အမေရိကန်ပြည်ထဲရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ရန် အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှု မအောင်မြင်

1156

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၇
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အမေရိကန်ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဖြစ်သူ မာယော်ကက်စ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ကာ ရာထူးမှ ထုတ်ပယ်နိုင်ရန် ဖေဖော်ဝါရီ ၇ ရက်က မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။
မက္ကဆီနိုင်ငံ နှင့် ထိစပ်နေသောနယ်စပ်ဒေသများကိုဖြတ်သန်းပြီး အမေရိကန်နိုင်ငံဘက်ခြမ်းသို့ ရွှေ့ပြောင်းသွားလာသူများ ဝင်ရောက်မှုပိုမိုမြင့်တက်လာနေကြောင်း၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုများရှိခဲ့ ကြောင်း၊ အမေရိကန်အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီအမတ်များက ဝေဖန်ပြစ်တင်ထား သည်။
အမေရိကန်ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို အောက်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ကာ မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၂၁၄၊ ကန့်ကွက်မဲ ၂၁၆ မဲသာရရှိခဲ့ပြီး စွပ်စွဲပြစ်တင်သောအုပ်စုဘက်မှ ရှုံးနိမ့်ခဲ့ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ မဲခွဲဆုံးဖြတ်မှုတွင် အခြားရီပတ်ဘလီကန်ပါတီကိုယ်စားလှယ်လေးဦးသည် ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ရာထူးမှ မထုတ်ပယ်ရန် ထောက်ခံသော အုပ်စုဘက်မှ ပူးပေါင်းပါဝင်လာခြင်း ကြောင့် စွပ်စွဲပြစ်တင်သည့်ဘက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ ကျော် ကူညီပေးရန်အတွက် ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာ အစ္စရေးကိုအကူအညီပေးမည့် အစီအစဉ် လည်း ငြင်းဆန်ပယ်ချခံရကြောင်း သိရသည်။ အမေရိကန်အစိုးရသည် အစ္စရေးကို အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ အကူအညီပေးနိုင်မည့်ဥပဒေမူကြမ်းကို အောက်လွှတ်တော်ထံ တင်ပြခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များကြား မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲ ၂၅ဝ မဲ၊ ထောက်ခံမဲ ၁၈ဝ မဲသာ ရရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးကိုအကူညီပေးမည့်အစီစဉ်ကို ငြင်းဆန်ပယ်ချမည်ဆိုလျှင် ဗီတို အာဏာအသုံးပြုသွားမည်ဖြစ်ကြောင်း မဲခွဲဆုံးဖြတ်မှုမတိုင်ခင် ထုတ်ဖော်ပြောခဲ့သည်။

Zawgyi Version;
အေမရိကန္ျပည္ထဲေရးဝန္ႀကီးကို ရာထူးမွ ထုတ္ပယ္ရန္ ေအာက္လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္မႈ မေအာင္ျမင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၇
အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ အေမရိကန္ျပည္ထဲေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးျဖစ္သူ မာေယာ္ကက္စ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ကာ ရာထူးမွ ထုတ္ပယ္ႏိုင္ရန္ ေဖေဖာ္ဝါရီ ၇ ရက္က မဲခြဲဆုံးျဖတ္ခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရသည္။
မကၠဆီႏိုင္ငံ ႏွင့္ ထိစပ္ေနေသာနယ္စပ္ေဒသမ်ားကိုျဖတ္သန္းၿပီး အေမရိကန္ႏိုင္ငံဘက္ျခမ္းသို႔ ေ႐ႊ႕ေျပာင္းသြားလာသူမ်ား ဝင္ေရာက္မႈပိုမိုျမင့္တက္လာေနေၾကာင္း၊ ျပည္ထဲေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီးက ႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနသူမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ ပ်က္ကြက္မႈမ်ားရွိခဲ့ ေၾကာင္း၊ အေမရိကန္ေအာက္လႊတ္ေတာ္ရွိ ရီပတ္ဘလီကန္ပါတီအမတ္မ်ားက ေဝဖန္ျပစ္တင္ထား သည္။
အေမရိကန္ျပည္ထဲေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးကို ေအာက္လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ကာ မဲခြဲ ဆုံးျဖတ္ရာတြင္ ေထာက္ခံမဲ ၂၁၄၊ ကန႔္ကြက္မဲ ၂၁၆ မဲသာရရွိခဲ့ၿပီး စြပ္စြဲျပစ္တင္ေသာအုပ္စုဘက္မွ ရႈံးနိမ့္ခဲ့ေၾကာင္း အေမရိကန္မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။
အဆိုပါ မဲခြဲဆုံးျဖတ္မႈတြင္ အျခားရီပတ္ဘလီကန္ပါတီကိုယ္စားလွယ္ေလးဦးသည္ ျပည္ထဲေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးကို ရာထူးမွ မထုတ္ပယ္ရန္ ေထာက္ခံေသာ အုပ္စုဘက္မွ ပူးေပါင္းပါဝင္လာျခင္း ေၾကာင့္ စြပ္စြဲျပစ္တင္သည့္ဘက္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။
အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ အစၥေရးႏိုင္ငံကို အေမရိကန္ေဒၚလာ ၁၇ ဘီလ်ံ ေက်ာ္ ကူညီေပးရန္အတြက္ ဥပေဒမူၾကမ္းကို မဲခြဲဆုံးျဖတ္ခဲ့ရာ အစၥေရးကိုအကူအညီေပးမည့္ အစီအစဥ္ လည္း ျငင္းဆန္ပယ္ခ်ခံရေၾကာင္း သိရသည္။ အေမရိကန္အစိုးရသည္ အစၥေရးကို အေမရိကန္ေဒၚလာ ၁၇ ဒသမ ၆ ဘီလ်ံ အကူအညီေပးႏိုင္မည့္ဥပေဒမူၾကမ္းကို ေအာက္လႊတ္ေတာ္ထံ တင္ျပခဲ့ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားၾကား မဲခြဲဆုံးျဖတ္ရာတြင္ ကန႔္ကြက္မဲ ၂၅ဝ မဲ၊ ေထာက္ခံမဲ ၁၈ဝ မဲသာ ရရွိခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က အစၥေရးကိုအကူညီေပးမည့္အစီစဥ္ကို ျငင္းဆန္ပယ္ခ်မည္ဆိုလွ်င္ ဗီတို အာဏာအသုံးျပဳသြားမည္ျဖစ္ေၾကာင္း မဲခြဲဆုံးျဖတ္မႈမတိုင္ခင္ ထုတ္ေဖာ္ေျပာခဲ့သည္။