စစ်ပွဲ၏ ကာဗွန်ခြေရာများ (ဘာသာပြန်ဆောင်းပါး)

 1013

Htay Oung (NP News) - ဒီဇင်ဘာ ၂၉

တိုက်ပွဲများ ရပ်စဲပြီးတိုင် ဆယ်စုနှစ်များစွာကြာအောင် မြေဆီလွှာနဲ့ ရေကို ညစ်ညမ်းစေတဲ့ အဆိပ်သင့်ဓာတုပစ္စည်း များ ကြွင်းကျန်ရစ်ခြင်းဖြင့် စစ်ပွဲဟာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးရွားကြောင်း သိရှိထားပြီးဖြစ်ကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခများမှ ကာဗွန်ထုတ်လွှတ်မှုနဲ့ ရာသီဥတုအပေါ် ရေရှည်အကျိုးသက်ရောက်မှုတွေကို လူအများအလွယ်တကူ မတွေ့မြင်နိုင်ခြင်းမရှိကြောင်း လန်ဒန် ကွင်းမေရီတက္ကသိုလ် စီပွားရေးစီစံခန့်ခွဲမှုဌာန အကြီးတန်း ကထိက ဘင်ဂျမင်_နီမတ်က ရေးသားတယ်လို့ Dhaka Tribune က ဒီဇင်ဘာလ ၂၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးမှုကိုဖြစ်ပေါ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ အမေရိကန်စစ်တပ်တစ်ခုတည်းက ကမ္ဘာ့ နိုင်ငံပေါင်း ၁၅ဝ ကျော်ထက် ပိုမိုများပြားတယ်လို့ ခန့်မှန်းထားကြပါတယ်။ စစ်မက်ရေးရာကိစ္စများနဲ့ ရာသီဥတု ပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုနဲ့ပတ်သက်တဲ့ဆွေးနွေးမှုများကို မကြာခဏပြုလုပ်နေပေမယ့် ရာသီဥတုဒဏ်ခံ နေရတဲ့အခင်းအကျင်းကာလမှာ ကမ္ဘာ့လုံခြုံရေးအတွက် အနာဂတ်အန္တရာယ်များအကြောင်းကိုသာ အာရုံစိုက်နေ ကြပါတယ်။ သူတို့ရဲ့စစ်လက်နက်ယန္တရားများကို သဘာဝပတ်၀န်းကျင်နဲ့အညီဖြစ်စေဖို့အတွက် နိုင်ငံတကာ စစ်တပ်တွေအနေနဲ့ အပေါ်ယံသဘောလောက်သာ အားထုတ်မှုရှိနေကြပါတယ်။ လျှပ်စစ်တင့်ကားများ (သို့မဟုတ်) ဇီဝလောင်စာသုံး စစ်သင်္ဘောများ တီထွင်ခြင်း အပါအဝင် အထူးသဖြင့် စစ်မက်ကာလအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် ဘယ်ပုံဘယ်နည်း ဆက်စပ်ကြောင်း ဆွေးနွေးမှု အနည်းငယ်မျှသာ ရှိသေးတယ်။

စစ်တပ်တို့ထုံးစံ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ငြိမ်းချမ်းရေးကာလဖြစ်သည့်တိုင် ကာဗွန်ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့တွက်ချက်မှုများအတွက် လိုအပ်တဲ့အချက်အလက်များကို ရယူဖို့ အလွန်ခက်ခဲပါတယ်။ အဲဒီအခါ တွက်ချက်ရမယ့်ကိစ္စဟာ အဓိကအားဖြင့် သုတေသီများအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။ စစ်မက် ကာလ ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်တဲ့အသေးစိတ်မှတ်တမ်းများကို ထုတ်ပြန်ပြီး ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) ထံ ပွင့်လင်းမြင်သာစွာ တင်ပြပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုနေရပါတယ်။

ဒီနေရာမှာ စစ်မက်ကိစ္စများမှ ဓာတ်ငွေ့ထုတ်လွှတ်မှုဖြစ်ပေါ်စေပုံ နည်းလမ်းအချို့နဲ့ သုတေသီများရဲ့ ခန့်မှန်းပုံ များကို အနည်းငယ် ရှင်းပြလိုပါတယ်။ အချို့ဟာ တိုက်ရိုက်ထုတ်လွှတ်ခြင်းဖြစ်ပြီး အချို့ကတော့ သွယ်ဝှိုက်သော နည်းလမ်းအားဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့များကို ထုတ်လွှတ်နေကြပါတယ်။

