အာဏာရှင် - ဒီမိုကရေစီ နှင့် မူးယစ်ဆေးဝါးနိုင်ငံ (ဘာသာပြန်ဆောင်းပါး)

 1152

Htay Oung (NP News) - ဒီဇင်ဘာ ၂၆

ကမ္ဘာ့ဘိန်းအထွက်ဆုံး အာဖဂန်နစ္စဟာ ၄င်းရဲ့ချန်ပီယံရွှေခါးပတ်ကို ၂ဝ၂၃ ခုနှစ် မြန်မာနိုင်ငံထံ လွှဲပြောင်း ပေးလိုက်ရပါတယ်။

ခေါင်းမာရာမှာ အလွန်နာမည်ကြီးတဲ့ တာလီဘန်အစိုးရဟာ သူ့နိုင်ငံအတွင်း မူးယစ်ဆေးဝါးများကို တားဆီးပြီးနောက် ဘိန်းဖြူနဲ့ မော်ဖင်းထုတ်လုပ်နိုင်တဲ့ ဘိန်းစိုက်ပျိုးထွက်ရှိမှုဟာ ယခင်ထက်စာရင် ၉၅ ရာခိုင်နှုန်းဖြစ်သွားကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုတယ်လို့ Al Jazeea က ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ရေးသားခဲ့ပါ တယ်။

အာဖဂန်နစ္စတန်ဟာ ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်တဲ့တိုင်းပြည်အဖြစ် ဆယ်စုနှစ်ချီ ဦးဆောင်ခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ် သြဂုတ်လက အာဏာရရှိလာပြီးနောက် အာဖဂန်လူအဖွဲ့အစည်းကြီးကို မှန်ကန်တဲ့ အသုံး၀င်တဲ့ လူသား အရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်မှ သူတို့အစိုးရအဖွဲ့နဲ့ သူတို့နိုင်ငံ ရေရှည်ရပ်တည်နိုင်ကြောင်း၊ ကမ္ဘာ့အလယ်မှာ လူရာဝင်နိုင်ဖို့ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို တားဆီးမှဖြစ်တော့မယ်လို့ တာလီဘန်တွေ နားလည်လာပုံရပါတယ်။

ဘိန်းရောင်းဝယ်မှုအပေါ်မှာ “အူရှာ” လို့ခေါ်တဲ့ အခွန်စည်းကြပ်မှုကို ငွေသားနဲ့ ကောက်ခံဖူးကြောင်း တာလီဘန်တို့ က ဝန်ခံပါတယ်။ ဘိန်းစိုက်ပျိုးမှုကို လုံးဝနီးပါး ရပ်တန့်ဖို့အတွက် ၂ဝ၂၂ ခုနှစ် တာလီဘန်တို့ရဲ့တင်းကြပ်တဲ့ ဥပဒေ ဟာ စစ်ဒဏ်ကြောင့် မွဲပြာကျနေတဲ့ အာဖဂန်လယ်သမားတွေအတွက် ဒေါ်လာ ၁ ဘီလီယံခန့် ဆုံးရှုံးရဖို့ ဖြစ်သွားပါ တယ်။ ဒီအတွက် အာဖဂန်မှာ ဘိန်းစိုက်ပျိုးမှု အမြစ်ပြတ်ပါ့မလားလို့ ကုလသမဂ္ဂက စိုးရိမ်နေပါတယ်။

ဒါဆို အစတည်းက ဘာ့ကြောင့် ဘိန်းစိုက်ခဲ့တာလဲ။ အလားတူ နိုင်ငံအတော်များများဟာ မူးယစ်လောကမှာ ဘာ့ကြောင့် တဝဲလည်လည်ဖြစ်ခဲ့/ဖြစ်နေရတာလဲ။ လွတ်လမ်းရှိပါသလား။

