ရန်ကုန်-မန္တလေး အမြန်လမ်းကြီးက အစိုးရသုံးဆက်ရှိလာသည့်တိုင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ထားခဲ့သောအခြေအနေထက် ပိုမိုကောင်းမွန်လာခြင်းမရှိ

33025

အေဝိုင်အီး (NP News) - ဖေဖော်ဝါရီလ - ၁၄
ရန်ကုန်-မန္တလေး အမြန်လမ်းကြီးက အစိုးရသုံးဆက်ရှိလာသည့်တိုင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ထားခဲ့သောအခြေအနေထက် ပိုမိုကောင်းမွန်လာခြင်းမရှိ
အေဝိုင်အီး (NP News) - ဖေဖော်ဝါရီလ - ၁၄
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ လက်ထက်က ဖောက်လုပ်၍ သွားလာအသုံးပြုစေခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အစိုးရ သုံးဆက်ရှိလာသည့်တိုင် ဦးသန်းရွှေလက်ထက်က ထက် ပိုမိုကောင်းမွန် အောင် အဆင့်မြှင့်ပေးနိုင်မှုမရှိသေးကြောင်း အမြန်လမ်းအသုံးပြုသူအချို့က ထောက်ပြပြောကြားသည်။
နေ့စဉ် ကားစီးရေ ထောင်ချီသွားလာနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက နေပြည်တော်မြို့သစ် ကြီးနှင့် ယှဉ်တွဲ၍ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် ဆယ်စုနှစ် တစ်ခု ကျော်လာခဲ့ပြီလည်းဖြစ်သည်။
သို့သော် ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ငါးနှစ်နှင့် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရ လက်ထက် သုံးနှစ်ကြာသည်အထိ လမ်းမကြီး၏ အရည်အသွေးပိုင်းမှာ ဦးသန်းရွှေလက်ထက်နှင့်ယှဉ်လျှင် များစွာ ပြောင်းလဲတိုးတက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။
“အမြန်လမ်းရဲ့ ရန်ကုန်ကနေ မန္တလေးဘက်ကို သွားတဲ့ လမ်းပိုင်းတစ်ခုတည်းမှာပဲ လှိုင်းကြက်ခွပ်က အခုရေ (၃၀)ကျော်ရှိတယ်။ ဒါက ရန်ကုန်-နေပြည် တော် အထိပဲ ပြောသေးတာ။ မန္တလေးအထိဆိုရင် အခုရေ (၅၀)ကျော်လိမ့်မယ်”ဟု အမြန်လမ်းကို ပုံမှန် ဖြတ်သန်း အသုံးပြုနေသူ လုပ်ငန်းရှင်တစ်ဦးကပြော သည်။
လမ်းမကြီးပေါ်မှ လှိုင်းကြက်ခွပ်များမှာ ကီလို မီတာ (၁၀ဝ)နှုန်းဖြင့် မောင်းနှင်နေသောကားများကို လူးခါစေသည့်အပြင် ကား၏ရှော့ဘားများကိုလည်း ကောင်း၊ အခြားသော အစိတ်အပိုင်းများကိုလည်း ကောင်း ထိခိုက်နစ်နာမှုများ ရှိနေစေသည်ဟု ဆိုသည်။
