တောတောင်ထူထပ်ပြီး ကျယ်ပြန့်သည်ဒေသတွင်း ခွဲထွက်ရေးသူပုန်များ နှင့် သုံးနိုင်ငံပြဿနာ (ဘာသာပြန် ဆောင်းပါး)

 1166

Htay Oung (NP News) - ဇန်နဝါရီ ၂၉

သောကြာနေ့ မွန်းလွဲပိုင်းမှ စနေနေ့ ဇန်နဝါရီလ ၂၇ ရက်၊ နံနက်အထိ နှစ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်းမှာ အကြိတ်အနယ် ပစ်ခတ်နေတဲ့သေနတ်သံများကို ပြတ်တောင်းပြတ်တောင်းကြားနေရကြောင်း၊ စိမ့်ဝင်မှုအသစ်များ မဖြစ်ပွားစေဖို့အတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ကို အမြင့်ဆုံး တပ်လှန့်ထားတယ်လို့ ဒါကာထရီဗြွန်းသတင်းစာက ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်မှာ ရေးသားခဲ့ပါတယ်။

နယ်စပ်ဒေသ ဂေါင်းဒုံနဲ့ ဘန်ဒါဘန်မြို့နယ် တမ်ဘာရူ၊ တက္ကနဖ်နဲ့ ရှာပီယာဒစ်နယ်မြေနေ ဒေသခံတို့ဟာ ပြင်းထန် တဲ့ သေနတ်သံများကို ကြားနေရတဲ့အတွက် စိုးရိမ်ပူပန်စရာများ ထပ်မံဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ရက္ခိုင့်တပ်က ရခိုင်ပြည်နယ်ရှိ မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့ကြောင်း၊ အဲဒီနောက်ပိုင်း အနီးဝန်းကျင်ကျေး ရွာများမှာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။

နယ်စပ်မှာ တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ နယ်ခြားစိမ့်ဝင်မှုများကို တားဆီးဖို့အတွက် အမြင့်ဆုံး တပ်လှန့်ထားရ တယ်လို့ အမှတ်(၂) တက္ကနဖ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူး ဒုဗိုလ်မှူးကြီးက အတည်ပြုပါတယ်။

(၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ဒေသစံတော်ချိန် ည ၈ နာရီ ၃ဝ မိနစ်ခန့်မှာ နယ်ခြားကို ဖြတ်ကျော်ပြီး မြန်မာဘက်မှ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း ကျရောက်ပေါက်ကွဲတဲ့အတွက် ဂေါင်းဒုံ မြို့နယ် တမ်ဘာရူနယ်မြေ ကိုနာပါရာနယ်ခြားစည်းရိုးနဲ့ကပ်လျက်မှာ တဲထိုးနေထိုင်သူ ဆယ်ကျော်သက် ဒုက္ခဘင်္ဂါလီလူငယ်တစ်ဦး သေဆုံးပြီး အခြား ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။)

ထူးခြားမှုမရှိခဲ့တာ အတော်ကြာပြီးမှ မြန်မာဘက်ခြမ်းမှ ပြင်းထန်တဲ့ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် နယ်စပ်နဲ့ အတော်နီးနီး ဒီဘက်ခြမ်း ဧရိယာနေထိုင်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ အရမ်းမကြောက်ကြဖို့ နှစ်သိမ့်ပေး နေရတယ်လို့ ဂေါင်းဒုံမြို့နယ် ပရီရှတ် ရပ်ကွက်အမှတ်(၁)အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

သောကြာနေ့ မွန်းလွဲပိုင်းမှ စနေနေ့ ဇန်နဝါရီလ ၂၇ ရက် မနက်အထိ ကျယ်လောင်တဲ့သေနတ်သံတွေကို ပြတ်တောင်းပြတ်တောင်းကြား နေရတယ်လို့ တမ်ဘာရူနယ်စပ်တလျောက်နေထိုင်တဲ့ ဒေသခံတွေကလည်း ပြောပါတယ်။

