စားသုံးဆီဈေးနှုန်းပြဿနာ၊ မြောင်းဆီနဲ့ ဆီလောကအထွေထွေအကြောင်း (အင်တာဗျူး)

 840

အေဝိုင်အီး၊ ယွန်း (NP Nwes) - ဖေဖော်ဝါရီ ၂၁

နိုင်ငံရေးအခြေအနေများ တည်ငြိမ်မှုမရှိသည့် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ စားအုန်းဆီဈေးနှုန်း တစ်စတစ်စ မြင့်တက်လာခဲ့သည်။ ပြည်တွင်းဆီထုတ်လုပ်မှု နည်းပါးသည့် အတွက် ဆီတင်သွင်းမှုကို တိုးမြှင့်တင်သွင်းလျက်ရှိသည်။ ထို့ပြင် အဆိုပါစားအုန်းဆီများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ ယင်းကဲ့သို့အကြောင်းအရာများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စားအုန်းဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် စားအုန်းဆီဈေး မြင့်တက်မှုများနှင့်ပတ်သက်၍ TheStatesman ဂျာနယ်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းအား တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး - ဆီနဲ့ပတ်သက်လို့ ပြည်သူလူထုသိရမယ့် အ ရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်။ တစ်ဦးချင်း ဆီစားသုံးနှုန်း ဘယ်လောက်ရှိလဲ။ နှစ်စဉ် ဆီအမျိုး အစားနဲ့ စားသုံးနှုန်းက ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းထားလဲ။
ဖြေ - လူတစ်ဦးစားသုံးနှုန်းကတော့ အကြမ်းဖျင်း တွက်ရင်တော့ တစ်ရက်ကို နှစ်ကျပ်ခွဲသားလောက် စားသုံးပါတယ်။ တစ်နှစ်စာဆိုလို့ရှိရင်တော့ တန်ချိန် (၁၀)သန်း ကျော်လောက်လိုပါတယ်။ သုတေသန ကုမ္ပဏီတစ်ခုနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ကို survey လုပ်ဖူးတယ်။ ဘာတွေလုပ်လဲဆိုတော့ အသက် (၅၀) ဝန်းကျင် အိမ်ထောင်ရှင်မတွေကို ဈေးတွေမှာ လိုက်မေးတာပေါ့။ မေးတဲ့အခါမှာ အဓိက က ဘယ်ဆီကို အကြိုက်ဆုံးလဲ။ ဘယ်ဆီကို မကြိုက် ဆုံးလဲ မေးတယ်။ သူတို့အကြိုက်ဆုံးဆီကတော့ မြေပဲဆီ၊ နှမ်းဆီ။ မကြိုက်ဆုံးဆီကတော့ စားအုန်း ဆီပေါ့။ ဘယ်ဟာကို အများဆုံးဝယ်ယူသုံးစွဲလဲ။ သုံးစွဲ မှု အများဆုံးကတော့ စားအုန်းဆီပဲ။ ဘာလို့လဲဆို တော့ စားအုန်းဆီကတော့ ဈေးနှုန်းသက်သက်သာသာ နဲ့ ရနေတာဆိုတော့။ အဓိကသူတို့ ဝယ်ယူသုံးစွဲနေတာ ကတော့ စားအုန်းဆီပဲ။ ဒုတိယလောက်မှ မြေပဲဆီ၊ နှမ်းဆီက စားသုံးမှုရှိတာ။ အဓိက က ဒါကိုကြည့်ပြီး ပြောရမယ်ဆိုရင် စားသုံးသူတွေရဲ့အကြိုက်ကတော့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီပေါ့။ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုအရ ကျွန်တော်တို့က စားအုန်းဆီကိုပဲ ဝယ်ယူသုံးစွဲနေရတဲ့ သဘောရှိတယ် ပေါ့။ အများအားဖြင့် စားသုံးသူအများစုက စားအုန်းဆီ ဝယ်ယူသုံးစွဲနေရတဲ့ သဘောရှိပါတယ်။

မေး - တစ်နှစ် တစ်နှစ်ကို ဆီက ခန့်မှန်းခြေ တန်ချိန် (၁၀)သန်းလောက် သွင်းနေရတယ်ဆိုတော့ သွင်းတဲ့ အခါမှာ ပြည်တွင်းကထုတ်လုပ်နိုင်တဲ့ ပမာဏရယ်၊ ပြည်ပက တင်သွင်းတာရယ် နှစ်ခုကိုယှဉ်မယ်ဆိုရင် ဘယ်ဟာကပိုများနေလဲ။ ပြည်တွင်းထုတ်လုပ်မှုက ဘယ်လောက်ရှိလဲ။
ဖြေ - ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် (၂၀ဝဝဝ)(၃၀ဝဝဝ)ဝန်းကျင်လောက်ပဲရှိတယ်။ ကျွန်တော်တို့ လိုအပ်ချက်က တစ်လကို တန်ချိန်(၇၀ဝဝဝ) (၈၀ဝဝဝ) လောက်လိုတယ်။ ကျန်တဲ့ဟာကို ပြည်ပ ကနေပြီးတော့ ပထမတင်သွင်းတာက တန်ချိန် (၅၀ဝဝဝ) လောက်သွင်းတယ်။ အခုဆိုလို့ရှိရင်တော့ တန်ချိန်(၇၀ဝဝဝ) နီးပါးလောက် တင်သွင်းနေရတာ ပေါ့။ အဲဒီမှာဘာတွေရှိလဲဆိုတော့ စားသုံးသူ‌ပြည်သူ တွေ သုံးစွဲတာရှိတယ်။ မုန့်တွေဘာတွေလုပ်တဲ့ စက်မှု ကုန်ကြမ်းသုံး၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အတွက် တင်သွင်းရတာတွေရှိတယ်။ လိုအပ်ချက်တွေ ရှိတယ်။ အားလုံးပေါင်းလို့ရှိရင် တန်ချိန် (၇၀ဝဝဝ) (၈၀ဝဝဝ) လောက်ရှိတယ်။ ပြည်တွင်းထုတ်လုပ်မှုက တန်ချိန်(၃၀ဝဝဝ) ဝန်းကျင်လောက်ပဲ ထုတ်နိုင်တာ ဆိုတော့ ကျန်တဲ့ဟာကို ပြည်ပကနေတင်သွင်းရ တာပေါ့။ ၂၀၂၁ ဒီဇင်ဘာလမှာ ကျွန်တော်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့တယ်။ အဲဒီအချိန်မှာ လက်ရှိ တန်ချိန်တင်သွင်းမှုကို ကျွန်တော်တို့က နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချချင်တယ်၊ ပြည်တွင်းမှာ ဆီထွက်သီးနှံပိုမိုစိုက်ပျိုးထုတ်လုပ်ချင်တယ် အဲဒီအ တွက်ကြောင့် ကျွန်တော်တို့ ယခင်တုန်းက တန်ချိန် (၇၀ဝဝဝ) (၈၀ဝဝဝ) လောက်တင်သွင်းနေရာက တန်ချိန် (၅၀ဝဝဝ)အထိ လျှော့ချပြီးတင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာ ကျွန်တော်တို့က ဘာတွေအခက် အခဲ တွေ့လာလဲဆိုတော့ နိုင်ငံခြားငွေဝယ်ယူရရှိမှု ခက်ခဲလာတယ်။ ဒီလိုနိုင်ငံခြားငွေဝယ်ယူရရှိမှု ခက်ခဲ လာတဲ့အတွက်ကြောင့် စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ နိုင်ငံခြားငွေ ဝယ်ယူရရှိမှု လွယ်ကူအောင် ဆိုပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး တော့ ဗဟိုဘဏ်နဲ့ ညှိနှိုင်းတယ်။ ညှိနှိုင်းတဲ့အခါမှာ နောက်ဆုံး ဗဟိုဘဏ်ကနေပြီးတော့ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို (၁၈၇၀) ရည်ညွှန်းဈေးနဲ့ နိုင်ငံခြားငွေရောင်းချပေးတယ်။ ရောင်းချ‌ပေးတဲ့အခါ မှာ အပြည့်အဝ ရောင်းချပေးတာမဟုတ်ဘူး။ ဥပမာ စားသုံးဆီ sector ကို ဒီတစ်ပတ်မှာ(၁၀)သန်းပေး လိုက်တယ်။ နောက်တစ်ပတ်(၂၀)ပေးရင်ပေးမယ်။ ဒေါ်လာရရှိမှုပေါ် မူတည်ပြီးတော့ ရောင်းချပေးတယ်။ ဒီလတော့(၈)သန်းရမယ်။ ဒီတစ်ပတ်တော့(၆)သန်း ရမယ်။ အဲဒါမျိုးတွေရောင်းချပေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က စားသုံးဆီတင်သွင်းပေးနေတဲ့ကုမ္ပဏီ တွေကို သင်္ဘောရောက်ရှိမှုနဲ့ အပတ်စဉ် ဆီရောက်ရှိမှု ကို senior လုပ်ပြီးတော့ သူတို့တင်သွင်းတဲ့ တန်ချိန် ပေါ်မူတည်ပြီး အချိုးကျ ပြန်လည်ပြီးတော့ စီစဉ် ဆောင်ရွက်ပေးလိုက်တယ်။ အဲဒီအချိန်တုန်းကတော့ နိုင်ငံခြားငွေက အဲဒီလို ရရှိပြီးတော့ တင်သွင်းခဲ့တယ်။ အဲဒီလိုတင်သွင်းပြီးတော့ ရောင်းချတဲ့အခါမှာ ကျွန်တော်တို့အသင်းကလည်း နိုင်ငံခြားငွေရရှိတဲ့ ဒေါ်လာနဲ့ညီမျှတဲ့ စားသုံးဆီတွေကို အသင်းကနေ ပြီးတော့ တာဝန်ယူပြီး ဖြန့်ဖြူးပေးတယ်။ အဲဒီလို အစီအစဉ်နဲ့ တာဝန်ယူပြီး ဖြန့်ဖြူးပေးခဲ့တာက ၂၀၂၁ အောက်တိုဘာလ၊ နိုဝင်ဘာလလောက်ကစပြီးတော့ ၂၀၂၂ မတ်လလောက်အထိ ဖြန့်ဖြူးရောင်းချပေးခဲ့တယ်။ အဲဒီလိုဖြန့်ဖြူးရောင်းချတဲ့အချိန်မှာတော့ ကျွန်တော်တို့မှာ အပတ်စဉ်သတ်မှတ် ရည်ညွှန်းဈေး ဆိုတာရှိတယ်။ အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေး ဆိုတာ တစ်ပတ်အတွင်းမှာ နိုင်ငံခြားမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြား‌ဈေးပေါ့ နိုင်ငံခြားဈေးရဲ့ တစ်ပတ်စာကို ကျွန်တော်တို့က average ယူလိုက်တယ်။ ယူလိုက် ပြီးတော့ ဒီဘက်က နိုင်ငံခြားငွေဈေး (၁၈၇၀)နဲ့ ပြင်ပ ပေါက်ဈေးရယ် average လုပ်ပြီးတွက်ချက်ပြီးတော့ အပတ်စဉ် ရည်ညွှန်း ဈေးကို အမြဲတမ်းထုတ်ပြန်တယ်။ အဲဒီလိုထုတ်ပြန်တဲ့အခါမှာ ခုနဆောင်ရွက်တဲ့ အပတ်စဉ် ရည်ညွှန်းဈေးနဲ့ ဆောင်ရွက်တဲ့အခါမှာ အဲဒီကာလတွေပေါ့ ၂၀၂၁ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ၂၀၂၂ မတ်လလောက်အထိ စားအုန်းဆီဈေးနှုန်းက သတ်မှတ်ရည်ညွှန်းဈေးထက် (၆)ရာခိုင်နှုန်း ကနေ (၈)ရာခိုင်နှုန်းအထိပဲ မြင့်တက်ပြီးတော့ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့နိုင်တာ တွေ့ရတယ်။ ဒါကတော့ ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့ အားသာချက်၊ အားနည်းချက်လေးတွေ ပြောပြတာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့က စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေရဲ့ အစီအစဉ်အတိုင်း ဖြန့်ဖြူးရောင်းချနိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ ရည်ညွှန်းဈေးကို (၂၁၀ဝ) သတ်မှတ်လိုက်တယ်ဆိုတဲ့ အခါမှာ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတွေက (၂၁၀ဝ)နဲ့ပဲ ပေးချေရတော့မယ်။ နိုင်ငံခြားငွေ ရောင်းချမှုရရှိမယ်။ အဲဒီနှုန်းထား ရရှိတဲ့အတွက် ကြောင့်မို့လို့ သူတို့လည်း နိုင်ငံခြားငွေ (၂၁၀ဝ)နဲ့ ရရှိပြီဆိုတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်အစီအစဉ်နဲ့ပဲ ရောင်းတော့ဆိုပြီး ကျွန်တော်တို့ကစီစဉ်လိုက်တာ ပေါ့နော်။ အဲဒီလိုမျိုးဖြစ်သွားတဲ့ အချိန်မှာတော့ စားအုန်းဆီဈေးနှုန်းတွေကတော့ ဇူလိုင်လ၊ ဩဂုတ် လ၊ စက်တင်ဘာလ လောက်မှာတော့ ကြီးမြင့်လာတာ တွေ့ရတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း စားသုံးဆီဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အပေါ်မှာ ထိန်းကျောင်းမှုတွေ ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကလည်း ထိန်းကျောင်းမှုတွေရှိပါတယ်။ သို့ပေမယ့်လည်း စားသုံးဆီဈေးနှုန်းတွေက မြင့်တက် လာတဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ပေါ့နော်။ ကျွန်တော်တို့ ရဲ့ အားနည်းချက်ရှိတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် မို့လို့လည်း နောက်ပိုင်းတော့ စားသုံးဆီဈေးနှုန်းကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ပြန်ပြီးတော့ စားသုံးဆီကို ယခင် တန်ချိန်(၅၀ဝဝဝ)ကနေတိုးပြီးတော့ လက်ရှိမှာ တင်သွင်းနေတယ်။ ဖြန့်ဖြူးမှုပိုင်းမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဦးစီးမှူးတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လူဦးရေနဲ့ လိုအပ်ချက်အတိုင်းကို ကျွန်တော်တို့က တိုင်းဒေသကြီးနဲ့ပြည်နယ်ကနေ ပေးပို့လာတဲ့ ကိုယ် စားလှယ်စာရင်းများအတိုင်း အသင်းကနေပြီးတော့ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီများ ပေးနိုင်တဲ့ဟာနဲ့ တွက်ချက်ပြီးတော့ အသင်းနဲ့ စားသုံးဆီတင်သွင်း ဖြန့်ဖြူးကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ အခုအချိန်မှာတော့ စားသုံးဆီဈေးနှုန်းတွေကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