တရားဥပဒေဆိုတာ လူ့အဖွဲ့အစည်းကြီးကို အကောင်းဆုံး ချည်နှောင်ရင်း အကာအကွယ်ပေးနေသူဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်။ တစ်ကမ္ဘာလုံးမှာ ဆင်းရဲမွဲတေ ပြဿနာပေါင်းစုံ လုံးခြာလိုက်နေရတဲ့ တိုင်းပြည်များကို ကြည့်လိုက်ရင် အဲဒီနိုင်ငံတွေမှာ တရားဥပဒေဆိုတာ အာဏာရှိသူနဲ့ ငွေကြေးတတ်နိုင်သူတို့ရဲ့ အသုံးချခံ ဘွဲ့ဖြူ လက်နက်ကြီးဖြစ်နေတာ တွေ့ရလိမ့်မယ်။ တရားစီရင်ရာမှာလည်း လိုရင် လိုသလို၊ မလိုရင် မလိုသလို လျော့လိုက် တင်းလိုက် မျက်နှာလိုက်ပါတယ်။ ဥပမာ - အာဖရိက တိုင်းပြည်များပေါ့။

တောင်အမေရိကတိုက်နိုင်ငံတွေမှာတော့ အာဏာရှိရင် ရှိ၊ မရှိရင် ငွေရှိမှလို့ သတ်မှတ်လာသူတွေဟာ တရားဥပဒေ ရဲ့အထက်မှာနေဖို့ ပိုက်ဆံများများ အလွယ်တကူရရှိနိုင်တဲ့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာလာကြတယ်။ ဒီလိုလုပ်ငန်း မျိုးကို အနှောင့်အယှက်ကင်းကင်းနဲ့ စိတ်တိုင်းကျလုပ်နိုင်အောင် လက်နက်ကိုင်အစောင့်အရှောက်မျိုးတွေ ထားရှိ လာကြတယ်။

ကိုယ်ပိုင်စစ်တပ်နဲ့ မူးယစ်ဆေးဝါးကုန်ကူးကြောင်း ဖုံးကွယ်ဖို့အတွက် အဂတိလိုက်စား အရည်အချင်းမဲ့ အစိုးရကို ဆန့်ကျင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ လူနည်းစု အခွင့်အရေး-မျိုးနွယ်စုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိဖို့ စသည်ဖြင့် အကြောင်းပြကြပါတယ်။

ဒါပေမယ့် ဒီပုဆိုးဝတ်လို့ ဒီချီးပေသလို သူတို့ကိုယ်တိုင်နဲ့ ဒုစရိုက်မျိုးစုံရောပြွန်းနေတဲ့ လူ့အဖွဲ့အစည်းကြီးသာဖြစ် ပေါ်လာပြီး တိုင်းပြည်မှာ စီးပွားရေးပျက်ပြား ချွတ်ခြုံကျသွားရတယ်။

ခိုင်မာတဲ့ဥပဒေနဲ့ တည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက် ရေရှည်ရင်းနှီးမြှုပ်သူမရှိ၊ အလုပ်အကိုင်ရှားပါးလာတယ်။ နိုင်ငံသားတွေဟာ မိသားစုတစ်ဝမ်းတစ်ခါးနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ပြည်ပနိုင်ငံများကို အလုအယက် ထွက်ခွာကြရင်း ရေခြားမြေခြားမှာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေ- အခြေချနေထိုင်သူတွေအဖြစ် မျက်နှာ ငယ်ဘဝကို ရွေးချယ်ကြရရှာပါတယ်။

မြန်မာနိုင်ငံမှာတော့ စီးပွားဖြစ် ဘိန်းစိုက်ပျိုးမှုဟာ ယခင်က မရှိခဲ့ပါ။ ဒုတိယကမ္ဘာစစ်အပြီး မော်စီတုန်း ကွန်မြူနစ် တွေကို ပြန်လှန်တိုက်ခိုက်ဖို့ ကူမင်တန်တရုတ်ဖြူစစ်တပ်တွေဟာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်တပ်စွဲ လာကြ တယ်။ အမေရိကန် CIA ဟာ ကူမင်တန်တွေကို ထောက်ပံ့ဖို့အတွက် မြန်မာနိုင်ငံအရှေ့မြောက်ဖျားမှာ ဘိန်းစိုက်ပျိုးပြီး စီးပွားရှာရေးမှာ အကူအညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ဘိန်းစီးပွားရေး စတင် သန္ဓေတည် ခဲ့တယ်။

