ဟူသီလက်နက်ကိုင်အဖွဲ့က ရေအောက်သုံးဒရုန်းကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း အမေရိကန်စစ်ဘက် ပြော

 865

Pika (NP News) - ဖေဖော်ဝါရီ ၁၉

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့သည် ရေအောက်သုံးဒရုန်းကို ပထမဆုံးအကြိမ် အသုံးပြုရန် ကြိုးပမ်း ခဲ့သော်လည်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် CENTCOM က ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်သည် ဖေဖော်ဝါရီလ(၁၇)ရက်တွင် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်မှု (၅)ကြိမ်ပြုလုပ်ခဲ့ပြီး ဟူသီလက်နက်ကိုင်အဖွဲ့၏ ခရုဇ်ဒုံးကျည်(၃)စင်း၊ ရေပေါ်သုံးဒရုန်းတစ်စင်း နှင့် ရေအောက်သုံးဒရုန်းတစ်စင်းတို့ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း CENTCOM က ဖေဖော်ဝါရီလ(၁၈)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်စစ်တပ်က "ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၂၃)ရက်မှာ တိုက်ခိုက်မှုတွေ စတင်ပြီးနောက်ပိုင်း ဟူသီ လက်နက်ကိုင်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ရေအောက်သုံးဒရုန်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဟူသီလက်နက် ကိုင်အဖွဲ့ရဲ့ရေအောက်သုံးဒရုန်းအသုံးပြုမှုဟာ ဒေသတွင်းမှာရှိတဲ့အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင် သင်္ဘောတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်" ဟု ပြောခဲ့သည်။

အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံ သည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။

ထို့အပြင် အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်နေမှုများကို မရပ်တန့်မချင်း အစ္စရေးနှင့် ဆက်နွယ်နေသောသင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီ လက်နက်ကိုင်အဖွဲ့က ကတိပြုပြောခဲ့သည်။ အဆိုပါလုပ်ရပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရ သည် ပင်လယ်နီတွင် ကင်းလှည့်မှုများလုပ်ဆောင်ရန် နိုင်ငံတကာရေကြောင်း ညွန့်ပေါင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ ကြောင်းလည်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ပြီး အမေရိကန်နှင့်ဗြိတိန်တို့၏ တပ်ဖွဲ့များသည် ယီမင်အခြေစိုက်ဟူသီ လက်နက်ကိုင်အဖွဲ့၏ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများအား ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသော ဟူသီလက်နက် ကိုင်အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်များ ကျဆင်းစေရန်အတွက် ယခုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့က ပြောကြားခဲ့သည်။

Zawgyi Version;
ဟူသီလက္နက္ကိုင္အဖြဲ႕က ေရေအာက္သုံးဒ႐ုန္းကို ပထမဆုံးအႀကိမ္ အသုံးျပဳခဲ့ေၾကာင္း အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၉

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ေရေအာက္သုံးဒ႐ုန္းကို ပထမဆုံးအႀကိမ္ အသုံးျပဳရန္ ႀကိဳးပမ္း ခဲ့ေသာ္လည္း အေမရိကန္ဦးေဆာင္ေသာ ၫြန႔္ေပါင္းတပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈေၾကာင့္ ပ်က္စီးသြားခဲ့ေၾကာင္း အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ CENTCOM က ေျပာၾကားခဲ့သည္။

အေမရိကန္ေရတပ္သည္ ေဖေဖာ္ဝါရီလ(၁၇)ရက္တြင္ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕၏ ပစ္မွတ္မ်ားကို တိုက္ခိုက္မႈ (၅)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ဟူသီလက္နက္ကိုင္အဖြဲ႕၏ ခ႐ုဇ္ဒုံးက်ည္(၃)စင္း၊ ေရေပၚသုံးဒ႐ုန္းတစ္စင္း ႏွင့္ ေရေအာက္သုံးဒ႐ုန္းတစ္စင္းတို႔ကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ေၾကာင္း CENTCOM က ေဖေဖာ္ဝါရီလ(၁၈)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

အေမရိကန္စစ္တပ္က "ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၂၃)ရက္မွာ တိုက္ခိုက္မႈေတြ စတင္ၿပီးေနာက္ပိုင္း ဟူသီ လက္နက္ကိုင္အဖြဲ႕က ပထမဆုံးအႀကိမ္အျဖစ္ ေရေအာက္သုံးဒ႐ုန္းကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဟူသီလက္နက္ ကိုင္အဖြဲ႕ရဲ႕ေရေအာက္သုံးဒ႐ုန္းအသုံးျပဳမႈဟာ ေဒသတြင္းမွာရွိတဲ့အေမရိကန္ေရတပ္သေဘၤာေတြနဲ႔ ကုန္တင္ သေဘၤာေတြအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။

အစၥေရး-ဟားမက္ စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းလူမ်ိဳးမ်ားကို ေထာက္ခံ သည့္အေနျဖင့္ ပင္လယ္နီအတြင္းရွိ ကုန္တင္သေဘၤာမ်ားကို တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕က ေျပာခဲ့သည္။

ထို႔အျပင္ အစၥေရးအေနျဖင့္ ဂါဇာကမ္းေျမာင္ေဒသအေပၚ ထိုးစစ္ဆင္ေနမႈမ်ားကို မရပ္တန႔္မခ်င္း အစၥေရးႏွင့္ ဆက္ႏြယ္ေနေသာသေဘၤာမ်ားကို တိုက္ခိုက္မႈမ်ားအား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဟူသီ လက္နက္ကိုင္အဖြဲ႕က ကတိျပဳေျပာခဲ့သည္။ အဆိုပါလုပ္ရပ္ကို လက္တုံ႔ျပန္သည့္အေနျဖင့္ အေမရိကန္အစိုးရ သည္ ပင္လယ္နီတြင္ ကင္းလွည့္မႈမ်ားလုပ္ေဆာင္ရန္ ႏိုင္ငံတကာေရေၾကာင္း ၫြန႔္ေပါင္းတပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့ ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ဇန္နဝါရီလမွစတင္ၿပီး အေမရိကန္ႏွင့္ၿဗိတိန္တို႔၏ တပ္ဖြဲ႕မ်ားသည္ ယီမင္အေျခစိုက္ဟူသီ လက္နက္ကိုင္အဖြဲ႕၏ပစ္မွတ္မ်ားကို ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ားအား ဆက္တိုက္လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။ ပင္လယ္နီအတြင္းရွိ ကုန္တင္သေဘၤာမ်ားကို တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနေသာ ဟူသီလက္နက္ ကိုင္အဖြဲ႕၏ တိုက္ခိုက္ေရးစြမ္းရည္မ်ား က်ဆင္းေစရန္အတြက္ ယခုကဲ့သို႔လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အေမရိကန္ ႏွင့္ ၿဗိတိန္တပ္ဖြဲ႕တို႔က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.