အစ္စရေးကို F-35 အမျိုးအစားတိုက်လေယာဉ်နှင့်ပတ်သက်သော အပိုပစ္စည်းများ မရောင်းချရန် နယ်သာလန် တရားရုံးဆုံးဖြတ်

 542

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ၁၄
နယ်သာလန်နိုင်ငံတရားရုံးသည် အစ္စရေးနိုင်ငံကိုအမေရိကန်နိုင်ငံထုတ် F-35 အမျိုးအစား တိုက် လေယာဉ်များအတွက် လိုအပ်သော ပစ္စည်းကိရိယာအစိတ်အပိုင်းများရောင်းချရန် တားမြစ်ပိတ်ပင်လိုက် ကြောင်းသိရသည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့ရှိ အယူခံတရားရုံးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေးသည် ဂါဇာစစ်ပွဲ အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်ရာ တွင် အမေရိကန်နိုင်ငံထုတ် တိုက်လေယာဉ်များကိုအသုံးပြုခြင်းများရှိနေသည့် အန္တရာယ်များရှိနေ ကြောင်းပြောသည်။

နယ်သာလန်တရားသူကြီးဘိုလီက “စစ်ပွဲ အတွင်း လူ့အခွင့်ရေးချိုးဖောက်တဲ့ နိုင်ငံတွေကို စစ်ဘက်သုံးပစ္စည်းတွေ တင်ပို့တာတွေ တားမြစ်ပိတ် ပင်ရမယ်။ နယ်သာလန်အစိုးရဟာ အနာဂတ်မှာ အစ္စရေးကို F-35 တိုက်လေယာဉ်တွေရောင်းချပေး ဖို့ခွင့်ပြုဖွယ်ရှိပါတယ်။ ဒါပေမဲ့ အစ္စရေးဟာ အဲဒီ ရောင်းချတဲ့ ပစ္စည်းတွေကို ဂါဇာစစ်ပွဲအတွင်း အသုံး ပြု၊ မပြုဘူးဆိုတဲ့အချက်ကိုတော့ လိုက်နာရမယ်”ဟု ပြောသည်။ ဂါဇာဒေသရှိ ပြည်သူများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ကာကွယ်ပေးရမည် ဖြစ် ကြောင်း နယ်သာလန် တရားသူကြီးကပြောသည်။

နယ်သာလန် ကုန်သွယ်ရေးဝန်ကြီး လီဝမ်က အီရန်၊ ဆီးရီးယား၊ ယီမင်၊ လက်ဘနွန်နိုင်ငံတို့၏ ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန်အစ္စရေးကို F-35 တိုက်လေယာဉ်များနှင့်ဆက်စပ်ပစ္စည်းများ ရောင်း ချခွင့်ပေးသင့်ကြောင်း၊ အစ္စရေးကို F-35 တိုက် လေယာဉ်များရောင်းချပေးခြင်းက မမျှတဘူးလို့ ပြောလို့မရနိုင်ကြောင်းပြောသည်။ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲသည် ရက်ပေါင်း (၁၂၀)ကျော်လာခဲ့ပြီး အစ္စရေးက အပစ်အခတ်ရပ်စဲရန်တောင်းဆိုချက်များကို ငြင်းဆန် ပယ်ချထားကြောင်းသိရသည်။

zawgyi version
အစၥေရးကို F-35 အမ်ိဳးအစားတိုက္ေလယာဥ္ႏွင့္ပတ္သက္ေသာ အပိုပစၥည္းမ်ား မေရာင္းခ်ရန္ နယ္သာလန္ တရား႐ုံးဆုံးျဖတ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ၁၄
နယ္သာလန္ႏိုင္ငံတရား႐ုံးသည္ အစၥေရးႏိုင္ငံကိုအေမရိကန္ႏိုင္ငံထုတ္ F-35 အမ်ိဳးအစား တိုက္ ေလယာဥ္မ်ားအတြက္ လိုအပ္ေသာ ပစၥည္းကိရိယာအစိတ္အပိုင္းမ်ားေရာင္းခ်ရန္ တားျမစ္ပိတ္ပင္လိုက္ ေၾကာင္းသိရသည္။

ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး အစၥေရးႏိုင္ငံသည္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ နယ္သာလန္ ႏိုင္ငံ သည္ဟိတ္ၿမိဳ႕ရွိ အယူခံတရား႐ုံးက ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အစၥေရးသည္ ဂါဇာစစ္ပြဲ အတြင္း လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈမ်ား က်ဴးလြန္ရာ တြင္ အေမရိကန္ႏိုင္ငံထုတ္ တိုက္ေလယာဥ္မ်ားကိုအသုံးျပဳျခင္းမ်ားရွိေနသည့္ အႏၲရာယ္မ်ားရွိေန ေၾကာင္းေျပာသည္။

နယ္သာလန္တရားသူႀကီးဘိုလီက “စစ္ပြဲ အတြင္း လူ႔အခြင့္ေရးခ်ိဳးေဖာက္တဲ့ ႏိုင္ငံေတြကို စစ္ဘက္သုံးပစၥည္းေတြ တင္ပို႔တာေတြ တားျမစ္ပိတ္ ပင္ရမယ္။ နယ္သာလန္အစိုးရဟာ အနာဂတ္မွာ အစၥေရးကို F-35 တိုက္ေလယာဥ္ေတြေရာင္းခ်ေပး ဖို႔ခြင့္ျပဳဖြယ္ရွိပါတယ္။ ဒါေပမဲ့ အစၥေရးဟာ အဲဒီ ေရာင္းခ်တဲ့ ပစၥည္းေတြကို ဂါဇာစစ္ပြဲအတြင္း အသုံး ျပဳ၊ မျပဳဘူးဆိုတဲ့အခ်က္ကိုေတာ့ လိုက္နာရမယ္”ဟု ေျပာသည္။ ဂါဇာေဒသရွိ ျပည္သူမ်ားကို ႏိုင္ငံတကာ ဥပေဒမ်ားႏွင့္အညီ ကာကြယ္ေပးရမည္ ျဖစ္ ေၾကာင္း နယ္သာလန္ တရားသူႀကီးကေျပာသည္။

နယ္သာလန္ ကုန္သြယ္ေရးဝန္ႀကီး လီဝမ္က အီရန္၊ ဆီးရီးယား၊ ယီမင္၊ လက္ဘႏြန္ႏိုင္ငံတို႔၏ ၿခိမ္းေျခာက္မႈမ်ားကို ကာကြယ္ႏိုင္ရန္အစၥေရးကို F-35 တိုက္ေလယာဥ္မ်ားႏွင့္ဆက္စပ္ပစၥည္းမ်ား ေရာင္း ခ်ခြင့္ေပးသင့္ေၾကာင္း၊ အစၥေရးကို F-35 တိုက္ ေလယာဥ္မ်ားေရာင္းခ်ေပးျခင္းက မမွ်တဘူးလို႔ ေျပာလို႔မရႏိုင္ေၾကာင္းေျပာသည္။ အစၥေရးႏွင့္ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ စစ္ပြဲသည္ ရက္ေပါင္း (၁၂၀)ေက်ာ္လာခဲ့ၿပီး အစၥေရးက အပစ္အခတ္ရပ္စဲရန္ေတာင္းဆိုခ်က္မ်ားကို ျငင္းဆန္ ပယ္ခ်ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.