ဒါ့အပြင် နတ်မြစ်ကိုဖြတ်ပြီး မြန်မာဘက်ခြမ်းမှ ပြင်းထန်တဲ့သေနတ်သံများကို ကြားနေရတယ်လို့ ဂေါင်းဒုံနဲ့ တက္ကနဖ်ဒေသတွင်းနေထိုင်သူများထံမှ သိရှိရပါတယ်။
မြန်မာဘက်က လက်နက်ကြီးနဲ့တူတဲ့ပေါက်ကွဲသံတွေကိုကြားနေရတဲ့အတွက် သက်ဆိုင်ရာကို အသိပေးထား ကြောင်း၊ နယ်ခြားကိုဖြတ်သန်းပြီး စိမ့်၀င်သူ ရှိ-မရှိကိုတော့ မသိပါကြောင်း တက္ကနဖ်နယ်မြေကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦးက သတင်းထောက်ရဲ့မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။

ဒဏ်ရာရရှိသူ ဒုက္ခသည် ဘင်္ဂါလီ ၄၁ ဦးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးပိုင် လူနာတင်ယာဉ်ဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လူနာအခြေအနေမှာ စိုးရိမ်ရပြီး ကုသမှုအတွက် ငွေကြေးမလုံလောက်ကြောင်း၊ ဆေးရုံအရောက်မှာ လူတစ်ဦး သေဆုံးနေတယ်လို့ ဧရာဝတီမီဒီယာက ရေးသား ကြောင်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။
(၂ဝ၁၄ ခုနှစ်မှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ကင်းလှည့်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို ပစ်ခတ်တဲ့ အတွက် လူတစ်ဦး သေဆုံးခဲ့ရဖူးပါတယ်။ ၂ဝ၁၅ ခုနှစ် နှစ်နိုင်ငံနယ်ခြားမှာ ARSA အာဆာအကြမ်းဖက်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်ရဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး၊ နတ်မြစ်အတွင်း ငါးဖမ်းနေသူများ အပါအ၀င် နယ်စပ် ခိုးဝင်ကြောင်း စွပ်စွဲချက်နဲ့ ပတ်ခတ်မှုများ နှစ်အလိုက် အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။

၂ဝ၁၅-၂ဝ၁၈ ခုနှစ် မြန်မာအစိုးရ သတင်းနှင့်စီမံခန့်ခွဲရေးဌာန မွမ်းမံမြေပုံမှာ စိန့်မာတင်ကျွန်းကို မြန်မာ့အချုပ် အခြာအာဏာပိုင်နယ်မြေအဖြစ် နိုင်ငံတကာ၀ဘ်ဆိုက်နှစ်ခုမှာ လွှင့်တင်ခဲ့၍လည်းကောင်း၊ ၂ဝ၂ဝ ပြည့်နှစ် နယ်စပ် ၃ နေရာတွင် တပ်မတော်က ပုံမှန်မဟုတ်သော တည်ဆောက်မှုများ ပြုလုပ်နေ၍လည်းကောင်း၊ ၂ဝ၂၂ ခုနှစ် ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုင်နက်ကို အကြိမ်ကြိမ်ကျူးကျော်၀င်ရောက်ခဲ့၍လည်းကောင်း ဒါကာနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ရပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ မောင်တောမြို့နယ် ရဲကင်းတစ်ခုကို ရက္ခိုင့်တပ် AA က သိမ်းယူပြီးနောက် မြန်မာ လေတပ်မတော်က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဗုံးကြဲတိုက်ခိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ၁၆၈ မိုင်ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ မိုင် ၁၃ဝ ခန့်ကို စည်းရိုးခတ်ထား ပြီး ကျန်နေရာများကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ၂ဝ၁၇ ခုနှစ် မြန်မာ NLD အစိုးရက ကြေညာခဲ့ဖူးပါ တယ်။

