အင်းစိန်မြို့နယ်၌ စက်ဘီးစီးလာသည့်လင်မယား(၂)ဦးကို တက္ကစီမှဝင်တိုက်မိပြီးနောက် လဲကျသွားစဉ် တွဲကားမှ ထပ်မံဝင်တိုက်မှုဖြစ်ပွား

 13809

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် စက်ဘီးစီးလာသည့်လင်မယား (၂)ဦးကို တက္ကစီမှဝင်တိုက်မိပြီးနောက် စက်ဘီးလဲသွားချိန်၌ တွဲကားမှ ထပ်မံဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၁ ရက်)၊ ည ၇နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ က+ခ(က+၇) လမ်းထိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လင်မယား(၂)ယောက်စီးလာတဲ့ စက်ဘီးက ဘုရင့်နောင်ဘက်အတက်မှာ အဲဒီအချိန်မီးကလည်းပြတ်နေတော့ တက္ကစီကနောက်က ဝင်တိုက်ပြီး မောင်းပြေးသွားတာ။ နောက်ပြီး စက်ဘီးလဲနေတုန်း တွဲကားက ထပ်ပြီးတိုက်မိတာ။ တွဲကားလည်းမောင်းပြေးသွားတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးစီးလာသည့် အသက် (၂၇)နှစ်ဝန်းကျင် လင်မယား(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အမျိုးသမီးက စိုးရိမ်ရတယ်။ ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာရပြီး သတိမေ့သွားတယ်။ ကောင်လေးကတော့ ဘယ်ဘက် နထင်နဲ့မျက်နှာတွေပွန်းပဲ့သွားတယ်။ သူကတော့ မစိုးရိမ်ရဘူး။ ကား(၂)စီးလုံးကမောင်းပြေးသွာတာ။ မီးပြတ်နေတာဆိုတော့ ကားနံပါတ်တွေလည်း မသိလိုက်ရဘူး”ဟု ၎င်းကဆက်လက်ပြော သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြေင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္၌ စက္ဘီးစီးလာသည့္လင္မယား(၂)ဦးကို တကၠစီမွဝင္တိုက္မိၿပီးေနာက္ လဲက်သြားစဥ္ တြဲကားမွ ထပ္မံဝင္တိုက္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၂

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ စက္ဘီးစီးလာသည့္လင္မယား (၂)ဦးကို တကၠစီမွဝင္တိုက္မိၿပီးေနာက္ စက္ဘီးလဲသြားခ်ိန္၌ တြဲကားမွ ထပ္မံဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၂၁ ရက္)၊ ည ၇နာရီခြဲဝန္းက်င္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းမႀကီး၊ က+ခ(က+၇) လမ္းထိပ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လင္မယား(၂)ေယာက္စီးလာတဲ့ စက္ဘီးက ဘုရင့္ေနာင္ဘက္အတက္မွာ အဲဒီအခ်ိန္မီးကလည္းျပတ္ေနေတာ့ တကၠစီကေနာက္က ဝင္တိုက္ၿပီး ေမာင္းေျပးသြားတာ။ ေနာက္ၿပီး စက္ဘီးလဲေနတုန္း တြဲကားက ထပ္ၿပီးတိုက္မိတာ။ တြဲကားလည္းေမာင္းေျပးသြားတယ္”ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ စက္ဘီးစီးလာသည့္ အသက္ (၂၇)ႏွစ္ဝန္းက်င္ လင္မယား(၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“အမ်ိဳးသမီးက စိုးရိမ္ရတယ္။ ဦးေခါင္းေနာက္ေစ့ ဖူးေယာင္ဒဏ္ရာရၿပီး သတိေမ့သြားတယ္။ ေကာင္ေလးကေတာ့ ဘယ္ဘက္ နထင္နဲ႔မ်က္ႏွာေတြပြန္းပဲ့သြားတယ္။ သူကေတာ့ မစိုးရိမ္ရဘူး။ ကား(၂)စီးလုံးကေမာင္းေျပးသြာတာ။ မီးျပတ္ေနတာဆိုေတာ့ ကားနံပါတ္ေတြလည္း မသိလိုက္ရဘူး”ဟု ၎ကဆက္လက္ေျပာ သည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာျပင္းထန္စြာရရွိခဲ့သည့္ အမ်ိဳးသမီးကို တြဲလက္လူမႈကူညီေရးအသင္းမွ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

23/01/2024 16:04

တိုက်ပြေးတဲခွေးသားကား၂စီးလုံးမီးလောင်သေပါစေ

Related news

© 2021. All rights reserved.