ညစ်ညမ်းသည့် အပြောအဆို၊ အပြုအမူများပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကို ဥပဒေနှင့်အညီ အရေးယူမည်

2323
ယွန်း (NP News) - ဇန်နဝါရီ ၁၃
မြန်မာ့ယဥ်ကျေးမှုကို ဆန့်ကျင်သော ညစ်ညမ်းသည့် အပြောအဆိုများ၊ အပြုအမူများ ပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကို အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီလ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန် မသင့်လျော်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်လျက်ရှိသည်။
ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားသည်။
“ဘဘတို့နိုင်ငံအနေနဲ့ ယဥ်ကျေးမှုနဲ့ပတ်သက်လို့အားလုံးထိန်းသိမ်းသင့်တဲ့ နိုင်ငံလည်းဖြစ်တယ်။ ပြီးတော့ ယဥ်ကျေးမှုနဲ့ပတ်သက်ရင်လည်း ဂုဏ်ယူရတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာ့ယဥ်ကျေးမှုနဲ့ပတ်သက်ပြီး ဒီလိုမျိုးလေးထုတ်ပြန်လိုက်တာ ဘဘအမြင်ကတော့ကျေနပ်ပါတယ်။ အထူးသဖြင့် အနုပညာ သမားဆိုတာက ပြည်သူတွေရဲ့စံပြလည်းဖြစ်တယ်။ အမျိုးသားယဥ်ကျေးမှုကို ပိုပြီးလည်းထိန်းသိမ်းသင့်တယ်” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NP News ကိုသုံးသပ်ပြောကြားထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ် သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်းပေးရန် ဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်ထားသည်။

zawgyi version
ညစ္ညမ္းသည့္ အေျပာအဆို၊ အျပဳအမူမ်ားပါဝင္သည့္ ေတးသီခ်င္းဗီဒီယို႐ိုက္ကူးထုတ္လႊင့္မႈမ်ားကို ဥပေဒႏွင့္အညီ အေရးယူမည္
ယြန္း (NP News) - ဇန္နဝါရီ ၁၃
ျမန္မာ့ယဥ္ေက်းမႈကို ဆန႔္က်င္ေသာ ညစ္ညမ္းသည့္ အေျပာအဆိုမ်ား၊ အျပဳအမူမ်ား ပါဝင္သည့္ ေတးသီခ်င္းဗီဒီယို႐ိုက္ကူးထုတ္လႊင့္မႈမ်ားကို အေရးယူ သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနက ယေန႔(ဇန္နဝါရီလ ၁၃ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
လက္ရွိတြင္ အခ်ိဳ႕ေသာ ေတးသီခ်င္းဗီဒီယို႐ိုက္ကူးထုတ္လႊင့္သူမ်ားသည္ ထင္ေပၚေက်ာ္ၾကားမႈရရန္အတြက္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ၿပီး ေမာင္ႏွမသားခ်င္း၊ မိသားစုဝင္ခ်င္း အတူၾကည့္ရႈရန္ မသင့္ေလ်ာ္ေသာ ေတးသီခ်င္းဗီဒီယိုမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ႐ိုက္ကူးထုတ္လႊင့္လ်က္ရွိသည္။
ထို႔ေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားအပါအဝင္ ျမန္မာ့ယဥ္ေက်းမႈကို ဆန႔္က်င္ေသာ၊ ညစ္ညမ္းေသာ အေျပာအဆို၊ အျပဳအမူမ်ား ပါဝင္သည့္ ႐ိုက္ကူးထုတ္လႊင့္ ေဖာ္ျပမႈမ်ားႏွင့္ ပတ္သက္၍ ထုတ္လုပ္သူ ၊ စီစဥ္႐ိုက္ကူးသူ ၊ သ႐ုပ္ေဆာင္သူမ်ားအား တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထားသည္။
“ဘဘတို႔ႏိုင္ငံအေနနဲ႔ ယဥ္ေက်းမႈနဲ႔ပတ္သက္လို႔အားလုံးထိန္းသိမ္းသင့္တဲ့ ႏိုင္ငံလည္းျဖစ္တယ္။ ၿပီးေတာ့ ယဥ္ေက်းမႈနဲ႔ပတ္သက္ရင္လည္း ဂုဏ္ယူရတဲ့ ႏိုင္ငံျဖစ္တယ္။ အဲဒီေတာ့ ျမန္မာ့ယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီး ဒီလိုမ်ိဳးေလးထုတ္ျပန္လိုက္တာ ဘဘအျမင္ကေတာ့ေက်နပ္ပါတယ္။ အထူးသျဖင့္ အႏုပညာ သမားဆိုတာက ျပည္သူေတြရဲ႕စံျပလည္းျဖစ္တယ္။ အမ်ိဳးသားယဥ္ေက်းမႈကို ပိုၿပီးလည္းထိန္းသိမ္းသင့္တယ္” ဟု ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးဥကၠ႒ ဦးလြင္ျမင့္က NP News ကိုသုံးသပ္ေျပာၾကားထားသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ႐ုပ္ရွင္ႏွင့္ဗီဒီယိုဇာတ္ကားမ်ား ႐ိုက္ကူးထုတ္လႊင့္ျပသေရးႏွင့္ပတ္ သက္၍ ၁၉၉၆ ခုႏွစ္ ႐ုပ္ရွင္ဥပေဒႏွင့္ ၁၉၉၆ ခုႏွစ္ ႐ုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒမ်ားႏွင့္အညီ ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ သက္ဆိုင္ရာအလိုက္ ဖြဲ႕စည္းထားေသာ အစည္းအ႐ုံးမ်ားကလည္း လိုအပ္သလို ထိန္းေက်ာင္းေပးရန္ ဝန္ႀကီးဌာနက ထည့္သြင္းထုတ္ျပန္ထားသည္။