အချို့သော စစ်ဘက်ဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်တွေဟာ တိုက်ပွဲအတွင်း သိသိသာသာတိုးမြင့်လာပေမယ့် စစ်မက် ဖြစ်ပွားချိန်ကာလမှာသာ တွေ့ရှိရတယ်လို့ အတိအကျမပြောနိုင်ပါဘူး။ လေယာဉ်များအတွက် ဂျက်လေယာဉ်သုံး လောင်စာဆီ၊ တင့်ကားများနဲ့ စစ်သင်္ဘောများအတွက် ဒီဇယ်ဆီတို့ဟာ အဓိကရင်းမြစ်များ ဖြစ်နေပါတယ်။

အခြားရင်းမြစ်များကတော့ လက်နက်နဲ့ ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်း၊ တပ်အင်အားဖြန့်ကျက်ခြင်း၊ စစ်ဘက်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လက်နက်ရိက္ခာထောက်ပံ့ခြင်းများ ပါဝင်ပါတယ်။ အဲဒီနောက် မီးလောင်ကျွမ်းမှု၊ မီးခိုးများနဲ့ အပျက်အစီးများ အပါအဝင် ဗုံးများကြဲချခြင်းကြောင့် နေအိမ်များနဲ့ အခြေခံ အဆောက်အအုံများ ပျက်စီးမှုအားလုံးတို့ဟာ စစ်ကြောင့် ထိခိုက်ယိုယွင်းရာမှ ကြီးမားတဲ့ကာဗွန်စစ်ပွဲရဲ့ခြေရာများ အဖြစ် ကြွင်းကျန်ထားရစ်ခဲ့ကြပါတယ်။

အဲဒီကာဗွန်ကြွင်းကျန်အားလုံးကို ထည့်သွင်းတွက်ချက်ရန်အတွက် အတိုင်းအတာ အဆင့် ၁၊ ထုတ်လွှတ်မှုလို့ လူသိများတဲ့ အိတ်ဇောပိုက် ထုတ်လွှတ်မှုဆိုင်ရာ အခြေခံအချက်အလက်များနဲ့စတင်မှ ရပါလိမ့်မယ်။ ဥပမာ-လေယာဉ်အင်ဂျင်အတွင်း လောင်စာဆီများလောင်ကျွမ်းရာမှ တိုက်ရိုက်ထုတ်လွှတ်တဲ့ကာဗွန်ဖြစ်ပါတယ်။ အကယ်၍ ဂျက်လေယာဉ်အမျိုးအစားတစ်စီးဟာ တစ်ကီလိုမီတာပျံသန်းတိုင်း လောင်စာဆီ ဘယ်လောက် သုံးစွဲကြောင်း သိရှိမယ်ဆိုလျှင်၊ မစ်ရှင်အချို့မှာ လေယာဉ်အုပ်တစ်ခုလုံးက ကာဗွန်ဘယ်လောက် ထုတ်လွှတ်မယ် ဆိုတာ စတင်ခန့်မှန်းနိုင်ဖွယ်ရှိပါတယ်။

အတိုင်းအတာ အဆင့် ၂၊ ထုတ်လွှတ်မှု ဆိုတာ အပူပေးခြင်း (သို့မဟုတ်) လျှပ်စစ်မှထုတ်ယူခြင်းမျိုးလို သီးသန့် လုပ်ဆောင်မှုတစ်ခုရဲ့သွယ်ဝိုက်တဲ့ရလဒ်ဖြစ်ပါတယ်၊ ဥပမာ- စစ်တပ်တန်းလျားများ အလင်းရောင်ရရှိဖို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန် ဓာတ်ငွေ့မီးရှို့ခြင်းမှ ထုတ်လွှတ်သောကာဗွန်ပမာဏဖြစ်ပါတယ်။

သွယ်ဝိုက် (သို့မဟုတ်) ပေါင်းစပ်ထုတ်လွှတ်မှုရဲ့ ရှုပ်ထွေးတဲ့နောက်ဆက်တွဲများကို တွက်ချက်ခြင်းဟာ အတိုင်း အတာ အဆင့် ၃၊ ထုတ်လွှတ်မှုကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ပါတယ်။ အဲဒါမျိုးကို ကျယ်ပြန့်တဲ့စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များမှာ တွေ့ရှိရပြီး လက်နက်ထုတ်လုပ်ခြင်းမှ အိုင်တီနည်းပညာအသုံးပြုခြင်းနဲ့ အခြား ထောက်ပံ့ပို့ဆောင်ရေးများအထိ ကာဗွန်ကြွင်းကျန်စေတဲ့ ဘယ်လိုအရာဝတ္ထုမျိုးမှမဆိုလည်း ပါဝင်ပါတယ်။

