္း၊ ျပန္ေပးဆြဲျခင္းမ်ားကိုလည္း လုပ္ေဆာင္ေနေၾကာင္း လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕(HRW)က တရားဝင္ ထုတ္ေဖာ္အသိေပးထားသည္။

MNDAA ဦးေဆာင္ေသာ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္အေရွ႕ ေျမာက္ပိုင္းေဒသရွိ တပ္မေတာ္၏ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံး အရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

ထိုသို႔ MNDAA ဦးေဆာင္အဖြဲ႕၏ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားေၾကာင့္ ေလာက္ကိုင္ၿမိဳ႕ ႏွင့္ တစ္ဝိုက္တြင္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ျပအေဆာက္အဦးမ်ားစြာသည္လည္း ပ်က္စီးေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.