ဒိန်းမတ်နိုင်ငံမှာ ဘုရင်မကြီး ထီးနန်းကို စွန့်လွှတ်ပြီးနောက် သားဖြစ်သူက ဘုရင်အရိုက်အရာ ဆက်ခံ

1407

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅
ဒိန်းမတ်တော်ဝင်မိသားစုရဲ့အိမ်ရှေ့မင်းသားဖြစ်တဲ့ Frederik X ဆိုသူဟာ ဇန်နဝါရီ ၁၄ ရက်မှာ ဘုရင့်အဖြစ် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်မကြီး Queen Margrethe II ဟာ ဗြိတိန် ထီးနန်းကို ၅၂ နှစ်ကြာ ဆက်ခံခဲ့ပြီးနောက် ထီးနန်းအရိုက်အရာကို သားဖြစ်သူအိမ်ရှေ့မင်းသားထံ လွှဲပြောင်းပေးခဲ့ တာဖြစ်ကြောင်း သိရပါတယ်။
ဒိန်းမတ်ဘုရင်အသစ် ထီးနန်းတက်ပွဲဟာ နိုင်ငံသမိုင်းမှာ သမိုင်းဝင်ဖြစ်ခဲ့ပြီး ပြည်သူသောင်းချီ တက်ရောက် အာပေးခဲ့တယ်လို့ သိရပါတယ်။ ဒိန်းမတ်ဘုရင်မကြီးဟာ နိုင်ငံကောင်စီနဲ့ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထီးနန်းအရိုက်အရာ စွန့်လွှတ်ကြောင်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာ့သမိုင်းမှာ စည်းမျဉ်းခံဘုရင်စနစ်သက်တမ်းအကြာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်အသစ်ရဲ့နန်းတက်ပွဲကို ဒိန်းမတ်ဘုရင်မကြီးနဲ့အတူ ဘုရင်ရဲ့ကြင်ယာတော်၊ သားတော်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်အသစ်ဟာ အသက် ၅၁ နှစ်အရွယ်သာ ရှိသေးပြီး ဒိန်းမတ်ဝန်ကြီးချုပ်တို့နဲ့နိုင်ငံအတွက် ဆွေးနွေးခဲ့ကာ ပြည်သူတွေကို မိန့်ခွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
အသက် ၃ဝ အရွယ်ရှိ ဒိန်းမတ်နိုင်ငံသားတစ်ဦးက "ဒီနေ့ဟာ သမိုင်းဝင်နေ့ပါ။ ဒါကြောင့် ဒီနန်းတက်ပွဲကို ကိုယ်တိုင် လာရောက်အားပေးခဲ့တာပါ။ ကျွန်တော်ဟာ တော်ဝင်မိသားစုကို ချစ်ခင်မြတ်နိုးပါတယ်" လို့ ပြောပါတယ်။

Zawgyi Version;
ဒိန္းမတ္ႏိုင္ငံမွာ ဘုရင္မႀကီး ထီးနန္းကို စြန႔္လႊတ္ၿပီးေနာက္ သားျဖစ္သူက ဘုရင္အ႐ိုက္အရာ ဆက္ခံ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅
ဒိန္းမတ္ေတာ္ဝင္မိသားစုရဲ႕အိမ္ေရွ႕မင္းသားျဖစ္တဲ့ Frederik X ဆိုသူဟာ ဇန္နဝါရီ ၁၄ ရက္မွာ ဘုရင့္အျဖစ္ ထီးနန္းအ႐ိုက္အရာကို ဆက္ခံခဲ့ေၾကာင္း သိရပါတယ္။ ဒိန္းမတ္ဘုရင္မႀကီး Queen Margrethe II ဟာ ၿဗိတိန္ ထီးနန္းကို ၅၂ ႏွစ္ၾကာ ဆက္ခံခဲ့ၿပီးေနာက္ ထီးနန္းအ႐ိုက္အရာကို သားျဖစ္သူအိမ္ေရွ႕မင္းသားထံ လႊဲေျပာင္းေပးခဲ့ တာျဖစ္ေၾကာင္း သိရပါတယ္။
ဒိန္းမတ္ဘုရင္အသစ္ ထီးနန္းတက္ပြဲဟာ ႏိုင္ငံသမိုင္းမွာ သမိုင္းဝင္ျဖစ္ခဲ့ၿပီး ျပည္သူေသာင္းခ်ီ တက္ေရာက္ အာေပးခဲ့တယ္လို႔ သိရပါတယ္။ ဒိန္းမတ္ဘုရင္မႀကီးဟာ ႏိုင္ငံေကာင္စီနဲ႔ အေရးေပၚေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ထီးနန္းအ႐ိုက္အရာ စြန႔္လႊတ္ေၾကာင္းကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။
ဒိန္းမတ္ႏိုင္ငံဟာ ကမာၻ႔သမိုင္းမွာ စည္းမ်ဥ္းခံဘုရင္စနစ္သက္တမ္းအၾကာဆုံး ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း သိရပါတယ္။ ဒိန္းမတ္ဘုရင္အသစ္ရဲ႕နန္းတက္ပြဲကို ဒိန္းမတ္ဘုရင္မႀကီးနဲ႔အတူ ဘုရင္ရဲ႕ၾကင္ယာေတာ္၊ သားေတာ္တို႔လည္း တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။ ဒိန္းမတ္ဘုရင္အသစ္ဟာ အသက္ ၅၁ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး ဒိန္းမတ္ဝန္ႀကီးခ်ဳပ္တို႔နဲ႔ႏိုင္ငံအတြက္ ေဆြးေႏြးခဲ့ကာ ျပည္သူေတြကို မိန႔္ခြန္းေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။
အသက္ ၃ဝ အ႐ြယ္ရွိ ဒိန္းမတ္ႏိုင္ငံသားတစ္ဦးက "ဒီေန႔ဟာ သမိုင္းဝင္ေန႔ပါ။ ဒါေၾကာင့္ ဒီနန္းတက္ပြဲကို ကိုယ္တိုင္ လာေရာက္အားေပးခဲ့တာပါ။ ကြၽန္ေတာ္ဟာ ေတာ္ဝင္မိသားစုကို ခ်စ္ခင္ျမတ္ႏိုးပါတယ္" လို႔ ေျပာပါတယ္။