ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ ရင်းနှီးမြှုပ်နှံခွင့်ရသည့် နိုင်ငံသားကုမ္ပဏီများစာရင်းကို မကြာမီလပိုင်းအတွင်း အသိပေးကြေညာမည်

 1523

ယွန်း (NP News) - ဒီဇင်ဘာ ၃၀

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့် နိုင်ငံသားကုမ္ပဏီများအနက်မှ ပါဝင်ခွင့်ရသည့်ကုမ္ပဏီများကို လာမည့်ဇန်နဝါရီလ နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ‌ပြောသည်။

“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမပါတဲ့ မြန်မာနိုင်ငံသားတွေနဲ့ထူထောင်ထားတဲ့ ကုမ္ပဏီတွေကိုဖိတ်ခေါ်တယ်။ ဦးစားပေးကတော့ ရခိုင်တိုင်းရင်းသားတွေပါတဲ့ကုမ္ပဏီတွေကို ဦးစားပေးထားတယ်။ ဖိတ်လည်းဖိတ်ခေါ်ထားတယ်။ ပြီးခဲ့တဲ့လက ကြေညာပြီးတော့ဖိတ်ခေါ်ခဲ့တယ်။ ဇန်နဝါရီလနောက်ပိုင်းကျရင် အရည်အချင်း ကိုက်ညီတဲ့မြန်မာနိုင်ငံသားကုမ္ပဏီ ဘယ်နှစ်ခုပါတယ်ဆိုတာ ထုတ်ပြန်ပေးပါမယ်”ဟု ဦးအောင်နိုင်ဦးက အသိ‌ပေးပြောသည်။

ထိုသို့ရွေးချယ်ရာ၌ မြန်မာနိုင်ငံသားများ ထူထောင်ထားသည့် ကုမ္ပဏီများကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများအနက်မှ ဦးစားပေးအနေ ဖြင့် ရခိုင်တိုင်းရင်းသားများပါဝင်သည့် ကုမ္ပဏီများကို ရွေးချယ်မည်ဖြစ် ကြောင်း သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရန် နိုင်ငံပိုင်သတင်းစာများတွင် စိတ်ဝင်စားမှုအဆိုပြုလွှာများကို ပြီးခဲ့သည့်နိုဝင်ဘာလက ဖိတ်ခေါ်ထားပြီး ဖြစ်သည်။

လျှောက်လွှာများကို ဒီဇင်ဘာလ(၂၉)ရက်တွင် နောက်ဆုံးတင်သွင်းနိုင်ရန် ထုတ်ပြန်ထားပြီး စိစစ်ရွေးချယ်မှုများကို မကြာမီစတင်ပြီး ပါဝင်သည့် ကုမ္ပဏီများကို ဇန်နဝါရီလနောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် တရုတ်နိုင်ငံမှ အစုရှယ်ယာ(၇၀)ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ အစုရှယ်ယာ(၃၀)ရာခိုင်နှုန်း ထည့်ဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ (၃၀)ရာခိုင်နှုန်းကို အစိုးရက(၁၅)ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက (၁၅)ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၌ ရင္းႏွီးျမႇဳပ္ႏွံခြင့္ရသည့္ ႏိုင္ငံသားကုမၸဏီမ်ားစာရင္းကို မၾကာမီလပိုင္းအတြင္း အသိေပးေၾကညာမည္

ယြန္း (NP News) - ဒီဇင္ဘာ ၃၀

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၌ ရင္းႏွီးျမႇဳပ္ႏွံရန္ အဆိုျပဳထားသည့္ ႏိုင္ငံသားကုမၸဏီမ်ားအနက္မွ ပါဝင္ခြင့္ရသည့္ကုမၸဏီမ်ားကို လာမည့္ဇန္နဝါရီလ ေနာက္ပိုင္းတြင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ျမန္မာအထူးစီးပြားေရးဇုန္ ဗဟိုလုပ္ငန္းအဖြဲ႕ ဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ‌ေျပာသည္။

“ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမပါတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ထူေထာင္ထားတဲ့ ကုမၸဏီေတြကိုဖိတ္ေခၚတယ္။ ဦးစားေပးကေတာ့ ရခိုင္တိုင္းရင္းသားေတြပါတဲ့ကုမၸဏီေတြကို ဦးစားေပးထားတယ္။ ဖိတ္လည္းဖိတ္ေခၚထားတယ္။ ၿပီးခဲ့တဲ့လက ေၾကညာၿပီးေတာ့ဖိတ္ေခၚခဲ့တယ္။ ဇန္နဝါရီလေနာက္ပိုင္းက်ရင္ အရည္အခ်င္း ကိုက္ညီတဲ့ျမန္မာႏိုင္ငံသားကုမၸဏီ ဘယ္ႏွစ္ခုပါတယ္ဆိုတာ ထုတ္ျပန္ေပးပါမယ္”ဟု ဦးေအာင္ႏိုင္ဦးက အသိ‌ေပးေျပာသည္။

ထိုသို႔ေ႐ြးခ်ယ္ရာ၌ ျမန္မာႏိုင္ငံသားမ်ား ထူေထာင္ထားသည့္ ကုမၸဏီမ်ားကိုသာ ေ႐ြးခ်ယ္သြားမည္ျဖစ္ၿပီး အဆိုပါ ကုမၸဏီမ်ားအနက္မွ ဦးစားေပးအေန ျဖင့္ ရခိုင္တိုင္းရင္းသားမ်ားပါဝင္သည့္ ကုမၸဏီမ်ားကို ေ႐ြးခ်ယ္မည္ျဖစ္ ေၾကာင္း သိရသည္။

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းတြင္ ႏိုင္ငံသားကုမၸဏီမ်ား ပါဝင္ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရးအတြက္ အစိုးရအသိအမွတ္ျပဳကုမၸဏီစု (Government Designated Entity Consortium) ဖြဲ႕စည္းႏိုင္ရန္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ စိတ္ဝင္စားမႈအဆိုျပဳလႊာမ်ားကို ၿပီးခဲ့သည့္ႏိုဝင္ဘာလက ဖိတ္ေခၚထားၿပီး ျဖစ္သည္။

ေလွ်ာက္လႊာမ်ားကို ဒီဇင္ဘာလ(၂၉)ရက္တြင္ ေနာက္ဆုံးတင္သြင္းႏိုင္ရန္ ထုတ္ျပန္ထားၿပီး စိစစ္ေ႐ြးခ်ယ္မႈမ်ားကို မၾကာမီစတင္ၿပီး ပါဝင္သည့္ ကုမၸဏီမ်ားကို ဇန္နဝါရီလေနာက္ပိုင္းတြင္ ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းတြင္ တ႐ုတ္ႏိုင္ငံမွ အစုရွယ္ယာ(၇၀)ရာခိုင္ႏႈန္းႏွင့္ ျမန္မာႏိုင္ငံမွ အစုရွယ္ယာ(၃၀)ရာခိုင္ႏႈန္း ထည့္ဝင္သြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံဘက္မွ (၃၀)ရာခိုင္ႏႈန္းကို အစိုးရက(၁၅)ရာခိုင္ႏႈန္းႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားက (၁၅)ရာခိုင္ႏႈန္းထည့္ဝင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.