(ကူကီး(ဇို) ချင်းမျိုးနွယ်စုတို့ဟာ အိန္ဒိယအရှေ့မြောက်ဖျာပြည်နယ် ၇ ခုအနက် ၆ ခုတို့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း ပျံ့နှံ့နေထိုင်ကြပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားဖြစ်နေတဲ့ကူကီးတို့က စစ်တကောင်း တောင်တန်းဒေသခွဲထွက်ရေးအတွက် ဒါကာကို ဆန့်ကျင်ပုန်ကန်ရာမှာ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက် တို့နဲ့ဆက်နွယ်မှုရှိကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပါတယ်။
အလားတူ အိန္ဒိယအရှေ့မြောက်ဖျားဒေသ ပြည်နယ်တို့မှာ မော်စီတုန်းဝါဒီသူပုန်များ အပါအဝင် သီးခြားခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ကြီး ၁ဝ ဖွဲ့ အဖွဲ့ငယ် ၁၆ ဖွဲ့ထက်မနည်းရှိနေရာမှာ ကူကီးတို့ရဲ့ KNA ခေါ် “ကူကီးအမျိုး သားတပ်” လည်း ပါဝင်ပါတယ်။ အာသံ၊ မီဇို၊ ကသည်း၊ နာဂနဲ့ ချင်းမျိုးနွယ်စုတို့ဟာ ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေးအရ သီးခြားခွဲထွက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရတို့ကို ဆန့်ကျင်ပုန်ကန်နေကြပါတယ်။ တောင်ကုန်းတောင်တန်းများနဲ့ တောထူထပ်ရာနယ်မြေကြီးအတွင်း ပြန့်နှံ့နေထိုင်ကြပြီး ဟိုဘက်နိုင်ငံအတွက် သူပုန်ဟာ ဒီဘက်နိုင်ငံအတွင်းမှာ အခြေစိုက်တဲ့အတွက် အလွန်ရှုပ်ထွေးပါတယ်။

အဲဒါကြောင့် သူပုန်များကို လိုက်လံနှိမ်နင်းရင်း ဒီဘက်နိုင်ငံစစ်တပ်က ဟိုဘက်နိုင်ငံအတွင်း ရောက်ရှိသွားသလို နှစ်နိုင်ငံသဘောတူ ပူးပေါင်းဖြိုခွင်းမှုများလည်း ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

၂ဝ၂၃ ခုနှစ် မေလဆန်း အိန္ဒိယမဏိပူရပြည်နယ် တောင်ကြားလွင်ပြင်နေ မေထေး(ကသည်း) တို့နဲ့ တောင်တန်းနေ ကူကီး(ဇို) ချင်းမျိုးနွယ်စုတို့အကြား လူမျိုးရေးအဓိကရုန်းဖြစ်ပွားရာ ၁၇၅ ဦးသေဆုံး၊ လူ ၁၁ဝဝ ကျော်ဒဏ်ရာရရှိ ပြီး ၃၂ ဦးပျောက်ဆုံးနေပါတယ်။ နေအိမ် ၄၈ဝဝ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဘုရားကျောင်းနဲ့ ဝတ်ပြုရာ အဆောက်အအုံ ၃၈၆ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။ လူပေါင်း ၇ သောင်းကျော် အိုးအိမ်စွန့်ခွာထွက် ပြေးရတယ် ဆိုပေမယ့် အမှန်က အဲဒီထက်ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

တစ်ဆက်တည်းမှာပဲ ဇန်နဝါရီ ၁၇ ရက် နံနက်စောစောပိုင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံအတွင်း အခြေစိုက်ပြီး လက်နက် အပြည့်အစုံကိုင်ဆောင်ထားတဲ့ ကူကီးစစ်သွေးကြွတို့က မဏိပူရပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြင်းအထန် တိုက်ခိုက်ခဲ့ရာ (မြန်မာ တမူးမြို့ နယ်ခြားတစ်ဖက်ရှိ) မိုရေးမြို့မှာ လူနှစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ တယ်လို့ အိန္ဒိယဒေသန္တရ သတင်းအေဂျင်စီများက ရေးသားခဲ့ကြပါတယ်။

စစ်သွေးကြွတို့ဟာ ကျည်ပစ်အားကို ဖောဖောသီသီ သုံးစွဲနိုင်ကြောင်း၊ RPG ဗုံးပစ်လောင်ချာများနဲ့ အခြာဖောက်ခွဲ ရေးပစ္စည်းများ အပါအဝင် စနိုက်ပါသေနတ်များ၊ တာဝေးပစ်နိုင်တဲ့ ချေမှုန်းရေး ရိုင်ဖယ်များ၊ ခေတ်မီ ဆန်းပြားတဲ့ ခဲယမ်းများကို အသုံးပြုတိုက်ခိုက်ခဲ့ကြတဲ့အတွက် အချိန်တိုအတွင်း ကျဆုံးဒဏ်ရာရရှိမှုများပြားခဲ့ရတယ်လို့ ဆိုပါတယ်။
#ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ် #မြန်မာနယ်စပ် ကူကီ(ဇို)ချင်းမျိုးနွယ်စု #စစ်တကောင်းတောင်တန်းသီးခြားခွဲထွက်ရေး
(Dhaka Tribune., 27 January 2024,” BGB on high alert amid tensions near Myanmar border” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ေတာေတာင္ထူထပ္ၿပီး က်ယ္ျပန္႔သည္ေဒသတြင္း ခြဲထြက္ေရးသူပုန္မ်ား ႏွင့္ သုံးႏိုင္ငံျပႆနာ (ဘာသာျပန္ ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၂၉