တိုက်ပွဲများဖြစ်ပွားရာမှ ကာဗွန်ထုတ်လွှတ်မှုများကို ပိုမိုထိရောက်စွာ လေ့လာဖို့အတွက် အတိုင်းအတာ အဆင့် ၃ နဲ့ ပလပ်စ် ထုတ်လွှတ်မှု Scope 3 Plus ကို စတင်နေပါတယ်။ စစ်ပွဲကြောင့်ပျက်စီးမှုများမှ ပဋိပက္ခအပြီး ပြန်လည် တည်ဆောက်ရေးအထိ အရာအားလုံးပါဝင်သည့် အတန်းအစားခွဲခြားနည်းအသစ်ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ဂါဇာ (သို့မဟုတ်) ယူကရိန်းရှိ မာရီယူပိုလ်မြို့ကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကြီးကြီးမားမား ပါဝင်နေပါလိမ့်မယ်။
ယခုနောက်ဆုံး သုတေသနပြုချက်အရ အီရတ်နိုင်ငံမှာ အမေရိကန်စစ်တပ်ရဲ့ကွန်ကရစ်အသုံးပြုမှုကို ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ပိုင်းခြားတွက်ချက်မှုအချို့ ပြောပြပါ့မယ်။ ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်စဉ် အမေရိကန် စစ်တပ် ဟာ သူတို့ရဲ့မြို့ပြသောင်းကျန်းသူနှိမ်နင်းရေးဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ကွန်ကရစ်တံတိုင်းများကို မိုင်ရာနဲ့ပြီး ချထားခဲ့ပါတယ်။ သောင်းကျန်းသူများ ထောင်ထားတဲ့ဗုံးများကြောင့် ပျက်စီးဆုံးရှုံးရမှုများကို ကာကွယ်ဖို့၊ တရားဝင်ခွင့်ပြုထားတဲ့ လမ်းများနဲ့ စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြို့တွင်းရှိ အရပ်သားများနဲ့ သောင်းကျန်း လှုပ်ရှားမှုများကို စီမံကိုင်တွယ်နိုင်ဖို့ဖြစ်ပါတယ်။

အဲဒီနေရာမှာ ကွန်ကရစ်အသုံးပြုမှုအတွက် ကြီးမားတဲ့ကာဗွန်ခြေရာကို တွေ့ရှိရပြီး တစ်ကမ္ဘာလုံး ကာဗွန်ဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၇ ရာခိုင်နှုန်း နီးပါးရှိပါတယ်။ ဘဂ္ဂဒက်တစ်မြို့တည်းရှိ ကွန်ကရစ်တံတိုင်း များဟာ လန်ဒန်မှ ပါရီအထိ အကွာအဝေးထက် ၂၅၆-မိုင် ပိုမိုရှည်လျားပါတယ်။ နံရံတွေအတွက် ခန့်မှန်းခြေအား ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂ဝဝ,ဝဝဝ အပြင် CO2e လို့ခေါ်တဲ့ ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်အလားတူ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်၊ အိုဇုန်းနဲ့ ရေခိုးရေငွေ့တို့ရဲ့ပမာဏဟာ ယူကေ တစ်နိုင်ငံလုံး မော်တော်ကား အိတ်ဇောမြားရဲ့တစ်နှစ်တာ (သို့မဟုတ်) ကျွန်းနိုင်ငံငယ်တစ်ခုလုံးရဲ့ စုစုပေါင်း ဓါတ်ငွေ့ထုတ်လွှတ်မှုနဲ့ အကြမ်းအားဖြင့် ညီမျှနေပါတယ်။

ယူကရိန်းနိုင်ငံမှာလည်း ရုရှားရဲ့ကျူးကျော်မှုကြောင့် ကာဗွန်သက်ရောက်မှုကို တွက်ချက်ရာမှာ အထက်ဖော်ပြပါ အချက်များအပြင် အခြားအကျိုးဆက်အားလုံးကို ပေါင်းထည့်ဖို့ကိစ္စဟာ အလွန်ကြီးမားတဲ့တာဝန်တစ်ရပ် ဖြစ်လာ ပါတယ်။ စစ်ဘက်ဆိုင်ရာတို့က ထုတ်လွှတ်မှုများကို အချိန်နဲ့တပြေးညီနီးပါး ထည့်သွင်းတွက်ချက်ရတဲ့အတွက် အလွန်ခက်ခဲပြီး ယခင်အတွေ့အကြုံများနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။

စစ်ပွဲပထမ တစ်နှစ်တည်းမှာပဲ ဒေသအတွင်း ကာဗွန်ခြေရာအဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အလားတူဓါတ်ငွေ့ တန်ချိန် သန်းပေါင်း ၁၂ဝ အထိရှိနေလိမ့််မယ်လို့ သုတေသီများက ခန့်မှန်းကြပါတယ်။ အကြမ်းဖျင်းအားဖြင့် နေတိုး စစ်စာချုပ်အဖွဲ့ကြီးရဲ့တစ်နှစ်တာ ဓါတ်ငွေ့ထုတ်လွှတ်မှုဖြစ်ပြီး ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းများ တစ်မျိုးတည်း သက်သက်တင် တန်ချိန် နှစ်သိန်းဝန်းကျင် ရှိနေပါတယ်။

