ကျိုင်းတုံကို တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်ခြင်းမှာ မဟုတ်မှန်ကြောင်း UWSA က ပြန်လည်ဖြေရှင်း

2734
သုတကျော် (NP News) - ဇန်နဝါရီ ၁၇
ကျိုင်းတုံကို တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်ခြင်းမှာ မဟုတ်မှန်ကြောင်း "ဝ"တပ်ဖွဲ့ (UWSA)က ထုတ်ပြန်ခဲ့သော ရှင်းလင်း ချက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

အွန်လိုင်းစာမျက်နှာများထက်တွင် ထွက်ပေါ်နေသော အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ NP News သတင်းဌာနက UWSA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးညီရန်းကို စာပို့ဆက်သွယ်မေးမြန်းရာတွင် ထုတ်ပြန်ခဲ့သည်မှာ မှန်ကန်ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။
အင်တာနက် နှင့် အခြားလူမှုကွန်ယက် ပလက်ဖောင်းအချို့တွင် UWSA က ကျိုင်းတုံကို တိုက်ခိုက်မည်ဆိုသော မဟုတ်မမှန် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း UWSA ၏ သတင်းပြန်ကြား ရေးဗျူရိုက ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။
UWSA အနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ပါ စည်းကမ်းများကို လိုက်နာဆောာင်ရွက်သွားမည်ဖြစ်ပြီး ဘက်လိုက်မည် မဟုတ်ကြောင်း နှင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲများနှင့်ပတ်သက်၍ UWSA က ကတိပြုထားသည့် လူသားချင်းဆိုင်ရာ ကူညီမှုအတွက် ဝင်ရောက်လာသော ဒုက္ခသည်များကို ကူညီပေးခြင်း နှင့် အိမ်ပြန်ရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးကြောင်းလည်း ဖော်ပြထားချက်အရ သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာ ကြမည်ဟု မျှော်လင့်ကြောင်း နှင့် "ဝ"အနေဖြင့်လည်း အစွမ်း ကုန် ကူညီပံ့ပိုးပြီး အဆင်ပြေစေရေး ဆက်လက်ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်းလည်း ဖော်ပြထားသည်။

zawgyi version
က်ိဳင္းတုံကို တိုက္ခိုက္မည္ဟု သတင္းထြက္ေပၚျခင္းမွာ မဟုတ္မွန္ေၾကာင္း UWSA က ျပန္လည္ေျဖရွင္း
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၇
က်ိဳင္းတုံကို တိုက္ခိုက္မည္ဟု သတင္းထြက္ေပၚျခင္းမွာ မဟုတ္မွန္ေၾကာင္း "ဝ"တပ္ဖြဲ႕ (UWSA)က ထုတ္ျပန္ခဲ့ေသာ ရွင္းလင္း ခ်က္တြင္ ေဖာ္ျပထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
အြန္လိုင္းစာမ်က္ႏွာမ်ားထက္တြင္ ထြက္ေပၚေနေသာ အဆိုပါ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ NP News သတင္းဌာနက UWSA မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သည့္ ဦးညီရန္းကို စာပို႔ဆက္သြယ္ေမးျမန္းရာတြင္ ထုတ္ျပန္ခဲ့သည္မွာ မွန္ကန္ေၾကာင္း ၎က အတည္ျပဳေျပာၾကားသည္။
အင္တာနက္ ႏွင့္ အျခားလူမႈကြန္ယက္ ပလက္ေဖာင္းအခ်ိဳ႕တြင္ UWSA က က်ိဳင္းတုံကို တိုက္ခိုက္မည္ဆိုေသာ မဟုတ္မမွန္ သတင္းမ်ား ထြက္ေပၚခဲ့ေၾကာင္း UWSA ၏ သတင္းျပန္ၾကား ေရးဗ်ဴ႐ိုက ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ား အရ သိရသည္။
UWSA အေနျဖင့္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ပါ စည္းကမ္းမ်ားကို လိုက္နာေဆာာင္႐ြက္သြားမည္ျဖစ္ၿပီး ဘက္လိုက္မည္ မဟုတ္ေၾကာင္း ႏွင့္ ဝင္ေရာက္စြက္ဖက္မည္ မဟုတ္ေၾကာင္း ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံ ေျမာက္ပိုင္းက တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ UWSA က ကတိျပဳထားသည့္ လူသားခ်င္းဆိုင္ရာ ကူညီမႈအတြက္ ဝင္ေရာက္လာေသာ ဒုကၡသည္မ်ားကို ကူညီေပးျခင္း ႏွင့္ အိမ္ျပန္ေရး အဆင္ေျပေစရန္ ေဆာင္႐ြက္ေပးေၾကာင္းလည္း ေဖာ္ျပထားခ်က္အရ သိရသည္။
တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕တြင္ ဇန္နဝါရီလ ၁၀ ရက္မွ ၁၁ ရက္အထိ က်င္းပခဲ့သည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွ ရရွိခဲ့ေသာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လိုက္နာ ၾကမည္ဟု ေမွ်ာ္လင့္ေၾကာင္း ႏွင့္ "ဝ"အေနျဖင့္လည္း အစြမ္း ကုန္ ကူညီပံ့ပိုးၿပီး အဆင္ေျပေစေရး ဆက္လက္ပံ့ပိုးေပးရန္ ဆႏၵရွိေၾကာင္းလည္း ေဖာ္ျပထားသည္။