မေး - ပြီးခဲ့တဲ့ကာလတစ်ကြောလေးမှာ ကျွန်တော် သတိထားလိုက်မိတာက လူတွေကြားထဲမှာ ဆီပြတ်လပ်မှုဖြစ်တော့မယ်ဆိုပြီးတော့ ဖြစ်ခဲ့တယ်။ ဆီ ပြတ်လပ်မှုဆိုတဲ့ သတင်းလေးထွက်လိုက်တာနဲ့ ဆီဈေး တွေလည်း ခုန်တက်သွားပြီးတော့ လူတွေကြားမှာ လှုပ်ရှားသွားတယ်။ အဲဒီတော့ အသင်းအနေနဲ့ ဆီနဲ့ ပတ်သက်ပြီး ပြတ်လပ်မှုရှိနိုင်လား၊ မရှိနိုင်ဘူးလားဆို တာ လူထုကို ရှင်းရှင်းလင်းလင်း message ပေး နိုင်လား။
ဖြေ - ပေးနိုင်ပါတယ်။ နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွေ၊ သက်ဆိုင်ရာ နိုင်ငံပိုင်မီဒီယာ တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါမှာလည်း ပြောပါ တယ်။ စားသုံးသူများကို ဘာများပြောချင်ပါသလဲဆိုတဲ့အချိန်မှာ ကျွန်တော်ပြောပါတယ်။ လက်ရှိမှာ နိုင်ငံ တော်အနေနဲ့ရော အသင်းအနေနဲ့ရော ပူးပေါင်းပြီး တော့ စားသုံးဆီတင်သွင်းမှုကို ပြည်တွင်းမှာ ဆီဖူလုံ အောင် ကျွန်တော်တို့တင်သွင်းနေပါတယ်။ ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိုလည်း ပိုပြီးတော့ အထွက် နှုန်းတွေတိုးလာအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာဆီဖူလုံမှုကို ပြည်သူလူထု အနေနဲ့ စိတ်မပူပါနဲ့။ စားသုံးဆီကို ပြတ်လပ်မယ် ထင်ပြီးတော့ ပူပန်စိုးရိမ်စိတ်ကြီးစွာနဲ့ လိုတာထက် ပိုပြီးတော့ ဝယ်ယူစုဆောင်းတာမျိုး မလုပ်ကြဖို့ ကျွန်တော်အမြဲတမ်း ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကို စိုးရိမ်စိတ်နဲ့ဝယ်ယူစုဆောင်းရင်းနဲ့ စားသုံး ဆီဈေးနှုန်းတွေက မြင့်တက်သွားနိုင်တယ်ဆိုတဲ့ အကြောင်းကို အမြဲ message ပေးပါတယ်။

မေး - တစ်လကို တန်ချိန်(၇၀ဝဝဝ၀) (၈၀ဝဝဝ၀) လောက်လိုတယ်ဆိုတော့ လစဉ်လစဉ် တင်သွင်းမှု အတွက် နိုင်ငံခြားငွေကုန်ကျမှု ပျမ်းမျှ ဘယ်လောက်ရှိလဲ။ အဲဒီအတွက် နိုင်ငံခြားငွေကိုကော လုံလုံ လောက်လောက်ရရဲ့လား။
ဖြေ - နိုင်ငံခြားငွေကတော့ နိုင်ငံခြားဈေးနဲ့တွက်ရင် အခုချိန်မှာဆိုလို့ရှိရင် တစ်တန်ကို ပျမ်းမျှဒေါ်လာ (၁၀ဝဝ)နဲ့ ဆိုရင်တော့ နိုင်ငံခြားငွေ သန်း(၇၀)(၈၀)လောက်တော့ ရှိတာပေါ့။ နိုင်ငံခြားငွေကို နိုင်ငံတော် ကနေပြီးတော့ ယခင်တုန်းကတော့ ၅၀ ရာခိုင်နှုန်းကို (၂၁၀ဝ)နှုန်းနဲ့ရောင်းချပေးတယ်။ ကျန်တဲ့ ၅၀ ရာ ခိုင်နှုန်းကတော့ ပေါက်ဈေးနဲ့ရောင်းချပေးတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေစ ပြီး ၃၅ ရာခိုင်နှုန်းကို ၂၁၀ဝနဲ့ ထပ်မံရောင်းချ‌ပေးတယ်။

မေး - နောက်တစ်ခုက ပြည်ပကနေတင်သွင်းတဲ့ Quality ပိုင်း‌‌မှာ ပြည်သူလူထုရဲ့ သံသယတွေရှိ ပါတယ်။ ဆီက Quality မီရဲ့လားပေါ့။ တစ်ခါတလေ မှာ ပြန်ကြော်ဆီတွေပြန်သုံးတာမျိုးတွေ အရည်အသွေး ညံ့ဖျင်းတဲ့ဆီတွေကိုသုံးတော့ လူတွေဟာ ကျန်းမာရေးထိခိုက်မှုဖြစ်တယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ ထောက်ပြချက်တွေလည်း တွေ့ရတယ်။ အဲဒါကကျတော့ ဆီအသင်းကိုပဲ အားလုံးကပြုံပြီးတော့ မြင်လာကြတယ်။ ဒါကိုကော ဆီနဲ့ပတ်သက်တဲ့ အရည်အသွေးပိုင်းကို ဘယ်လိုအာမခံချက်တွေနဲ့ သွင်းနေလဲ။
ဖြေ - အဲဒါနဲ့ပတ်သက်ပြီးတော့ ၂၀၁၀၊ ၂၀၁၁ ခုနှစ် ကတည်းက တင်သွင်းမှုပိုင်းမှာ ယခင်က ကျွန်တော်တို့ နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ တို့၊ တရုတ်တို့တင်သွင်းမှုဟာ စားအုန်းဆီ Cloud Point 10 (IV 56) အဲဒီနောက်ပိုင်းမှာ ၂၀၁၁ လောက် ကနေစပြီးတော့ Cloud Point 8(IV 58)
ဖြစ်သွားတယ်။ Cloud Point လည်း ပိုမြင့်သွားတယ် IV လည်းပိုမြင့်သွားတယ်။ Cloud Point
နည်းလေ ဆီ အရည်အသွေးကောင်းလေပဲ။ IV မြင့်လေ ဆီ အရည် အသွေးကောင်းလေပဲ။ အဲဒါကို ၂၀၁၁ ခုနှစ်လောက် တည်းကနေစပြီးတော့ ပြောင်းလဲတင်သွင်းလာတာ။ အိမ်နီးချင်းနိုင်ငံတွေတောင်မှ ပုံမှန် စားသုံးနေတာ Cloud Point 10 (IV 56) ပဲစားတာ။ ကျွန်တော်တို့နိုင်ငံ အတွက်ကို special order မှာမှ နိုင်ငံခြားက လုပ်ပေးတာ။ ကိုဗစ်ကာလမှာဆိုရင် တော်တော်ခက်ခဲသွားတယ်။ ကျွန်တော်တို့အတွက် အော်ဒါလုပ်ပေးရတဲ့ စက်ရုံက ရှားတယ်။ သူတို့ဆီမှာက ပုံမှန်ထုတ်နေတာ Cloud Point 10 တွေချည်းပဲ ထုတ်နေတာ။ ကျွန်တော်တို့နိုင်ငံအတွက်ကို Cloud Point 8 ကိုသီး သန့် လုပ်ပေးရတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် တို့ကို ရောင်းတဲ့လူက တော်တော်ရှားသွားတယ်။ အဲဒီ တုန်းက ကိုဗစ်ဆိုတော့ ဟိုဘက်မှာလည်း စက်ရုံအလုပ်ရုံတွေက ပိတ်တဲ့အပိုင်း‌တွေ ပါတာပေါ့နော်။ အဲဒီ လိုမျိုးတွေအထိ ကျွန်တော်တို့က အရည်အသွေး ကောင်းတဲ့ဟာကို တင်သွင်းနေတာ။ ပြည်သူလူထုက ထင်နေတာက စားအုန်းဆီအညံ့တွေ လာတယ် ထင် နေတာ။ မဟုတ်ဘူး။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ တွေ တင်သွင်းတာထက် ပိုကောင်းတယ်။ မလေးရှား ဆိုလည်း Cloud Point 10 ပဲစားတာ။ အိန္ဒိယလည်း ဒါပဲ။ ကျွန်တော်တို့က သူတို့ထက်ပိုကောင်းတာကို ဝယ်ယူတင်သွင်းတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို တင်သွင်းတဲ့ဆီက ပိုပြီးတော့ အရည်အသွေး ကောင်းတယ်။ အရည်အသွေးကောင်း မကောင်းကိုလည်း ကျွန်တော်တို့က FDA ကို အကြောင်းကြားပြီးသား။ စားအုန်းဆီရောက်ရှိလာတဲ့အခါမှာ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းဆိုပြီး (MITS) ဆိုပြီးဖွဲ့စည်းထားတာ ရှိပါတယ်။ သူကနေပြီးတော့ သင်္ဘောတွေရောက်လာတဲ့အခါမှာ သင်္ဘောပေါ်မှာ ပါလာတာတွေကို စစ်တယ်။ ပြီးတော့မှ အထက်၊ အလယ်၊ အောက် ချိပ်ပိတ်တယ်။ ချိပ်ပိတ်ပြီးတော့ ကနဦးဓာတ်ခွဲခန်းမှာ စမ်းတယ်။ ကနဦး စစ်တာ မှန်တယ်ဆိုမှ အဲဒီဆီတွေကို ဆီကန်ထဲကိုထည့်တယ်။ ဆီကန်ထဲကိုရောက်တဲ့ အခါမှာလည်း အဲဒီလိုပဲ အ‌ပေါ်၊ အလယ်၊ အောက်ကို နမူနာယူပြီးတော့ ထပ်စမ်းတယ်။ ထပ်စမ်းပြီးတော့ တစ်ခါတည်းချိပ်ပိတ် မှတ်တမ်းမှတ်ရာတွေ တစ်ခါတည်းကပ်ပြီးတာနဲ့ FDA ကိုပို့လိုက်တယ်။ FDA မှာပြန်စစ်တယ်။ FDA မှာစစ်တဲ့အခါမှာ ခုနကျွန်တော်ပြောတဲ့ Cloud Point 8(IV 58) ဆိုတာမှန်သလား။ အဲဒါတွေမှန်တော့မှ စားသုံးလို့သင့်တယ်ဆိုပြီး ဖြန့်ဖြူးရောင်းချခွင့်‌ပေးတာပေါ့။ စနစ်တကျနဲ့ ဒီအပိုင်းမှာဆောင်ရွက် ထားပါတယ်။ အသင်းအနေနဲ့ရော နိုင်ငံတော်ဘက်ကရော ကျန်းမာရေးဝန်ကြီးဌာန ဘက်ကရော စနစ် တကျနဲ့ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် စားသုံးဆီ အရည်အသွေး ညံ့တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး။ နောက်တစ်ခုက လူတွေပြောပြောနေတဲ့ မြောင်းဆီ မြောင်းဆီဆိုတာမျိုးပေါ့။ အဲဒါမျိုးတွေကို လည်း ရှင်းပြမယ်။ အမှန်ကတော့ မြောင်းဆီဆိုတာ တင်စားပြီးပြောတာပါ။ အဓိက က စားသုံးသူတွေကို လည်း အသိပညာပေးတာတွေ အများကြီးလုပ်ရဦး မယ်။ ဥပမာ အိမ်ရှင်မတွေက ဆီကိုအပြန်ပြန် သုံးနေတာပေါ့။ အိမ်မှာတစ်ခုခုကို ချက်လိုက်တယ်။ ကြော်လိုက်တယ်။ ပြီးရင် အဲဒီဆီလေးကို ပြန်ပြီးတော့ သိမ်းထားတယ်။ ပြီးရင်နောက်တစ်ခါ ပြန်ကြော်တယ်။ ဆီကအရောင်ပြောင်းနေပြီ ဆက်ချက်နေတုန်းပဲ။ အမှန်က မြောင်းထဲကို လွှင့်ပစ်ရတော့မယ့် ဆီတွေ။ နှစ်ပြန်လောက်ပဲကြော်တာ ကောင်းတယ်။ သုံးလေး ပြန်လောက်ကြော်ပြီးတဲ့အခါမှာ ဆီက အရောင်လည်း ပြောင်းသွားပြီ။ ဓာတ်တွေလည်းပြောင်းသွားပြီ။ စွန့်ပစ်ရမယ့်ဆီကို မစွန့်ပစ်ဘဲနဲ့ သုံးနေတဲ့အတွက်ကြောင့် မြောင်းဆီတွေကို သုံးစွဲနေတယ်ဆိုပြီး ပြောကြတာ ပေါ့။ အမှန်ကတော့ မြောင်းထဲကဆီကို ပြန်ပြီးတော့ လုပ်တာတော့မဟုတ်ပါဘူး။ အပြင်မှာကတော့ တင်စားကြတာပေါ့။ တရုတ်ပြည်ဘက်မှာတော့ မြောင်းဆီတွေကိုခပ်ပြီး ပြန်ချက်တာတို့ဘာတို့တော့ ကြုံဖူးတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲမှာတော့ တစ်ခါမှ အဲဒီလိုမတွေ့ရပါဘူး။

