လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အား (၁၀ဝဝ)မဂ္ဂါဝပ်အထိ ဝယ်ယူသုံးစွဲရန် လျာထားပြင်ဆင်နေ

 2660

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၃

မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား (၁၀ဝဝ)မဂ္ဂါဝပ်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

၎င်းစီမံကိန်းအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် လာအိုဘက်မှကုမ္ပဏီနှင့် မြန်မာတိုင်းရင်းသားပိုင်ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထား‌သည့် စီမံကိန်း အကောင်အထည်ဖော်မည့်ကုမ္ပဏီကို Notice to Proceed (NTP) အား ၂၀၂၃ ခုနှစ်၊ ဧပြီလ(၃)ရက်တွင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ NTP အရ စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီက နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းဖြစ်မြောက် နိုင်စွမ်း အစီရင်ခံစာကို ပြုစုတင်ပြရမည်ဖြစ် ကြောင်း သိရသည်။
“NTP အရ စီမံကိန်းဆောင်ရွက်မယ့် ကုမ္ပဏီ အဖွဲ့အစည်းက ၆၀ဝ မဂ္ဂါဝပ် သယ်ဆောင်နိုင်မယ့် နယ် စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို ပြုစုတင်ပြရမယ်။ ပြီးရင် နှစ်နိုင်ငံ ဓာတ်အားစနစ် ပို့လွှတ်/လက်ခံနိုင်မှုပေါ်မူတည်ပြီးတော့ ၁၀ဝ၀ မဂ္ဂါဝပ်အထိ ဓာတ်အားကုန်သွယ်မှုပြုနိုင်ဖို့ လျာထားပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
စီမံကိန်းအ‌ကောင်အထည်ဖော်မည့် ကုမ္ပဏီက အဆိုပါစီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် လည်းကောင်း၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင်ခံစာကို အောက်တိုဘာလတွင် လည်းကောင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင်ခံစာကို စိစစ်ပြီး လိုအပ်သည်များ ပြင်ဆင်၍ ပြည့်စုံစွာ ပြန်လည်တင်ပြရန် နှစ်ဖက် ညှိနှိုင်းနေပြီး ၎င်းအတည်ပြုချက်အပေါ်မူတည်၍ စီမံကိန်း စတင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်နေ ကြောင်း သိရသည်။

“မြန်မာနိုင်ငံက နှစ်စဉ် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုနှုန်း ၁၃ ရာခိုင်နှုန်းလောက်ရှိတယ်။ လာအိုကနေ လျှပ်စစ်ဓာတ်အားကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က ဗီယင်ကျင်းမြို့တွင် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာ-လာအိုနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင် အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရလျက်ရှိပြီး နေ့စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏသည် အမြင့်ဆုံး အနေဖြင့် ၂၅၀ဝ မဂ္ဂါဝပ်ဝန်းကျင်သာရှိကြောင်း သိရသည်။ လာအိုထံမှ ဝယ်ယူမည့် လျှပ်စစ်မဂ္ဂါဝပ် (၁၀ဝဝ) သည် ပုံမှန်အတိုင်းထုတ်လုပ်မည်ဆိုပါက အနည်းဆုံး ဒေါ်လာ တစ်ဘီလျံကျော် ကုန်ကျမည်ဖြစ်ပြီး ဓာတ်အားရရှိရေးအတွက် ပေးရမည့်အချိန်မှာလည်း (၆) လမှ (၅)နှစ်အထိကြာမြင့်မည်ဖြစ်သည်။ လာအိုထံမှ ယာယီအစီအစဉ်ဖြင့် ဝယ်ယူသည့်စီမံချက်အရ အနည်းဆုံး အိမ်ခြေ တစ်သန်းထက်မနည်းကို လျှပ်စစ်ဓာတ်အားပေးဝေနိုင် မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော် ဓာတ်အား ဝယ်ယူရန် ဆောင်ရွက်လက်ရှိကြောင်း သိရသည်။

Zawgyi Version;
လာအိုႏိုင္ငံထံမွ လွ်ပ္စစ္ဓာတ္အား (၁၀ဝဝ)မဂၢါဝပ္အထိ ဝယ္ယူသုံးစြဲရန္ လ်ာထားျပင္ဆင္ေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၃

ျမန္မာ-လာအို ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားလိုင္းစီမံကိန္းတြင္ လွ်ပ္စစ္ဓာတ္အား (၁၀ဝဝ)မဂၢါဝပ္အထိ ကုန္သြယ္မႈျပဳလုပ္ရန္ လ်ာထားေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။

