ဖင်လန်၊ နော်ဝေးနိုင်ငံတို့နှင့်ထိစပ်နေသောနယ်စပ်အနီးတွင် နောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားများကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရကြေညာ

681

Pika (NP News) - ဒီဇင်ဘာ ၂၇
ရုရှားနိုင်ငံသည် ဖင်လန်နိုင်ငံ၊ နော်ဝေးနိုင်ငံ နယ်စပ်တို့နှင့်ထိစပ်နေသော ၎င်း၏ မြောက်ပိုင်းစစ်ခရိုင်တွင် နောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားများကို မကြာမီဖြန့်ကျက်ချထားတော့မည်ဖြစ်ကြောင်း Rostec ကာကွယ် ရေးလုပ်ငန်းစုအကြီးအကဲ Sergei Chemezov က ဒီဇင်ဘာလ(၂၇)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
Coalition-SV ဟောင်ဝစ်ဇာတင့်ကားများ စမ်းသပ်မှုကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အဆိုပါတင့်ကားအများအပြား ထုတ်လုပ်မှုကို စတင်နေပြီဖြစ်ကြောင်း Rostec လုပ်ငန်းစုအကြီးအကဲ Sergei Chemezov က ပြောကြားခဲ့သည်။
နောက်ဆုံးပေါ်ဟောင်ဝစ်ဇာတင့်ကားများ ပထမအသုတ်ကို ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေးပို့ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၎င်းက "ပစ်ခတ်တိုက်ခိုက်မှုအကွာအဝေးတွေအရ အနောက်အုပ်စု နိုင်ငံတွေရဲ့ မော်ဒယ်တွေထက် ပိုမိုအသာစီးရစေဖို့ ဒီလိုနောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားအသစ်တွေကို လိုအပ်နေတဲ့ အတွက် မြောက်ပိုင်းစစ်ခရိုင်မှာ မကြာမီအချိန်အတွင်း ဖြန့်ကျက်ချထားမှုတွေ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးကတည်းက အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို ကြားခံထားကာ ရုရှားနိုင်ငံနှင့် ကြားခံစစ်ပွဲကို ဆင်နွှဲနေကြောင်း ရုရှားဖက်က စွပ်စွဲပြောဆိုခဲ့သည်။
ဖင်လန်နိုင်ငံက အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ကို ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံအနောက်ဘက်နယ်စပ်များတွင် တပ်ဖွဲ့ဝင်များကို ပိုမိုဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ရုရှားဖက်က သတိပေးပြောဆိုခဲ့သည်။ ရုရှားစစ်တပ်သည် Coalition-SV ဟောင်ဝစ်ဇာတင့်ကားများကို ယူကရိန်းနိုင်ငံရှိ ရှေ့တန်းစစ်မြေမျက်နှာပြင်များတွင် ဖြန့်ကျက်ချထားပြီးပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။
အကွာအဝေး(၇၀)ကီလိုမီတာအထိ ပစ်ခတ်နိုင်စွမ်းရှိသော ဟောင်ဝစ်ဇာတင့်ကားများတွင် (၁၅၂)မီလီမီတာရှိ ခေတ်မီ 2A88 အမြောက်များကို တပ်ဆင်ထားပြီး တစ်မိနစ်လျှင် (၁ဝ)ကြိမ်ထက်မနည်း ပစ်ခတ်နိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် ဟောင်ဝစ်ဇာတင့်ကားများသည် ပစ်မှတ်များကိုရွေးချယ်ခြင်း၊ လမ်းကြောင်းပြခြင်း နှင့် ချိန်ညှိခြင်းလုပ်ငန်းစဉ်များကိုလည်း အလိုအလျောက်လုပ်ဆောင်နိုင်သော ခေတ်မီစနစ်တစ်ခုဖြစ်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Zawgyi Version;