မေး - ဆီနဲ့ပတ်သက်ရင် မလုပ်သင့်တာတွေလုပ်တဲ့ ဇာတ်လမ်းတွေလည်း ခဏခဏ ကြားရတယ်။ အသင်းက ကြီးကြပ်မှုအားကောင်းပေမယ့် အသင်းရဲ့‌ အောက်မှာမရှိတဲ့တချို့လူတွေကျတော့လည်း ထင် ရာစိုင်းနေကြတဲ့ သဘောပေါ့။ ဥပမာ ပြောရရင် အသုံးပြုပြီးသားဆီလိုဟာမျိုးတွေကို ပြန်ယူပြီးတော့ ဓာတုဆေးတစ်မျိုးထည့်ပြီး ပြန်ကောင်းအောင်လုပ်တာ မျိုးတွေ စသည်ဖြင့်ပေါ့။ သတင်းတွေကြားရတယ်။ သိမ်ကြီးဈေးမှာ ဝင်ဖမ်းတာမျိုးတွေပေါ့။ ဒီလိုဖြစ်စဉ်မျိုးတွေက အကြီးအကျယ် ပေါ်ပေါက်နေတော့ ဒီလို လုပ်တဲ့သူတွေနဲ့ ဆီအသင်းနဲ့ကို ရောထွေးရှုမြင်ပြီးတော့ ပြောလို့ရမလား။ ခွဲပြီးတော့ ဘယ်လိုပြောလို့ရမလဲ။
ဖြေ - ဓာတုအနံ့ဆိုတာရှိတယ်။ အနံ့အမျိုးမျိုးတွေ ရောင်းကြတာတွေရှိတယ်။ ဒီအနံ့အမျိုးမျိုးရောင်း တဲ့ဆိုင်တွေကတော့ တရားဝင်ရောင်းချနေတာပေါ့။ တရားဝင်ရောင်းချနေတယ်ဆိုတာ ဘာကိုဆိုလိုချင်လဲ ဆိုတော့ ဒီဓာတုအနံ့သည် မုန့်လုပ်တဲ့နေရာတွေမှာ သုံးတဲ့ဟာတွေ။ ဥပမာ ရေခဲမုန့်ဆိုရင် စတော်ဘယ်ရီ ရေခဲမုန့်၊ ဒူးရင်းသီးရေခဲမုန့်၊ သရက်သီးရေခဲမုန့်၊ ပူတင်းဆိုလည်း ပူတင်းတွေပေါ့ မုန့်လုပ်တဲ့နေရာမှာ ကိတ်မုန့်တွေလုပ်တဲ့နေရာမှာသုံးတယ်။ အဲဒီနေရာမှာ အနံ့ထည့်တာ။ ဒီအနံ့သည် FDA က စမ်းသပ်စစ်ဆေး ပြီးတော့ သူတို့ခွင့်ပြုထားတာ။ တရားဝင် FDA က စမ်းသပ်ပြီးတော့ ဒီအနံ့တွေကို ထည့်ခွင့်ပေးထားတာ။ ဒါတွေက ဘယ်နေရာမှာသုံးလဲဆို‌တော့ ရေခဲမုန့်လုပ်တဲ့ နေရာတွေမှာသုံးတယ်။ တခြားမုန့်တွေ အနံ့ထည့်တဲ့ နေရာတွေမှာသုံးတယ်။ စတော်ဘယ်ရီ ရေခဲမုန့် ဆို အနံ့လေးပဲထည့်လိုက်တာ။ ဒူးရင်းသီးဆိုလည်း အနံ့လေးပဲထည့်လိုက်တာ။ အဲဒီလိုပဲ မြေပဲထောပတ် ဆိုလည်း အနံ့လေးပဲသုံးလိုက်တာ။ ဒါတွေက တခြား မုန့်တွေလုပ်တဲ့အခါမှာ သုံးဖို့ ခွင့်ပြုထားတဲ့ဟာတွေ။ အဲဒါကို စားအုန်းဆီမှာကျတော့ ထည့်သွင်းခွင့်မရှိဘူး။ ဥပမာ စားအုန်းဆီထဲကို မြေပဲနံ့ထည့်လိုက်ရင် မြေပဲဆီ အနံ့ပေါက်သွားပြီ။ ဒါပေမဲ့ စားအုန်းဆီထဲကို ဒီ အနံ့ ထည့်လို့မရဘူး။ ထည့်လိုက်တာနဲ့ စားသုံးသူကို အန္တရာယ်ဖြစ်လား ဆိုတော့ အန္တရာယ်တော့မဖြစ်ဘူး။ ဒါပေမဲ့သူသည် စားသုံးသူကို လိမ်လည်ရောင်းချခြင်း ဖြစ်သွားတယ်။ ဥပမာ- စားအုန်းဆီဈေးနှုန်းကို ဒီ အနံ့လေးထည့်ပြီး မြေပဲဆီဈေးနှုန်း တက်ရောင်းလို့ သူသည် ပြစ်မှုမြောက်တယ်။ စားသုံးသူကာကွယ်ရေး ဥပဒေနဲ့ ငြိစွန်းတယ်။ စားသုံးသူကိုလိမ်လည် ရောင်း ချတဲ့ အပြစ်ဖြစ်သွားတယ်။ ကျွန်တော်တို့ကတော့ ဒါကိုမလုပ်ဖို့ကိုတော့ ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်ကြတာဖြစ်တယ်။ ဒါကတော့မလုပ်သင့်တဲ့ဟာတွေပေါ့နော်။ အဲဒါမျိုးလုပ်လို့ရှိရင် စားအုန်းဆီနဲ့ မြေပဲနံ့ နဲ့ ရောပြီး ရောင်းချင်လို့ရှိရင် တရားဝင်လုပ်ပါ။ ဥပမာ- စားအုန်းဆီက(၇၀)ရာခိုင်နှုန်းပါတယ် မြေပဲ က (၃၀) ရာခိုင်နှုန်းပါတယ် ရောတယ်ဆိုတာကို တရားဝင်ဖော်ပြရမယ်။ ဘူးသွတ်ဆီဖြစ်ရမယ်။ ပါကင် ပိတ်ထားရမယ်။ မြေပဲနံ့က ၃၀ ရာခိုင်နှုန်း ဘယ်လောက် ရာခိုင်နှုန်းဆိုတာ ဖော်ပြရမယ်။ ဥပမာ- မြေပဲနံ့က ၂၀ ရာခိုင်နှုန်းဆိုလည်း ၂၀ ရာခိုင်နှုန်းပါတယ် စားအုန်းဆီက ၈၀ ရာခိုင်နှုန်းဖော်ပြရမယ်။ ဒီပေါ်မှာပဲ တွက်ချက်ပြီးတော့ ရောင်းရမယ်။ စားသုံးသူကို အတိအလင်း ကြေညာရမယ်။ ဒါကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေမှာ တစ်ခါတည်းပြဋ္ဌာန်းပြီးသား။ အဲဒီတော့ ကျွန်တော်တို့ကတော့ ရောနှောဆီ ရောင်းမယ် ဆိုရင်တော့ ဒီလိုခွက်မှောက်ခွက်လှန် ခွင့်မပြုပါဘူး။ တရားဝင် ဘူးသွတ်ပြီးတော့ FDA မှာ သွားပြီးတော့ မှတ်ပုံတင်ပြီးတော့မှ ရောင်းချဖို့ကို ခွင့်ပြုထားပါတယ်။
မေး - ဆီနဲ့ ပတ်သက်ရင် ထုတ်လုပ်တဲ့ စက်ရုံကနေ စပြီးတော့ သင်္ဘော၊ သင်္ဘောကနေ ဖြန့်ချိရေး အဖွဲ့ တွေ ။ အဲဒီကနေ ဈေးထဲအထိ။ ဈေးထဲရောက်တော့ ဆီတွေက ပုံစံပြောင်းသွားတာမျိုးတွေ ၊ အဲဒီလိုမျိုးဖြစ်စဉ် လေးတွေ များသောအားဖြင့် တွေ့ရတယ်။ ဆိုလိုတာ က ဈေးထဲမှာရောင်းတဲ့ ဈေးသည်တွေကျတော့သူရောင်း တန်းဝင် အမြတ်ရဖို့တင်တာ။ စားအုန်းဆီကို ပဲဆီဖြစ်အောင် Change ပစ်တာမျိုးတွေ။ ဒါမျိုးတွေ သက်တမ်းတစ်လျှောက်မှာ လေ့လာတွေ့ရှိမှုတွေ ရှိလား။
ဖြေ - အဲဒါမျိုးတွေ တချို့ကြားနေရတယ်။ အဓိက က ပြည်ပကနေ တင်သွင်းလာတယ်။ တင်သွင်းလာပြီး တော့ ကျွန်တော်တို့ဆီကို ရောက်တယ်။ FDAက စစ်ဆေးတယ်။ ဒီထိက ပြဿနာ မရှိသေးဘူး။ အဲဒီ ကနေ ဖြန့်ဖြူးလိုက်တယ်။ အဲဒီကနေ ဆီကန်တွေ ကနေ ပြန်ပြီးတော့ ပီပါတွေ ၊ ဒရမ်တွေနဲ့ ဖြန့်ဖြူးလိုက် တယ်။ အဲဒီ ဖြန့်ဖြူးတဲ့အပိုင်းမှာလည်း ဒီလောက် ပြဿနာမရှိသေးဘူး။ ဈေးကွက်ထဲရောက်သွားတဲ့ အခါမှာ ကျွန်တော်တို့ အတွေ့အကြုံအရဆို နည်းတော့ နည်းပါတယ်။ ဘာလို့ဆို အကုန်လုံးက ဒီအ တိုင်းကြီး ဖြန့်ဖြူးမှုအပိုင်းမှာ အကုန်လုံး သက်ဆိုင်ရာ သက်ဆိုင်ရာ အကုန်လုံးတစ်ခါတည်း ရောက်သွားကြတာ။ ဈေးတွေမှာ လက်လီရောင်းတာလည်း သူတို့ ခွက်မှောက်ခွက်လှန် ဖြစ်နေတာပေါ့နော်။ ခွက်မှောက် ခွက်လှန်ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဈေးတွေမှာ တချို့ မသမာသူလုပ်တာတော့ အနည်းအကျဉ်းတော့ ရှိတော့ရှိမယ်ပေါ့နော်။ ဒါကို အတိအကျ တိုင်ကြားပါ ပြောပါဆိုတာကို အဲဒါမျိုး အတိအကျလာပြီးတော့ ပြောတာမျိုးမတွေ့ရဘူးပေါ့နော်။ အတိအကျ ဘယ် သူက ဘယ်လိုလုပ်နေပါတယ်။ ဘယ်လို ရောင်းနေပါ တယ်ဆိုတာမျိုးကို အတိအကျ ရောင်းနေတဲ့ဟာတွေ တွေ့ရင် ကျွန်တော်တို့ကို ပြောပါဆိုတဲ့အခါကျတော့ တစ်ယောက်မှလာပြီး ပြောပြတာမရှိဘူးပေါ့။ နောက်တစ်ခုက ဆီကန်ကနေထုတ်တဲ့အပိုင်းလေးလည်း ကျွန်တော် ပြောပြပါမယ်။ ဆီကန်ကနေ ပီပါတွေနဲ့ ထုတ်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ ပီပါအပြာတွေ က ရှင်းရှင်းပြောရရင် Chemical ပီပါတွေပဲ။ ဓာတု ဆေးဝါးတွေထည့်ထားတဲ့၊ ဓာတုပစ္စည်းတွေ ထည့် ထားတဲ့ ပီပါတွေ။ ဒါတွေကို ပြန်ပြီး ဆေးကြောပြီး သုံးနေရတဲ့ အပိုင်းတွေ ရှိတာပေါ့။ ဒါကြောင့်မို့ ကျွန် တော်တို့က စီးပွားကူးသန်းက စားသုံးသူရေးရာ ဦးစီးဌာနနဲ့ ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီးတော့ အစားအ စာထည့်တဲ့ ပီပါတွေနဲ့ပဲသုံးသင့်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ရှိပါပြီ။ အဲဒီပီပါ တွေကို ကျွန်တော်တို့ ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ညှိနှိုင်းပြီး သူတို့ကိုကျွန်တော်တို့ ထုတ်ခိုင်းထားပါတယ်။ အဲဒီမှာ အခုလက်ရှိမှာ Popular ပလတ်စတစ်က ထုတ်နေပါတယ်။ သူတို့ ထုတ်ပြီးရောင်းချနေတယ်။ ကျွန်တော်တို့ဆီကလူ တွေလည်းသုံးနေပြီ။ အဲဒါက ဘာလဲဆိုရင် ပီပါအဝါ ကြီးတွေ။ International မှာ သုံးတာက စားသောက် ကုန်မှာ အဝါတွေနဲ့ပဲသုံးတာကို။ chemical
ကျတော့ အပြာ ပီပါသုံးတာ။ အခုနောက်ပိုင်းကျတော့ ကျွန်တော်တို့က အဝါပီပါတွေပဲ သုံးနေပြီ။ စားသုံးဆီ ထည့်သွင်းလို့လည်း အန္တရာယ်မရှိဘူးပေါ့။ ဒီ chemical တွေ အန္တရာယ် မရှိတော့ဘူးပေါ့။ အဲဒါတွေ ကို ကျွန်တော်တို့က ပြောင်းလဲပြီးတော့ လုပ်နေပြီ။ နောက်ပိုင်းဆိုရင် အဖုံးကို စနစ်တကျ ဖုံးပြီးသယ်မယ်။ သယ်ဖို့လည်း လုပ်နေပါပြီ။ အဲဒါမျိုးလုပ်တဲ့အတွက်ကြောင့်မို့ End User တွေဆီကိုရောက်တဲ့ အထိကတော့ ကြားမှာ မသမာမှုတွေ ဒီဆီကို မဟုတ်တာ လုပ်တာတွေ တော်တော်လေး လျော့နည်းသွားပါလိမ့်မယ်။

