လက်နက်ဖြင့် တိုက်ခိုက်ရယူထားသောနယ်မြေများအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်တို့သည် တရားဝင်ဖြစ်မှု တည်မြဲမှုမရှိ

 8413

မြူနစ် (NP News ) - ဖေဖော်ဝါရီ ၁၃

လက်နက်ကိုင်တိုက်ပွဲဖော်၍ ရယူထားသောနယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သတ်မှတ်ခြင်းတို့သည် တရားဝင်ဖြစ်မှုမရှိသည့်အတွက် တည်မြဲမှုမရှိနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA ၊ AA တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်ဒေသရှိ တပ်မတော် လုံခြုံရေးစခန်းများကို တိုက်ခိုက်ကာ မြို့များကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

ထိုသို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များတွင်လည်း ၎င်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကိုယ်ပိုင် နယ်မြေ အဖြစ်သတ်မှတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်လျက်ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ကာ လွှတ်တော်၏ အတည်ပြု ချက်ရရှိရန်လိုအပ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

“လက်နက်နဲ့ သူတို့ရဲ့နယ်မြေတွေကို ရယူနိုင် ပြီဆိုရုံလောက်နဲ့ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်ကို ရတာမဟုတ်ဘူးလို့ အဓိပ္ပာယ် ဖွင့်လိုပုံရတယ်။ လက်နက်နဲ့ သူ့နေရာကိုပြန်ပြီး ရရုံနဲ့ပေါ့ဗျာ။ သူတို့မျှော်မှန်းတဲ့၊ ရည်မှန်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ရသွားပြီလို့ မှတ်ယူလို့မရဘူး ဆိုတာကို သတင်းပါးလိုပုံရတယ်။ ဆိုတော့ အခြေခံဥပဒေအရပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ရယူနိုင်တယ်။ သူ့အနေနဲ့ အခြေခံဥပဒေအရ ပေးပိုင်ခွင့်မရှိဘူးဆိုတာကို ပြောလိုပုံရတယ်။ အဲဒါကတော့ အခြေခံဥပဒေအပေါ်မှာ သူ့ဘက်က ရပ်တည်ချက်ကို ပြောတာဖြစ်မယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသောပြဿနာများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်သည်ဟုလည်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံဥပဒေအရ ဆွေးနွေးအတည်ပြုပြီး ရယူထားခြင်း မဟုတ်သည့်အတွက် ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်တို့သည် ပီပီပြင်ပြင်ဖြစ်မလာနိုင်ကြောင်းနှင့် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်ထားသည်။
“လိုရင်းက ရယူသွားရင်လည်းပဲ အဲဒီနယ်မြေ ကို ပြန်ရယူဖို့အတွက် သူ့(နစကဥက္ကဋ္ဌ)မှာ တာဝန်ပေးထား ပြီးသားဖြစ်တယ်။ အဲဒါကြောင့် အဲဒီလို မြေရသွားရင်လည်းပဲ သူ့ဘက်က ပြန်ရအောင်လုပ်ရမယ်။ အဲဒီနယ်မြေ တွေသည် မတည်မြဲဘူး။ မငြိမ်းချမ်းဘူးပေါ့ဗျာ။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဆိုတာ ပီပီပြင်ပြင်ဖြစ် မလာနိုင်ဘူး။ စစ်ဖြစ်နေကြရအုံးမယ်။ သူလည်း ပေးလို့မရဘူး။ ပေးလို့မရသလို မရရအောင် ပြန်ယူရမယ့် တာဝန်လည်းရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက်က တိုက်ကွက်ပြန်ဖော်ရမယ်ဆိုတာကို သတင်းပါးတဲ့ ပုံပေါက်တာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောသည်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများနှင့်ပတ်သက်၍ NCA ရေးဆွဲစဉ်က ညှိနှိုင်းသဘော တူညီမှုများ ပြုလုပ်ကာ ထည့်သွင်းရေးဆွဲ၍ အတည်ပြုထားပြီးဖြစ်ကြောင်း အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို သက်ဆိုင်သူများအားလုံး ညှိနှိုင်းဆွေးနွေးမှုဖြင့် ရရှိလာသည့်သဘောတူညီချက်သည်သာ လက်တွေ့ပိုကျကြောင်းလည်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကို သုံးသပ်ပြောကြားသည်။
“ကျွန်တော်တို့ ပြောနေတဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုလို့ပဲ ပြောပြော၊ တိုင်းရင်းသားတွေအနေနဲ့ကလည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရေးတွေကို ပြည့်ပြည့်ဝဝ ကျင့်သုံး နိုင်တဲ့ ယူနစ်တွေရှိတဲ့ လူမျိုးတစ်မျိုးအနေနဲ့ ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးပြောဆိုခြင်း ကနေ ထွက်ရှိလာတဲ့ သဘောတူညီချက်အရ လုပ်ဆောင်ခြင်းက ပိုပြီးတော့ လက်တွေ့ကျမယ်လို့ ကျွန်တော့် အနေနဲ့ အဲဒီလိုမြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)သည် ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်းထား ခြင်းဖြစ်သည့်အတွက် ကျော်လွန်ဆောင်ရွက်၍ မရ ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော် အသိပေးထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ မည်သူ့ထံတွင်မှ အခွင့်အာဏာမရှိကြောင်း ထောက်ပြ သတိပေးထားသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လျော့နည်းရပ်တန့်လျက်ရှိသည်။

