မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA ထိန်းချုပ်ထား

 2460

မြူနစ် (NP News) - ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းနှင့် မြို့မရဲစခန်းများကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ထိန်းချုပ်ထားကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ လုံခြုံရေးစခန်းများကို ပြီးခဲ့သော ရက်ပိုင်းအတွင်းမှ စတင်ကာ AA အဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မြောက်ဦးမြို့အဝင်ရှိ ခရိုင်ရဲစခန်းနှင့် မြို့မရဲစခန်းကို လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းမှစတင်ကာ ဆုတ်ခွာပေးလိုက်ရကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

“မြောက်ဦးမြို့မရဲ့ စခန်းက မနေ့က ညကတည်းက ဆုတ်ပေးလိုက်တယ်လို့ သိရတယ်။ မိသားစုဝင်တွေရော၊ အချုပ်သားတွေရော အကုန်လုံးကို မနေ့က ကြိုရွှေ့ထားလို့ အထိအခိုက်မရှိဘူးလို့ သိရတယ်။ မြို့မရဲစခန်းကတော့ ကျသွားပြီပေါ့။ မြောက်ဦးမြို့မရဲစခန်းက မြို့အဝင်မှာရှိတာ။ ဒါပေမယ့် ခရိုင်ရဲစခန်းနဲ့ မြို့မရဲစခန်းက ဆက်နေတော့ မြို့မရဲစခန်းကျရင် ခရိုင်ရဲစခန်းပါ ပါသွားတဲ့သဘောပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ မြောက်ဦးမြို့၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများ အများအ ပြားရှိနေသည့်အပြင် လူနေအိမ်အဆောက်အဦးများသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိနေသည်။

ထို့ပြင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့ယဉ်ကျေးမှုပြတိုက်အဆောက်အဦးသည်လည်း ထိခိုက် ပျက်စီးခဲ့သည့်အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

zawgyi version
ေျမာက္ဦးၿမိဳ႕အဝင္ရွိ ခ႐ိုင္ရဲစခန္းကို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ထိန္းခ်ဳပ္ထား
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၂၇

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕အဝင္ရွိ ခ႐ိုင္ရဲစခန္းႏွင့္ ၿမိဳ႕မရဲစခန္းမ်ားကို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က ထိန္းခ်ဳပ္ႏထားၾကာင္း သိရသည္။

ေျမာက္ဦးၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ားကို ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းမွ စတင္ကာ AA အဖြဲ႕သည္ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

ေျမာက္ဦးၿမိဳ႕အဝင္ရွိ ခ႐ိုင္ရဲစခန္းႏွင့္ ၿမိဳ႕မရဲစခန္းကို လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ ဒီဇင္ဘာလ ၂၆ ရက္၊ ညပိုင္းမွစတင္ကာ ဆုတ္ခြာေပးလိုက္ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္ေသာ ေျမာက္ဦးၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“ေျမာက္ဦးၿမိဳ႕မရဲ႕ စခန္းက မေန႔က ညကတည္းက ဆုတ္ေပးလိုက္တယ္လို႔ သိရတယ္။ မိသားစုဝင္ေတြေရာ၊ အခ်ဳပ္သားေတြေရာ အကုန္လုံးကို မေန႔က ႀကိဳေ႐ႊ႕ထားလို႔ အထိအခိုက္မရွိဘူးလို႔ သိရတယ္။ ၿမိဳ႕မရဲစခန္းကေတာ့ က်သြားၿပီေပါ့။ ေျမာက္ဦးၿမိဳ႕မရဲစခန္းက ၿမိဳ႕အဝင္မွာရွိတာ။ ဒါေပမယ့္ ခ႐ိုင္ရဲစခန္းနဲ႔ ၿမိဳ႕မရဲစခန္းက ဆက္ေနေတာ့ ၿမိဳ႕မရဲစခန္းက်ရင္ ခ႐ိုင္ရဲစခန္းပါ ပါသြားတဲ့သေဘာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ယခုရက္ပိုင္းအတြင္း၌ ေျမာက္ဦးၿမိဳ႕၌ ျဖစ္ပြားေသာ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံအရပ္သား ထိခိုက္ေသဆုံးမႈမ်ား အမ်ားအ ျပားရွိေနသည့္အျပင္ လူေနအိမ္အေဆာက္အဦးမ်ားသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ရွိေနသည္။

ထို႔ျပင္ လက္နက္ႀကီးက်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ေျမာက္ဦးၿမိဳ႕ယဥ္ေက်းမႈျပတိုက္အေဆာက္အဦးသည္လည္း ထိခိုက္ ပ်က္စီးခဲ့သည့္အျပင္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့သည္။

Related news

© 2021. All rights reserved.