ရုရှားက ယူကရိန်းကို ဒုံးကျည်နဲ့ဒရုန်းအစင်းရေ(၁၅၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆို

947
Pika (NP News) - ဒီဇင်ဘာ ၃ဝ
ရုရှားတပ်ဖွဲ့များသည် ဒီဇင်ဘာလ(၂၉)ရက်တွင် ယူကရိန်းနိုင်ငံအပေါ် ကြီးမားသောလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ(၃၀)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် နောက်ပိုင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ရုရှားတပ်ဖွဲ့များ ပစ်လွှတ်လိုက်သော ဒရုန်းနှင့်ဒုံးကျည်များသည် စာသင်ကျောင်းများ၊ သားဖွားဆေးရုံများ၊ ဈေးဝယ်စင်တာများနှင့် တိုက်ခန်းအများအပြားကို ထိမှန်ခဲ့ကြောင်း ယူကရိန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီး ယူကရိန်းကို စစ်ရေးထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်ရန် ကတိဝတ်များကို ထွက်ပေါ်လာစေခဲ့ကြောင်းလည်းသိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးက "ဒီနေ့မှာတော့ ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ လက်နက်တိုက်ထဲမှာရှိသမျှအရာအားလုံးနီးပါးနဲ့ ကျွန်တော်တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ဒရုန်းများနှင့် ဒုံးကျည် စုစုပေါင်း(၁၅၈)စင်းခန့် ပစ်လွှတ်ခဲ့ပြီး ၎င်းတို့အနက်မှ(၁၁၄)စင်းကို အောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကခန့်မှန်းပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဒုံးကျည်များအပြားပါဝင်သည့် စံချိန်တင်ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူအမျိုးသား ယူရီအစ်ဂ်နက် ကပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် Shahedဒ ရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် နောက်ထပ် ဒုံးကျည်အများအပြားကို တိုက်လေယာဉ်များနှင့် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများမှ ပစ်လွှတ်ခဲ့ကာ ယူကရိန်း၏လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်း ယူကရိန်းအရာရှိများကပြောကြားခဲ့သည်။
"ရုရှားတပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ အနည်းဆုံးလူ(၃၀)ဦးသေဆုံးပြီး အခြားလူ(၁၆၀)ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်"ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဂေါကလေးမန်ကိုက ပြောဆိုခဲ့သည်။

zawgyi version
႐ုရွားက ယူကရိန္းကို ဒုံးက်ည္နဲ႔ဒ႐ုန္းအစင္းေရ(၁၅၀)ေက်ာ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ဟုဆို
Pika (NP News) - ဒီဇင္ဘာ ၃ဝ
႐ုရွားတပ္ဖြဲ႕မ်ားသည္ ဒီဇင္ဘာလ(၂၉)ရက္တြင္ ယူကရိန္းႏိုင္ငံအေပၚ ႀကီးမားေသာေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ရာ အနည္းဆုံးလူ(၃၀)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ယူကရိန္းအစိုးရက ေျပာၾကားခဲ့သည္။
အဆိုပါတိုက္ခိုက္မႈသည္ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့သည့္ ေနာက္ပိုင္း အျပင္းထန္ဆုံး ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ႐ုရွားတပ္ဖြဲ႕မ်ား ပစ္လႊတ္လိုက္ေသာ ဒ႐ုန္းႏွင့္ဒုံးက်ည္မ်ားသည္ စာသင္ေက်ာင္းမ်ား၊ သားဖြားေဆး႐ုံမ်ား၊ ေဈးဝယ္စင္တာမ်ားႏွင့္ တိုက္ခန္းအမ်ားအျပားကို ထိမွန္ခဲ့ေၾကာင္း ယူကရိန္းအရာရွိတစ္ဦးကေျပာၾကားခဲ့သည္။ အဆိုပါတိုက္ခိုက္မႈမ်ားကို ႏိုင္ငံတကာက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ယူကရိန္းကို စစ္ေရးေထာက္ပံ့ေပးမႈမ်ား ဆက္လက္လုပ္ေဆာင္ရန္ ကတိဝတ္မ်ားကို ထြက္ေပၚလာေစခဲ့ေၾကာင္းလည္းသိရသည္။
ယူကရိန္းသမၼတဇီလန္စကီးက "ဒီေန႔မွာေတာ့ ႐ုရွားတပ္ဖြဲ႕ေတြဟာ သူတို႔ရဲ႕ လက္နက္တိုက္ထဲမွာရွိသမွ်အရာအားလုံးနီးပါးနဲ႔ ကြၽန္ေတာ္တို႔ကို ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။
႐ုရွားတပ္ဖြဲ႕မ်ားသည္ ဒ႐ုန္းမ်ားႏွင့္ ဒုံးက်ည္ စုစုေပါင္း(၁၅၈)စင္းခန႔္ ပစ္လႊတ္ခဲ့ၿပီး ၎တို႔အနက္မွ(၁၁၄)စင္းကို ေအာင္ျမင္စြာဖ်က္ဆီးပစ္ႏိုင္ခဲ့ေၾကာင္း ယူကရိန္းစစ္တပ္ကခန႔္မွန္းေျပာဆိုခဲ့သည္။ အဆိုပါတိုက္ခိုက္မႈသည္ ဒုံးက်ည္မ်ားအျပားပါဝင္သည့္ စံခ်ိန္တင္ပစ္ခတ္တိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္း ယူကရိန္းေလတပ္ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသား ယူရီအစ္ဂ္နက္ ကေျပာၾကားခဲ့သည္။ ႐ုရွားတပ္ဖြဲ႕မ်ားသည္ Shahedဒ ႐ုန္းမ်ားျဖင့္ တိုက္ခိုက္မႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေနာက္ထပ္ ဒုံးက်ည္အမ်ားအျပားကို တိုက္ေလယာဥ္မ်ားႏွင့္ ၎တို႔ထိန္းခ်ဳပ္ထားေသာ နယ္ေျမမ်ားမွ ပစ္လႊတ္ခဲ့ကာ ယူကရိန္း၏ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို ျဖတ္ေက်ာ္ႏိုင္ရန္ႀကိဳးပမ္းခဲ့ေၾကာင္း ယူကရိန္းအရာရွိမ်ားကေျပာၾကားခဲ့သည္။
"႐ုရွားတပ္ဖြဲ႕ေတြရဲ႕ ႀကီးမားတဲ့ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ လက္ရွိအခ်ိန္အထိ အနည္းဆုံးလူ(၃၀)ဦးေသဆုံးၿပီး အျခားလူ(၁၆၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိထားပါတယ္"ဟု ယူကရိန္းျပည္ထဲေရးဝန္ႀကီး အိုင္ေဂါကေလးမန္ကိုက ေျပာဆိုခဲ့သည္။