ရန်ကုန်မြို့ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၄)ခုတွင် ယခုရက်ပိုင်း မြူဆိုင်းမည်

1012
Pearl - ဖေဖော်ဝါရီ ၂၃
ရန်ကုန်မြို့ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၄)ခုတွင် ယခုရက်ပိုင်း မြူဆိုင်းမည်ဖြစ်ကြောင်း NP News ၏ မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
ဖေဖော်ဝါရီလ (၂၄)ရက်မှ စတင်၍ ဖေဖော်ဝါရီလ (၂၆)ရက်အတွင်း နံနက် ၄ နာရီခန့်မှ နံနက် ၇ နာရီခွဲခန့်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့၌ မြူဆိုင်းသည့် ရာသီဥတုအခြေအနေများ ပိုမိုဖြစ်ပေါ်နိုင်ပြီး ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးဒေသအချို့တွင် နေရာကွက်ပြီး မြူဆိုင်းနိုင်သည့် အခြေအနေရှိကြောင်းလည်း သိရသည်။
"မြူတွေဆိုင်းတာကတော့ ဒီလို ဆောင်းအကုန် နွေအကူးမှာ ဆိုင်းပါတယ်။ နေ့အချိန်မှာ နေပူချိန်က မြင့်တယ်။ ညဘက်က အပူချိန်နည်းနည်းလျော့မယ်ဆိုတဲ့အခါကျတော့ မြူတွေဆိုင်းတာ ပိုပြီးဖြစ်တာပေါ့" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
မြူဆိုင်းခြင်းကြောင့် အနီးနှင့်အဝေးမြင်နိုင်စွမ်းကျဆင်းပြီး မော်တော်ယာဉ်၊ သင်္ဘောနှင့် လေယာဉ်များ မတော် တဆမှုဖြစ်ပွားတတ်၍ သတိထားရမည့် အခြေအနေတစ်ခု ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္(၄)ခုတြင္ ယခုရက္ပိုင္း ျမဴဆိုင္းမည္
Pearl - ေဖေဖာ္ဝါရီ ၂၃
ရန္ကုန္ၿမိဳ႕ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္(၄)ခုတြင္ ယခုရက္ပိုင္း ျမဴဆိုင္းမည္ျဖစ္ေၾကာင္း NP News ၏ ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ေဖေဖာ္ဝါရီလ (၂၄)ရက္မွ စတင္၍ ေဖေဖာ္ဝါရီလ (၂၆)ရက္အတြင္း နံနက္ ၄ နာရီခန႔္မွ နံနက္ ၇ နာရီခြဲခန႔္အထိ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး ႏွင့္ ရခိုင္ျပည္နယ္တို႔၌ ျမဴဆိုင္းသည့္ ရာသီဥတုအေျခအေနမ်ား ပိုမိုျဖစ္ေပၚႏိုင္ၿပီး က်န္ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီးေဒသအခ်ိဳ႕တြင္ ေနရာကြက္ၿပီး ျမဴဆိုင္းႏိုင္သည့္ အေျခအေနရွိေၾကာင္းလည္း သိရသည္။
"ျမဴေတြဆိုင္းတာကေတာ့ ဒီလို ေဆာင္းအကုန္ ေႏြအကူးမွာ ဆိုင္းပါတယ္။ ေန႔အခ်ိန္မွာ ေနပူခ်ိန္က ျမင့္တယ္။ ညဘက္က အပူခ်ိန္နည္းနည္းေလ်ာ့မယ္ဆိုတဲ့အခါက်ေတာ့ ျမဴေတြဆိုင္းတာ ပိုၿပီးျဖစ္တာေပါ့" ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာသည္။
ျမဴဆိုင္းျခင္းေၾကာင့္ အနီးႏွင့္အေဝးျမင္ႏိုင္စြမ္းက်ဆင္းၿပီး ေမာ္ေတာ္ယာဥ္၊ သေဘၤာႏွင့္ ေလယာဥ္မ်ား မေတာ္ တဆမႈျဖစ္ပြားတတ္၍ သတိထားရမည့္ အေျခအေနတစ္ခု ျဖစ္ေၾကာင္း သိရသည္။