“အဆိုးဆုံးက မညီညာတဲ့လှိုင်းကြက်ခွပ်တွေကြောင့် စီယာရင်ကို မထိန်းနိုင်ဘဲ လမ်းဘေးထိုးဆင်း သွားတာတွေ၊ မတော်တဆဖြစ်တာတွေ ဖြစ်သွားနိုင် တယ်။ မောင်းဖူးသူတိုင်းသတိထားမိမှာပါ “ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမြန်လမ်းကို နေ့စဉ်ဖြတ်သန်းမောင်းနှင်နေရသည့် အဝေးပြေးကားလိုင်းအချို့မှ လေးဦးထက်မနည်း သောယာဉ်မောင်းအချို့ကလည်း ယင်းအချက် ကို အတည်ပြုပြောကြားကြပြီး လမ်းတစ်လျှောက် ပြင်ဆင်ရမည့်အပိုင်းများစွာ ရှိနေကြောင်း ထောက်ပြ ကြသည်။
“လမ်းတစ်လျှောက်မှာတော့ ပြင်နေတဲ့ အပိုင်းတွေ မြင်ရတယ်။ လမ်းကို စက်နဲ့ထိုးပြီး ဖြည် ထားတာတွေ ရှိတယ်။ ဒါတွေက လတိုင်းမပြတ် တစ် နေရာပြီးတစ်နေရာတော့ လုပ်နေတာတွေ့တယ်”ဟု အဝေးပြေးကားလိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြည်ပနိုင်ငံအချို့မှ အဝေးပြေးအမြန်လမ်းမကြီး များတွင်မူ လှိုင်းကြက်ခွပ်များ၊ မညီမညာဖြစ်သော အစိတ်အပိုင်းများနှင့် မကြာခဏ ပြင်ဆင်နေရခြင်း များကို မတွေ့ရဘဲ ယာဉ်မောင်းသူများအတွက် ငြိမ့် ညောင်းသက်သာမှုကိုဖြစ်စေကြောင်း လုပ်ငန်းရှင် အချို့က ထောက်ပြပြောကြားသည်။
“ ကျွန်တော်တို့ တရုတ်ရောက်တယ်ဗျာ။ အိန္ဒိယ၊ ဂျပန်သွားတယ်ဗျာ။ အဝေးပြေးလမ်းတွေက ညက် နေအောင် ကောင်းတယ်။ ဒီမှာကတော့ အစိုးရသုံး ဆက်သာ ရှိလာတယ်။ ဦးသန်းရွှေလက်ထက်က ထား ခဲ့တဲ့အခြေအနေထက် ပိုကောင်းလာတာ သိပ်မတွေ့ ရဘူး” ဟု ပြည်ပပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ် ဦးက မှတ်ချက်ပြုသည်။ အစဉ်အလာအရ အစိုးရအဆက်ဆက်လုပ်ဆောင်ပေးသွားသော အချို့လုပ်ငန်း ဆောင်တာများမှာ ဆင့်ကဲသဘောဖြင့် ပိုမိုကောင်းမွန် လာရမည်မှာ မှန်သော်လည်း မြန်မာနိုင်ငံတွင်မူ အမြန်လမ်းကဲ့သို့သော လမ်းမကြီးမှာ ဆင့်ကဲ ပြောင်းလဲမှုသဘောအရ ပိုမိုကောင်းမွန်လာခြင်းမရှိဘဲ ဦးသန်းရွှေထားခဲ့သည့်အတိုင်းသာ မြင်နေရသည်ဟု ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ကုန်ကျစရိတ် ဒေါ်လာသန်းဆယ်ချီရှိခဲ့ပြီး အဆင့်ဆင့်သော အစိုးရများက လက်ဆင့်ကမ်းသယ်ဆောင်ရသော ရွှေ့ပြောင်းမရသည့်အမွေလည်း ဖြစ်သည်။ ယင်းပြင် နိုင်ငံတော်က စနစ်ကျနသောစီမံမှုဖြင့် ရန်ကုန်မှ မန္တလေးအပြင် မန္တလေးမှ မြစ်ကြီးနားအထိ ပိုမို ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုအဖြစ် အသွင် ပြောင်းလဲပေးသင့်သည့် မဟာဗျုဟာလမ်းမကြီးလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါလမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူဦးရေရာချီ သေဆုံးရပြီး