မေး - ဟုတ်ကဲ့ နောက်တစ်ချက်က ပြည်တွင်းမှာ နိုင်ငံရေးပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာခဲ့မယ်ဆိုရင် ပြည်တွင်း ဆီစားသုံးမှု အဆင်ပြေအောင် ဆီလုပ်ငန်း ရှင်များအသင်းအနေနဲ့ ဘယ်လို ပြင်ဆင်မှုတွေရှိလဲ။ ဘယ်လို အစီအစဉ်များရှိမလဲ။
ဖြေ - ကျွန်တော်တို့ Sector က ကျွန်တော်တို့မှာ အစကတည်းက ကိုဗစ်ကာလက ကြုံခဲ့ဖူးတယ်ပေါ့နော်။ ကိုဗစ်ကာလဆိုရင် တော်တော်ခက်ခဲပါတယ်။ ဘာလို့ ဆို ဟိုဘက်က ယိုးဒယား၊ မလေးရှားတို့၊ အင်ဒိုနီးရှား တို့မှာ စက်ရုံတွေ ပိတ်သွားမလောက်ထိကို ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့ အဲဒီအချိန် ပိတ်သွားလောက်တဲ့အထိ ဖြစ်တယ်။ နောက်တစ်ခါ နိုင်ငံရေး အပြောင်းအလဲ တစ်ခါတည်းဖြစ်တယ်။ နိုင်ငံရေးကိစ္စလေးတွေ။ နိုင်ငံရေးအပြောင်းအလဲလေးတွေ ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အချိန်က ၂၀၂၁ ခုနှစ် နိုဝင်ဘာ လ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ တောက်လျှောက်ပဲဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အခါ ကျွန်တော်တို့ အသင်းအနေနဲ့ ပြည်တွင်းမှာ စားသုံးဆီ ပြတ်လပ်သွားမှာကိုလည်း စိုးရိမ်တယ်။ ဈေးနှုန်းတွေ ကြီးမြင့်သွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ ဒီစားသုံး ဆီ တင်သွင်းတဲ့ကုမ္ပဏီတွေကို အကုန်ဖိတ်ခေါ်တယ်။ အဲဒီအချိန်မှာ လက်ရှိ တင်သွင်းနေတဲ့ လူတွေရော၊ နောက်ထပ် တင်သွင်းမယ့် ကုမ္ပဏီတွေရော တင် သွင်းပေးကြပါ။ ကျွန်တော်တို့ ဒီစားသုံးဆီ ပြတ်သွားလို့မရဘူး။ ပြည်ပကိုလည်း ကျွန်တော်တို့ တစ်ခါတည်း ချိတ်ဆက်ထားတယ်။ စက်ရုံ အလုပ်အရုံတွေ အားလုံးကို။ ပိတ်တဲ့စက်ရုံလည်းရှိတယ်။ မပိတ်တဲ့စက်ရုံလည်းရှိတယ်။ ဒါတွေကို ကျွန်တော်တို့က အကုန်ချိတ်ဆက်ထားတယ်။ ကျွန်တော်တို့နိုင်ငံက ကျွန်တော်တို့ ဝယ်ယူ ရရှိအောင် ကြိုးစားပြီးတော့ ဆောင်ရွက်တယ်။ အဲဒီလိုမျိုး ဆောင်ရွက်တဲ့အတွက်ကြောင့်မို့ ဒီကာလတွေမှာဆိုရင် ကျွန်တော်တို့ဆီမှာ စားသုံးဆီ ဈေးနှုန်းမကြီးမြင့် သလို မပြတ်သွားဖို့ ပုံမှန် ဝင်အောင် ကျွန်တော်တို့ဆောင်ရွက်နိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အခုလိုမျိုး အခြေအနေကစပြီး နောင်လာမယ့် အနာဂတ်မှာလည်း ပြည်တွင်းစားသုံး ဆီ ပြတ်လပ်မှုကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version;
စားသုံးဆီေဈးႏႈန္းျပႆနာ၊ ေျမာင္းဆီနဲ႔ ဆီေလာကအေထြေထြအေၾကာင္း (အင္တာဗ်ဴး)
ေအဝိုင္အီး၊ ယြန္း (NP Nwes) - ေဖေဖာ္ဝါရီ ၂၁

ႏိုင္ငံေရးအေျခအေနမ်ား တည္ၿငိမ္မႈမရွိသည့္ ျမန္မာႏိုင္ငံ၌ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ဩဂုတ္လမွစတင္၍ စားအုန္းဆီေဈးႏႈန္း တစ္စတစ္စ ျမင့္တက္လာခဲ့သည္။ ျပည္တြင္းဆီထုတ္လုပ္မႈ နည္းပါးသည့္ အတြက္ ဆီတင္သြင္းမႈကို တိုးျမႇင့္တင္သြင္းလ်က္ရွိသည္။ ထို႔ျပင္ အဆိုပါစားအုန္းဆီမ်ားအေနျဖင့္ က်န္းမာေရးႏွင့္ ညီၫြတ္မႈမရွိေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။ ယင္းကဲ့သို႔အေၾကာင္းအရာမ်ား အပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားအုန္းဆီေဈးႏႈန္းမ်ား ထပ္မံျမင့္တက္လာမည္ကို စိုးရိမ္မႈမ်ားလည္း ရွိေနသည္။ ထို႔ေၾကာင့္ စားအုန္းဆီေဈး ျမင့္တက္မႈမ်ားႏွင့္ပတ္သက္၍ TheStatesman ဂ်ာနယ္က ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးဆန္းလင္းအား ေတြ႕ဆုံေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

ေမး - ဆီနဲ႔ပတ္သက္လို႔ ျပည္သူလူထုသိရမယ့္ အ ေရးႀကီးဆုံးအခ်က္တစ္ခ်က္ရွိပါတယ္။ တစ္ဦးခ်င္း ဆီစားသုံးႏႈန္း ဘယ္ေလာက္ရွိလဲ။ ႏွစ္စဥ္ ဆီအမ်ိဳး အစားနဲ႔ စားသုံးႏႈန္းက ဘယ္ေလာက္ရွိတယ္လို႔ ခန႔္မွန္းထားလဲ။
ေျဖ - လူတစ္ဦးစားသုံးႏႈန္းကေတာ့ အၾကမ္းဖ်င္း တြက္ရင္ေတာ့ တစ္ရက္ကို ႏွစ္က်ပ္ခြဲသားေလာက္ စားသုံးပါတယ္။ တစ္ႏွစ္စာဆိုလို႔ရွိရင္ေတာ့ တန္ခ်ိန္ (၁၀)သန္း ေက်ာ္ေလာက္လိုပါတယ္။ သုေတသန ကုမၸဏီတစ္ခုနဲ႔ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္ကို survey လုပ္ဖူးတယ္။ ဘာေတြလုပ္လဲဆိုေတာ့ အသက္ (၅၀) ဝန္းက်င္ အိမ္ေထာင္ရွင္မေတြကို ေဈးေတြမွာ လိုက္ေမးတာေပါ့။ ေမးတဲ့အခါမွာ အဓိက က ဘယ္ဆီကို အႀကိဳက္ဆုံးလဲ။ ဘယ္ဆီကို မႀကိဳက္ ဆုံးလဲ ေမးတယ္။ သူတို႔အႀကိဳက္ဆုံးဆီကေတာ့ ေျမပဲဆီ၊ ႏွမ္းဆီ။ မႀကိဳက္ဆုံးဆီကေတာ့ စားအုန္း ဆီေပါ့။ ဘယ္ဟာကို အမ်ားဆုံးဝယ္ယူသုံးစြဲလဲ။ သုံးစြဲ မႈ အမ်ားဆုံးကေတာ့ စားအုန္းဆီပဲ။ ဘာလို႔လဲဆို ေတာ့ စားအုန္းဆီကေတာ့ ေဈးႏႈန္းသက္သက္သာသာ နဲ႔ ရေနတာဆိုေတာ့။ အဓိကသူတို႔ ဝယ္ယူသုံးစြဲေနတာ ကေတာ့ စားအုန္းဆီပဲ။ ဒုတိယေလာက္မွ ေျမပဲဆီ၊ ႏွမ္းဆီက စားသုံးမႈရွိတာ။ အဓိက က ဒါကိုၾကည့္ၿပီး ေျပာရမယ္ဆိုရင္ စားသုံးသူေတြရဲ႕အႀကိဳက္ကေတာ့ ေျမပဲဆီ၊ ႏွမ္းဆီ၊ ေနၾကာဆီေပါ့။ ဒါေပမဲ့ လက္ရွိ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးမႈအရ ကြၽန္ေတာ္တို႔က စားအုန္းဆီကိုပဲ ဝယ္ယူသုံးစြဲေနရတဲ့ သေဘာရွိတယ္ ေပါ့။ အမ်ားအားျဖင့္ စားသုံးသူအမ်ားစုက စားအုန္းဆီ ဝယ္ယူသုံးစြဲေနရတဲ့ သေဘာရွိပါတယ္။