၎စီမံကိန္းအတြက္ လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနသည္ လာအိုဘက္မွကုမၸဏီႏွင့္ ျမန္မာတိုင္းရင္းသားပိုင္ကုမၸဏီမ်ား စုေပါင္းဖြဲ႕စည္းထား‌သည့္ စီမံကိန္း အေကာင္အထည္ေဖာ္မည့္ကုမၸဏီကို Notice to Proceed (NTP) အား ၂၀၂၃ ခုႏွစ္၊ ဧၿပီလ(၃)ရက္တြင္ ထုတ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ NTP အရ စီမံကိန္းေဆာင္႐ြက္မည့္ ကုမၸဏီက နယ္စပ္ျဖတ္ေက်ာ္ဓာတ္အားလိုင္းစီမံကိန္းျဖစ္ေျမာက္ ႏိုင္စြမ္း အစီရင္ခံစာကို ျပဳစုတင္ျပရမည္ျဖစ္ ေၾကာင္း သိရသည္။
“NTP အရ စီမံကိန္းေဆာင္႐ြက္မယ့္ ကုမၸဏီ အဖြဲ႕အစည္းက ၆၀ဝ မဂၢါဝပ္ သယ္ေဆာင္ႏိုင္မယ့္ နယ္ စပ္ျဖတ္ေက်ာ္ ဓာတ္အားလိုင္းစီမံကိန္း ျဖစ္ေျမာက္ႏိုင္စြမ္း အစီရင္ခံစာကို ျပဳစုတင္ျပရမယ္။ ၿပီးရင္ ႏွစ္ႏိုင္ငံ ဓာတ္အားစနစ္ ပို႔လႊတ္/လက္ခံႏိုင္မႈေပၚမူတည္ၿပီးေတာ့ ၁၀ဝ၀ မဂၢါဝပ္အထိ ဓာတ္အားကုန္သြယ္မႈျပဳႏိုင္ဖို႔ လ်ာထားပါတယ္” ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
စီမံကိန္းအ‌ေကာင္အထည္ေဖာ္မည့္ ကုမၸဏီက အဆိုပါစီမံကိန္း၏ ၾကားျဖတ္အစီရင္ခံစာကို ၂၀၂၃ ခုႏွစ္ ဩဂုတ္လတြင္ လည္းေကာင္း၊ စီမံကိန္းျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာမႈအစီရင္ခံစာကို ေအာက္တိုဘာလတြင္ လည္းေကာင္း တင္ျပခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ စီမံကိန္းျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာမႈအစီရင္ခံစာကို စိစစ္ၿပီး လိုအပ္သည္မ်ား ျပင္ဆင္၍ ျပည့္စုံစြာ ျပန္လည္တင္ျပရန္ ႏွစ္ဖက္ ညႇိႏႈိင္းေနၿပီး ၎အတည္ျပဳခ်က္အေပၚမူတည္၍ စီမံကိန္း စတင္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ေရးကို ေဆာင္႐ြက္ေန ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံက ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အား တိုးတက္သုံးစြဲမႈႏႈန္း ၁၃ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ လာအိုကေန လွ်ပ္စစ္ဓာတ္အားကို ဝယ္ယူႏိုင္ခဲ့မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို တစ္စိတ္တစ္ပိုင္း ျဖည့္ဆည္းေပးႏိုင္ပါတယ္” ဟု လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၅ ရက္က ဗီယင္က်င္းၿမိဳ႕တြင္ ျမန္မာ-လာအို လွ်ပ္စစ္က႑ပူးေပါင္း ေဆာင္႐ြက္မႈဆိုင္ရာ ႏွစ္ႏိုင္ငံဝန္ႀကီးအဆင့္ အစည္းအေဝး က်င္းပခဲ့ၿပီး ျမန္မာ-လာအိုနယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားလိုင္းစီမံကိန္းကို ကာလတိုအတြင္း အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ၾကသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈ ျပႆနာႏွင့္ ရင္ဆိုင္ေနရလ်က္ရွိၿပီး ေန႔စဥ္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္မႈပမာဏသည္ အျမင့္ဆုံး အေနျဖင့္ ၂၅၀ဝ မဂၢါဝပ္ဝန္းက်င္သာရွိေၾကာင္း သိရသည္။ လာအိုထံမွ ဝယ္ယူမည့္ လွ်ပ္စစ္မဂၢါဝပ္ (၁၀ဝဝ) သည္ ပုံမွန္အတိုင္းထုတ္လုပ္မည္ဆိုပါက အနည္းဆုံး ေဒၚလာ တစ္ဘီလ်ံေက်ာ္ ကုန္က်မည္ျဖစ္ၿပီး ဓာတ္အားရရွိေရးအတြက္ ေပးရမည့္အခ်ိန္မွာလည္း (၆) လမွ (၅)ႏွစ္အထိၾကာျမင့္မည္ျဖစ္သည္။ လာအိုထံမွ ယာယီအစီအစဥ္ျဖင့္ ဝယ္ယူသည့္စီမံခ်က္အရ အနည္းဆုံး အိမ္ေျခ တစ္သန္းထက္မနည္းကို လွ်ပ္စစ္ဓာတ္အားေပးေဝႏိုင္ မည္ျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ၂၀၃၀ ျပည့္ႏွစ္တြင္ လွ်ပ္စစ္ဓာတ္အား ၁၄၅၄၂ မဂၢါဝပ္ လိုအပ္မည္ျဖစ္ၿပီး အဆိုပါ ဓာတ္အားလိုအပ္ခ်က္ကို ျပည့္မီရန္ ႏိုင္ငံအတြင္း ဓာတ္အားထုတ္လုပ္မႈမ်ားသာမက နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အား ဝယ္ယူရန္ ေဆာင္႐ြက္လက္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.