ကားစီးရေ ရာဂဏန်းနီးပါး ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်နေလေ့ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလး အျမန္လမ္းႀကီးက အစိုးရသုံးဆက္ရွိလာသည့္တိုင္ အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊ ထားခဲ့ေသာအေျခအေနထက္ ပိုမိုေကာင္းမြန္လာျခင္းမရွိ
ေအဝိုင္အီး (NP News) - ေဖေဖာ္ဝါရီလ - ၁၄
အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးဦးသန္းေ႐ႊ လက္ထက္က ေဖာက္လုပ္၍ သြားလာအသုံးျပဳေစခဲ့ေသာ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးမွာ အစိုးရ သုံးဆက္ရွိလာသည့္တိုင္ ဦးသန္းေ႐ႊလက္ထက္က ထက္ ပိုမိုေကာင္းမြန္ ေအာင္ အဆင့္ျမႇင့္ေပးႏိုင္မႈမရွိေသးေၾကာင္း အျမန္လမ္းအသုံးျပဳသူအခ်ိဳ႕က ေထာက္ျပေျပာၾကားသည္။
ေန႔စဥ္ ကားစီးေရ ေထာင္ခ်ီသြားလာေနေသာ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးကို အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊက ေနျပည္ေတာ္ၿမိဳ႕သစ္ ႀကီးႏွင့္ ယွဥ္တြဲ၍ေဖာက္လုပ္ေပးခဲ့ျခင္းျဖစ္ၿပီး သက္တမ္းအားျဖင့္ ဆယ္စုႏွစ္ တစ္ခု ေက်ာ္လာခဲ့ၿပီလည္းျဖစ္သည္။
သို႔ေသာ္ ဦးသိန္းစိန္အစိုးရလက္ထက္ ငါးႏွစ္၊ ေဒၚေအာင္ဆန္းစုၾကည္အစိုးရ ငါးႏွစ္ႏွင့္ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရ လက္ထက္ သုံးႏွစ္ၾကာသည္အထိ လမ္းမႀကီး၏ အရည္အေသြးပိုင္းမွာ ဦးသန္းေ႐ႊလက္ထက္ႏွင့္ယွဥ္လွ်င္ မ်ားစြာ ေျပာင္းလဲတိုးတက္ခဲ့ျခင္းမရွိသည္ကို ေတြ႕ရသည္။
“အျမန္လမ္းရဲ႕ ရန္ကုန္ကေန မႏၲေလးဘက္ကို သြားတဲ့ လမ္းပိုင္းတစ္ခုတည္းမွာပဲ လႈိင္းၾကက္ခြပ္က အခုေရ (၃၀)ေက်ာ္ရွိတယ္။ ဒါက ရန္ကုန္-ေနျပည္ ေတာ္ အထိပဲ ေျပာေသးတာ။ မႏၲေလးအထိဆိုရင္ အခုေရ (၅၀)ေက်ာ္လိမ့္မယ္”ဟု အျမန္လမ္းကို ပုံမွန္ ျဖတ္သန္း အသုံးျပဳေနသူ လုပ္ငန္းရွင္တစ္ဦးကေျပာ သည္။
လမ္းမႀကီးေပၚမွ လႈိင္းၾကက္ခြပ္မ်ားမွာ ကီလို မီတာ (၁၀ဝ)ႏႈန္းျဖင့္ ေမာင္းႏွင္ေနေသာကားမ်ားကို လူးခါေစသည့္အျပင္ ကား၏ေရွာ့ဘားမ်ားကိုလည္း ေကာင္း၊ အျခားေသာ အစိတ္အပိုင္းမ်ားကိုလည္း ေကာင္း ထိခိုက္နစ္နာမႈမ်ား ရွိေနေစသည္ဟု ဆိုသည္။
“အဆိုးဆုံးက မညီညာတဲ့လႈိင္းၾကက္ခြပ္ေတြေၾကာင့္ စီယာရင္ကို မထိန္းႏိုင္ဘဲ လမ္းေဘးထိုးဆင္း သြားတာေတြ၊ မေတာ္တဆျဖစ္တာေတြ ျဖစ္သြားႏိုင္ တယ္။ ေမာင္းဖူးသူတိုင္းသတိထားမိမွာပါ “ဟု ၎က ဆက္လက္ေျပာၾကားသည္။