စောစောပိုင်း နေရာကွက်ကွက်လေးမှာ လူအနည်းစုတို့သာ လုပ်ကိုင်ကြပေမယ့် နောက်ပိုင်းမှာ အကြီးအကျယ် ပြောင်းလဲလာတယ်။ ကမ္ဘာနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိမ့်မယ်လို့ ယုံကြည်မှု ဟာ ၂၁ ရာစုမှာ အတော်ခေတ်စားလာတယ်။

ကျွန်တော့်အမြင်အရ ဒီမိုကရေစီနိုင်ငံကို ဒီမိုကရေစီအလေ့အကျင့်ရှိတဲ့ လူ့အဖွဲ့အစည်းကြီးကသာ အောင်မြင် အောင် ထူထောင်နိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံဟာ အထူးသဖြင့် ဥရောပတိုက်သားအများစု ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာသူများက သူတို့ကိုယ် သူတို့ခုခံကာကွယ်ကြရင်း စတင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ လူတိုင်းရဲ့ခါးမှာ ခြောက်လုံးပြူးသေနတ်ကို လွတ်လပ်စွာ ချိတ်ပြီး စည်းကမ်းဘောင်အတွင်းက သေနတ်ချင်း ယှဉ်ပစ်ကြတဲ့ ကောင်းဘွိုင်ခေတ်မျိုး အမေရိကန်မှာကလွဲပြီး တခြားဘယ်နိုင်ငံမှာမှ မရှိပါ။ ဥရောပတိုက်သားများ ကတော့ ကမ္ဘာအရပ်ရပ်ကို လှည့်လည်ပြီး နည်းမျိုးစုံနဲ့ စီးပွားရှာရင်း သူတို့လူ့အဖွဲ့ အစည်းကြီးကို ထူထောင်ခဲ့ ကြောင်း တွေ့ရပါတယ်။

လူချင်းတူပေမယ့် ဥရောပတိုက်သားနဲ့ အာရှတိုက်သားတို့ စိတ်နေသဘောထား၊ စိတ်အလုပ်လုပ်ပုံ မတူညီကြပါ။ အာရှတိုက်သားတွေဟာ ကိုးကွယ်ရာ ဘာသာတရားနဲ့ မိရိုးဖလာဓလေ့များ လွှမ်းမိုးနေလေ့ရှိပါတယ်။ ဒီမိုကရေစီ- လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးမှာ အရှေ့-အနောက် အမြင်ချင်း မတူညီကြပါ။

#ဒီမိုကရေစီရဖို့ထက်_စည်းကမ်းသေ၀ပ်တဲ့_လူ့အဖွဲ့အစည်းကြီး_ဖြစ်ပေါ်လာရေးသာ အရေးကြီးတယ်လို့ဆိုသူ လီကွမ်ယူဟာ သူ့အဆို မှန်ကန်ကြောင်း လက်တွေ့ပြသနိုင်ခဲ့တယ်။ ဒီမိုကရေစီ မီးရှူးတန်ဆောင် ကမ္ဘာ့အချမ်းသာ ဆုံးအမေရိကန်ကို ပုခုံးချင်းယှဉ်လာသူ တရုတ်ဟာ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံသားများ လုံခြုံဘေးကင်းမှုနဲ့ တရားဥပဒေစိုးမိုးမှုမှာ တရုတ်ဟာ အမေရိကန်ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။

နိုင်ငံအတော်များများမှာတော့ ဒီမိုကရေစီက အကောင်းဆုံးလား စည်းကမ်းသေဝပ်တဲ့ လူ့အဖွဲ့အစည်းကြီးဖြစ်ရေး က အရေးကြီးဆုံးလား ဝိရောဓိမှာ #လူ့အခွင့်အရေးဆိုတာကြီးကို ထည့်သွင်းလိုက်တဲ့အခါ အဲဒီလူ့အဖွဲ့ အစည်းကြီး အတွင်း အုပ်စုဖွဲ့လက်နက်ကိုင်ယှဉ်ပြိုင်ကြတဲ့အထိ ပဋိပက္ခအသွင် ကူးပြောင်းသွားတယ်။