ေသာၾကာေန႔ မြန္းလြဲပိုင္းမွ စေနေန႔ ဇန္နဝါရီလ ၂၇ ရက္၊ နံနက္အထိ ႏွစ္ႏိုင္ငံနယ္စပ္ ျမန္မာဘက္ျခမ္းမွာ အႀကိတ္အနယ္ ပစ္ခတ္ေနတဲ့ေသနတ္သံမ်ားကို ျပတ္ေတာင္းျပတ္ေတာင္းၾကားေနရေၾကာင္း၊ စိမ့္ဝင္မႈအသစ္မ်ား မျဖစ္ပြားေစဖို႔အတြက္ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ (BGB) ကို အျမင့္ဆုံး တပ္လွန္႔ထားတယ္လို႔ ဒါကာထရီႁဗြန္းသတင္းစာက ယမန္ေန႔ ဇန္နဝါရီလ ၂၇ ရက္မွာ ေရးသားခဲ့ပါတယ္။

နယ္စပ္ေဒသ ေဂါင္းဒုံနဲ႔ ဘန္ဒါဘန္ၿမိဳ႕နယ္ တမ္ဘာ႐ူ၊ တကၠနဖ္နဲ႔ ရွာပီယာဒစ္နယ္ေျမေန ေဒသခံတို႔ဟာ ျပင္းထန္ တဲ့ ေသနတ္သံမ်ားကို ၾကားေနရတဲ့အတြက္ စိုးရိမ္ပူပန္စရာမ်ား ထပ္မံျဖစ္ေပၚလာရတယ္လို႔ ဆိုပါတယ္။

ဗုဒၶဟူးေန႔ ရကၡိဳင့္တပ္က ရခိုင္ျပည္နယ္ရွိ ၿမိဳ႕တစ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ေၾကာင္း၊ အဲဒီေနာက္ပိုင္း အနီးဝန္းက်င္ေက်း ႐ြာမ်ားမွာ တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့တယ္လို႔ ဧရာဝတီသတင္းဌာနက ေဖာ္ျပပါတယ္။

နယ္စပ္မွာ တိုက္ပြဲမ်ားျဖစ္ပြားေနေၾကာင္း၊ နယ္ျခားစိမ့္ဝင္မႈမ်ားကို တားဆီးဖို႔အတြက္ အျမင့္ဆုံး တပ္လွန္႔ထားရ တယ္လို႔ အမွတ္(၂) တကၠနဖ္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္မႉး ဒုဗိုလ္မႉးႀကီးက အတည္ျပဳပါတယ္။

(၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ေဒသစံေတာ္ခ်ိန္ ည ၈ နာရီ ၃ဝ မိနစ္ခန္႔မွာ နယ္ျခားကို ျဖတ္ေက်ာ္ၿပီး ျမန္မာဘက္မွ ပစ္ခတ္လိုက္တဲ့လက္နက္ႀကီးက်ည္ဟာ ဘဂၤလားေဒ့ရွ္နယ္ေျမအတြင္း က်ေရာက္ေပါက္ကြဲတဲ့အတြက္ ေဂါင္းဒုံ ၿမိဳ႕နယ္ တမ္ဘာ႐ူနယ္ေျမ ကိုနာပါရာနယ္ျခားစည္း႐ိုးနဲ႔ကပ္လ်က္မွာ တဲထိုးေနထိုင္သူ ဆယ္ေက်ာ္သက္ ဒုကၡဘဂၤါလီလူငယ္တစ္ဦး ေသဆုံးၿပီး အျခား ဘဂၤလားေဒ့ရ္ွႏိုင္ငံသား ၆ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။)

ထူးျခားမႈမရွိခဲ့တာ အေတာ္ၾကာၿပီးမွ ျမန္မာဘက္ျခမ္းမွ ျပင္းထန္တဲ့ပစ္ခတ္သံေတြ ၾကားေနရတဲ့အတြက္ နယ္စပ္နဲ႔ အေတာ္နီးနီး ဒီဘက္ျခမ္း ဧရိယာေနထိုင္သူမ်ား စိုးရိမ္ထိတ္လန္႔ေနၾကေၾကာင္း၊ အရမ္းမေၾကာက္ၾကဖို႔ ႏွစ္သိမ့္ေပး ေနရတယ္လို႔ ေဂါင္းဒုံၿမိဳ႕နယ္ ပရီရွတ္ ရပ္ကြက္အမွတ္(၁)အုပ္ခ်ဳပ္ေရးမႉးက ရွင္းျပပါတယ္။