Zawgyi Version;
လက္နက္ျဖင့္ တိုက္ခိုက္ရယူထားေသာနယ္ေျမမ်ားအေပၚ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ျပ႒ာန္းခြင့္တို႔သည္ တရားဝင္ျဖစ္မႈ တည္ၿမဲမႈမရွိ
ျမဴနစ္ (NP News ) - ေဖေဖာ္ဝါရီ ၁၃

လက္နက္ကိုင္တိုက္ပြဲေဖာ္၍ ရယူထားေသာနယ္ေျမမ်ားကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္သတ္မွတ္ျခင္းတို႔သည္ တရားဝင္ျဖစ္မႈမရွိသည့္အတြက္ တည္ၿမဲမႈမရွိႏိုင္ေၾကာင္း ႏိုင္ငံေရးအသိုင္းအဝိုင္းက ေထာက္ျပေျပာၾကားသည္။

ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕ျဖစ္သည့္ MNDAA ၊ TNLA ၊ AA တို႔သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းေျမာက္ေဒသရွိ တပ္မေတာ္ လုံၿခဳံေရးစခန္းမ်ားကို တိုက္ခိုက္ကာ ၿမိဳ႕မ်ားကို သိမ္းပိုက္ ထိန္းခ်ဳပ္ထားသည္။

ထိုသို႔ သိမ္းပိုက္ထိန္းခ်ဳပ္ထားသည့္ ၿမိဳ႕မ်ားတြင္လည္း ၎လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ကိုယ္ပိုင္ နယ္ေျမ အျဖစ္သတ္မွတ္ကာ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို စတင္လ်က္ရွိသည္။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္သည္ ႏိုင္ငံေရးအရ ေဆြးေႏြးေဆာင္႐ြက္ကာ လႊတ္ေတာ္၏ အတည္ျပဳ ခ်က္ရရွိရန္လိုအပ္ၿပီး လက္နက္ကိုင္လမ္းစဥ္ျဖင့္ ေတာင္းဆို၍မရႏိုင္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

“လက္နက္နဲ႔ သူတို႔ရဲ႕နယ္ေျမေတြကို ရယူႏိုင္ ၿပီဆို႐ုံေလာက္နဲ႔ အေျခခံဥပေဒအရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ ျပ႒ာန္းပိုင္ခြင့္ကို ရတာမဟုတ္ဘူးလို႔ အဓိပၸာယ္ ဖြင့္လိုပုံရတယ္။ လက္နက္နဲ႔ သူ႔ေနရာကိုျပန္ၿပီး ရ႐ုံနဲ႔ေပါ့ဗ်ာ။ သူတို႔ေမွ်ာ္မွန္းတဲ့၊ ရည္မွန္းတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္ကို ရသြားၿပီလို႔ မွတ္ယူလို႔မရဘူး ဆိုတာကို သတင္းပါးလိုပုံရတယ္။ ဆိုေတာ့ အေျခခံဥပေဒအရပဲ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္ကို ရယူႏိုင္တယ္။ သူ႔အေနနဲ႔ အေျခခံဥပေဒအရ ေပးပိုင္ခြင့္မရွိဘူးဆိုတာကို ေျပာလိုပုံရတယ္။ အဲဒါကေတာ့ အေျခခံဥပေဒအေပၚမွာ သူ႔ဘက္က ရပ္တည္ခ်က္ကို ေျပာတာျဖစ္မယ္” ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာ ေအးေမာင္က NP News ကို သုံးသပ္ေျပာၾကားသည္။

လက္ရွိျဖစ္ပြားေနေသာျပႆနာမ်ားသည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ကိုယ္ပိုင္ျပည္နယ္မ်ားကို ဥပေဒျပင္ပမွ ေတာင္းဆိုလာျခင္းျဖစ္သည္ဟုလည္း နစကဥကၠ႒က ဆိုသည္။