ေမး - တစ္ႏွစ္ တစ္ႏွစ္ကို ဆီက ခန႔္မွန္းေျခ တန္ခ်ိန္ (၁၀)သန္းေလာက္ သြင္းေနရတယ္ဆိုေတာ့ သြင္းတဲ့ အခါမွာ ျပည္တြင္းကထုတ္လုပ္ႏိုင္တဲ့ ပမာဏရယ္၊ ျပည္ပက တင္သြင္းတာရယ္ ႏွစ္ခုကိုယွဥ္မယ္ဆိုရင္ ဘယ္ဟာကပိုမ်ားေနလဲ။ ျပည္တြင္းထုတ္လုပ္မႈက ဘယ္ေလာက္ရွိလဲ။
ေျဖ - ျပည္တြင္းထုတ္လုပ္မႈက တန္ခ်ိန္ (၂၀ဝဝဝ)(၃၀ဝဝဝ)ဝန္းက်င္ေလာက္ပဲရွိတယ္။ ကြၽန္ေတာ္တို႔ လိုအပ္ခ်က္က တစ္လကို တန္ခ်ိန္(၇၀ဝဝဝ) (၈၀ဝဝဝ) ေလာက္လိုတယ္။ က်န္တဲ့ဟာကို ျပည္ပ ကေနၿပီးေတာ့ ပထမတင္သြင္းတာက တန္ခ်ိန္ (၅၀ဝဝဝ) ေလာက္သြင္းတယ္။ အခုဆိုလို႔ရွိရင္ေတာ့ တန္ခ်ိန္(၇၀ဝဝဝ) နီးပါးေလာက္ တင္သြင္းေနရတာ ေပါ့။ အဲဒီမွာဘာေတြရွိလဲဆိုေတာ့ စားသုံးသူ‌ျပည္သူ ေတြ သုံးစြဲတာရွိတယ္။ မုန႔္ေတြဘာေတြလုပ္တဲ့ စက္မႈ ကုန္ၾကမ္းသုံး၊ ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ေတြ အတြက္ တင္သြင္းရတာေတြရွိတယ္။ လိုအပ္ခ်က္ေတြ ရွိတယ္။ အားလုံးေပါင္းလို႔ရွိရင္ တန္ခ်ိန္ (၇၀ဝဝဝ) (၈၀ဝဝဝ) ေလာက္ရွိတယ္။ ျပည္တြင္းထုတ္လုပ္မႈက တန္ခ်ိန္(၃၀ဝဝဝ) ဝန္းက်င္ေလာက္ပဲ ထုတ္ႏိုင္တာ ဆိုေတာ့ က်န္တဲ့ဟာကို ျပည္ပကေနတင္သြင္းရ တာေပါ့။ ၂၀၂၁ ဒီဇင္ဘာလမွာ ကြၽန္ေတာ္ဥကၠ႒အျဖစ္ စတင္တာဝန္ယူခဲ့တယ္။ အဲဒီအခ်ိန္မွာ လက္ရွိ တန္ခ်ိန္တင္သြင္းမႈကို ကြၽန္ေတာ္တို႔က ႏိုင္ငံျခားေငြ သုံးစြဲမႈကိုလည္း ေလွ်ာ့ခ်ခ်င္တယ္၊ ျပည္တြင္းမွာ ဆီထြက္သီးႏွံပိုမိုစိုက္ပ်ိဳးထုတ္လုပ္ခ်င္တယ္ အဲဒီအ တြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ယခင္တုန္းက တန္ခ်ိန္ (၇၀ဝဝဝ) (၈၀ဝဝဝ) ေလာက္တင္သြင္းေနရာက တန္ခ်ိန္ (၅၀ဝဝဝ)အထိ ေလွ်ာ့ခ်ၿပီးတင္သြင္းတယ္။ တင္သြင္းတဲ့အခါမွာ ကြၽန္ေတာ္တို႔က ဘာေတြအခက္ အခဲ ေတြ႕လာလဲဆိုေတာ့ ႏိုင္ငံျခားေငြဝယ္ယူရရွိမႈ ခက္ခဲလာတယ္။ ဒီလိုႏိုင္ငံျခားေငြဝယ္ယူရရွိမႈ ခက္ခဲ လာတဲ့အတြက္ေၾကာင့္ စားသုံးဆီတင္သြင္းတဲ့ ကုမၸဏီေတြ ႏိုင္ငံျခားေငြ ဝယ္ယူရရွိမႈ လြယ္ကူေအာင္ ဆိုၿပီးေတာ့ သက္ဆိုင္ရာဝန္ႀကီးဌာနနဲ႔ပူးေပါင္းၿပီး ေတာ့ ဗဟိုဘဏ္နဲ႔ ညႇိႏႈိင္းတယ္။ ညႇိႏႈိင္းတဲ့အခါမွာ ေနာက္ဆုံး ဗဟိုဘဏ္ကေနၿပီးေတာ့ စားသုံးဆီတင္သြင္းတဲ့ကုမၸဏီေတြကို (၁၈၇၀) ရည္ၫႊန္းေဈးနဲ႔ ႏိုင္ငံျခားေငြေရာင္းခ်ေပးတယ္။ ေရာင္းခ်‌ေပးတဲ့အခါ မွာ အျပည့္အဝ ေရာင္းခ်ေပးတာမဟုတ္ဘူး။ ဥပမာ စားသုံးဆီ sector ကို ဒီတစ္ပတ္မွာ(၁၀)သန္းေပး လိုက္တယ္။ ေနာက္တစ္ပတ္(၂၀)ေပးရင္ေပးမယ္။ ေဒၚလာရရွိမႈေပၚ မူတည္ၿပီးေတာ့ ေရာင္းခ်ေပးတယ္။ ဒီလေတာ့(၈)သန္းရမယ္။ ဒီတစ္ပတ္ေတာ့(၆)သန္း ရမယ္။ အဲဒါမ်ိဳးေတြေရာင္းခ်ေပးတယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔က စားသုံးဆီတင္သြင္းေပးေနတဲ့ကုမၸဏီ ေတြကို သေဘၤာေရာက္ရွိမႈနဲ႔ အပတ္စဥ္ ဆီေရာက္ရွိမႈ ကို senior လုပ္ၿပီးေတာ့ သူတို႔တင္သြင္းတဲ့ တန္ခ်ိန္ ေပၚမူတည္ၿပီး အခ်ိဳးက် ျပန္လည္ၿပီးေတာ့ စီစဥ္ ေဆာင္႐ြက္ေပးလိုက္တယ္။ အဲဒီအခ်ိန္တုန္းကေတာ့ ႏိုင္ငံျခားေငြက အဲဒီလို ရရွိၿပီးေတာ့ တင္သြင္းခဲ့တယ္။ အဲဒီလိုတင္သြင္းၿပီးေတာ့ ေရာင္းခ်တဲ့အခါမွာ ကြၽန္ေတာ္တို႔အသင္းကလည္း ႏိုင္ငံျခားေငြရရွိတဲ့ ေဒၚလာနဲ႔ညီမွ်တဲ့ စားသုံးဆီေတြကို အသင္းကေန ၿပီးေတာ့ တာဝန္ယူၿပီး ျဖန႔္ျဖဴးေပးတယ္။ အဲဒီလို အစီအစဥ္နဲ႔ တာဝန္ယူၿပီး ျဖန႔္ျဖဴးေပးခဲ့တာက ၂၀၂၁ ေအာက္တိုဘာလ၊ ႏိုဝင္ဘာလေလာက္ကစၿပီးေတာ့ ၂၀၂၂ မတ္လေလာက္အထိ ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့တယ္။ အဲဒီလိုျဖန႔္ျဖဴးေရာင္းခ်တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔မွာ အပတ္စဥ္သတ္မွတ္ ရည္ၫႊန္းေဈး ဆိုတာရွိတယ္။ အပတ္စဥ္သတ္မွတ္ရည္ၫႊန္းေဈး ဆိုတာ တစ္ပတ္အတြင္းမွာ ႏိုင္ငံျခားမွာ ျဖစ္ေပၚေနတဲ့ ႏိုင္ငံျခား‌ေဈးေပါ့ ႏိုင္ငံျခားေဈးရဲ႕ တစ္ပတ္စာကို ကြၽန္ေတာ္တို႔က average ယူလိုက္တယ္။ ယူလိုက္ ၿပီးေတာ့ ဒီဘက္က ႏိုင္ငံျခားေငြေဈး (၁၈၇၀)နဲ႔ ျပင္ပ ေပါက္ေဈးရယ္ average လုပ္ၿပီးတြက္ခ်က္ၿပီးေတာ့ အပတ္စဥ္ ရည္ၫႊန္း ေဈးကို အၿမဲတမ္းထုတ္ျပန္တယ္။ အဲဒီလိုထုတ္ျပန္တဲ့အခါမွာ ခုနေဆာင္႐ြက္တဲ့ အပတ္စဥ္ ရည္ၫႊန္းေဈးနဲ႔ ေဆာင္႐ြက္တဲ့အခါမွာ အဲဒီကာလေတြေပါ့ ၂၀၂၁ ေအာက္တိုဘာလ၊ ႏိုဝင္ဘာလ၊ ၂၀၂၂ မတ္လေလာက္အထိ စားအုန္းဆီေဈးႏႈန္းက သတ္မွတ္ရည္ၫႊန္းေဈးထက္ (၆)ရာခိုင္ႏႈန္း ကေန (၈)ရာခိုင္ႏႈန္းအထိပဲ ျမင့္တက္ၿပီးေတာ့ တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ခဲ့ႏိုင္တာ ေတြ႕ရတယ္။ ဒါကေတာ့ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ခဲ့တဲ့ အားသာခ်က္၊ အားနည္းခ်က္ေလးေတြ ေျပာျပတာေပါ့။ အဲဒီေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔က စားသုံးဆီ တင္သြင္းတဲ့ ကုမၸဏီေတြရဲ႕ အစီအစဥ္အတိုင္း ျဖန႔္ျဖဴးေရာင္းခ်ႏိုင္ခဲ့တယ္။ အဲဒီတုန္းကေတာ့ ရည္ၫႊန္းေဈးကို (၂၁၀ဝ) သတ္မွတ္လိုက္တယ္ဆိုတဲ့ အခါမွာ စားအုန္းဆီတင္သြင္းတဲ့ ကုမၸဏီေတြက (၂၁၀ဝ)နဲ႔ပဲ ေပးေခ်ရေတာ့မယ္။ ႏိုင္ငံျခားေငြ ေရာင္းခ်မႈရရွိမယ္။ အဲဒီႏႈန္းထား ရရွိတဲ့အတြက္ ေၾကာင့္မို႔လို႔ သူတို႔လည္း ႏိုင္ငံျခားေငြ (၂၁၀ဝ)နဲ႔ ရရွိၿပီဆိုတဲ့အတြက္ေၾကာင့္မို႔လို႔ ကိုယ့္အစီအစဥ္နဲ႔ပဲ ေရာင္းေတာ့ဆိုၿပီး ကြၽန္ေတာ္တို႔ကစီစဥ္လိုက္တာ ေပါ့ေနာ္။ အဲဒီလိုမ်ိဳးျဖစ္သြားတဲ့ အခ်ိန္မွာေတာ့ စားအုန္းဆီေဈးႏႈန္းေတြကေတာ့ ဇူလိုင္လ၊ ဩဂုတ္ လ၊ စက္တင္ဘာလ ေလာက္မွာေတာ့ ႀကီးျမင့္လာတာ ေတြ႕ရတယ္။ ကြၽန္ေတာ္တို႔အသင္းအေနနဲ႔လည္း စားသုံးဆီေဈးႏႈန္းေတြ ႀကီးျမင့္လာတဲ့အေပၚမွာ ထိန္းေက်ာင္းမႈေတြ ရွိပါတယ္။ သက္ဆိုင္ရာဝန္ႀကီး ဌာနေတြကလည္း ထိန္းေက်ာင္းမႈေတြရွိပါတယ္။ သို႔ေပမယ့္လည္း စားသုံးဆီေဈးႏႈန္းေတြက ျမင့္တက္ လာတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အားနည္းခ်က္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ရဲ႕ အားနည္းခ်က္ရွိတယ္လို႔ ျမင္မိပါတယ္။ ဒါေၾကာင့္ မို႔လို႔လည္း ေနာက္ပိုင္းေတာ့ စားသုံးဆီေဈးႏႈန္းကို အတတ္ႏိုင္ဆုံးတည္ၿငိမ္ေအာင္ ျပန္ၿပီးေတာ့ စားသုံးဆီကို ယခင္ တန္ခ်ိန္(၅၀ဝဝဝ)ကေနတိုးၿပီးေတာ့ လက္ရွိမွာ တင္သြင္းေနတယ္။ ျဖန႔္ျဖဴးမႈပိုင္းမွာလည္း သက္ဆိုင္ရာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဦးစီးမႉးေတြနဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ လူဦးေရနဲ႔ လိုအပ္ခ်က္အတိုင္းကို ကြၽန္ေတာ္တို႔က တိုင္းေဒသႀကီးနဲ႔ျပည္နယ္ကေန ေပးပို႔လာတဲ့ ကိုယ္ စားလွယ္စာရင္းမ်ားအတိုင္း အသင္းကေနၿပီးေတာ့ စားသုံးဆီတင္သြင္းတဲ့ကုမၸဏီမ်ား ေပးႏိုင္တဲ့ဟာနဲ႔ တြက္ခ်က္ၿပီးေတာ့ အသင္းနဲ႔ စားသုံးဆီတင္သြင္း ျဖန႔္ျဖဴးႀကီးၾကပ္ေရး ေကာ္မတီနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ေပးေနပါတယ္။ အခုအခ်ိန္မွာေတာ့ စားသုံးဆီေဈးႏႈန္းေတြကေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျဖစ္ေပၚေနတာေတြ႕ရပါတယ္။