ေသာၾကာေန႔ မြန္းလြဲပိုင္းမွ စေနေန႔ ဇန္နဝါရီလ ၂၇ ရက္ မနက္အထိ က်ယ္ေလာင္တဲ့ေသနတ္သံေတြကို ျပတ္ေတာင္းျပတ္ေတာင္းၾကား ေနရတယ္လို႔ တမ္ဘာ႐ူနယ္စပ္တေလ်ာက္ေနထိုင္တဲ့ ေဒသခံေတြကလည္း ေျပာပါတယ္။

ဒါ့အျပင္ နတ္ျမစ္ကိုျဖတ္ၿပီး ျမန္မာဘက္ျခမ္းမွ ျပင္းထန္တဲ့ေသနတ္သံမ်ားကို ၾကားေနရတယ္လို႔ ေဂါင္းဒုံနဲ႔ တကၠနဖ္ေဒသတြင္းေနထိုင္သူမ်ားထံမွ သိရွိရပါတယ္။
ျမန္မာဘက္က လက္နက္ႀကီးနဲ႔တူတဲ့ေပါက္ကြဲသံေတြကိုၾကားေနရတဲ့အတြက္ သက္ဆိုင္ရာကို အသိေပးထား ေၾကာင္း၊ နယ္ျခားကိုျဖတ္သန္းၿပီး စိမ့္၀င္သူ ရွိ-မရွိကိုေတာ့ မသိပါေၾကာင္း တကၠနဖ္နယ္ေျမေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးတစ္ဦးက သတင္းေထာက္ရဲ႕ေမးခြန္းကို ျပန္လည္ေျဖဆိုပါတယ္။

ဒဏ္ရာရရွိသူ ဒုကၡသည္ ဘဂၤါလီ ၄၁ ဦးကို ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ႐ုံးပိုင္ လူနာတင္ယာဥ္ျဖင့္ ေမာင္ေတာေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း၊ လူနာအေျခအေနမွာ စိုးရိမ္ရၿပီး ကုသမႈအတြက္ ေငြေၾကးမလုံေလာက္ေၾကာင္း၊ ေဆး႐ုံအေရာက္မွာ လူတစ္ဦး ေသဆုံးေနတယ္လို႔ ဧရာဝတီမီဒီယာက ေရးသား ေၾကာင္း သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။
(၂ဝ၁၄ ခုႏွစ္မွာ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕က ကင္းလွည့္ေနတဲ့ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ကို ပစ္ခတ္တဲ့ အတြက္ လူတစ္ဦး ေသဆုံးခဲ့ရဖူးပါတယ္။ ၂ဝ၁၅ ခုႏွစ္ ႏွစ္ႏိုင္ငံနယ္ျခားမွာ ARSA အာဆာအၾကမ္းဖက္အဖြဲ႕နဲ႔ ဘဂၤလားေဒ့ရ္ွနယ္ျခားေစာင့္ရဲတို႔ တိုက္ပြဲျဖစ္ပြားခဲ့ဖူးၿပီး၊ နတ္ျမစ္အတြင္း ငါးဖမ္းေနသူမ်ား အပါအ၀င္ နယ္စပ္ ခိုးဝင္ေၾကာင္း စြပ္စြဲခ်က္နဲ႔ ပတ္ခတ္မႈမ်ား ႏွစ္အလိုက္ အႀကိမ္ႀကိမ္ရွိခဲ့ဖူးပါတယ္။