စည်းကမ်းသေဝပ်တဲ့လူ့အဖွဲ့အစည်းကို စောစီးစွာ ထူထောင်နိုင်ခဲ့တဲ့ တိုင်းပြည်တွေမှာတော့ ဒီမိုကရေစီကို အပြည့်ဝဆုံးဖြစ်အောင် ဖော်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီအလေ့အကျင့်ကောင်းများနဲ့ စည်းကမ်းသေဝပ်တဲ့လူ့အဖွဲ့အစည်းကြီး အရင်ဆုံး ထူထောင်ရမယ်ဆိုတာကို နားမလည်ကြ၊ ကိုယ်ချင်းမစာနာကြ ပါ။ အဲဒီက တစ်ဆင့်တက်တဲ့အခါ အခြားနိုင်ငံတစ်နိုင်ငံကို မိမိနိုင်ငံလို ပုံသွင်းရေး ခေတ်ပေါ်ကိုလိုနီပြုမှုဖြစ်သွား တယ်။ နိုင်ငံကြီးတစ်နိ်ုင်ငံက အခြားနိုင်ငံကို ဝါးမြို သြဇာလွှမ်းမိုးဖို့ အားထုတ်မှုဖြစ်လာပါတယ်။ နိုင်ငံကြီးသား အိမ်နီးချင်းကောင်းမပီသစွာ အောက်လမ်းနည်းတွေ သုံးလာကြတယ်။ လက်အောက်ခံပြုလိုတဲ့ နိုင်ငံအတွင်းမှာ မူးယစ်ဆေးနဲ့ နပန်းလုံးနေရအောင် လုပ်ဆောင်လာကြတယ်။

အချုပ်အားဖြင့်ပြောရရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုတာ အဲ့ဒီတိုင်းပြည်နေ နိုင်ငံသားများကိုယ်တိုင် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ရှိနေဖို့ အရင်ဆုံးလိုအပ်ပါတယ်။
အဲဒါကို ခိုင်မာဖြောင့်မတ်တဲ့ တရားဥပဒေသာလျှင် အကာအကွယ်ပေးနိုင်တယ်။
#တရားဥပဒေကို_ကိုယ်တိုင်စောင့်ရှောက်မှ #တရားဥပဒေက_ကိုယ့်ကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။

အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
အာဏာရွင္ - ဒီမိုကေရစီ ႏွင့္ မူးယစ္ေဆးဝါးႏိုင္ငံ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၂၆

ကမာၻ႔ဘိန္းအထြက္ဆုံး အာဖဂန္နစၥဟာ ၄င္းရဲ႕ခ်န္ပီယံေ႐ႊခါးပတ္ကို ၂ဝ၂၃ ခုႏွစ္ ျမန္မာႏိုင္ငံထံ လႊဲေျပာင္း ေပးလိုက္ရပါတယ္။

ေခါင္းမာရာမွာ အလြန္နာမည္ႀကီးတဲ့ တာလီဘန္အစိုးရဟာ သူ႔ႏိုင္ငံအတြင္း မူးယစ္ေဆးဝါးမ်ားကို တားဆီးၿပီးေနာက္ ဘိန္းျဖဴနဲ႔ ေမာ္ဖင္းထုတ္လုပ္ႏိုင္တဲ့ ဘိန္းစိုက္ပ်ိဳးထြက္ရွိမႈဟာ ယခင္ထက္စာရင္ ၉၅ ရာခိုင္ႏႈန္းျဖစ္သြားေၾကာင္း ကမာၻ႔ကုလသမဂၢက ေျပာဆိုတယ္လို႔ Al Jazeea က ၂ဝ၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္ေန႔က ေရးသားခဲ့ပါ တယ္။