ေမး - ၿပီးခဲ့တဲ့ကာလတစ္ေၾကာေလးမွာ ကြၽန္ေတာ္ သတိထားလိုက္မိတာက လူေတြၾကားထဲမွာ ဆီျပတ္လပ္မႈျဖစ္ေတာ့မယ္ဆိုၿပီးေတာ့ ျဖစ္ခဲ့တယ္။ ဆီ ျပတ္လပ္မႈဆိုတဲ့ သတင္းေလးထြက္လိုက္တာနဲ႔ ဆီေဈး ေတြလည္း ခုန္တက္သြားၿပီးေတာ့ လူေတြၾကားမွာ လႈပ္ရွားသြားတယ္။ အဲဒီေတာ့ အသင္းအေနနဲ႔ ဆီနဲ႔ ပတ္သက္ၿပီး ျပတ္လပ္မႈရွိႏိုင္လား၊ မရွိႏိုင္ဘူးလားဆို တာ လူထုကို ရွင္းရွင္းလင္းလင္း message ေပး ႏိုင္လား။
ေျဖ - ေပးႏိုင္ပါတယ္။ ႏွစ္ပတ္လည္အသင္းသားစုံညီ အစည္းအေဝးေတြ၊ သက္ဆိုင္ရာ ႏိုင္ငံပိုင္မီဒီယာ ေတြနဲ႔ အင္တာဗ်ဴးလုပ္တဲ့အခါမွာလည္း ေျပာပါ တယ္။ စားသုံးသူမ်ားကို ဘာမ်ားေျပာခ်င္ပါသလဲဆိုတဲ့အခ်ိန္မွာ ကြၽန္ေတာ္ေျပာပါတယ္။ လက္ရွိမွာ ႏိုင္ငံ ေတာ္အေနနဲ႔ေရာ အသင္းအေနနဲ႔ေရာ ပူးေပါင္းၿပီး ေတာ့ စားသုံးဆီတင္သြင္းမႈကို ျပည္တြင္းမွာ ဆီဖူလုံ ေအာင္ ကြၽန္ေတာ္တို႔တင္သြင္းေနပါတယ္။ ဆီထြက္ သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈကိုလည္း ပိုၿပီးေတာ့ အထြက္ ႏႈန္းေတြတိုးလာေအာင္ စီစဥ္ေဆာင္႐ြက္ေနပါတယ္။ ဒါေၾကာင့္မို႔လို႔ ျပည္တြင္းမွာဆီဖူလုံမႈကို ျပည္သူလူထု အေနနဲ႔ စိတ္မပူပါနဲ႔။ စားသုံးဆီကို ျပတ္လပ္မယ္ ထင္ၿပီးေတာ့ ပူပန္စိုးရိမ္စိတ္ႀကီးစြာနဲ႔ လိုတာထက္ ပိုၿပီးေတာ့ ဝယ္ယူစုေဆာင္းတာမ်ိဳး မလုပ္ၾကဖို႔ ကြၽန္ေတာ္အၿမဲတမ္း ေျပာပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီဟာကို စိုးရိမ္စိတ္နဲ႔ဝယ္ယူစုေဆာင္းရင္းနဲ႔ စားသုံး ဆီေဈးႏႈန္းေတြက ျမင့္တက္သြားႏိုင္တယ္ဆိုတဲ့ အေၾကာင္းကို အၿမဲ message ေပးပါတယ္။

ေမး - တစ္လကို တန္ခ်ိန္(၇၀ဝဝဝ၀) (၈၀ဝဝဝ၀) ေလာက္လိုတယ္ဆိုေတာ့ လစဥ္လစဥ္ တင္သြင္းမႈ အတြက္ ႏိုင္ငံျခားေငြကုန္က်မႈ ပ်မ္းမွ် ဘယ္ေလာက္ရွိလဲ။ အဲဒီအတြက္ ႏိုင္ငံျခားေငြကိုေကာ လုံလုံ ေလာက္ေလာက္ရရဲ႕လား။
ေျဖ - ႏိုင္ငံျခားေငြကေတာ့ ႏိုင္ငံျခားေဈးနဲ႔တြက္ရင္ အခုခ်ိန္မွာဆိုလို႔ရွိရင္ တစ္တန္ကို ပ်မ္းမွ်ေဒၚလာ (၁၀ဝဝ)နဲ႔ ဆိုရင္ေတာ့ ႏိုင္ငံျခားေငြ သန္း(၇၀)(၈၀)ေလာက္ေတာ့ ရွိတာေပါ့။ ႏိုင္ငံျခားေငြကို ႏိုင္ငံေတာ္ ကေနၿပီးေတာ့ ယခင္တုန္းကေတာ့ ၅၀ ရာခိုင္ႏႈန္းကို (၂၁၀ဝ)ႏႈန္းနဲ႔ေရာင္းခ်ေပးတယ္။ က်န္တဲ့ ၅၀ ရာ ခိုင္ႏႈန္းကေတာ့ ေပါက္ေဈးနဲ႔ေရာင္းခ်ေပးတယ္။ အဲဒီ ေနာက္ပိုင္းမွာေတာ့ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလကေနစ ၿပီး ၃၅ ရာခိုင္ႏႈန္းကို ၂၁၀ဝနဲ႔ ထပ္မံေရာင္းခ်‌ေပးတယ္။

ေမး - ေနာက္တစ္ခုက ျပည္ပကေနတင္သြင္းတဲ့ Quality ပိုင္း‌‌မွာ ျပည္သူလူထုရဲ႕ သံသယေတြရွိ ပါတယ္။ ဆီက Quality မီရဲ႕လားေပါ့။ တစ္ခါတေလ မွာ ျပန္ေၾကာ္ဆီေတြျပန္သုံးတာမ်ိဳးေတြ အရည္အေသြး ညံ့ဖ်င္းတဲ့ဆီေတြကိုသုံးေတာ့ လူေတြဟာ က်န္းမာေရးထိခိုက္မႈျဖစ္တယ္ဆိုတဲ့ ဆရာဝန္ေတြရဲ႕ ေထာက္ျပခ်က္ေတြလည္း ေတြ႕ရတယ္။ အဲဒါကက်ေတာ့ ဆီအသင္းကိုပဲ အားလုံးကၿပဳံၿပီးေတာ့ ျမင္လာၾကတယ္။ ဒါကိုေကာ ဆီနဲ႔ပတ္သက္တဲ့ အရည္အေသြးပိုင္းကို ဘယ္လိုအာမခံခ်က္ေတြနဲ႔ သြင္းေနလဲ။
ေျဖ - အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ ၂၀၁၀၊ ၂၀၁၁ ခုႏွစ္ ကတည္းက တင္သြင္းမႈပိုင္းမွာ ယခင္က ကြၽန္ေတာ္တို႔ ႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယ တို႔၊ တ႐ုတ္တို႔တင္သြင္းမႈဟာ စားအုန္းဆီ Cloud Point 10 (IV 56) အဲဒီေနာက္ပိုင္းမွာ ၂၀၁၁ ေလာက္ ကေနစၿပီးေတာ့ Cloud Point 8(IV 58)
ျဖစ္သြားတယ္။ Cloud Point လည္း ပိုျမင့္သြားတယ္ IV လည္းပိုျမင့္သြားတယ္။ Cloud Point
နည္းေလ ဆီ အရည္အေသြးေကာင္းေလပဲ။ IV ျမင့္ေလ ဆီ အရည္ အေသြးေကာင္းေလပဲ။ အဲဒါကို ၂၀၁၁ ခုႏွစ္ေလာက္ တည္းကေနစၿပီးေတာ့ ေျပာင္းလဲတင္သြင္းလာတာ။ အိမ္နီးခ်င္းႏိုင္ငံေတြေတာင္မွ ပုံမွန္ စားသုံးေနတာ Cloud Point 10 (IV 56) ပဲစားတာ။ ကြၽန္ေတာ္တို႔ႏိုင္ငံ အတြက္ကို special order မွာမွ ႏိုင္ငံျခားက လုပ္ေပးတာ။ ကိုဗစ္ကာလမွာဆိုရင္ ေတာ္ေတာ္ခက္ခဲသြားတယ္။ ကြၽန္ေတာ္တို႔အတြက္ ေအာ္ဒါလုပ္ေပးရတဲ့ စက္႐ုံက ရွားတယ္။ သူတို႔ဆီမွာက ပုံမွန္ထုတ္ေနတာ Cloud Point 10 ေတြခ်ည္းပဲ ထုတ္ေနတာ။ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ကို Cloud Point 8 ကိုသီး သန႔္ လုပ္ေပးရတဲ့အတြက္ေၾကာင့္မို႔လို႔ ကြၽန္ေတာ္ တို႔ကို ေရာင္းတဲ့လူက ေတာ္ေတာ္ရွားသြားတယ္။ အဲဒီ တုန္းက ကိုဗစ္ဆိုေတာ့ ဟိုဘက္မွာလည္း စက္႐ုံအလုပ္႐ုံေတြက ပိတ္တဲ့အပိုင္း‌ေတြ ပါတာေပါ့ေနာ္။ အဲဒီ လိုမ်ိဳးေတြအထိ ကြၽန္ေတာ္တို႔က အရည္အေသြး ေကာင္းတဲ့ဟာကို တင္သြင္းေနတာ။ ျပည္သူလူထုက ထင္ေနတာက စားအုန္းဆီအညံ့ေတြ လာတယ္ ထင္ ေနတာ။ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ အိမ္နီးခ်င္းႏိုင္ငံ ေတြ တင္သြင္းတာထက္ ပိုေကာင္းတယ္။ မေလးရွား ဆိုလည္း Cloud Point 10 ပဲစားတာ။ အိႏၵိယလည္း ဒါပဲ။ ကြၽန္ေတာ္တို႔က သူတို႔ထက္ပိုေကာင္းတာကို ဝယ္ယူတင္သြင္းတာ။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ကို တင္သြင္းတဲ့ဆီက ပိုၿပီးေတာ့ အရည္အေသြး ေကာင္းတယ္။ အရည္အေသြးေကာင္း မေကာင္းကိုလည္း ကြၽန္ေတာ္တို႔က FDA ကို အေၾကာင္းၾကားၿပီးသား။ စားအုန္းဆီေရာက္ရွိလာတဲ့အခါမွာ ျမန္မာကုန္ပစၥည္း စစ္ေဆးေရးႏွင့္ စမ္းသပ္မႈလုပ္ငန္းဆိုၿပီး (MITS) ဆိုၿပီးဖြဲ႕စည္းထားတာ ရွိပါတယ္။ သူကေနၿပီးေတာ့ သေဘၤာေတြေရာက္လာတဲ့အခါမွာ သေဘၤာေပၚမွာ ပါလာတာေတြကို စစ္တယ္။ ၿပီးေတာ့မွ အထက္၊ အလယ္၊ ေအာက္ ခ်ိပ္ပိတ္တယ္။ ခ်ိပ္ပိတ္ၿပီးေတာ့ ကနဦးဓာတ္ခြဲခန္းမွာ စမ္းတယ္။ ကနဦး စစ္တာ မွန္တယ္ဆိုမွ အဲဒီဆီေတြကို ဆီကန္ထဲကိုထည့္တယ္။ ဆီကန္ထဲကိုေရာက္တဲ့ အခါမွာလည္း အဲဒီလိုပဲ အ‌ေပၚ၊ အလယ္၊ ေအာက္ကို နမူနာယူၿပီးေတာ့ ထပ္စမ္းတယ္။ ထပ္စမ္းၿပီးေတာ့ တစ္ခါတည္းခ်ိပ္ပိတ္ မွတ္တမ္းမွတ္ရာေတြ တစ္ခါတည္းကပ္ၿပီးတာနဲ႔ FDA ကိုပို႔လိုက္တယ္။ FDA မွာျပန္စစ္တယ္။ FDA မွာစစ္တဲ့အခါမွာ ခုနကြၽန္ေတာ္ေျပာတဲ့ Cloud Point 8(IV 58) ဆိုတာမွန္သလား။ အဲဒါေတြမွန္ေတာ့မွ စားသုံးလို႔သင့္တယ္ဆိုၿပီး ျဖန႔္ျဖဴးေရာင္းခ်ခြင့္‌ေပးတာေပါ့။ စနစ္တက်နဲ႔ ဒီအပိုင္းမွာေဆာင္႐ြက္ ထားပါတယ္။ အသင္းအေနနဲ႔ေရာ ႏိုင္ငံေတာ္ဘက္ကေရာ က်န္းမာေရးဝန္ႀကီးဌာန ဘက္ကေရာ စနစ္ တက်နဲ႔ ေဆာင္႐ြက္ထားတာျဖစ္တဲ့အတြက္ စားသုံးဆီ အရည္အေသြး ညံ့တယ္ဆိုတာေတာ့ လုံးဝမဟုတ္ပါဘူး။ ေနာက္တစ္ခုက လူေတြေျပာေျပာေနတဲ့ ေျမာင္းဆီ ေျမာင္းဆီဆိုတာမ်ိဳးေပါ့။ အဲဒါမ်ိဳးေတြကို လည္း ရွင္းျပမယ္။ အမွန္ကေတာ့ ေျမာင္းဆီဆိုတာ တင္စားၿပီးေျပာတာပါ။ အဓိက က စားသုံးသူေတြကို လည္း အသိပညာေပးတာေတြ အမ်ားႀကီးလုပ္ရဦး မယ္။ ဥပမာ အိမ္ရွင္မေတြက ဆီကိုအျပန္ျပန္ သုံးေနတာေပါ့။ အိမ္မွာတစ္ခုခုကို ခ်က္လိုက္တယ္။ ေၾကာ္လိုက္တယ္။ ၿပီးရင္ အဲဒီဆီေလးကို ျပန္ၿပီးေတာ့ သိမ္းထားတယ္။ ၿပီးရင္ေနာက္တစ္ခါ ျပန္ေၾကာ္တယ္။ ဆီကအေရာင္ေျပာင္းေနၿပီ ဆက္ခ်က္ေနတုန္းပဲ။ အမွန္က ေျမာင္းထဲကို လႊင့္ပစ္ရေတာ့မယ့္ ဆီေတြ။ ႏွစ္ျပန္ေလာက္ပဲေၾကာ္တာ ေကာင္းတယ္။ သုံးေလး ျပန္ေလာက္ေၾကာ္ၿပီးတဲ့အခါမွာ ဆီက အေရာင္လည္း ေျပာင္းသြားၿပီ။ ဓာတ္ေတြလည္းေျပာင္းသြားၿပီ။ စြန႔္ပစ္ရမယ့္ဆီကို မစြန႔္ပစ္ဘဲနဲ႔ သုံးေနတဲ့အတြက္ေၾကာင့္ ေျမာင္းဆီေတြကို သုံးစြဲေနတယ္ဆိုၿပီး ေျပာၾကတာ ေပါ့။ အမွန္ကေတာ့ ေျမာင္းထဲကဆီကို ျပန္ၿပီးေတာ့ လုပ္တာေတာ့မဟုတ္ပါဘူး။ အျပင္မွာကေတာ့ တင္စားၾကတာေပါ့။ တ႐ုတ္ျပည္ဘက္မွာေတာ့ ေျမာင္းဆီေတြကိုခပ္ၿပီး ျပန္ခ်က္တာတို႔ဘာတို႔ေတာ့ ႀကဳံဖူးတယ္။ ဒါေပမဲ့ ရပ္ကြက္ထဲမွာေတာ့ တစ္ခါမွ အဲဒီလိုမေတြ႕ရပါဘူး။

