နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေ

 2350

Pearl (NP News) - ဒီဇင်ဘာ ၂၆

နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေကြောင်း ‌သိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်) ၊ နံနက် (၅)နာရီခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အရင်တုန်းက လိုင်းပေါ်မှာ နတ်သံကွင်းကို သိမ်းမယ်ဆိုတဲ့ သတင်းတွေ ရတယ်။ ညကတော့ ဒရုန်းတွေနဲ့ လာချတယ်။ ဒီမနက်တော့ ဝင်တိုက်တယ်။ ခုထိတော့ သူတို့ မသိမ်းနိုင်သေးပါဘူး။ ဝိုင်းထားတုန်းပေါ့။ တပ်ဘက်ကတော့ လေယာဉ်နဲ့ ပစ်ကူပေးနေတာရှိတယ်" ဟု လုံခြုံရေးတပ်ဖွဲနှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် သိမ်းပိုက်ထားနိုင်သည့်အခြေအနေမရှိသေးသော်လည်း အင်အားအလုံး အရင်းဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့်လည်း လေကြောင်းပစ်ကူများကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာရမှုများရှိနေသကဲ့သို့ KNLA ၊ PDF ပူးပေါင်းအဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။

ကနဦး သတင်းများအရ KNLA ၊ PDF ပူးပေါင်းအဖွဲ့၏ အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကိုလည်း လုံခြုံရေးအဖွဲ့ဘက်က သိမ်းဆည်း ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၅)ရက်တွင်လည်း KNLA ၊ PDF ပူးပေါင်းအဖွဲ့က နတ်သံကွင်းရှိ နယ်မြေရဲစခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်တွင်လည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများ နှင့် မြို့ဝင်သံတံတားတို့အား KNLA၊ PDF ပူးပေါင်းအဖွဲ့က အင်အားအများအပြာဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
နတ္သံကြင္းၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ားကို KNLA ၊ PDF ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ ဝင္တိုက္၍ တိုက္ပြဲျပင္းထန္ေန

Pearl (NP News) - ဒီဇင္ဘာ ၂၆

နတ္သံကြင္းၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ားကို KNLA ၊ PDF ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္၍ တိုက္ပြဲျပင္းထန္ေနေၾကာင္း ‌သိရသည္။

ယေန႔ (ဒီဇင္ဘာလ ၂၆ ရက္) ၊ နံနက္ (၅)နာရီခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ နတ္သံကြင္းၿမိဳ႕ ရွိ လုံၿခဳံေရးစခန္းမ်ားကို KNLA ၊ PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"အရင္တုန္းက လိုင္းေပၚမွာ နတ္သံကြင္းကို သိမ္းမယ္ဆိုတဲ့ သတင္းေတြ ရတယ္။ ညကေတာ့ ဒ႐ုန္းေတြနဲ႔ လာခ်တယ္။ ဒီမနက္ေတာ့ ဝင္တိုက္တယ္။ ခုထိေတာ့ သူတို႔ မသိမ္းႏိုင္ေသးပါဘူး။ ဝိုင္းထားတုန္းေပါ့။ တပ္ဘက္ကေတာ့ ေလယာဥ္နဲ႔ ပစ္ကူေပးေနတာရွိတယ္" ဟု လုံၿခဳံေရးတပ္ဖြဲႏွင့္ နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ နတ္သံကြင္းၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ားကို KNLA ၊ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ သိမ္းပိုက္ထားႏိုင္သည့္အေျခအေနမရွိေသးေသာ္လည္း အင္အားအလုံး အရင္းျဖင့္ ဆက္လက္တိုက္ခိုက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္အေနျဖင့္လည္း ေလေၾကာင္းပစ္ကူမ်ားကို အသုံးျပဳကာ ျပန္လည္တိုက္ခိုက္ေနေၾကာင္း သိရသည္။

အဆိုပါတိုက္ပြဲအတြင္း တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မွ ထိခိုက္ဒဏ္ရာရမႈမ်ားရွိေနသကဲ့သို႔ KNLA ၊ PDF ပူးေပါင္းအဖြဲ႕ဘက္ကလည္း ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိေနေၾကာင္း သိရသည္။

ကနဦး သတင္းမ်ားအရ KNLA ၊ PDF ပူးေပါင္းအဖြဲ႕၏ အေလာင္းအခ်ိဳ႕ႏွင့္ လက္နက္ခဲယမ္းအခ်ိဳ႕ကိုလည္း လုံၿခဳံေရးအဖြဲ႕ဘက္က သိမ္းဆည္း ရရွိထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၅)ရက္တြင္လည္း KNLA ၊ PDF ပူးေပါင္းအဖြဲ႕က နတ္သံကြင္းရွိ နယ္ေျမရဲစခန္းကို အင္အား အလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ ရက္တြင္လည္း ေက်ာက္ႀကီးၿမိဳ႕နယ္၊ မုန္းၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းမ်ား ႏွင့္ ၿမိဳ႕ဝင္သံတံတားတို႔အား KNLA၊ PDF ပူးေပါင္းအဖြဲ႕က အင္အားအမ်ားအျပာျဖင့္ လာေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ ထိေတြ႕တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.