အာဖဂန္နစၥတန္ဟာ ကမာၻ႔ဘိန္းအမ်ားဆုံး ထုတ္လုပ္တဲ့တိုင္းျပည္အျဖစ္ ဆယ္စုႏွစ္ခ်ီ ဦးေဆာင္ခဲ့ပါတယ္။ ၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လက အာဏာရရွိလာၿပီးေနာက္ အာဖဂန္လူအဖြဲ႕အစည္းႀကီးကို မွန္ကန္တဲ့ အသုံး၀င္တဲ့ လူသား အရင္းအျမစ္အျဖစ္ ေျပာင္းလဲႏိုင္မွ သူတို႔အစိုးရအဖြဲ႕နဲ႔ သူတို႔ႏိုင္ငံ ေရရွည္ရပ္တည္ႏိုင္ေၾကာင္း၊ ကမာၻ႔အလယ္မွာ လူရာဝင္ႏိုင္ဖို႔ မူးယစ္ေဆးဝါးထုတ္လုပ္မႈကို တားဆီးမွျဖစ္ေတာ့မယ္လို႔ တာလီဘန္ေတြ နားလည္လာပုံရပါတယ္။

ဘိန္းေရာင္းဝယ္မႈအေပၚမွာ “အူရွာ” လို႔ေခၚတဲ့ အခြန္စည္းၾကပ္မႈကို ေငြသားနဲ႔ ေကာက္ခံဖူးေၾကာင္း တာလီဘန္တို႔ က ဝန္ခံပါတယ္။ ဘိန္းစိုက္ပ်ိဳးမႈကို လုံးဝနီးပါး ရပ္တန္႔ဖို႔အတြက္ ၂ဝ၂၂ ခုႏွစ္ တာလီဘန္တို႔ရဲ႕တင္းၾကပ္တဲ့ ဥပေဒ ဟာ စစ္ဒဏ္ေၾကာင့္ မြဲျပာက်ေနတဲ့ အာဖဂန္လယ္သမားေတြအတြက္ ေဒၚလာ ၁ ဘီလီယံခန္႔ ဆုံးရႈံးရဖို႔ ျဖစ္သြားပါ တယ္။ ဒီအတြက္ အာဖဂန္မွာ ဘိန္းစိုက္ပ်ိဳးမႈ အျမစ္ျပတ္ပါ့မလားလို႔ ကုလသမဂၢက စိုးရိမ္ေနပါတယ္။

ဒါဆို အစတည္းက ဘာ့ေၾကာင့္ ဘိန္းစိုက္ခဲ့တာလဲ။ အလားတူ ႏိုင္ငံအေတာ္မ်ားမ်ားဟာ မူးယစ္ေလာကမွာ ဘာ့ေၾကာင့္ တဝဲလည္လည္ျဖစ္ခဲ့/ျဖစ္ေနရတာလဲ။ လြတ္လမ္းရွိပါသလား။

တရားဥပေဒဆိုတာ လူ႔အဖြဲ႕အစည္းႀကီးကို အေကာင္းဆုံး ခ်ည္ေႏွာင္ရင္း အကာအကြယ္ေပးေနသူျဖစ္တယ္လို႔ ေျပာခဲ့ဖူးတယ္။ တစ္ကမာၻလုံးမွာ ဆင္းရဲမြဲေတ ျပႆနာေပါင္းစုံ လုံးျခာလိုက္ေနရတဲ့ တိုင္းျပည္မ်ားကို ၾကည့္လိုက္ရင္ အဲဒီႏိုင္ငံေတြမွာ တရားဥပေဒဆိုတာ အာဏာရွိသူနဲ႔ ေငြေၾကးတတ္ႏိုင္သူတို႔ရဲ႕ အသုံးခ်ခံ ဘြဲ႕ျဖဴ လက္နက္ႀကီးျဖစ္ေနတာ ေတြ႕ရလိမ့္မယ္။ တရားစီရင္ရာမွာလည္း လိုရင္ လိုသလို၊ မလိုရင္ မလိုသလို ေလ်ာ့လိုက္ တင္းလိုက္ မ်က္ႏွာလိုက္ပါတယ္။ ဥပမာ - အာဖရိက တိုင္းျပည္မ်ားေပါ့။