အထူးသဖြင့် ယူကရိန်းနဲ့ အစ္စရေး-ဂါဇာစစ်ပွဲများရဲ့ပဋိပက္ခအရင်းခံ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် အလေးထားတွက်ချက်နေရခြင်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများနဲ့သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ (PERAC) ဥပဒေမူကြမ်း ၂၇ ချက်အရ ဖြစ်ပါတယ်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ အတည်ဖြစ်ခဲ့တဲ့ အဲဒီဥပဒေဟာ ခြေလှမ်းသစ်တစ်ခုမျှသာဖြစ်ပြီး ပဋိပက္ခကာလအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်လို့ ပြောစရာအချက် အနည်းငယ်ကျန်ရှိနေပါသေးတယ်။

နိုင်ငံအစိုးရအဖွဲ့အစည်းများဟာ စစ်ဘက်ဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ တိကျစွာ သတင်းထုတ်ပြန်ဖို့အတွက် တာဝန်ရှိနေပါတယ်။ လူအများတို့ဟာ လက်နက်ကိုင်ပဋိပက္ခ၊ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ကို ချိတ်ဆက်ဖို့ စတင်နေကြပါတယ်။ ဒါပေမယ့် ခေါင်းစဉ်ပါ ရည်ရွယ်ချက်အတိုင်း အစီရင်ခံမှု နည်းပါးနေပြီး မလေ့လာရသေးချက်တွေ များပြားနေပါတယ်။ ဒီအတွက် အဲဒီလက်သိပ်ထိုးဆောင်ရွက်နေကြတဲ့ စစ်ပွဲရဲ့သွင်ပြင်အမှန်တိုင်း မီးမောင်းထိုးပြရမယ့်အချိန်ကို ရောက်ရှိလာတယ်လို့ ကွင်းမေရီတက္ကသိုလ် စီပွားရေးစီစံခန့်ခွဲမှုဌာန အကြီးတန်းကထိက ဘင်ဂျ မင်နီမတ်က ရေးသားပါတယ်။

#ကာဗွန်ခြေရာ #ကမ္ဘာကြီးပူနွေးလာမှု_ဖန်လုံအိမ်ဓါတ်ငွေ့ #ယူကရိန်းစစ်ပွဲ #ဘဂ္ဂဒက်တံတိုင်း #ကာဗွန်ဒိုင်အောက်ဆိုက်_အလားတူဓာတ်ငွေ့ #အစ္စရေး_ဂါဇာပဋိပက္ခ
(Dhaka Tribune., 25 December 2023, What is the carbon footprint of a war? ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
စစ္ပြဲ၏ ကာဗြန္ေျခရာမ်ား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၂၉

တိုက္ပြဲမ်ား ရပ္စဲၿပီးတိုင္ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ ေျမဆီလႊာနဲ႔ ေရကို ညစ္ညမ္းေစတဲ့ အဆိပ္သင့္ဓာတုပစၥည္း မ်ား ႂကြင္းက်န္ရစ္ျခင္းျဖင့္ စစ္ပြဲဟာ သဘာဝပတ္ဝန္းက်င္အတြက္ ဆိုး႐ြားေၾကာင္း သိရွိထားၿပီးျဖစ္ၾကပါတယ္။ လက္နက္ကိုင္ပဋိပကၡမ်ားမွ ကာဗြန္ထုတ္လႊတ္မႈနဲ႔ ရာသီဥတုအေပၚ ေရရွည္အက်ိဳးသက္ေရာက္မႈေတြကို လူအမ်ားအလြယ္တကူ မေတြ႕ျမင္ႏိုင္ျခင္းမရွိေၾကာင္း လန္ဒန္ ကြင္းေမရီတကၠသိုလ္ စီပြားေရးစီစံခန္႔ခြဲမႈဌာန အႀကီးတန္း ကထိက ဘင္ဂ်မင္_နီမတ္က ေရးသားတယ္လို႔ Dhaka Tribune က ဒီဇင္ဘာလ ၂၈ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။