၂ဝ၁၅-၂ဝ၁၈ ခုႏွစ္ ျမန္မာအစိုးရ သတင္းႏွင့္စီမံခန္႔ခြဲေရးဌာန မြမ္းမံေျမပုံမွာ စိန္႔မာတင္ကြၽန္းကို ျမန္မာ့အခ်ဳပ္ အျခာအာဏာပိုင္နယ္ေျမအျဖစ္ ႏိုင္ငံတကာ၀ဘ္ဆိုက္ႏွစ္ခုမွာ လႊင့္တင္ခဲ့၍လည္းေကာင္း၊ ၂ဝ၂ဝ ျပည့္ႏွစ္ နယ္စပ္ ၃ ေနရာတြင္ တပ္မေတာ္က ပုံမွန္မဟုတ္ေသာ တည္ေဆာက္မႈမ်ား ျပဳလုပ္ေန၍လည္းေကာင္း၊ ၂ဝ၂၂ ခုႏွစ္ ဘဂၤလားေဒ့ရွ္ ေဝဟင္ပိုင္နက္ကို အႀကိမ္ႀကိမ္က်ဴးေက်ာ္၀င္ေရာက္ခဲ့၍လည္းေကာင္း ဒါကာႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ျမန္မာသံအမတ္ႀကီးကို ဆင့္ေခၚခဲ့ရပါတယ္။

၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ေမာင္ေတာၿမိဳ႕နယ္ ရဲကင္းတစ္ခုကို ရကၡိဳင့္တပ္ AA က သိမ္းယူၿပီးေနာက္ ျမန္မာ ေလတပ္မေတာ္က ဘဂၤလားေဒ့ရွ္နယ္စပ္အနီး ဗုံးႀကဲတိုက္ခိုက္ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ ျမန္မာႏိုင္ငံနဲ႔ ၁၆၈ မိုင္ခန္႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ မိုင္ ၁၃ဝ ခန္႔ကို စည္း႐ိုးခတ္ထား ၿပီး က်န္ေနရာမ်ားကို ဆက္လက္ေဆာင္႐ြက္မွာျဖစ္ေၾကာင္း ၂ဝ၁၇ ခုႏွစ္ ျမန္မာ NLD အစိုးရက ေၾကညာခဲ့ဖူးပါ တယ္။

(ကူကီး(ဇို) ခ်င္းမ်ိဳးႏြယ္စုတို႔ဟာ အိႏၵိယအေရွ႕ေျမာက္ဖ်ာျပည္နယ္ ၇ ခုအနက္ ၆ ခုတို႔အျပင္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔မွာလည္း ပ်ံ႕ႏွံ႔ေနထိုင္ၾကပါတယ္။ ဘဂၤလားေဒ့ရ္ွႏိုင္ငံသားျဖစ္ေနတဲ့ကူကီးတို႔က စစ္တေကာင္း ေတာင္တန္းေဒသခြဲထြက္ေရးအတြက္ ဒါကာကို ဆန္႔က်င္ပုန္ကန္ရာမွာ အစၥလာမ္မစ္အစြန္းေရာက္ အၾကမ္းဖက္ တို႔နဲ႔ဆက္ႏြယ္မႈရွိေၾကာင္း သတင္းမ်ား ေပၚထြက္ခဲ့ပါတယ္။
အလားတူ အိႏၵိယအေရွ႕ေျမာက္ဖ်ားေဒသ ျပည္နယ္တို႔မွာ ေမာ္စီတုန္းဝါဒီသူပုန္မ်ား အပါအဝင္ သီးျခားခြဲထြက္ေရး လက္နက္ကိုင္အဖြဲ႕ႀကီး ၁ဝ ဖြဲ႕ အဖြဲ႕ငယ္ ၁၆ ဖြဲ႕ထက္မနည္းရွိေနရာမွာ ကူကီးတို႔ရဲ႕ KNA ေခၚ “ကူကီးအမ်ိဳး သားတပ္” လည္း ပါဝင္ပါတယ္။ အာသံ၊ မီဇို၊ ကသည္း၊ နာဂနဲ႔ ခ်င္းမ်ိဳးႏြယ္စုတို႔ဟာ ဘာသာေရး၊ ႏိုင္ငံေရး၊ လူမ်ိဳးေရးအရ သီးျခားခြဲထြက္ေရးအတြက္ သက္ဆိုင္ရာႏိုင္ငံအစိုးရတို႔ကို ဆန္႔က်င္ပုန္ကန္ေနၾကပါတယ္။ ေတာင္ကုန္းေတာင္တန္းမ်ားနဲ႔ ေတာထူထပ္ရာနယ္ေျမႀကီးအတြင္း ျပန္႔ႏွံ႔ေနထိုင္ၾကၿပီး ဟိုဘက္ႏိုင္ငံအတြက္ သူပုန္ဟာ ဒီဘက္ႏိုင္ငံအတြင္းမွာ အေျခစိုက္တဲ့အတြက္ အလြန္ရႈပ္ေထြးပါတယ္။

