မရမ်းကုန်းမြို့နယ်၌ ကားတစ်စီးက စက်ဘီးမောင်းနှင်လာသည့် လူငယ်တစ်ဦးကို ဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့

 5729

စော၊ သန့်ဇင် ( NP News)- ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကားတစ်စီးက စက်ဘီးမောင်းနှင်လာသည့် လူငယ်တစ်ဦးကို ဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၂၄ ရက်)၊ ညနေ ၃နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ပြည်လမ်းရှိ ရှစ်မိုင်ဂုံးကျော်တံတားအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။

“ပြည်လမ်းကို စက်ဘီးနဲ့ ဖြတ်ကူးလာတဲ့အချိန်မှာ နောက်ကနေ လာတဲ့ အိမ်စီးကားက ဝင်တိုက်မိတာပါ။ လမ်းပေါ်ကိုပြုတ်ကျသွားတော့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး ကွယ်လွန်သွားတယ်ပြောလို့ရပါတယ်။ ကားလည်းရှိတယ်။ ကားမောင်းတဲ့လူလည်း ရှိပါတယ်။ သူတို့က သက်ဆိုင်ရာယာဉ်ထိန်းအဖွဲ့တွေနဲ့ ရှင်းလင်းတာတွေ လုပ်နေပါတယ်။ အတိုက်ခံရတဲ့လူက အသက် (၂၀)လောက်ပဲ ရှိမယ်ထင်တယ်”ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါလူငယ်အမျိုးသားမှာ အသက် (၂၀)ဝန်းကျင်အရွယ်ခန့်ရှိပြီး ၎င်း၏ မည်သည့်အချက်အလက်ကိုမျှ မသိရှိရသေးသည့်အပြင် မိသားစုနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်၊ ဘုရားလမ်းမှတ်တိုင်အနီး၌ ယနေ့ နံ နက် ၅နာရီ ၁၀မိနစ်အချိန်တွင် ကားလမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

“ကားလမ်းဖြတ်ကူးနေတဲ့ အမျိုးသားကို ကားက မနက်ဆိုတော့ မမြင်ပဲဝင်တိုက်မိတာပေါ့။ ကားကလည်း ဝင်တိုက်ပြီး မဖြေရှင်းပဲ မောင်းပြေးသွားပါတယ်” ဟု ၎င်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၄၀)နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသားတွင် ဦးခေါင်းပေါက်ဒဏ်ရာ၊ ခြေလက်ပွန်းပဲ့ဒဏ်ရာနှင့် အခြားထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မရမ္းကုန္းၿမိဳ႕နယ္၌ ကားတစ္စီးက စက္ဘီးေမာင္းႏွင္လာသည့္ လူငယ္တစ္ဦးကို ဝင္တိုက္မိခဲ့ရာ ပြဲခ်င္းၿပီးေသဆုံးခဲ့

ေစာ၊ သန႔္ဇင္ ( NP News)- ဇန္နဝါရီ ၂၄
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ကားတစ္စီးက စက္ဘီးေမာင္းႏွင္လာသည့္ လူငယ္တစ္ဦးကို ဝင္တိုက္မိခဲ့ရာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီ ၂၄ ရက္)၊ ညေန ၃နာရီအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၆)ရပ္ကြက္၊ ျပည္လမ္းရွိ ရွစ္မိုင္ဂုံးေက်ာ္တံတားအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေ႐ႊေရာင္သမိုင္းအေရးေပၚကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းထံမွ သိရသည္။

“ျပည္လမ္းကို စက္ဘီးနဲ႔ ျဖတ္ကူးလာတဲ့အခ်ိန္မွာ ေနာက္ကေန လာတဲ့ အိမ္စီးကားက ဝင္တိုက္မိတာပါ။ လမ္းေပၚကိုျပဳတ္က်သြားေတာ့ ေခါင္းမွာ ထိခိုက္ဒဏ္ရာရၿပီး ကြယ္လြန္သြားတယ္ေျပာလို႔ရပါတယ္။ ကားလည္းရွိတယ္။ ကားေမာင္းတဲ့လူလည္း ရွိပါတယ္။ သူတို႔က သက္ဆိုင္ရာယာဥ္ထိန္းအဖြဲ႕ေတြနဲ႔ ရွင္းလင္းတာေတြ လုပ္ေနပါတယ္။ အတိုက္ခံရတဲ့လူက အသက္ (၂၀)ေလာက္ပဲ ရွိမယ္ထင္တယ္”ဟု အထက္ပါအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါလူငယ္အမ်ိဳးသားမွာ အသက္ (၂၀)ဝန္းက်င္အ႐ြယ္ခန႔္ရွိၿပီး ၎၏ မည္သည့္အခ်က္အလက္ကိုမွ် မသိရွိရေသးသည့္အျပင္ မိသားစုႏွင့္လည္း အဆက္အသြယ္မရရွိေသးေၾကာင္း ၎က ဆက္လက္ ေျပာသည္။

လက္ရွိတြင္ ၎၏႐ုပ္အေလာင္းကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၁၆)ရပ္ကြက္၊ အင္းစိန္လမ္းမေပၚ၊ ဘုရားလမ္းမွတ္တိုင္အနီး၌ ယေန႔ နံ နက္ ၅နာရီ ၁၀မိနစ္အခ်ိန္တြင္ ကားလမ္းျဖတ္ကူးေနသည့္ အမ်ိဳးသားတစ္ဦးကို ကားတစ္စီးက တိုက္ေျပးမႈျဖစ္ပြားခဲ့ေၾကာင္း အထက္ပါအသင္းထံမွ သိရသည္။

“ကားလမ္းျဖတ္ကူးေနတဲ့ အမ်ိဳးသားကို ကားက မနက္ဆိုေတာ့ မျမင္ပဲဝင္တိုက္မိတာေပါ့။ ကားကလည္း ဝင္တိုက္ၿပီး မေျဖရွင္းပဲ ေမာင္းေျပးသြားပါတယ္” ဟု ၎အသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၄၀)ႏွစ္အ႐ြယ္ဝန္းက်င္ရွိ အမ်ိဳးသားတြင္ ဦးေခါင္းေပါက္ဒဏ္ရာ၊ ေျခလက္ပြန္းပဲ့ဒဏ္ရာႏွင့္ အျခားထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.