ကမာၻႀကီးပူေႏြးမႈကိုျဖစ္ေပၚေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈမွာ အေမရိကန္စစ္တပ္တစ္ခုတည္းက ကမာၻ႔ ႏိုင္ငံေပါင္း ၁၅ဝ ေက်ာ္ထက္ ပိုမိုမ်ားျပားတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ စစ္မက္ေရးရာကိစၥမ်ားနဲ႔ ရာသီဥတု ေျပာင္းလဲမႈတို႔အၾကား ဆက္ႏြယ္မႈနဲ႔ပတ္သက္တဲ့ေဆြးေႏြးမႈမ်ားကို မၾကာခဏျပဳလုပ္ေနေပမယ့္ ရာသီဥတုဒဏ္ခံ ေနရတဲ့အခင္းအက်င္းကာလမွာ ကမာၻ႔လုံၿခဳံေရးအတြက္ အနာဂတ္အႏၲရာယ္မ်ားအေၾကာင္းကိုသာ အာ႐ုံစိုက္ေန ၾကပါတယ္။ သူတို႔ရဲ႕စစ္လက္နက္ယႏၲရားမ်ားကို သဘာဝပတ္၀န္းက်င္နဲ႔အညီျဖစ္ေစဖို႔အတြက္ ႏိုင္ငံတကာ စစ္တပ္ေတြအေနနဲ႔ အေပၚယံသေဘာေလာက္သာ အားထုတ္မႈရွိေနၾကပါတယ္။ လွ်ပ္စစ္တင့္ကားမ်ား (သို႔မဟုတ္) ဇီဝေလာင္စာသုံး စစ္သေဘၤာမ်ား တီထြင္ျခင္း အပါအဝင္ အထူးသျဖင့္ စစ္မက္ကာလအတြင္း ရာသီဥတုေျပာင္းလဲမႈအေပၚ ဘယ္ပုံဘယ္နည္း ဆက္စပ္ေၾကာင္း ေဆြးေႏြးမႈ အနည္းငယ္မွ်သာ ရွိေသးတယ္။

စစ္တပ္တို႔ထုံးစံ ပြင့္လင္းျမင္သာမႈမရွိတဲ့အျပင္ ၿငိမ္းခ်မ္းေရးကာလျဖစ္သည့္တိုင္ ကာဗြန္ထုတ္လႊတ္မႈနဲ႔ ပတ္သက္ၿပီး ၿပီးျပည့္စုံတဲ့တြက္ခ်က္မႈမ်ားအတြက္ လိုအပ္တဲ့အခ်က္အလက္မ်ားကို ရယူဖို႔ အလြန္ခက္ခဲပါတယ္။ အဲဒီအခါ တြက္ခ်က္ရမယ့္ကိစၥဟာ အဓိကအားျဖင့္ သုေတသီမ်ားအတြက္ ေခါင္းခဲစရာျဖစ္လာပါတယ္။ စစ္မက္ ကာလ ဓာတ္ေငြ႕ထုတ္လႊတ္မႈနဲ႔ပတ္သက္တဲ့အေသးစိတ္မွတ္တမ္းမ်ားကို ထုတ္ျပန္ၿပီး ကုလသမဂၢရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ မူေဘာင္ကြန္ဗင္းရွင္း (UNFCCC) ထံ ပြင့္လင္းျမင္သာစြာ တင္ျပေပးဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ေတာင္းဆိုေနရပါတယ္။

ဒီေနရာမွာ စစ္မက္ကိစၥမ်ားမွ ဓာတ္ေငြ႕ထုတ္လႊတ္မႈျဖစ္ေပၚေစပုံ နည္းလမ္းအခ်ိဳ႕နဲ႔ သုေတသီမ်ားရဲ႕ ခန႔္မွန္းပုံ မ်ားကို အနည္းငယ္ ရွင္းျပလိုပါတယ္။ အခ်ိဳ႕ဟာ တိုက္႐ိုက္ထုတ္လႊတ္ျခင္းျဖစ္ၿပီး အခ်ိဳ႕ကေတာ့ သြယ္ဝႈိက္ေသာ နည္းလမ္းအားျဖင့္ ဖန္လုံအိမ္ဓါတ္ေငြ႕မ်ားကို ထုတ္လႊတ္ေနၾကပါတယ္။

အခ်ိဳ႕ေသာ စစ္ဘက္ဆိုင္ရာဓာတ္ေငြ႕ထုတ္လႊတ္ေတြဟာ တိုက္ပြဲအတြင္း သိသိသာသာတိုးျမင့္လာေပမယ့္ စစ္မက္ ျဖစ္ပြားခ်ိန္ကာလမွာသာ ေတြ႕ရွိရတယ္လို႔ အတိအက်မေျပာႏိုင္ပါဘူး။ ေလယာဥ္မ်ားအတြက္ ဂ်က္ေလယာဥ္သုံး ေလာင္စာဆီ၊ တင့္ကားမ်ားနဲ႔ စစ္သေဘၤာမ်ားအတြက္ ဒီဇယ္ဆီတို႔ဟာ အဓိကရင္းျမစ္မ်ား ျဖစ္ေနပါတယ္။