အဲဒါေၾကာင့္ သူပုန္မ်ားကို လိုက္လံႏွိမ္နင္းရင္း ဒီဘက္ႏိုင္ငံစစ္တပ္က ဟိုဘက္ႏိုင္ငံအတြင္း ေရာက္ရွိသြားသလို ႏွစ္ႏိုင္ငံသေဘာတူ ပူးေပါင္းၿဖိဳခြင္းမႈမ်ားလည္း ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိပါတယ္။

၂ဝ၂၃ ခုႏွစ္ ေမလဆန္း အိႏၵိယမဏိပူရျပည္နယ္ ေတာင္ၾကားလြင္ျပင္ေန ေမေထး(ကသည္း) တို႔နဲ႔ ေတာင္တန္းေန ကူကီး(ဇို) ခ်င္းမ်ိဳးႏြယ္စုတို႔အၾကား လူမ်ိဳးေရးအဓိက႐ုန္းျဖစ္ပြားရာ ၁၇၅ ဦးေသဆုံး၊ လူ ၁၁ဝဝ ေက်ာ္ဒဏ္ရာရရွိ ၿပီး ၃၂ ဦးေပ်ာက္ဆုံးေနပါတယ္။ ေနအိမ္ ၄၈ဝဝ နီးပါး မီးေလာင္ကြၽမ္းခဲ့ၿပီး ဘုရားေက်ာင္းနဲ႔ ဝတ္ျပဳရာ အေဆာက္အအုံ ၃၈၆ လုံး ဖ်က္ဆီးခံခဲ့ရပါတယ္။ လူေပါင္း ၇ ေသာင္းေက်ာ္ အိုးအိမ္စြန္႔ခြာထြက္ ေျပးရတယ္ ဆိုေပမယ့္ အမွန္က အဲဒီထက္ပိုမ်ားမယ္လို႔ ခန္႔မွန္းရပါတယ္။

တစ္ဆက္တည္းမွာပဲ ဇန္နဝါရီ ၁၇ ရက္ နံနက္ေစာေစာပိုင္း အိႏၵိယနဲ႔ ျမန္မာႏိုင္ငံအတြင္း အေျခစိုက္ၿပီး လက္နက္ အျပည့္အစုံကိုင္ေဆာင္ထားတဲ့ ကူကီးစစ္ေသြးႂကြတို႔က မဏိပူရျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို အျပင္းအထန္ တိုက္ခိုက္ခဲ့ရာ (ျမန္မာ တမူးၿမိဳ႕ နယ္ျခားတစ္ဖက္ရွိ) မိုေရးၿမိဳ႕မွာ လူႏွစ္ဦးေသဆုံးၿပီး အျခားသုံးဦး ဒဏ္ရာရရွိခဲ့ တယ္လို႔ အိႏၵိယေဒသႏၲရ သတင္းေအဂ်င္စီမ်ားက ေရးသားခဲ့ၾကပါတယ္။

စစ္ေသြးႂကြတို႔ဟာ က်ည္ပစ္အားကို ေဖာေဖာသီသီ သုံးစြဲႏိုင္ေၾကာင္း၊ RPG ဗုံးပစ္ေလာင္ခ်ာမ်ားနဲ႔ အျခာေဖာက္ခြဲ ေရးပစၥည္းမ်ား အပါအဝင္ စႏိုက္ပါေသနတ္မ်ား၊ တာေဝးပစ္ႏိုင္တဲ့ ေခ်မႈန္းေရး ႐ိုင္ဖယ္မ်ား၊ ေခတ္မီ ဆန္းျပားတဲ့ ခဲယမ္းမ်ားကို အသုံးျပဳတိုက္ခိုက္ခဲ့ၾကတဲ့အတြက္ အခ်ိန္တိုအတြင္း က်ဆုံးဒဏ္ရာရရွိမႈမ်ားျပားခဲ့ရတယ္လို႔ ဆိုပါတယ္။
#ဘဂၤလားေဒ့ရ္ွနယ္ျခားေစာင့္တပ္ #ျမန္မာနယ္စပ္ ကူကီ(ဇို)ခ်င္းမ်ိဳးႏြယ္စု #စစ္တေကာင္းေတာင္တန္းသီးျခားခြဲထြက္ေရး
(Dhaka Tribune., 27 January 2024,” BGB on high alert amid tensions near Myanmar border” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.