တက္ကသိုလ်များတွင် ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိသည့် အခြေအနေအထိ မှတ်တမ်းတင်သောစနစ်ကို ဆောင်ရွက်မည်

 970

စော (NP News) - ဖေဖော်ဝါရီ ၁

တက္ကသိုလ်များတွင် ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိသည့် အခြေအနေအထိ မှတ်တမ်းတင်သောစနစ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၃ဝ ရက်) တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းတို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက်ရေး အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းအပ်ရာတွင် အွန်လိုင်းမှ ကျောင်းသားမှတ်ပုံတင်ခြင်းစနစ် တည်ဆောက်ပြီးပါက ကျောင်းသား၊ ကျောင်းသူ များ၏ အချက်အလက်များကို လွယ်ကူလျင်မြန်စွာထည့်သွင်းကာ အွန်လိုင်းမှ ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းနိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ကုန်သက်သာစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်များတွင် School Management System တည်ဆောက်အသုံးပြုပြီး ကျောင်းသားပညာအရည် အသွေးတိုးတက်မှုမှတ်တမ်းမှစ၍ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိသည့် အခြေအနေအထိ မှတ်တမ်းတင်ထား သည့်စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဒေါက်တာ‌ဇော်မြင့်က ဆက်လက်ပြောသည်။

ထိုသို့ရရှိလာသည့်အချက်အလက်များ အပေါ်မူတည်၍ ပံ့ပိုးဆောင်ရွက်ရမည့်ကဏ္ဍများကို လေ့လာခြင်းဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး စေလိုပါကြောင်း ၎င်းက မေတ္တာရပ်ခံထားသည်။

အွန်လိုင်းမှ ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းနှင့် ပတ်သက်သည့်စနစ်ကို မည်သည့်အချိန်တွင် အသုံးပြု နိုင်မည်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလော၌ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

Zawgy Version;
တကၠသိုလ္မ်ားတြင္ ဘြဲ႕ရၿပီးေနာက္ အလုပ္အကိုင္ရရွိသည့္ အေျခအေနအထိ မွတ္တမ္းတင္ေသာစနစ္ကို ေဆာင္႐ြက္မည္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁

တကၠသိုလ္မ်ားတြင္ ဘြဲ႕ရၿပီးေနာက္ အလုပ္အကိုင္ရရွိသည့္ အေျခအေနအထိ မွတ္တမ္းတင္ေသာစနစ္ကို ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္ က ေျပာသည္။

ယမန္ေန႔(ဇန္နဝါရီလ ၃ဝ ရက္) တြင္ ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာန၌ က်င္းပေသာ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေက်ာင္းဝင္မွတ္ပုံတင္ျခင္း ႏွင့္ ေက်ာင္းဝင္ေၾကး၊ ေက်ာင္းလခေပးသြင္းျခင္းတို႔ အြန္လိုင္းမွ ခ်ိတ္ဆက္ေဆာင္႐ြက္ေရး အစည္းအေဝးတြင္ ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ေက်ာင္းအပ္ရာတြင္ အြန္လိုင္းမွ ေက်ာင္းသားမွတ္ပုံတင္ျခင္းစနစ္ တည္ေဆာက္ၿပီးပါက ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၏ အခ်က္အလက္မ်ားကို လြယ္ကူလ်င္ျမန္စြာထည့္သြင္းကာ အြန္လိုင္းမွ ေက်ာင္းဝင္ေၾကး၊ ေက်ာင္းလခ ေပးသြင္းႏိုင္သျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အခ်ိန္ကုန္သက္သာေစမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ တကၠသိုလ္မ်ားတြင္ School Management System တည္ေဆာက္အသုံးျပဳၿပီး ေက်ာင္းသားပညာအရည္ အေသြးတိုးတက္မႈမွတ္တမ္းမွစ၍ ဘြဲ႕ရၿပီးေနာက္ အလုပ္အကိုင္ရရွိသည့္ အေျခအေနအထိ မွတ္တမ္းတင္ထား သည့္စနစ္ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီး ေဒါက္တာ‌ေဇာ္ျမင့္က ဆက္လက္ေျပာသည္။

ထိုသို႔ရရွိလာသည့္အခ်က္အလက္မ်ား အေပၚမူတည္၍ ပံ့ပိုးေဆာင္႐ြက္ရမည့္က႑မ်ားကို ေလ့လာျခင္းျဖင့္ ပညာေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳႏိုင္မည္ျဖစ္ၿပီး အားလုံးဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ေပး ေစလိုပါေၾကာင္း ၎က ေမတၱာရပ္ခံထားသည္။

အြန္လိုင္းမွ ေက်ာင္းဝင္ေၾကး၊ ေက်ာင္းလခေပးသြင္းျခင္းႏွင့္ ပတ္သက္သည့္စနစ္ကို မည္သည့္အခ်ိန္တြင္ အသုံးျပဳ ႏိုင္မည္ကို ပညာေရးဝန္ႀကီးဌာနအေနျဖင့္ လတ္တေလာ၌ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.