အျခားရင္းျမစ္မ်ားကေတာ့ လက္နက္နဲ႔ ခဲယမ္းမီးေက်ာက္မ်ား ထုတ္လုပ္ျခင္း၊ တပ္အင္အားျဖန႔္က်က္ျခင္း၊ စစ္ဘက္အေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္း၊ လက္နက္ရိကၡာေထာက္ပံ့ျခင္းမ်ား ပါဝင္ပါတယ္။ အဲဒီေနာက္ မီးေလာင္ကြၽမ္းမႈ၊ မီးခိုးမ်ားနဲ႔ အပ်က္အစီးမ်ား အပါအဝင္ ဗုံးမ်ားႀကဲခ်ျခင္းေၾကာင့္ ေနအိမ္မ်ားနဲ႔ အေျခခံ အေဆာက္အအုံမ်ား ပ်က္စီးမႈအားလုံးတို႔ဟာ စစ္ေၾကာင့္ ထိခိုက္ယိုယြင္းရာမွ ႀကီးမားတဲ့ကာဗြန္စစ္ပြဲရဲ႕ေျခရာမ်ား အျဖစ္ ႂကြင္းက်န္ထားရစ္ခဲ့ၾကပါတယ္။

အဲဒီကာဗြန္ႂကြင္းက်န္အားလုံးကို ထည့္သြင္းတြက္ခ်က္ရန္အတြက္ အတိုင္းအတာ အဆင့္ ၁၊ ထုတ္လႊတ္မႈလို႔ လူသိမ်ားတဲ့ အိတ္ေဇာပိုက္ ထုတ္လႊတ္မႈဆိုင္ရာ အေျခခံအခ်က္အလက္မ်ားနဲ႔စတင္မွ ရပါလိမ့္မယ္။ ဥပမာ-ေလယာဥ္အင္ဂ်င္အတြင္း ေလာင္စာဆီမ်ားေလာင္ကြၽမ္းရာမွ တိုက္႐ိုက္ထုတ္လႊတ္တဲ့ကာဗြန္ျဖစ္ပါတယ္။ အကယ္၍ ဂ်က္ေလယာဥ္အမ်ိဳးအစားတစ္စီးဟာ တစ္ကီလိုမီတာပ်ံသန္းတိုင္း ေလာင္စာဆီ ဘယ္ေလာက္ သုံးစြဲေၾကာင္း သိရွိမယ္ဆိုလွ်င္၊ မစ္ရွင္အခ်ိဳ႕မွာ ေလယာဥ္အုပ္တစ္ခုလုံးက ကာဗြန္ဘယ္ေလာက္ ထုတ္လႊတ္မယ္ ဆိုတာ စတင္ခန႔္မွန္းႏိုင္ဖြယ္ရွိပါတယ္။

အတိုင္းအတာ အဆင့္ ၂၊ ထုတ္လႊတ္မႈ ဆိုတာ အပူေပးျခင္း (သို႔မဟုတ္) လွ်ပ္စစ္မွထုတ္ယူျခင္းမ်ိဳးလို သီးသန႔္ လုပ္ေဆာင္မႈတစ္ခုရဲ႕သြယ္ဝိုက္တဲ့ရလဒ္ျဖစ္ပါတယ္၊ ဥပမာ- စစ္တပ္တန္းလ်ားမ်ား အလင္းေရာင္ရရွိဖို႔ လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ရန္ ဓာတ္ေငြ႕မီးရႈိ႕ျခင္းမွ ထုတ္လႊတ္ေသာကာဗြန္ပမာဏျဖစ္ပါတယ္။

သြယ္ဝိုက္ (သို႔မဟုတ္) ေပါင္းစပ္ထုတ္လႊတ္မႈရဲ႕ ရႈပ္ေထြးတဲ့ေနာက္ဆက္တြဲမ်ားကို တြက္ခ်က္ျခင္းဟာ အတိုင္း အတာ အဆင့္ ၃၊ ထုတ္လႊတ္မႈကို ထည့္သြင္းစဥ္းစားျခင္း ျဖစ္ပါတယ္။ အဲဒါမ်ိဳးကို က်ယ္ျပန႔္တဲ့စစ္ဘက္ဆိုင္ရာ ေထာက္ပံ့ေရးကြင္းဆက္မ်ားမွာ ေတြ႕ရွိရၿပီး လက္နက္ထုတ္လုပ္ျခင္းမွ အိုင္တီနည္းပညာအသုံးျပဳျခင္းနဲ႔ အျခား ေထာက္ပံ့ပို႔ေဆာင္ေရးမ်ားအထိ ကာဗြန္ႂကြင္းက်န္ေစတဲ့ ဘယ္လိုအရာဝတၳဳမ်ိဳးမွမဆိုလည္း ပါဝင္ပါတယ္။

