တရုတ်ယောကျ်ားကိုယူပါက ငွေကျပ်သိန်း (၂၀၀)ကျော်ရမည်ဟု စည်းရုံးခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ်ချမှတ်

339

ပုံစာ။ ။ ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းတွင် သရုပ်ပြ တရားခွင်များ လေ့ကျင့်ဆောင်ရွက်နေသောပုံ
ခတ္တာဦး(NP News)- ဇူလိုင်၆
တရုတ်ယောကျ်ားကိုယူပါက ငွေကျပ်သိန်း (၂၀၀)ကျော်ရမည်ဟု စည်းရုံးခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ ဇူလိုင်လ(၅)ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်နေ အသက်(၂၅)နှစ် နှင့် အသက် (၁၆)နှစ်အရွယ် ညီအစ်မနှစ်ဦးကို တန့်ယန်းမြို့နယ်၊လုံပုန်းအုပ်စု ကုန်ဆာကျေးရွာနေ မနန်းခမ်းလီမှ တရုတ်ယောက်ျားယူလျှင် တရုတ်ငွေယွမ် (၃၅၀၀၀)၊မြန်မာငွေကျပ်သိန်း (၂၁၀)ခန့်ရမည်အပြင် ချမ်းချမ်းသာသာနေရမည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တရုတ်ယောကျ်ားမှ ရွှေငွေများ ဆင်ပေးမည်ဖြစ်ပြီး ၎င်းအား ဆက်လက်မပေါင်းသင်းလိုပါက ကလေးတစ်ဦးမွေးပြီးပါက ပြန်လာ၍ရသည်ဟု စည်းရုံးပြောဆို၍ ပန်းဆန်းမြို့နေ မအေးပီး နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့ ညီမအစ်မနှစ်ဦးသည် မအေးပီး၏နေအိမ်တွင် လာရောက်ခေါ်ဆောင်မည့် တရုတ်ယောကျ်ားများကို စောင့်ဆိုင်းနေစဉ် တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့သဖြင့် တန့်ယန်းမြို့သို့ ထွက်ပြေးလာခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် စားဝတ်နေရေး ခက်ခဲမှုကိုအကြောင်းပြကာ တရုတ်ယောကျ်ားယူရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရန် ကြံစည်ခဲ့ကြသော မနန်းခမ်းလီနှင့် မအေးပီး တို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဉပဒေပုဒ်မ (၃၅/၃၄)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုပြင် ပြီးခဲ့သည့် ဇွန်လ (၄)ရက်တွင် တန့်ယန်းခရိုင်တရားရုံးမှ မနန်းခမ်းလီကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅)အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှင့် ကျခံစေပြီး ကျူးလွန်မှုတွင် ပါဝင်ပတ်သက်နေပြီး တိမ်းရှောင်နေသည့် မအေးပီးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၈၇/၈၈) အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အလားတူပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင်လူမှုကွန်ရက်ပေါ်ပျံ့နှံခဲ့သည့်ရုပ်သံတွင် ဒလမြို့နယ်နေ ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးအား တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် သုံးဦးကို မေလ(၅)ရက်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဉပဒေပုဒ်မ (၃၅/၄၄)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပုံစာ။ ။ ဥပေဒအရာရွိ အဆင့္-၄(အစမ္းခန႔္)မ်ား လုပ္ငန္းခြင္ဝင္ သင္တန္းတြင္ သ႐ုပ္ျပ တရားခြင္မ်ား ေလ့က်င့္ေဆာင္႐ြက္ေနေသာပုံ