ေမး - ဆီနဲ႔ပတ္သက္ရင္ မလုပ္သင့္တာေတြလုပ္တဲ့ ဇာတ္လမ္းေတြလည္း ခဏခဏ ၾကားရတယ္။ အသင္းက ႀကီးၾကပ္မႈအားေကာင္းေပမယ့္ အသင္းရဲ႕‌ ေအာက္မွာမရွိတဲ့တခ်ိဳ႕လူေတြက်ေတာ့လည္း ထင္ ရာစိုင္းေနၾကတဲ့ သေဘာေပါ့။ ဥပမာ ေျပာရရင္ အသုံးျပဳၿပီးသားဆီလိုဟာမ်ိဳးေတြကို ျပန္ယူၿပီးေတာ့ ဓာတုေဆးတစ္မ်ိဳးထည့္ၿပီး ျပန္ေကာင္းေအာင္လုပ္တာ မ်ိဳးေတြ စသည္ျဖင့္ေပါ့။ သတင္းေတြၾကားရတယ္။ သိမ္ႀကီးေဈးမွာ ဝင္ဖမ္းတာမ်ိဳးေတြေပါ့။ ဒီလိုျဖစ္စဥ္မ်ိဳးေတြက အႀကီးအက်ယ္ ေပၚေပါက္ေနေတာ့ ဒီလို လုပ္တဲ့သူေတြနဲ႔ ဆီအသင္းနဲ႔ကို ေရာေထြးရႈျမင္ၿပီးေတာ့ ေျပာလို႔ရမလား။ ခြဲၿပီးေတာ့ ဘယ္လိုေျပာလို႔ရမလဲ။
ေျဖ - ဓာတုအနံ႔ဆိုတာရွိတယ္။ အနံ႔အမ်ိဳးမ်ိဳးေတြ ေရာင္းၾကတာေတြရွိတယ္။ ဒီအနံ႔အမ်ိဳးမ်ိဳးေရာင္း တဲ့ဆိုင္ေတြကေတာ့ တရားဝင္ေရာင္းခ်ေနတာေပါ့။ တရားဝင္ေရာင္းခ်ေနတယ္ဆိုတာ ဘာကိုဆိုလိုခ်င္လဲ ဆိုေတာ့ ဒီဓာတုအနံ႔သည္ မုန႔္လုပ္တဲ့ေနရာေတြမွာ သုံးတဲ့ဟာေတြ။ ဥပမာ ေရခဲမုန႔္ဆိုရင္ စေတာ္ဘယ္ရီ ေရခဲမုန႔္၊ ဒူးရင္းသီးေရခဲမုန႔္၊ သရက္သီးေရခဲမုန႔္၊ ပူတင္းဆိုလည္း ပူတင္းေတြေပါ့ မုန႔္လုပ္တဲ့ေနရာမွာ ကိတ္မုန႔္ေတြလုပ္တဲ့ေနရာမွာသုံးတယ္။ အဲဒီေနရာမွာ အနံ႔ထည့္တာ။ ဒီအနံ႔သည္ FDA က စမ္းသပ္စစ္ေဆး ၿပီးေတာ့ သူတို႔ခြင့္ျပဳထားတာ။ တရားဝင္ FDA က စမ္းသပ္ၿပီးေတာ့ ဒီအနံ႔ေတြကို ထည့္ခြင့္ေပးထားတာ။ ဒါေတြက ဘယ္ေနရာမွာသုံးလဲဆို‌ေတာ့ ေရခဲမုန႔္လုပ္တဲ့ ေနရာေတြမွာသုံးတယ္။ တျခားမုန႔္ေတြ အနံ႔ထည့္တဲ့ ေနရာေတြမွာသုံးတယ္။ စေတာ္ဘယ္ရီ ေရခဲမုန႔္ ဆို အနံ႔ေလးပဲထည့္လိုက္တာ။ ဒူးရင္းသီးဆိုလည္း အနံ႔ေလးပဲထည့္လိုက္တာ။ အဲဒီလိုပဲ ေျမပဲေထာပတ္ ဆိုလည္း အနံ႔ေလးပဲသုံးလိုက္တာ။ ဒါေတြက တျခား မုန႔္ေတြလုပ္တဲ့အခါမွာ သုံးဖို႔ ခြင့္ျပဳထားတဲ့ဟာေတြ။ အဲဒါကို စားအုန္းဆီမွာက်ေတာ့ ထည့္သြင္းခြင့္မရွိဘူး။ ဥပမာ စားအုန္းဆီထဲကို ေျမပဲနံ႔ထည့္လိုက္ရင္ ေျမပဲဆီ အနံ႔ေပါက္သြားၿပီ။ ဒါေပမဲ့ စားအုန္းဆီထဲကို ဒီ အနံ႔ ထည့္လို႔မရဘူး။ ထည့္လိုက္တာနဲ႔ စားသုံးသူကို အႏၲရာယ္ျဖစ္လား ဆိုေတာ့ အႏၲရာယ္ေတာ့မျဖစ္ဘူး။ ဒါေပမဲ့သူသည္ စားသုံးသူကို လိမ္လည္ေရာင္းခ်ျခင္း ျဖစ္သြားတယ္။ ဥပမာ- စားအုန္းဆီေဈးႏႈန္းကို ဒီ အနံ႔ေလးထည့္ၿပီး ေျမပဲဆီေဈးႏႈန္း တက္ေရာင္းလို႔ သူသည္ ျပစ္မႈေျမာက္တယ္။ စားသုံးသူကာကြယ္ေရး ဥပေဒနဲ႔ ၿငိစြန္းတယ္။ စားသုံးသူကိုလိမ္လည္ ေရာင္း ခ်တဲ့ အျပစ္ျဖစ္သြားတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဒါကိုမလုပ္ဖို႔ကိုေတာ့ ၾကပ္ၾကပ္မတ္မတ္နဲ႔ ေဆာင္႐ြက္ၾကတာျဖစ္တယ္။ ဒါကေတာ့မလုပ္သင့္တဲ့ဟာေတြေပါ့ေနာ္။ အဲဒါမ်ိဳးလုပ္လို႔ရွိရင္ စားအုန္းဆီနဲ႔ ေျမပဲနံ႔ နဲ႔ ေရာၿပီး ေရာင္းခ်င္လို႔ရွိရင္ တရားဝင္လုပ္ပါ။ ဥပမာ- စားအုန္းဆီက(၇၀)ရာခိုင္ႏႈန္းပါတယ္ ေျမပဲ က (၃၀) ရာခိုင္ႏႈန္းပါတယ္ ေရာတယ္ဆိုတာကို တရားဝင္ေဖာ္ျပရမယ္။ ဘူးသြတ္ဆီျဖစ္ရမယ္။ ပါကင္ ပိတ္ထားရမယ္။ ေျမပဲနံ႔က ၃၀ ရာခိုင္ႏႈန္း ဘယ္ေလာက္ ရာခိုင္ႏႈန္းဆိုတာ ေဖာ္ျပရမယ္။ ဥပမာ- ေျမပဲနံ႔က ၂၀ ရာခိုင္ႏႈန္းဆိုလည္း ၂၀ ရာခိုင္ႏႈန္းပါတယ္ စားအုန္းဆီက ၈၀ ရာခိုင္ႏႈန္းေဖာ္ျပရမယ္။ ဒီေပၚမွာပဲ တြက္ခ်က္ၿပီးေတာ့ ေရာင္းရမယ္။ စားသုံးသူကို အတိအလင္း ေၾကညာရမယ္။ ဒါကိုလည္း စားသုံးသူ ကာကြယ္ေရးဥပေဒမွာ တစ္ခါတည္းျပ႒ာန္းၿပီးသား။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေရာေႏွာဆီ ေရာင္းမယ္ ဆိုရင္ေတာ့ ဒီလိုခြက္ေမွာက္ခြက္လွန္ ခြင့္မျပဳပါဘူး။ တရားဝင္ ဘူးသြတ္ၿပီးေတာ့ FDA မွာ သြားၿပီးေတာ့ မွတ္ပုံတင္ၿပီးေတာ့မွ ေရာင္းခ်ဖို႔ကို ခြင့္ျပဳထားပါတယ္။
ေမး - ဆီနဲ႔ ပတ္သက္ရင္ ထုတ္လုပ္တဲ့ စက္႐ုံကေန စၿပီးေတာ့ သေဘၤာ၊ သေဘၤာကေန ျဖန႔္ခ်ိေရး အဖြဲ႕ ေတြ ။ အဲဒီကေန ေဈးထဲအထိ။ ေဈးထဲေရာက္ေတာ့ ဆီေတြက ပုံစံေျပာင္းသြားတာမ်ိဳးေတြ ၊ အဲဒီလိုမ်ိဳးျဖစ္စဥ္ ေလးေတြ မ်ားေသာအားျဖင့္ ေတြ႕ရတယ္။ ဆိုလိုတာ က ေဈးထဲမွာေရာင္းတဲ့ ေဈးသည္ေတြက်ေတာ့သူေရာင္း တန္းဝင္ အျမတ္ရဖို႔တင္တာ။ စားအုန္းဆီကို ပဲဆီျဖစ္ေအာင္ Change ပစ္တာမ်ိဳးေတြ။ ဒါမ်ိဳးေတြ သက္တမ္းတစ္ေလွ်ာက္မွာ ေလ့လာေတြ႕ရွိမႈေတြ ရွိလား။
ေျဖ - အဲဒါမ်ိဳးေတြ တခ်ိဳ႕ၾကားေနရတယ္။ အဓိက က ျပည္ပကေန တင္သြင္းလာတယ္။ တင္သြင္းလာၿပီး ေတာ့ ကြၽန္ေတာ္တို႔ဆီကို ေရာက္တယ္။ FDAက စစ္ေဆးတယ္။ ဒီထိက ျပႆနာ မရွိေသးဘူး။ အဲဒီ ကေန ျဖန႔္ျဖဴးလိုက္တယ္။ အဲဒီကေန ဆီကန္ေတြ ကေန ျပန္ၿပီးေတာ့ ပီပါေတြ ၊ ဒရမ္ေတြနဲ႔ ျဖန႔္ျဖဴးလိုက္ တယ္။ အဲဒီ ျဖန႔္ျဖဴးတဲ့အပိုင္းမွာလည္း ဒီေလာက္ ျပႆနာမရွိေသးဘူး။ ေဈးကြက္ထဲေရာက္သြားတဲ့ အခါမွာ ကြၽန္ေတာ္တို႔ အေတြ႕အႀကဳံအရဆို နည္းေတာ့ နည္းပါတယ္။ ဘာလို႔ဆို အကုန္လုံးက ဒီအ တိုင္းႀကီး ျဖန႔္ျဖဴးမႈအပိုင္းမွာ အကုန္လုံး သက္ဆိုင္ရာ သက္ဆိုင္ရာ အကုန္လုံးတစ္ခါတည္း ေရာက္သြားၾကတာ။ ေဈးေတြမွာ လက္လီေရာင္းတာလည္း သူတို႔ ခြက္ေမွာက္ခြက္လွန္ ျဖစ္ေနတာေပါ့ေနာ္။ ခြက္ေမွာက္ ခြက္လွန္ျဖစ္ေနတဲ့အတြက္ေၾကာင့္မို႔ ေဈးေတြမွာ တခ်ိဳ႕ မသမာသူလုပ္တာေတာ့ အနည္းအက်ဥ္းေတာ့ ရွိေတာ့ရွိမယ္ေပါ့ေနာ္။ ဒါကို အတိအက် တိုင္ၾကားပါ ေျပာပါဆိုတာကို အဲဒါမ်ိဳး အတိအက်လာၿပီးေတာ့ ေျပာတာမ်ိဳးမေတြ႕ရဘူးေပါ့ေနာ္။ အတိအက် ဘယ္ သူက ဘယ္လိုလုပ္ေနပါတယ္။ ဘယ္လို ေရာင္းေနပါ တယ္ဆိုတာမ်ိဳးကို အတိအက် ေရာင္းေနတဲ့ဟာေတြ ေတြ႕ရင္ ကြၽန္ေတာ္တို႔ကို ေျပာပါဆိုတဲ့အခါက်ေတာ့ တစ္ေယာက္မွလာၿပီး ေျပာျပတာမရွိဘူးေပါ့။ ေနာက္တစ္ခုက ဆီကန္ကေနထုတ္တဲ့အပိုင္းေလးလည္း ကြၽန္ေတာ္ ေျပာျပပါမယ္။ ဆီကန္ကေန ပီပါေတြနဲ႔ ထုတ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ပီပါအျပာေတြ က ရွင္းရွင္းေျပာရရင္ Chemical ပီပါေတြပဲ။ ဓာတု ေဆးဝါးေတြထည့္ထားတဲ့၊ ဓာတုပစၥည္းေတြ ထည့္ ထားတဲ့ ပီပါေတြ။ ဒါေတြကို ျပန္ၿပီး ေဆးေၾကာၿပီး သုံးေနရတဲ့ အပိုင္းေတြ ရွိတာေပါ့။ ဒါေၾကာင့္မို႔ ကြၽန္ ေတာ္တို႔က စီးပြားကူးသန္းက စားသုံးသူေရးရာ ဦးစီးဌာနနဲ႔ ကြၽန္ေတာ္တို႔နဲ႔ ညႇိႏႈိင္းၿပီးေတာ့ အစားအ စာထည့္တဲ့ ပီပါေတြနဲ႔ပဲသုံးသင့္တယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ရွိပါၿပီ။ အဲဒီပီပါ ေတြကို ကြၽန္ေတာ္တို႔ ျပည္တြင္းမွာပဲ ထုတ္လုပ္တဲ့ ကုမၸဏီေတြနဲ႔ညႇိႏႈိင္းၿပီး သူတို႔ကိုကြၽန္ေတာ္တို႔ ထုတ္ခိုင္းထားပါတယ္။ အဲဒီမွာ အခုလက္ရွိမွာ Popular ပလတ္စတစ္က ထုတ္ေနပါတယ္။ သူတို႔ ထုတ္ၿပီးေရာင္းခ်ေနတယ္။ ကြၽန္ေတာ္တို႔ဆီကလူ ေတြလည္းသုံးေနၿပီ။ အဲဒါက ဘာလဲဆိုရင္ ပီပါအဝါ ႀကီးေတြ။ International မွာ သုံးတာက စားေသာက္ ကုန္မွာ အဝါေတြနဲ႔ပဲသုံးတာကို။ chemical
က်ေတာ့ အျပာ ပီပါသုံးတာ။ အခုေနာက္ပိုင္းက်ေတာ့ ကြၽန္ေတာ္တို႔က အဝါပီပါေတြပဲ သုံးေနၿပီ။ စားသုံးဆီ ထည့္သြင္းလို႔လည္း အႏၲရာယ္မရွိဘူးေပါ့။ ဒီ chemical ေတြ အႏၲရာယ္ မရွိေတာ့ဘူးေပါ့။ အဲဒါေတြ ကို ကြၽန္ေတာ္တို႔က ေျပာင္းလဲၿပီးေတာ့ လုပ္ေနၿပီ။ ေနာက္ပိုင္းဆိုရင္ အဖုံးကို စနစ္တက် ဖုံးၿပီးသယ္မယ္။ သယ္ဖို႔လည္း လုပ္ေနပါၿပီ။ အဲဒါမ်ိဳးလုပ္တဲ့အတြက္ေၾကာင့္မို႔ End User ေတြဆီကိုေရာက္တဲ့ အထိကေတာ့ ၾကားမွာ မသမာမႈေတြ ဒီဆီကို မဟုတ္တာ လုပ္တာေတြ ေတာ္ေတာ္ေလး ေလ်ာ့နည္းသြားပါလိမ့္မယ္။

