ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားအတွက် ဆက်လက်ရပ်တည်သွားရန် ဝန်ကြီး ဦးသန်းဆွေ တိုက်တွန်း

 1025

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၉

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားအတွက် အရေးပါသောအဖွဲ့အဖြစ် ဆက်လက်ရပ်တည်သွားရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တိုက်တွန်းပြောကြားသည်။

ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ဇန်နဝါရီလ ၁၇ ရက်တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်းက အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေး၌ နစက၏ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက မိန့်ခွန်းပြောကြားရာတွင် လက်ရှိ ကမ္ဘာကြီးသည် အပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စရပ်များအပါ အဝင် ဘက်ပေါင်းစုံ၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရလျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွဲ့ဖြိုးဆဲနိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားအတွက် အရေးပါသောအဖွဲ့ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန်လိုအပ်ကြောင်းလည်း ဝန်ကြီးဦးသန်းဆွေက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒများကို လိုက်နာလျက်ရှိပြီး ငြိမ်းချမ်းရေး၊ သာယာဝ ပြောရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြားသောဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများဖြင့် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ ချရေးဆိုင်ရာကိစ္စရပ်များကိုလည်း အဖွဲ့ဝင်နိုင်ငံများက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘက်မလိုက်လှုပ်ရှားအဖွဲ့ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၎င်းအဖွဲ့အား စတင်ထူထောင်ချိန်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ကြောင်းသိရပြီး လက်ရှိတွင် ယင်းအဖွဲ့၌ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၀)ရှိကြောင်း သိရသည်။

zawgyi version
ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕အေနျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား ၏ ဘုံအက်ိဳးစီးပြားအတြက္ ဆက္လက္ရပ္တည္သြားရန္ ဝန္ႀကီး ဦးသန္းေဆြ တိုက္တြန္း

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၉

ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕အေနျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ ဘုံအက်ိဳးစီးပြားအတြက္ အေရးပါေသာအဖြဲ႕အျဖစ္ ဆက္လက္ရပ္တည္သြားရန္ လိုအပ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက တိုက္တြန္းေျပာၾကားသည္။

ယူဂန္ဒါႏိုင္ငံ၊ ကမ္ပါလာၿမိဳ႕၌ ဇန္နဝါရီလ ၁၇ ရက္တြင္ က်င္းပသည့္ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕၏ ႏိုင္ငံျခား ေရးဝန္ႀကီးမ်ား အစည္းအေဝးတြင္ ၎က အထက္ပါကဲ့သို႔ တိုက္တြန္းခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝး၌ နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြက မိန႔္ခြန္းေျပာၾကားရာတြင္ လက္ရွိ ကမာၻႀကီးသည္ အျပည္ျပည္ဆိုင္ရာလုံၿခဳံေရးကိစၥရပ္မ်ားအပါ အဝင္ ဘက္ေပါင္းစုံ၌ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေတြ႕ႀကဳံေနရလ်က္ရွိသည္ဟု ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ျပင္ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕အေနျဖင့္ ဖြဲ႕ၿဖိဳးဆဲႏိုင္ငံမ်ားအားလုံး၏ ဘုံအက်ိဳးစီးပြားအတြက္ အေရးပါေသာအဖြဲ႕ႀကီးအျဖစ္ ဆက္လက္ရပ္တည္သြားရန္လိုအပ္ေၾကာင္းလည္း ဝန္ႀကီးဦးသန္းေဆြက တိုက္တြန္းခဲ့သည္။

ျမန္မာႏိုင္ငံသည္ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕၏ မူဝါဒမ်ားကို လိုက္နာလ်က္ရွိၿပီး ၿငိမ္းခ်မ္းေရး၊ သာယာဝ ေျပာေရး၊ တရားမွ်တမႈ၊ တန္းတူညီတူရွိမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို အျခားေသာဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕ဝင္ႏိုင္ငံမ်ားျဖင့္ လက္တြဲေဆာင္႐ြက္သြားမည္ဟုလည္း ၎က ထပ္မံေျပာၾကားသည္။

အဆိုပါဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ျပဳျပင္ေျပာင္းလဲေရးႏွင့္ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ ခ်ေရးဆိုင္ရာကိစၥရပ္မ်ားကိုလည္း အဖြဲ႕ဝင္ႏိုင္ငံမ်ားက ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဘက္မလိုက္လႈပ္ရွားအဖြဲ႕ကို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ အက်ိဳးစီးပြားျမႇင့္တင္ေရးအတြက္ ၁၉၆၁ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းထူေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသည္ ၎အဖြဲ႕အား စတင္ထူေထာင္ခ်ိန္တြင္ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ပါဝင္ခဲ့ေၾကာင္းသိရၿပီး လက္ရွိတြင္ ယင္းအဖြဲ႕၌ အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၁၂၀)ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.