တိုက္ပြဲမ်ားျဖစ္ပြားရာမွ ကာဗြန္ထုတ္လႊတ္မႈမ်ားကို ပိုမိုထိေရာက္စြာ ေလ့လာဖို႔အတြက္ အတိုင္းအတာ အဆင့္ ၃ နဲ႔ ပလပ္စ္ ထုတ္လႊတ္မႈ Scope 3 Plus ကို စတင္ေနပါတယ္။ စစ္ပြဲေၾကာင့္ပ်က္စီးမႈမ်ားမွ ပဋိပကၡအၿပီး ျပန္လည္ တည္ေဆာက္ေရးအထိ အရာအားလုံးပါဝင္သည့္ အတန္းအစားခြဲျခားနည္းအသစ္ျဖစ္ပါတယ္။ ဥပမာအားျဖင့္၊ ဂါဇာ (သို႔မဟုတ္) ယူကရိန္းရွိ မာရီယူပိုလ္ၿမိဳ႕ကို ျပန္လည္တည္ေဆာက္မယ္ဆိုရင္ ဓာတ္ေငြ႕ထုတ္လႊတ္မႈဟာ ႀကီးႀကီးမားမား ပါဝင္ေနပါလိမ့္မယ္။
ယခုေနာက္ဆုံး သုေတသနျပဳခ်က္အရ အီရတ္ႏိုင္ငံမွာ အေမရိကန္စစ္တပ္ရဲ႕ကြန္ကရစ္အသုံးျပဳမႈကို ၂ဝဝ၃ ခုႏွစ္မွ ၂ဝ၁၁ ခုႏွစ္အတြင္း ပိုင္းျခားတြက္ခ်က္မႈအခ်ိဳ႕ ေျပာျပပါ့မယ္။ ဘဂၢဒက္ၿမိဳ႕ကို သိမ္းပိုက္စဥ္ အေမရိကန္ စစ္တပ္ ဟာ သူတို႔ရဲ႕ၿမိဳ႕ျပေသာင္းက်န္းသူႏွိမ္နင္းေရးဗ်ဴဟာ တစ္စိတ္တစ္ပိုင္းအျဖစ္ ကြန္ကရစ္တံတိုင္းမ်ားကို မိုင္ရာနဲ႔ၿပီး ခ်ထားခဲ့ပါတယ္။ ေသာင္းက်န္းသူမ်ား ေထာင္ထားတဲ့ဗုံးမ်ားေၾကာင့္ ပ်က္စီးဆုံးရႈံးရမႈမ်ားကို ကာကြယ္ဖို႔၊ တရားဝင္ခြင့္ျပဳထားတဲ့ လမ္းမ်ားနဲ႔ စစ္ေဆးေရးဂိတ္မ်ားမွတစ္ဆင့္ ၿမိဳ႕တြင္းရွိ အရပ္သားမ်ားနဲ႔ ေသာင္းက်န္း လႈပ္ရွားမႈမ်ားကို စီမံကိုင္တြယ္ႏိုင္ဖို႔ျဖစ္ပါတယ္။

အဲဒီေနရာမွာ ကြန္ကရစ္အသုံးျပဳမႈအတြက္ ႀကီးမားတဲ့ကာဗြန္ေျခရာကို ေတြ႕ရွိရၿပီး တစ္ကမာၻလုံး ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ဓါတ္ေငြ႕ ထုတ္လႊတ္မႈရဲ႕ ၇ ရာခိုင္ႏႈန္း နီးပါးရွိပါတယ္။ ဘဂၢဒက္တစ္ၿမိဳ႕တည္းရွိ ကြန္ကရစ္တံတိုင္း မ်ားဟာ လန္ဒန္မွ ပါရီအထိ အကြာအေဝးထက္ ၂၅၆-မိုင္ ပိုမိုရွည္လ်ားပါတယ္။ နံရံေတြအတြက္ ခန႔္မွန္းေျခအား ျဖင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ တန္ခ်ိန္ ၂ဝဝ,ဝဝဝ အျပင္ CO2e လို႔ေခၚတဲ့ ဖန္လုံအိမ္အာနိသင္ျဖစ္ေပၚေစရာမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္အလားတူ မီသိန္း၊ ႏိုက္ထရပ္ေအာက္ဆိုဒ္၊ အိုဇုန္းနဲ႔ ေရခိုးေရေငြ႕တို႔ရဲ႕ပမာဏဟာ ယူေက တစ္ႏိုင္ငံလုံး ေမာ္ေတာ္ကား အိတ္ေဇာျမားရဲ႕တစ္ႏွစ္တာ (သို႔မဟုတ္) ကြၽန္းႏိုင္ငံငယ္တစ္ခုလုံးရဲ႕ စုစုေပါင္း ဓါတ္ေငြ႕ထုတ္လႊတ္မႈနဲ႔ အၾကမ္းအားျဖင့္ ညီမွ်ေနပါတယ္။

ယူကရိန္းႏိုင္ငံမွာလည္း ႐ုရွားရဲ႕က်ဴးေက်ာ္မႈေၾကာင့္ ကာဗြန္သက္ေရာက္မႈကို တြက္ခ်က္ရာမွာ အထက္ေဖာ္ျပပါ အခ်က္မ်ားအျပင္ အျခားအက်ိဳးဆက္အားလုံးကို ေပါင္းထည့္ဖို႔ကိစၥဟာ အလြန္ႀကီးမားတဲ့တာဝန္တစ္ရပ္ ျဖစ္လာ ပါတယ္။ စစ္ဘက္ဆိုင္ရာတို႔က ထုတ္လႊတ္မႈမ်ားကို အခ်ိန္နဲ႔တေျပးညီနီးပါး ထည့္သြင္းတြက္ခ်က္ရတဲ့အတြက္ အလြန္ခက္ခဲၿပီး ယခင္အေတြ႕အႀကဳံမ်ားနဲ႔ ေျပာင္းျပန္ျဖစ္ေနပါတယ္။

