တောင်ကိုရီးယားနိုင်ငံကို ချေမှုန်းရာတွင် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော

869

Pika (NP News) - ဇန်နဝါရီ ၁ဝ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ၎င်း၏ နိုင်ငံသည် ပြိုင်ဖက်တောင်ကိုရီးယားနိုင်ငံကို ချေမှုန်းရာတွင် တုံ့ဆိုင်းနေမည်မဟုတ်ဟု သတိပေးပြောဆိုခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် နျူကလီးယားနဲ့ပတ်သက်သောလုပ်ငန်းများကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ရန် ကင်ဂျုံအန်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကင်ဂျုံအန်းသည် အဓိက လက်နက်စက်ရုံများသို့ သွားရောက်လည်ပတ်စဉ်အချိန် အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တောင်ကိုရီးယားကို အဓိက ရန်သူလို့ ကျွန်တော်တို့သတ်မှတ်ထားပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့အတွက် စစ်ရေးစွမ်းရည်တွေနဲ့ နျူကလီးယားဆိုင်ရာစွမ်းရည်တွေကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်" ဟု KCNA က ရေးသားဖော်ပြထားသည်။
ကင်ဂျုံအန်းက မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကြေညာကာ အဆင့်မြင့်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနိုင်ငံကြားဆက်ဆံရေးမှာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ထိပ်တိုက်ရင်ဆိုင်မှုများကို တစ်ဖက်သတ်လုပ်ဆောင်မည် မဟုတ်သော်လည်း စစ်ပွဲကို ရှောင်ရှားရန် ရည်ရွယ်ချက်မရှိဟု ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
KCNA က "တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားကိုဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေ အသုံးပြု တာမျိုး ဒါမှမဟုတ် မြောက်ကိုရီးယားရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးတွေအပေါ် ခြိမ်းခြောက်မှုတွေ လုပ်ဆောင် လာခဲ့မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံကို ရှိသမျှအင်အား အားလုံးနဲ့ ချေမှုန်းတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ကင်ဂျုံအန်းက ပြောဆိုခဲ့ပါတယ်" ဟု ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံ အပါအဝင် အမေရိကန် နှင့် ဒါဇင်နှင့်ချီသောမိတ်ဖက်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံသို့ ဒုံးကျည်များ လွှဲပြောင်းပေးခြင်းဖြင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှု အများအပြားကို ချိုးဖောက်နေကြောင်း စွပ်စွဲပြောဆိုထားသည်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံကို ေခ်မႈန္းရာတြင္ တုံ႔ဆိုင္းေနမည္မဟုတ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၁ဝ
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ၎၏ ႏိုင္ငံသည္ ၿပိဳင္ဖက္ေတာင္ကိုရီးယားႏိုင္ငံကို ေခ်မႈန္းရာတြင္ တုံ႔ဆိုင္းေနမည္မဟုတ္ဟု သတိေပးေျပာဆိုခဲ့ေၾကာင္း KCNA သတင္းဌာနက ေဖာ္ျပခဲ့သည္။
ထို႔အျပင္ န်ဴကလီးယားနဲ႔ပတ္သက္ေသာလုပ္ငန္းမ်ားကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ရန္ ကင္ဂ်ဳံအန္းက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ ကင္ဂ်ဳံအန္းသည္ အဓိက လက္နက္စက္႐ုံမ်ားသို႔ သြားေရာက္လည္ပတ္စဥ္အခ်ိန္ အတြင္း ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ေတာင္ကိုရီးယားကို အဓိက ရန္သူလို႔ ကြၽန္ေတာ္တို႔သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ေျမာက္ကိုရီးယားဟာ ကိုယ့္ကိုယ္ကိုယ္ခုခံကာကြယ္ဖို႔အတြက္ စစ္ေရးစြမ္းရည္ေတြနဲ႔ န်ဴကလီးယားဆိုင္ရာစြမ္းရည္ေတြကို ပိုမိုျမႇင့္တင္ဖို႔ လိုအပ္ပါတယ္" ဟု KCNA က ေရးသားေဖာ္ျပထားသည္။
ကင္ဂ်ဳံအန္းက ေျမာက္ကိုရီးယားႏိုင္ငံမွာ န်ဴကလီးယားအင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း ေၾကညာကာ အဆင့္ျမင့္တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယား ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံၾကားဆက္ဆံေရးမွာ ဆယ္စုႏွစ္မ်ားအတြင္း အနိမ့္ဆုံးအဆင့္သို႔ က်ဆင္းသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ထိပ္တိုက္ရင္ဆိုင္မႈမ်ားကို တစ္ဖက္သတ္လုပ္ေဆာင္မည္ မဟုတ္ေသာ္လည္း စစ္ပြဲကို ေရွာင္ရွားရန္ ရည္႐ြယ္ခ်က္မရွိဟု ကင္ဂ်ဳံအန္းက ေျပာဆိုခဲ့ေၾကာင္း KCNA သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
KCNA က "ေတာင္ကိုရီးယားႏိုင္ငံဟာ ေျမာက္ကိုရီးယားကိုဆန႔္က်င္ဖို႔အတြက္ လက္နက္ကိုင္တပ္ဖြဲ႕ေတြ အသုံးျပဳ တာမ်ိဳး ဒါမွမဟုတ္ ေျမာက္ကိုရီးယားရဲ႕အခ်ဳပ္အျခာအာဏာနဲ႔လုံၿခဳံေရးေတြအေပၚ ၿခိမ္းေျခာက္မႈေတြ လုပ္ေဆာင္ လာခဲ့မယ္ဆိုရင္ ေတာင္ကိုရီးယားႏိုင္ငံကို ရွိသမွ်အင္အား အားလုံးနဲ႔ ေခ်မႈန္းေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ တုံ႔ဆိုင္းေနမွာ မဟုတ္ဘူးလို႔ ကင္ဂ်ဳံအန္းက ေျပာဆိုခဲ့ပါတယ္" ဟု ေရးသားေဖာ္ျပထားသည္။
ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္ႏိုင္ငံ အပါအဝင္ အေမရိကန္ ႏွင့္ ဒါဇင္ႏွင့္ခ်ီေသာမိတ္ဖက္ႏိုင္ငံတို႔က ေျမာက္ကိုရီးယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံသို႔ ဒုံးက်ည္မ်ား လႊဲေျပာင္းေပးျခင္းျဖင့္ ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈ အမ်ားအျပားကို ခ်ိဳးေဖာက္ေနေၾကာင္း စြပ္စြဲေျပာဆိုထားသည္။