ထို႔ျပင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို အေျခခံဥပေဒအရ ေဆြးေႏြးအတည္ျပဳၿပီး ရယူထားျခင္း မဟုတ္သည့္အတြက္ ျပ႒ာန္းခြင့္ႏွင့္ အုပ္ခ်ဳပ္ခြင့္တို႔သည္ ပီပီျပင္ျပင္ျဖစ္မလာႏိုင္ေၾကာင္းႏွင့္ တိုက္ပြဲမ်ားလည္း ဆက္လက္ျဖစ္ပြားႏိုင္ေၾကာင္း ေဒါက္တာေအးေမာင္က ဆက္လက္သုံးသပ္ထားသည္။
“လိုရင္းက ရယူသြားရင္လည္းပဲ အဲဒီနယ္ေျမ ကို ျပန္ရယူဖို႔အတြက္ သူ႔(နစကဥကၠ႒)မွာ တာဝန္ေပးထား ၿပီးသားျဖစ္တယ္။ အဲဒါေၾကာင့္ အဲဒီလို ေျမရသြားရင္လည္းပဲ သူ႔ဘက္က ျပန္ရေအာင္လုပ္ရမယ္။ အဲဒီနယ္ေျမ ေတြသည္ မတည္ၿမဲဘူး။ မၿငိမ္းခ်မ္းဘူးေပါ့ဗ်ာ။ ဒါေၾကာင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္ဆိုတာ ပီပီျပင္ျပင္ျဖစ္ မလာႏိုင္ဘူး။ စစ္ျဖစ္ေနၾကရအုံးမယ္။ သူလည္း ေပးလို႔မရဘူး။ ေပးလို႔မရသလို မရရေအာင္ ျပန္ယူရမယ့္ တာဝန္လည္းရွိေနတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ဘက္က တိုက္ကြက္ျပန္ေဖာ္ရမယ္ဆိုတာကို သတင္းပါးတဲ့ ပုံေပါက္တာေပါ့” ဟု ေဒါက္တာေအးေမာင္က ေျပာသည္။

အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးမ်ားႏွင့္ပတ္သက္၍ NCA ေရးဆြဲစဥ္က ညႇိႏႈိင္းသေဘာ တူညီမႈမ်ား ျပဳလုပ္ကာ ထည့္သြင္းေရးဆြဲ၍ အတည္ျပဳထားၿပီးျဖစ္ေၾကာင္း အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ ျပ႒ာန္းခြင့္တို႔ကို သက္ဆိုင္သူမ်ားအားလုံး ညႇိႏႈိင္းေဆြးေႏြးမႈျဖင့္ ရရွိလာသည့္သေဘာတူညီခ်က္သည္သာ လက္ေတြ႕ပိုက်ေၾကာင္းလည္း ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) မွ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က NP News ကို သုံးသပ္ေျပာၾကားသည္။
“ကြၽန္ေတာ္တို႔ ေျပာေနတဲ့ ဖက္ဒရယ္ဒီမိုက ေရစီျပည္ေထာင္စုလို႔ပဲ ေျပာေျပာ၊ တိုင္းရင္းသားေတြအေနနဲ႔ကလည္း အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ဒီမိုကေရစီအေရးေတြကို ျပည့္ျပည့္ဝဝ က်င့္သုံး ႏိုင္တဲ့ ယူနစ္ေတြရွိတဲ့ လူမ်ိဳးတစ္မ်ိဳးအေနနဲ႔ ရပ္တည္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔သက္ဆိုင္သူေတြအားလုံး ညႇိႏႈိင္းေဆြးေႏြးေျပာဆိုျခင္း ကေန ထြက္ရွိလာတဲ့ သေဘာတူညီခ်က္အရ လုပ္ေဆာင္ျခင္းက ပိုၿပီးေတာ့ လက္ေတြ႕က်မယ္လို႔ ကြၽန္ေတာ့္ အေနနဲ႔ အဲဒီလိုျမင္ပါတယ္” ဟု ၎က ေျပာသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀ဝ၈ ခုႏွစ္)သည္ ျပည္သူ ၉၀ ရာခိုင္ႏႈန္းေက်ာ္၏ ဆႏၵမဲမ်ားျဖင့္ အတည္ျပဳျပ႒ာန္းထား ျခင္းျဖစ္သည့္အတြက္ ေက်ာ္လြန္ေဆာင္႐ြက္၍ မရ ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ အသိေပးထားၿပီးဖြဲ႕စည္းပုံအေျခခံဥပေဒကို ေက်ာ္လြန္၍ မည္သူ႔ထံတြင္မွ အခြင့္အာဏာမရွိေၾကာင္း ေထာက္ျပ သတိေပးထားသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္း၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိၿပီး ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားသည္ ေလ်ာ့နည္းရပ္တန႔္လ်က္ရွိသည္။

Related news

© 2021. All rights reserved.