တ႐ုတ္ေယာက်္ားကိုယူပါက ေငြက်ပ္သိန္း (၂၀၀)ေက်ာ္ရမည္ဟု စည္း႐ုံးခဲ့သူမ်ားကို အလုပ္ႏွင့္ေထာင္ဒဏ္ခ်မွတ္
ခတၱာဦး(NP News)- ဇူလိုင္၆
တ႐ုတ္ေယာက်္ားကိုယူပါက ေငြက်ပ္သိန္း (၂၀၀)ေက်ာ္ရမည္ဟု စည္း႐ုံးခဲ့သူမ်ားကို လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္(၁၀)ႏွစ္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးေကာင္စီ၏ ဇူလိုင္လ(၅)ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ တန႔္ယန္းၿမိဳ႕နယ္ေန အသက္(၂၅)ႏွစ္ ႏွင့္ အသက္ (၁၆)ႏွစ္အ႐ြယ္ ညီအစ္မႏွစ္ဦးကို တန႔္ယန္းၿမိဳ႕နယ္၊လုံပုန္းအုပ္စု ကုန္ဆာေက်း႐ြာေန မနန္းခမ္းလီမွ တ႐ုတ္ေယာက္်ားယူလွ်င္ တ႐ုတ္ေငြယြမ္ (၃၅၀၀၀)၊ျမန္မာေငြက်ပ္သိန္း (၂၁၀)ခန႔္ရမည္အျပင္ ခ်မ္းခ်မ္းသာသာေနရမည္ဟု ေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ တ႐ုတ္ေယာက်္ားမွ ေ႐ႊေငြမ်ား ဆင္ေပးမည္ျဖစ္ၿပီး ၎အား ဆက္လက္မေပါင္းသင္းလိုပါက ကေလးတစ္ဦးေမြးၿပီးပါက ျပန္လာ၍ရသည္ဟု စည္း႐ုံးေျပာဆို၍ ပန္းဆန္းၿမိဳ႕ေန မေအးပီး ေနအိမ္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ၎တို႔ ညီမအစ္မႏွစ္ဦးသည္ မေအးပီး၏ေနအိမ္တြင္ လာေရာက္ေခၚေဆာင္မည့္ တ႐ုတ္ေယာက်္ားမ်ားကို ေစာင့္ဆိုင္းေနစဥ္ တ႐ုတ္ေယာက္်ားယူရန္ ဆႏၵမရွိေတာ့သျဖင့္ တန႔္ယန္းၿမိဳ႕သို႔ ထြက္ေျပးလာခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္တြင္ စားဝတ္ေနေရး ခက္ခဲမႈကိုအေၾကာင္းျပကာ တ႐ုတ္ေယာက်္ားယူရန္ စည္း႐ုံးေျပာဆိုၿပီး ေငြေၾကးေခါင္းပုံျဖတ္ရန္ ႀကံစည္ခဲ့ၾကေသာ မနန္းခမ္းလီႏွင့္ မေအးပီး တို႔ကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ တန႔္ယန္းၿမိဳ႕မရဲစခန္းမွ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဉပေဒပုဒ္မ (၃၅/၃၄)ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ပို႔ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုျပင္ ၿပီးခဲ့သည့္ ဇြန္လ (၄)ရက္တြင္ တန႔္ယန္းခ႐ိုင္တရား႐ုံးမွ မနန္းခမ္းလီကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅)အရ အလုပ္ႏွင့္ေထာင္ဒဏ္(၁၀)ႏွင့္ က်ခံေစၿပီး က်ဴးလြန္မႈတြင္ ပါဝင္ပတ္သက္ေနၿပီး တိမ္းေရွာင္ေနသည့္ မေအးပီးအား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ (၈၇/၈၈) အတည္ျပဳထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
အလားတူၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလဆန္းပိုင္းတြင္လူမႈကြန္ရက္ေပၚပ်ံ႕ႏွံခဲ့သည့္႐ုပ္သံတြင္ ဒလၿမိဳ႕နယ္ေန ဆယ္ေက်ာ္သက္ေက်ာင္းသူႏွစ္ဦးအား တ႐ုတ္မယားအျဖစ္ လက္ထပ္ထိမ္းျမားရန္ ႀကိဳးပမ္းခဲ့သည့္ တ႐ုတ္ႏိုင္ငံသားတစ္ဦးအပါအဝင္ သုံးဦးကို ေမလ(၅)ရက္က လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဉပေဒပုဒ္မ (၃၅/၄၄)အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၀)ႏွစ္စီက်ခံရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။