စစ္ပြဲပထမ တစ္ႏွစ္တည္းမွာပဲ ေဒသအတြင္း ကာဗြန္ေျခရာအျဖစ္ ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ အလားတူဓါတ္ေငြ႕ တန္ခ်ိန္ သန္းေပါင္း ၁၂ဝ အထိရွိေနလိမ့္္မယ္လို႔ သုေတသီမ်ားက ခန႔္မွန္းၾကပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ ေနတိုး စစ္စာခ်ဳပ္အဖြဲ႕ႀကီးရဲ႕တစ္ႏွစ္တာ ဓါတ္ေငြ႕ထုတ္လႊတ္မႈျဖစ္ၿပီး ခဲယမ္းနဲ႔ ေဖာက္ခြဲေရးပစၥည္းမ်ား တစ္မ်ိဳးတည္း သက္သက္တင္ တန္ခ်ိန္ ႏွစ္သိန္းဝန္းက်င္ ရွိေနပါတယ္။

အထူးသျဖင့္ ယူကရိန္းနဲ႔ အစၥေရး-ဂါဇာစစ္ပြဲမ်ားရဲ႕ပဋိပကၡအရင္းခံ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈအေပၚ အေလးထားတြက္ခ်က္ေနရျခင္းဟာ ကုလသမဂၢအေထြေထြညီလာခံက အတည္ျပဳခဲ့တဲ့ လက္နက္ကိုင္ ပဋိပကၡမ်ားနဲ႔သဘာဝပတ္ဝန္းက်င္ကာကြယ္ေရးဆိုင္ရာ (PERAC) ဥပေဒမူၾကမ္း ၂၇ ခ်က္အရ ျဖစ္ပါတယ္။

၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလမွာ အတည္ျဖစ္ခဲ့တဲ့ အဲဒီဥပေဒဟာ ေျခလွမ္းသစ္တစ္ခုမွ်သာျဖစ္ၿပီး ပဋိပကၡကာလအတြင္း ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈနဲ႔ပတ္သက္လို႔ ေျပာစရာအခ်က္ အနည္းငယ္က်န္ရွိေနပါေသးတယ္။

ႏိုင္ငံအစိုးရအဖြဲ႕အစည္းမ်ားဟာ စစ္ဘက္ဆိုင္ရာဓာတ္ေငြ႕ထုတ္လႊတ္မႈနဲ႔ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈနဲ႔ တိက်စြာ သတင္းထုတ္ျပန္ဖို႔အတြက္ တာဝန္ရွိေနပါတယ္။ လူအမ်ားတို႔ဟာ လက္နက္ကိုင္ပဋိပကၡ၊ ဖန္လုံအိမ္ ဓာတ္ေငြ႕ထုတ္လႊတ္မႈနဲ႔ သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရးတို႔ကို ခ်ိတ္ဆက္ဖို႔ စတင္ေနၾကပါတယ္။ ဒါေပမယ့္ ေခါင္းစဥ္ပါ ရည္႐ြယ္ခ်က္အတိုင္း အစီရင္ခံမႈ နည္းပါးေနၿပီး မေလ့လာရေသးခ်က္ေတြ မ်ားျပားေနပါတယ္။ ဒီအတြက္ အဲဒီလက္သိပ္ထိုးေဆာင္႐ြက္ေနၾကတဲ့ စစ္ပြဲရဲ႕သြင္ျပင္အမွန္တိုင္း မီးေမာင္းထိုးျပရမယ့္အခ်ိန္ကို ေရာက္ရွိလာတယ္လို႔ ကြင္းေမရီတကၠသိုလ္ စီပြားေရးစီစံခန္႔ခြဲမႈဌာန အႀကီးတန္းကထိက ဘင္ဂ် မင္နီမတ္က ေရးသားပါတယ္။

#ကာဗြန္ေျခရာ #ကမာၻႀကီးပူေႏြးလာမႈ_ဖန္လုံအိမ္ဓါတ္ေငြ႕ #ယူကရိန္းစစ္ပြဲ #ဘဂၢဒက္တံတိုင္း #ကာဗြန္ဒိုင္ေအာက္ဆိုက္_အလားတူဓာတ္ေငြ႕ #အစၥေရး_ဂါဇာပဋိပကၡ
(Dhaka Tribune., 25 December 2023, What is the carbon footprint of a war? ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.