ဗိုလ်တထောင်မြို့နယ်၌ အချင်းချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရ

9299
သန့်ဇင်(NP News) - ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် အချင်းချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်အထိုးခံခဲ့ရကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၃)လမ်း၊ ကမ်းနားလမ်းထိပ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အချင်းချင်းစကားများရင်းကနေ ဓားနဲ့လိုက်ထိုးတာပါ။ အထိုးခံရတဲ့အမျိုးသားကလည်း အုပ်ချုပ်ရေးမှူးရုံးကို ဓားဒဏ်ရာနဲ့ အကူအညီ လာတောင်းခဲ့တာပါ”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသား၏ ကျောကုန်း၌ (၁)လက်မခန့်အနက်ရှိ ဓားဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့အမျိုးသားက စိုးရိမ်ရတဲ့အနေအထားတော့မရှိပါဘူး။ ကျူးလွန်တဲ့သူကိုတော့သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်ဆေးအရေးယူထားပါတယ်။ အရင်တုန်းက ဗိုလ်တထောင်မုဒ်ဦးမှာ သေတဲ့အထိ ထိုးသတ်တဲ့ဖြစ်စဉ်ဖြစ်ဖူးတယ်။ ခုအချိန်ကလည်း လူတိုင်းနီးပါးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြတာတွေဆိုတော့ စိတ်ကိုထိန်းချုပ်စေချင်တယ်။ အားလုံးကို မေတ္တာစိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်ခွင့်လွှတ်ပေးကြပါလို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာက အရေးယူထားကြောင်း သိရသည်။

zawgyi version
ဗိုလ္တေထာင္ၿမိဳ႕နယ္၌ အခ်င္းခ်င္းစကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသားတစ္ဦး ဓားထိုးခံခဲ့ရ
သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၆
ရန္ကုန္တိုင္း၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္တြင္ အခ်င္းခ်င္းစကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသားတစ္ဦး ဓားျဖင့္အထိုးခံခဲ့ရေၾကာင္း လင္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယမန္ေန႔(ဇန္နဝါရီလ ၁၅ ရက္)၊ မြန္းလြဲ ၂နာရီအခ်ိန္ခန႔္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ (၄၃)လမ္း၊ ကမ္းနားလမ္းထိပ္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အခ်င္းခ်င္းစကားမ်ားရင္းကေန ဓားနဲ႔လိုက္ထိုးတာပါ။ အထိုးခံရတဲ့အမ်ိဳးသားကလည္း အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဓားဒဏ္ရာနဲ႔ အကူအညီ လာေတာင္းခဲ့တာပါ”ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၄၀)ႏွစ္ဝန္းက်င္ အမ်ိဳးသား၏ ေက်ာကုန္း၌ (၁)လက္မခန႔္အနက္ရွိ ဓားဒဏ္ရာတစ္ခ်က္ရရွိခဲ့ေၾကာင္း သိရသည္။
“ဒဏ္ရာရတဲ့အမ်ိဳးသားက စိုးရိမ္ရတဲ့အေနအထားေတာ့မရွိပါဘူး။ က်ဴးလြန္တဲ့သူကိုေတာ့သက္ဆိုင္ရာက ဖမ္းဆီးၿပီး စစ္ေဆးအေရးယူထားပါတယ္။ အရင္တုန္းက ဗိုလ္တေထာင္မုဒ္ဦးမွာ ေသတဲ့အထိ ထိုးသတ္တဲ့ျဖစ္စဥ္ျဖစ္ဖူးတယ္။ ခုအခ်ိန္ကလည္း လူတိုင္းနီးပါးက စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေနၾကတာေတြဆိုေတာ့ စိတ္ကိုထိန္းခ်ဳပ္ေစခ်င္တယ္။ အားလုံးကို ေမတၱာစိတ္နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္ခြင့္လႊတ္ေပးၾကပါလို႔ပဲ ေျပာခ်င္ပါတယ္”ဟု ၎ကအႀကံျပဳေျပာၾကားထားသည္။
ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသားအား လင္းလက္လူမႈကူညီေရးအသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအား သက္ဆိုင္ရာက အေရးယူထားေၾကာင္း သိရသည္။