ဖင္လန္၊ ေနာ္ေဝးႏိုင္ငံတို႔ႏွင့္ထိစပ္ေနေသာ နယ္စပ္အနီးတြင္ ေနာက္ဆုံးေပၚ ေဟာင္ဝစ္ဇာတင့္ကားမ်ားကို ျဖန႔္က်က္ခ်ထားသြားမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရေၾကညာ
Pika (NP News) - ဒီဇင္ဘာ ၂၇
႐ုရွားႏိုင္ငံသည္ ဖင္လန္ႏိုင္ငံ၊ ေနာ္ေဝးႏိုင္ငံ နယ္စပ္တို႔ႏွင့္ထိစပ္ေနေသာ ၎၏ ေျမာက္ပိုင္းစစ္ခ႐ိုင္တြင္ ေနာက္ဆုံးေပၚ ေဟာင္ဝစ္ဇာတင့္ကားမ်ားကို မၾကာမီျဖန႔္က်က္ခ်ထားေတာ့မည္ျဖစ္ေၾကာင္း Rostec ကာကြယ္ ေရးလုပ္ငန္းစုအႀကီးအကဲ Sergei Chemezov က ဒီဇင္ဘာလ(၂၇)ရက္တြင္ ထုတ္ျပန္ေျပာခဲ့သည္။
Coalition-SV ေဟာင္ဝစ္ဇာတင့္ကားမ်ား စမ္းသပ္မႈကို ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ အဆိုပါတင့္ကားအမ်ားအျပား ထုတ္လုပ္မႈကို စတင္ေနၿပီျဖစ္ေၾကာင္း Rostec လုပ္ငန္းစုအႀကီးအကဲ Sergei Chemezov က ေျပာၾကားခဲ့သည္။
ေနာက္ဆုံးေပၚေဟာင္ဝစ္ဇာတင့္ကားမ်ား ပထမအသုတ္ကို ၂ဝ၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ေပးပို႔ေပးသြားမည္ျဖစ္ ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ၎က "ပစ္ခတ္တိုက္ခိုက္မႈအကြာအေဝးေတြအရ အေနာက္အုပ္စု ႏိုင္ငံေတြရဲ႕ ေမာ္ဒယ္ေတြထက္ ပိုမိုအသာစီးရေစဖို႔ ဒီလိုေနာက္ဆုံးေပၚ ေဟာင္ဝစ္ဇာတင့္ကားအသစ္ေတြကို လိုအပ္ေနတဲ့ အတြက္ ေျမာက္ပိုင္းစစ္ခ႐ိုင္မွာ မၾကာမီအခ်ိန္အတြင္း ျဖန႔္က်က္ခ်ထားမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္" ဟု ေျပာခဲ့သည္။
၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားၿပီးကတည္းက အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းကို ၾကားခံထားကာ ႐ုရွားႏိုင္ငံႏွင့္ ၾကားခံစစ္ပြဲကို ဆင္ႏႊဲေနေၾကာင္း ႐ုရွားဖက္က စြပ္စြဲေျပာဆိုခဲ့သည္။
ဖင္လန္ႏိုင္ငံက အေမရိကန္ဦးေဆာင္ေသာ ေနတိုးအဖြဲ႕ကို ဝင္ေရာက္ခဲ့ၿပီးေနာက္ ႏိုင္ငံအေနာက္ဘက္နယ္စပ္မ်ားတြင္ တပ္ဖြဲ႕ဝင္မ်ားကို ပိုမိုျဖန႔္က်က္ခ်ထားသြားမည္ျဖစ္ေၾကာင္း ႐ုရွားဖက္က သတိေပးေျပာဆိုခဲ့သည္။ ႐ုရွားစစ္တပ္သည္ Coalition-SV ေဟာင္ဝစ္ဇာတင့္ကားမ်ားကို ယူကရိန္းႏိုင္ငံရွိ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မ်ားတြင္ ျဖန႔္က်က္ခ်ထားၿပီးၿပီျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံပိုင္ TASS သတင္းေအဂ်င္စီက ယခုလအေစာပိုင္းတြင္ ေဖာ္ျပခဲ့သည္။
အကြာအေဝး(၇၀)ကီလိုမီတာအထိ ပစ္ခတ္ႏိုင္စြမ္းရွိေသာ ေဟာင္ဝစ္ဇာတင့္ကားမ်ားတြင္ (၁၅၂)မီလီမီတာရွိ ေခတ္မီ 2A88 အေျမာက္မ်ားကို တပ္ဆင္ထားၿပီး တစ္မိနစ္လွ်င္ (၁ဝ)ႀကိမ္ထက္မနည္း ပစ္ခတ္ႏိုင္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ေဟာင္ဝစ္ဇာတင့္ကားမ်ားသည္ ပစ္မွတ္မ်ားကိုေ႐ြးခ်ယ္ျခင္း၊ လမ္းေၾကာင္းျပျခင္း ႏွင့္ ခ်ိန္ညႇိျခင္းလုပ္ငန္းစဥ္မ်ားကိုလည္း အလိုအေလ်ာက္လုပ္ေဆာင္ႏိုင္ေသာ ေခတ္မီစနစ္တစ္ခုျဖစ္ေၾကာင္း TASS သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။