ယူကရိန်းက နယ်မြေအချို့ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ပြော

1175

Pika (NP News) - ဇန်နဝါရီ ၂၃
ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ယခင်က ၎င်း၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော နယ်မြေအချို့ဆုံးရှုံးမှုကို လက်ခံသင့်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က ပြောကြားခဲ့သည်။
Robert Fico သည် ယူကရိန်းသွားရောက်မည့် ၎င်း၏ခရီးစဉ်နှင့်ပတ်သက်ပြီး RTVS သတင်းဌာန နှင့် အင်တာဗျူးတစ်ခုအတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Robert Fico သည် ယူကရိန်းဝန်ကြီးချုပ် Denis Shmygal နှင့် တွေ့ဆုံရန်အတွက် ဇန်နဝါရီလ(၂၃)ရက်တွင် ယူကရိန်းနိုင်ငံ Uzhgorod မြို့သို့သွားရောက် လည်ပတ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
ရုရှားနှင့် ယူကရိန်းကြား ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် အပေးအယူများဖြင့် အဆုံးသတ်သင့်ကြောင်း Robert Fico က ပြောကြားခဲ့သည်။ ၎င်းက "ယူကရိန်းနိုင်ငံသားတွေက ဘာကိုစောင့်နေကြတာလဲ။ ရုရှားတွေက ဒွန်းဘက်စ်၊ လူဟန့်စ်ဒေသကနေ ထွက်ခွာသွားတာ ဒါမှမဟုတ် ခရိုင်းမီးယားကျွန်းဆွယ်ကနေ ထွက်ခွာသွားကြမယ်လို့ ထင်နေကြတာလား၊၊ အဲဒါက လုံးဝလက်တွေ့မကျပါဘူး" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဒွန်းနက်စ်၊ လူဟန့်စ်၊ ခါဆွန် နှင့် ဇာပိုရိုဇီဒေသတို့သည် လူထုဆန္ဒခံယူပွဲများကျင်းပကာ ရုရှားနှင့်ပေါင်းစည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခရိုင်းမီးယားကျွန်းဆွယ်သည် ၂ဝ၁၄ ခုနှစ်ကတည်းက ရုရှား၏ သိမ်းယူခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂ဝ၂၂ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရုရှားကို ပိုမိုအားကောင်းစေရုံသာဖြစ်လာမည်ဖြစ်ကြောင်း Robert Fico က ပြောကြားခဲ့သည်။ ယူကရိန်းသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှု အောက်တွင်ရှိနေခြင်းကြောင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ မဟုတ်ကြောင်းလည်း Robert Fico က ပြောကြားခဲ့သည်။ ယူကရိန်းနှင့်ဆက်ဆံရာတွင် အမေရိကန်၏ ဦးဆောင်မှုနောက်ကိုလိုက်ကာ ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ခဲ့ခြင်းအတွက် ဥရောပသမဂ္ဂကို Robert Fico က ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ယူကရိန္းက နယ္ေျမအခ်ိဳ႕ကို စြန႔္လႊတ္ရမည္ျဖစ္ေၾကာင္း ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၃
ယူကရိန္းသည္ ႐ုရွားႏွင့္ျဖစ္ပြားေနေသာ ပဋိပကၡကို အဆုံးသတ္ရန္အတြက္ ယခင္က ၎၏ ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေနေသာ နယ္ေျမအခ်ိဳ႕ဆုံးရႈံးမႈကို လက္ခံသင့္ေၾကာင္း ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ Robert Fico က ေျပာၾကားခဲ့သည္။
Robert Fico သည္ ယူကရိန္းသြားေရာက္မည့္ ၎၏ခရီးစဥ္ႏွင့္ပတ္သက္ၿပီး RTVS သတင္းဌာန ႏွင့္ အင္တာဗ်ဴးတစ္ခုအတြင္း ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Robert Fico သည္ ယူကရိန္းဝန္ႀကီးခ်ဳပ္ Denis Shmygal ႏွင့္ ေတြ႕ဆုံရန္အတြက္ ဇန္နဝါရီလ(၂၃)ရက္တြင္ ယူကရိန္းႏိုင္ငံ Uzhgorod ၿမိဳ႕သို႔သြားေရာက္ လည္ပတ္ရန္စီစဥ္ထားေၾကာင္းလည္း သိရသည္။
႐ုရွားႏွင့္ ယူကရိန္းၾကား ဆက္လက္ျဖစ္ပြားေနေသာပဋိပကၡကို စစ္ေရးနည္းလမ္းျဖင့္ မေျဖရွင္းဘဲ ႏွစ္ဖက္လုံးအတြက္ အက်ိဳးရွိေစမည့္ အေပးအယူမ်ားျဖင့္ အဆုံးသတ္သင့္ေၾကာင္း Robert Fico က ေျပာၾကားခဲ့သည္။ ၎က "ယူကရိန္းႏိုင္ငံသားေတြက ဘာကိုေစာင့္ေနၾကတာလဲ။ ႐ုရွားေတြက ဒြန္းဘက္စ္၊ လူဟန႔္စ္ေဒသကေန ထြက္ခြာသြားတာ ဒါမွမဟုတ္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကေန ထြက္ခြာသြားၾကမယ္လို႔ ထင္ေနၾကတာလား၊၊ အဲဒါက လုံးဝလက္ေတြ႕မက်ပါဘူး" ဟု ေျပာခဲ့သည္။
၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ ဒြန္းနက္စ္၊ လူဟန႔္စ္၊ ခါဆြန္ ႏွင့္ ဇာပို႐ိုဇီေဒသတို႔သည္ လူထုဆႏၵခံယူပြဲမ်ားက်င္းပကာ ႐ုရွားႏွင့္ေပါင္းစည္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ခ႐ိုင္းမီးယားကြၽန္းဆြယ္သည္ ၂ဝ၁၄ ခုႏွစ္ကတည္းက ႐ုရွား၏ သိမ္းယူျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ၂ဝ၂၂ ခုႏွစ္ကတည္းက စတင္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားသည္ ႐ုရွားကို ပိုမိုအားေကာင္းေစ႐ုံသာျဖစ္လာမည္ျဖစ္ေၾကာင္း Robert Fico က ေျပာၾကားခဲ့သည္။ ယူကရိန္းသည္ အေမရိကန္၏ ဩဇာလႊမ္းမိုးမႈ ေအာက္တြင္ရွိေနျခင္းေၾကာင့္ အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္ေသာႏိုင္ငံတစ္ႏိုင္ငံ မဟုတ္ေၾကာင္းလည္း Robert Fico က ေျပာၾကားခဲ့သည္။ ယူကရိန္းႏွင့္ဆက္ဆံရာတြင္ အေမရိကန္၏ ဦးေဆာင္မႈေနာက္ကိုလိုက္ကာ ႀကီးမားေသာအမွားတစ္ခုကို က်ဴးလြန္ခဲ့ျခင္းအတြက္ ဥေရာပသမဂၢကို Robert Fico က ျပစ္တင္ေဝဖန္ခဲ့ေၾကာင္းလည္း သိရသည္။