အျမန္လမ္းကို ေန႔စဥ္ျဖတ္သန္းေမာင္းႏွင္ေနရသည့္ အေဝးေျပးကားလိုင္းအခ်ိဳ႕မွ ေလးဦးထက္မနည္း ေသာယာဥ္ေမာင္းအခ်ိဳ႕ကလည္း ယင္းအခ်က္ ကို အတည္ျပဳေျပာၾကားၾကၿပီး လမ္းတစ္ေလွ်ာက္ ျပင္ဆင္ရမည့္အပိုင္းမ်ားစြာ ရွိေနေၾကာင္း ေထာက္ျပ ၾကသည္။
“လမ္းတစ္ေလွ်ာက္မွာေတာ့ ျပင္ေနတဲ့ အပိုင္းေတြ ျမင္ရတယ္။ လမ္းကို စက္နဲ႔ထိုးၿပီး ျဖည္ ထားတာေတြ ရွိတယ္။ ဒါေတြက လတိုင္းမျပတ္ တစ္ ေနရာၿပီးတစ္ေနရာေတာ့ လုပ္ေနတာေတြ႕တယ္”ဟု အေဝးေျပးကားလိုင္းတစ္ခုမွ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
ျပည္ပႏိုင္ငံအခ်ိဳ႕မွ အေဝးေျပးအျမန္လမ္းမႀကီး မ်ားတြင္မူ လႈိင္းၾကက္ခြပ္မ်ား၊ မညီမညာျဖစ္ေသာ အစိတ္အပိုင္းမ်ားႏွင့္ မၾကာခဏ ျပင္ဆင္ေနရျခင္း မ်ားကို မေတြ႕ရဘဲ ယာဥ္ေမာင္းသူမ်ားအတြက္ ၿငိမ့္ ေညာင္းသက္သာမႈကိုျဖစ္ေစေၾကာင္း လုပ္ငန္းရွင္ အခ်ိဳ႕က ေထာက္ျပေျပာၾကားသည္။
“ ကြၽန္ေတာ္တို႔ တ႐ုတ္ေရာက္တယ္ဗ်ာ။ အိႏၵိယ၊ ဂ်ပန္သြားတယ္ဗ်ာ။ အေဝးေျပးလမ္းေတြက ညက္ ေနေအာင္ ေကာင္းတယ္။ ဒီမွာကေတာ့ အစိုးရသုံး ဆက္သာ ရွိလာတယ္။ ဦးသန္းေ႐ႊလက္ထက္က ထား ခဲ့တဲ့အေျခအေနထက္ ပိုေကာင္းလာတာ သိပ္မေတြ႕ ရဘူး” ဟု ျပည္ပပို႔ကုန္/သြင္းကုန္လုပ္ငန္းရွင္တစ္ ဦးက မွတ္ခ်က္ျပဳသည္။ အစဥ္အလာအရ အစိုးရအဆက္ဆက္လုပ္ေဆာင္ေပးသြားေသာ အခ်ိဳ႕လုပ္ငန္း ေဆာင္တာမ်ားမွာ ဆင့္ကဲသေဘာျဖင့္ ပိုမိုေကာင္းမြန္ လာရမည္မွာ မွန္ေသာ္လည္း ျမန္မာႏိုင္ငံတြင္မူ အျမန္လမ္းကဲ့သို႔ေသာ လမ္းမႀကီးမွာ ဆင့္ကဲ ေျပာင္းလဲမႈသေဘာအရ ပိုမိုေကာင္းမြန္လာျခင္းမရွိဘဲ ဦးသန္းေ႐ႊထားခဲ့သည့္အတိုင္းသာ ျမင္ေနရသည္ဟု ဆိုသည္။
ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးသည္ ကုန္က်စရိတ္ ေဒၚလာသန္းဆယ္ခ်ီရွိခဲ့ၿပီး အဆင့္ဆင့္ေသာ အစိုးရမ်ားက လက္ဆင့္ကမ္းသယ္ေဆာင္ရေသာ ေ႐ႊ႕ေျပာင္းမရသည့္အေမြလည္း ျဖစ္သည္။ ယင္းျပင္ ႏိုင္ငံေတာ္က စနစ္က်နေသာစီမံမႈျဖင့္ ရန္ကုန္မွ မႏၲေလးအျပင္ မႏၲေလးမွ ျမစ္ႀကီးနားအထိ ပိုမို ေကာင္းမြန္ေသာ တိုးတက္ေျပာင္းလဲမႈအျဖစ္ အသြင္ ေျပာင္းလဲေပးသင့္သည့္ မဟာဗ်ဳဟာလမ္းမႀကီးလည္း ျဖစ္သည္။ သို႔ေသာ္လည္း အဆိုပါလမ္းမႀကီးေပၚ၌ ယာဥ္မေတာ္တဆမႈေၾကာင့္ ႏွစ္စဥ္ လူဦးေရရာခ်ီ ေသဆုံးရၿပီး ကားစီးေရ ရာဂဏန္းနီးပါး ပ်က္စီးဆုံးရႈံး မႈမ်ား ျဖစ္ေပၚေနေလ့ရွိေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။