ရုရှားအစိုးရက ယူကရိန်းစစ်သုံ့ပန်း(၂ဝဝ)ကျော်ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

 668

Pika (NP News) - ဇန်နဝါရီ ၁၆

ရုရှားအစိုးရသည် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ယူကရိန်းစစ်သုံ့ပန်း(၂ဝဝ)ကျော်ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပြီး ၎င်းတို့အနက်မှ အချို့မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့များသည် ၂ဝ၂၂ ခုနှစ်တွင် Mariupol ဆိပ်ကမ်းမြို့ကို ဝိုင်းရံထားစဉ်အချိန်အတွင်း ယူကရိန်းတပ်သား ထောင်ချီကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှား၏ စစ်သုံ့ပန်းများအား စစ်ဆေးစီရင်ခြင်းမှာ တရားမဝင် ကြောင်း ယူကရိန်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ရှုတ်ချပြောခဲ့သည်။

ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီအကြီးအကဲ Alexander Bastrykin က "အရပ်သားတွေကို သတ်ဖြတ်ခြင်းနဲ့ စစ်သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်ခြင်းတို့အတွက် ယူကရိန်းတပ်ဖွဲ့ဝင်(၂ဝဝ)ကျော်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အကြီးတန်းအရာရှိတွေ အပါအဝင် ယူကရိန်းရဲ့စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။

ယူကရိန်းစစ်သုံ့ပန်း အများအပြားကို ရုရှားသိမ်းယူထားသော ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ထိန်းသိမ်းထားပြီး အချို့ကို ရုရှားနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။ သို့သော်လည်း ယူကရိန်းစစ်သုံ့ပန်းများ ကို ပြစ်ဒဏ်ချမှတ်ခြင်းအား ရုရှား (သို့မဟုတ်) သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေနှစ်ခုမှ မည်သည့်နေရာတွင် လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်ကို Alexander Bastrykin က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။

ယူကရိန်းစစ်သုံ့ပန်း(၂၄၂)ဦးကို သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေတွင် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း စုံစမ်း စစ်ဆေးရေးကော်မတီ သတင်းရင်းမြစ်များကို ကိုးကားပြီး RT က ဖော်ပြခဲ့သည်။ ရုရှား နှင့် ယူကရိန်းတို့သည် ပြီးခဲ့သည့်ဇန်နဝါရီလ(၃)ရက်တွင် ရာနှင့်ချီသော စစ်သုံ့ပန်းများကို အပြန်အလှန်လဲလှယ်ခဲ့ကြပြီး ပထမဆုံးအကြိမ် အဖြစ် လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ကြသည်။

Zawgyi Version;
႐ုရွားအစိုးရက ယူကရိန္းစစ္သုံ႔ပန္း(၂ဝဝ)ေက်ာ္ကို ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္
Pika (NP News) - ဇန္နဝါရီ ၁၆

႐ုရွားအစိုးရသည္ ဇန္နဝါရီလ(၁၅)ရက္ေန႔တြင္ ယူကရိန္းစစ္သုံ႔ပန္း(၂ဝဝ)ေက်ာ္ကို ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္လိုက္ၿပီး ၎တို႔အနက္မွ အခ်ိဳ႕မွာ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ခ်မွတ္ခံခဲ့ရေၾကာင္း သိရသည္။

႐ုရွားတပ္ဖြဲ႕မ်ားသည္ ၂ဝ၂၂ ခုႏွစ္တြင္ Mariupol ဆိပ္ကမ္းၿမိဳ႕ကို ဝိုင္းရံထားစဥ္အခ်ိန္အတြင္း ယူကရိန္းတပ္သား ေထာင္ခ်ီကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွား၏ စစ္သုံ႔ပန္းမ်ားအား စစ္ေဆးစီရင္ျခင္းမွာ တရားမဝင္ ေၾကာင္း ယူကရိန္းႏွင့္ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕မ်ားက ျပစ္တင္ရႈတ္ခ်ေျပာခဲ့သည္။

႐ုရွား၏ စုံစမ္းစစ္ေဆးေရးေကာ္မတီအႀကီးအကဲ Alexander Bastrykin က "အရပ္သားေတြကို သတ္ျဖတ္ျခင္းနဲ႔ စစ္သုံ႔ပန္းေတြကို ညႇင္းပန္းႏွိပ္စက္ျခင္းတို႔အတြက္ ယူကရိန္းတပ္ဖြဲ႕ဝင္(၂ဝဝ)ေက်ာ္ကို ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့ပါတယ္။ အႀကီးတန္းအရာရွိေတြ အပါအဝင္ ယူကရိန္းရဲ႕စစ္ဘက္ဆိုင္ရာဝန္ထမ္းေတြကို တရားစြဲဆိုဖို႔ ႀကိဳးပမ္းမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာပါ" ဟု ေျပာခဲ့သည္။

ယူကရိန္းစစ္သုံ႔ပန္း အမ်ားအျပားကို ႐ုရွားသိမ္းယူထားေသာ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းတြင္ ထိန္းသိမ္းထားၿပီး အခ်ိဳ႕ကို ႐ုရွားႏိုင္ငံသို႔ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ယူကရိန္းစစ္သုံ႔ပန္းမ်ား ကို ျပစ္ဒဏ္ခ်မွတ္ျခင္းအား ႐ုရွား (သို႔မဟုတ္) သိမ္းပိုက္ထားေသာ ယူကရိန္းနယ္ေျမႏွစ္ခုမွ မည္သည့္ေနရာတြင္ လုပ္ေဆာင္ခဲ့သည္ဆိုသည့္အခ်က္ကို Alexander Bastrykin က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။

ယူကရိန္းစစ္သုံ႔ပန္း(၂၄၂)ဦးကို သိမ္းပိုက္ထားေသာ ယူကရိန္းနယ္ေျမတြင္ ျပစ္ဒဏ္မ်ားခ်မွတ္ခဲ့ေၾကာင္း စုံစမ္း စစ္ေဆးေရးေကာ္မတီ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး RT က ေဖာ္ျပခဲ့သည္။ ႐ုရွား ႏွင့္ ယူကရိန္းတို႔သည္ ၿပီးခဲ့သည့္ဇန္နဝါရီလ(၃)ရက္တြင္ ရာႏွင့္ခ်ီေသာ စစ္သုံ႔ပန္းမ်ားကို အျပန္အလွန္လဲလွယ္ခဲ့ၾကၿပီး ပထမဆုံးအႀကိမ္ အျဖစ္ လူသိရွင္ၾကား ထုတ္ျပန္ေၾကညာခဲ့ၾကသည္။

Related news

© 2021. All rights reserved.