ရိုးတွင်းချဉ်ဆီလဲလှယ်မှု အပါအဝင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကိုရရှိနိုင်မည့် (၇)ထပ်ကုသဆောင်သစ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဖွင့်လှစ်

986
Pearl (NP News) - ဇန်နဝါရီ ၂၂
ရိုးတွင်းချဉ်ဆီ လဲလှယ်ကုသမှု အပါအဝင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကို ရရှိနိုင်မည့် (၇)ထပ်ကုသ ဆောင်သစ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်) တွင် ရန်ကုန်တိုင်း ၊ လသာမြို့နယ်၊ အနော်ရထာလမ်းရှိ အဆိုပါဆေးရုံကြီး၌ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တတ်ရောက်ခဲ့သည်။
ယခု ဖွင့်လှစ်ခဲ့သည့် (၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံတည်ဆောက်ထားသည့် အဆိုပါ(၇)ထပ်ကုသဆောင်သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါ လူနာဌာန၊ ရိုးတွင်းချဉ်ဆီလဲလှယ်ကုသဌာနတို့ပါဝင်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာအဆင့်မြင့်မားသည့် ကုသမှုများကိုပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်ခြင်းကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအားကိုးအားထားပြုရပြီး ဆေးပညာ သင် ကြားရေးအတွက်လည်း ခေတ်အဆက်ဆက်အဓိကကျသည့် ဆေးရုံကြီးဖြစ်သည်။
ဆေးရုံကြီးကို ၁၈၇၃ ခုနှစ်ကတည်းက (၄၈၃)ခုတင်ဖြင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် ခုတင်များတိုးမြှင့်လာခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများစွာကို အကျိုးပြုနေသည့် ဆေးရုံကြီးလည်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယခုအသစ်ဖွင့်လှစ်သည့် (၇)ထပ်ဆောင်အသစ်ကို နိုင်ငံတကာအဆင့်မီဆေးကုသမှုကို ပြည်သူများရရှိနိုင်ရန်ရည်ရွယ်၍ ထပ်မံဆောက် လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနား၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရန် မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကိုကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
႐ိုးတြင္းခ်ဥ္ဆီလဲလွယ္မႈ အပါအဝင္ ႏိုင္ငံတကာအဆင့္မီ ေဆးကုသမႈမ်ားကိုရရွိႏိုင္မည့္ (၇)ထပ္ကုသေဆာင္သစ္ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ စတင္ဖြင့္လွစ္
Pearl (NP News) - ဇန္နဝါရီ ၂၂
႐ိုးတြင္းခ်ဥ္ဆီ လဲလွယ္ကုသမႈ အပါအဝင္ ႏိုင္ငံတကာအဆင့္မီ ေဆးကုသမႈမ်ားကို ရရွိႏိုင္မည့္ (၇)ထပ္ကုသ ေဆာင္သစ္ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္သည္။
(၇၇)ႏွစ္ေျမာက္၊ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ (၇)ထပ္ကုသေဆာင္သစ္ဖြင့္ပြဲကို ယမန္ေန႔ (ဇန္နဝါရီလ ၂၁ ရက္) တြင္ ရန္ကုန္တိုင္း ၊ လသာၿမိဳ႕နယ္၊ အေနာ္ရထာလမ္းရွိ အဆိုပါေဆး႐ုံႀကီး၌က်င္းပခဲ့ၿပီး နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တတ္ေရာက္ခဲ့သည္။
ယခု ဖြင့္လွစ္ခဲ့သည့္ (၇)ထပ္ေဆးကုသေဆာင္သစ္ႀကီးကို ၂၀၁၅ ခုႏွစ္က စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကန႔္ၾကာခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ဘ႑ာေငြအေျမာက္အျမား အကုန္အက်ခံတည္ေဆာက္ထားသည့္ အဆိုပါ(၇)ထပ္ကုသေဆာင္သစ္ႀကီးအတြင္း၌ ႏိုင္ငံတကာအဆင့္မီ ေဆးကုသမႈရရွိႏိုင္ရန္ အဆင့္ျမင့္ေရာဂါ ရွာေဖြကုသေရးဆိုင္ရာ စက္ပစၥည္းကိရိယာမ်ား ျဖည့္ဆည္းထားသည့္ ဓာတ္ခြဲခန္းမ်ား ပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ ပုံရိပ္ေဖာ္နည္းပညာဆိုင္ရာ ဓာတ္မွန္ဌာန၊ ေသြးေရာဂါ လူနာဌာန၊ ႐ိုးတြင္းခ်ဥ္ဆီလဲလွယ္ကုသဌာနတို႔ပါဝင္ၿပီး ျပည္သူမ်ားအေနျဖင့္ ႏိုင္ငံတကာစံႏႈန္းႏွင့္အညီ နည္းပညာအဆင့္ျမင့္မားသည့္ ကုသမႈမ်ားကိုပိုမိုရရွိႏိုင္မည္ျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသည္ ျမန္မာႏိုင္ငံ၏အႀကီးဆုံး ေဆး႐ုံႀကီးျဖစ္ျခင္းေၾကာင့္ တစ္ႏိုင္ငံလုံးတြင္ရွိသည့္ ျပည္သူမ်ားအားကိုးအားထားျပဳရၿပီး ေဆးပညာ သင္ ၾကားေရးအတြက္လည္း ေခတ္အဆက္ဆက္အဓိကက်သည့္ ေဆး႐ုံႀကီးျဖစ္သည္။
ေဆး႐ုံႀကီးကို ၁၈၇၃ ခုႏွစ္ကတည္းက (၄၈၃)ခုတင္ျဖင့္ တည္ေဆာက္ခဲ့ၿပီး ေခတ္အဆက္ဆက္တြင္ ခုတင္မ်ားတိုးျမႇင့္လာခဲ့ရာ ၂၀၁၆ ခုႏွစ္တြင္ ခုတင္(၂၀၀၀)ဆံ့ေဆး႐ုံအထိ တိုးျမႇင့္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ျပည္သူမ်ားစြာကို အက်ိဳးျပဳေနသည့္ ေဆး႐ုံႀကီးလည္းျဖစ္သည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ ယခုအသစ္ဖြင့္လွစ္သည့္ (၇)ထပ္ေဆာင္အသစ္ကို ႏိုင္ငံတကာအဆင့္မီေဆးကုသမႈကို ျပည္သူမ်ားရရွိႏိုင္ရန္ရည္႐ြယ္၍ ထပ္မံေဆာက္ လုပ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
ဖြင့္ပြဲအခမ္းအနား၌ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးႏိုင္ရန္ မည္မွ်ပင္စီမံေဆာင္႐ြက္ေပးေနသည္ျဖစ္ေစ ျပည္သူမ်ားအေနျဖင့္ ၎အခြင့္အေရးကို ခံစားႏိုင္ရန္ အေႏွာက္အယွက္မ်ား၊ အခက္အခဲမ်ားရွိေနမည္ဆိုပါက အက်ိဳးရွိႏိုင္မည္မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ သက္ဆိုင္သူမ်ားအားလုံး တိုင္းျပည္ႏွင့္ ျပည္သူကိုေကာင္းေစလိုသည္ဆိုပါက စဥ္းစားဆင္ျခင္ ေဆာင္႐ြက္ၾကရန္ ၎က ထည့္သြင္းေျပာၾကားခဲ့သည္။