ေတာင္အေမရိကတိုက္ႏိုင္ငံေတြမွာေတာ့ အာဏာရွိရင္ ရွိ၊ မရွိရင္ ေငြရွိမွလို႔ သတ္မွတ္လာသူေတြဟာ တရားဥပေဒ ရဲ႕အထက္မွာေနဖို႔ ပိုက္ဆံမ်ားမ်ား အလြယ္တကူရရွိႏိုင္တဲ့ မူးယစ္ေဆးဝါးနဲ႔ စီးပြားရွာလာၾကတယ္။ ဒီလိုလုပ္ငန္း မ်ိဳးကို အေႏွာင့္အယွက္ကင္းကင္းနဲ႔ စိတ္တိုင္းက်လုပ္ႏိုင္ေအာင္ လက္နက္ကိုင္အေစာင့္အေရွာက္မ်ိဳးေတြ ထားရွိ လာၾကတယ္။

ကိုယ္ပိုင္စစ္တပ္နဲ႔ မူးယစ္ေဆးဝါးကုန္ကူးေၾကာင္း ဖုံးကြယ္ဖို႔အတြက္ အဂတိလိုက္စား အရည္အခ်င္းမဲ့ အစိုးရကို ဆန္႔က်င္ဖို႔၊ လူ႔အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္ဖို႔၊ လူနည္းစု အခြင့္အေရး-မ်ိဳးႏြယ္စုနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိဖို႔ စသည္ျဖင့္ အေၾကာင္းျပၾကပါတယ္။

ဒါေပမယ့္ ဒီပုဆိုးဝတ္လို႔ ဒီခ်ီးေပသလို သူတို႔ကိုယ္တိုင္နဲ႔ ဒုစ႐ိုက္မ်ိဳးစုံေရာႁပြန္းေနတဲ့ လူ႔အဖြဲ႕အစည္းႀကီးသာျဖစ္ ေပၚလာၿပီး တိုင္းျပည္မွာ စီးပြားေရးပ်က္ျပား ခြၽတ္ၿခဳံက်သြားရတယ္။

ခိုင္မာတဲ့ဥပေဒနဲ႔ တည္ၿငိမ္ေအးခ်မ္းမႈမရွိတဲ့အတြက္ ေရရွည္ရင္းႏွီးျမႇဳပ္သူမရွိ၊ အလုပ္အကိုင္ရွားပါးလာတယ္။ ႏိုင္ငံသားေတြဟာ မိသားစုတစ္ဝမ္းတစ္ခါးနဲ႔ ဆက္လက္ရွင္သန္ႏိုင္ဖို႔အတြက္ ျပည္ပႏိုင္ငံမ်ားကို အလုအယက္ ထြက္ခြာၾကရင္း ေရျခားေျမျခားမွာ တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ- အေျခခ်ေနထိုင္သူေတြအျဖစ္ မ်က္ႏွာ ငယ္ဘဝကို ေ႐ြးခ်ယ္ၾကရရွာပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ စီးပြားျဖစ္ ဘိန္းစိုက္ပ်ိဳးမႈဟာ ယခင္က မရွိခဲ့ပါ။ ဒုတိယကမာၻစစ္အၿပီး ေမာ္စီတုန္း ကြန္ျမဴနစ္ ေတြကို ျပန္လွန္တိုက္ခိုက္ဖို႔ ကူမင္တန္တ႐ုတ္ျဖဴစစ္တပ္ေတြဟာ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္တပ္စြဲ လာၾက တယ္။ အေမရိကန္ CIA ဟာ ကူမင္တန္ေတြကို ေထာက္ပံ့ဖို႔အတြက္ ျမန္မာႏိုင္ငံအေရွ႕ေျမာက္ဖ်ားမွာ ဘိန္းစိုက္ပ်ိဳးၿပီး စီးပြားရွာေရးမွာ အကူအညီေပးခဲ့ပါတယ္။ ဒီလိုနဲ႔ ျမန္မာႏိုင္ငံမွာ ဘိန္းစီးပြားေရး စတင္ သေႏၶတည္ ခဲ့တယ္။