ေမး - ဟုတ္ကဲ့ ေနာက္တစ္ခ်က္က ျပည္တြင္းမွာ ႏိုင္ငံေရးပဋိပကၡေတြ ပိုၿပီးက်ယ္ျပန႔္လာခဲ့မယ္ဆိုရင္ ျပည္တြင္း ဆီစားသုံးမႈ အဆင္ေျပေအာင္ ဆီလုပ္ငန္း ရွင္မ်ားအသင္းအေနနဲ႔ ဘယ္လို ျပင္ဆင္မႈေတြရွိလဲ။ ဘယ္လို အစီအစဥ္မ်ားရွိမလဲ။
ေျဖ - ကြၽန္ေတာ္တို႔ Sector က ကြၽန္ေတာ္တို႔မွာ အစကတည္းက ကိုဗစ္ကာလက ႀကဳံခဲ့ဖူးတယ္ေပါ့ေနာ္။ ကိုဗစ္ကာလဆိုရင္ ေတာ္ေတာ္ခက္ခဲပါတယ္။ ဘာလို႔ ဆို ဟိုဘက္က ယိုးဒယား၊ မေလးရွားတို႔၊ အင္ဒိုနီးရွား တို႔မွာ စက္႐ုံေတြ ပိတ္သြားမေလာက္ထိကို ျဖစ္သြားတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ အဲဒီအခ်ိန္ ပိတ္သြားေလာက္တဲ့အထိ ျဖစ္တယ္။ ေနာက္တစ္ခါ ႏိုင္ငံေရး အေျပာင္းအလဲ တစ္ခါတည္းျဖစ္တယ္။ ႏိုင္ငံေရးကိစၥေလးေတြ။ ႏိုင္ငံေရးအေျပာင္းအလဲေလးေတြ ျဖစ္တယ္။ အဲဒီလိုျဖစ္တဲ့အခ်ိန္က ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ လ၊ ဒီဇင္ဘာလ၊ ဇန္နဝါရီလ၊ ေဖေဖာ္ဝါရီလ၊ မတ္လ ေတာက္ေလွ်ာက္ပဲျဖစ္တယ္။ အဲဒီလို ျဖစ္တဲ့အခါ ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔ ျပည္တြင္းမွာ စားသုံးဆီ ျပတ္လပ္သြားမွာကိုလည္း စိုးရိမ္တယ္။ ေဈးႏႈန္းေတြ ႀကီးျမင့္သြားမွာကိုလည္း စိုးရိမ္တယ္။ အဲဒီအတြက္ေၾကာင့္မို႔ ကြၽန္ေတာ္တို႔ ဒီစားသုံး ဆီ တင္သြင္းတဲ့ကုမၸဏီေတြကို အကုန္ဖိတ္ေခၚတယ္။ အဲဒီအခ်ိန္မွာ လက္ရွိ တင္သြင္းေနတဲ့ လူေတြေရာ၊ ေနာက္ထပ္ တင္သြင္းမယ့္ ကုမၸဏီေတြေရာ တင္ သြင္းေပးၾကပါ။ ကြၽန္ေတာ္တို႔ ဒီစားသုံးဆီ ျပတ္သြားလို႔မရဘူး။ ျပည္ပကိုလည္း ကြၽန္ေတာ္တို႔ တစ္ခါတည္း ခ်ိတ္ဆက္ထားတယ္။ စက္႐ုံ အလုပ္အ႐ုံေတြ အားလုံးကို။ ပိတ္တဲ့စက္႐ုံလည္းရွိတယ္။ မပိတ္တဲ့စက္႐ုံလည္းရွိတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔က အကုန္ခ်ိတ္ဆက္ထားတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံက ကြၽန္ေတာ္တို႔ ဝယ္ယူ ရရွိေအာင္ ႀကိဳးစားၿပီးေတာ့ ေဆာင္႐ြက္တယ္။ အဲဒီလိုမ်ိဳး ေဆာင္႐ြက္တဲ့အတြက္ေၾကာင့္မို႔ ဒီကာလေတြမွာဆိုရင္ ကြၽန္ေတာ္တို႔ဆီမွာ စားသုံးဆီ ေဈးႏႈန္းမႀကီးျမင့္ သလို မျပတ္သြားဖို႔ ပုံမွန္ ဝင္ေအာင္ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ႏိုင္တယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔ အခုလိုမ်ိဳး အေျခအေနကစၿပီး ေနာင္လာမယ့္ အနာဂတ္မွာလည္း ျပည္တြင္းစားသုံး ဆီ ျပတ္လပ္မႈကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္တို႔ ျမင္ပါတယ္။

အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.