ေစာေစာပိုင္း ေနရာကြက္ကြက္ေလးမွာ လူအနည္းစုတို႔သာ လုပ္ကိုင္ၾကေပမယ့္ ေနာက္ပိုင္းမွာ အႀကီးအက်ယ္ ေျပာင္းလဲလာတယ္။ ကမာၻနဲ႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီရလွ်င္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္လိမ့္မယ္လို႔ ယုံၾကည္မႈ ဟာ ၂၁ ရာစုမွာ အေတာ္ေခတ္စားလာတယ္။

ကြၽန္ေတာ့္အျမင္အရ ဒီမိုကေရစီႏိုင္ငံကို ဒီမိုကေရစီအေလ့အက်င့္ရွိတဲ့ လူ႔အဖြဲ႕အစည္းႀကီးကသာ ေအာင္ျမင္ ေအာင္ ထူေထာင္ႏိုင္လိမ့္မယ္လို႔ ေျပာခ်င္ပါတယ္။ အေမရိကန္ႏိုင္ငံဟာ အထူးသျဖင့္ ဥေရာပတိုက္သားအမ်ားစု ကမာၻအရပ္ရပ္မွ ေရာက္ရွိလာသူမ်ားက သူတို႔ကိုယ္ သူတို႔ခုခံကာကြယ္ၾကရင္း စတင္ခဲ့တဲ့ တိုင္းျပည္ျဖစ္ပါတယ္။ လူတိုင္းရဲ႕ခါးမွာ ေျခာက္လုံးျပဴးေသနတ္ကို လြတ္လပ္စြာ ခ်ိတ္ၿပီး စည္းကမ္းေဘာင္အတြင္းက ေသနတ္ခ်င္း ယွဥ္ပစ္ၾကတဲ့ ေကာင္းဘြိဳင္ေခတ္မ်ိဳး အေမရိကန္မွာကလြဲၿပီး တျခားဘယ္ႏိုင္ငံမွာမွ မရွိပါ။ ဥေရာပတိုက္သားမ်ား ကေတာ့ ကမာၻအရပ္ရပ္ကို လွည့္လည္ၿပီး နည္းမ်ိဳးစုံနဲ႔ စီးပြားရွာရင္း သူတို႔လူ႔အဖြဲ႕ အစည္းႀကီးကို ထူေထာင္ခဲ့ ေၾကာင္း ေတြ႕ရပါတယ္။

လူခ်င္းတူေပမယ့္ ဥေရာပတိုက္သားနဲ႔ အာရွတိုက္သားတို႔ စိတ္ေနသေဘာထား၊ စိတ္အလုပ္လုပ္ပုံ မတူညီၾကပါ။ အာရွတိုက္သားေတြဟာ ကိုးကြယ္ရာ ဘာသာတရားနဲ႔ မိ႐ိုးဖလာဓေလ့မ်ား လႊမ္းမိုးေနေလ့ရွိပါတယ္။ ဒီမိုကေရစီ- လူ႔အဖြဲ႕အစည္းတစ္ရပ္ ထူေထာင္ေရးမွာ အေရွ႕-အေနာက္ အျမင္ခ်င္း မတူညီၾကပါ။

#ဒီမိုကေရစီရဖို႔ထက္_စည္းကမ္းေသ၀ပ္တဲ့_လူ႔အဖြဲ႕အစည္းႀကီး_ျဖစ္ေပၚလာေရးသာ အေရးႀကီးတယ္လို႔ဆိုသူ လီကြမ္ယူဟာ သူ႔အဆို မွန္ကန္ေၾကာင္း လက္ေတြ႕ျပသႏိုင္ခဲ့တယ္။ ဒီမိုကေရစီ မီးရႉးတန္ေဆာင္ ကမာၻ႔အခ်မ္းသာ ဆုံးအေမရိကန္ကို ပုခုံးခ်င္းယွဥ္လာသူ တ႐ုတ္ဟာ တစ္ပါတီအာဏာရွင္စနစ္ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံသားမ်ား လုံၿခဳံေဘးကင္းမႈနဲ႔ တရားဥပေဒစိုးမိုးမႈမွာ တ႐ုတ္ဟာ အေမရိကန္ထက္ အဆေပါင္းမ်ားစြာ သာလြန္ပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ားမွာေတာ့ ဒီမိုကေရစီက အေကာင္းဆုံးလား စည္းကမ္းေသဝပ္တဲ့ လူ႔အဖြဲ႕အစည္းႀကီးျဖစ္ေရး က အေရးႀကီးဆုံးလား ဝိေရာဓိမွာ #လူ႔အခြင့္အေရးဆိုတာႀကီးကို ထည့္သြင္းလိုက္တဲ့အခါ အဲဒီလူ႔အဖြဲ႕ အစည္းႀကီး အတြင္း အုပ္စုဖြဲ႕လက္နက္ကိုင္ယွဥ္ၿပိဳင္ၾကတဲ့အထိ ပဋိပကၡအသြင္ ကူးေျပာင္းသြားတယ္။

စည္းကမ္းေသဝပ္တဲ့လူ႔အဖြဲ႕အစည္းကို ေစာစီးစြာ ထူေထာင္ႏိုင္ခဲ့တဲ့ တိုင္းျပည္ေတြမွာေတာ့ ဒီမိုကေရစီကို အျပည့္ဝဆုံးျဖစ္ေအာင္ ေဖာ္ေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ဒီမိုကေရစီအေလ့အက်င့္ေကာင္းမ်ားနဲ႔ စည္းကမ္းေသဝပ္တဲ့လူ႔အဖြဲ႕အစည္းႀကီး အရင္ဆုံး ထူေထာင္ရမယ္ဆိုတာကို နားမလည္ၾက၊ ကိုယ္ခ်င္းမစာနာၾက ပါ။ အဲဒီက တစ္ဆင့္တက္တဲ့အခါ အျခားႏိုင္ငံတစ္ႏိုင္ငံကို မိမိႏိုင္ငံလို ပုံသြင္းေရး ေခတ္ေပၚကိုလိုနီျပဳမႈျဖစ္သြား တယ္။ ႏိုင္ငံႀကီးတစ္နိ္ုင္ငံက အျခားႏိုင္ငံကို ဝါးၿမိဳ ၾသဇာလႊမ္းမိုးဖို႔ အားထုတ္မႈျဖစ္လာပါတယ္။ ႏိုင္ငံႀကီးသား အိမ္နီးခ်င္းေကာင္းမပီသစြာ ေအာက္လမ္းနည္းေတြ သုံးလာၾကတယ္။ လက္ေအာက္ခံျပဳလိုတဲ့ ႏိုင္ငံအတြင္းမွာ မူးယစ္ေဆးနဲ႔ နပန္းလုံးေနရေအာင္ လုပ္ေဆာင္လာၾကတယ္။

အခ်ဳပ္အားျဖင့္ေျပာရရင္ ဒီမိုကေရစီႏိုင္ငံျဖစ္ဖို႔ဆိုတာ အဲ့ဒီတိုင္းျပည္ေန ႏိုင္ငံသားမ်ားကိုယ္တိုင္ ဒီမိုကေရစီ အေလ့အက်င့္ေကာင္းမ်ား ရွိေနဖို႔ အရင္ဆုံးလိုအပ္ပါတယ္။
အဲဒါကို ခိုင္မာေျဖာင့္မတ္တဲ့ တရားဥပေဒသာလွ်င္ အကာအကြယ္ေပးႏိုင္တယ္။
#တရားဥပေဒကို_ကိုယ္တိုင္ေစာင့္ေရွာက္မွ #တရားဥပေဒက_ကိုယ့္ကိုယ္ကိုယ္ကာကြယ္ေစာင့္ေရွာက္ပါလိမ့္မယ္။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.