ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၄)လုံးဖြင့် ကုသမှုပေးနိုင်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်နေ

 627

NP News - ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်နေသော ကင်ဆာဓာတ်ရောင်ခြည် ကုသစက် (၄)လုံးဖြင့် ကုသမှုပေးနိုင်မည့် အမျိုးသား ကင်ဆာရောဂါကုသရေးဌာနကို ယခုနှစ် (၂၀၂၄ ခုနှစ်)အတွင်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဌာနတည်ဆောက်ပြီးစီးပါက ကင်ဆာ ရောဂါလူနာများအတွက် ခွဲစိတ်ကုသခြင်း၊ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်‌ကြောင်း သိရသည်။ လက်ရှိတွင် ဓာတ်ရောင်ခြည်သုံး ပစ္စည်း များ သိုလှောင်ထားရှိမည့် မြေအောက် ကြညုနမ များတည်ဆောက်ခြင်း ၊ (၅) ထပ်လူနာ ဆောင်များ တည်ဆောက်ခြင်းနှင့် ခွဲစိတ်ခန်းများ၊ ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ခန်းများ၊ အဆောက်အဦးအတွင်း အခန်း များဖွဲ့စည်းမှုအပိုင်းများစသည့် တည်ဆောက်မှုအ များစုမှာပြီးစီးနေပြီဖြစ်‌ကြောင်း သိရသည်။

"ပြည်သူ့ဆေးရုံတွေမှာလဲ ကုသမှု ပေးပါတယ်။ လူအရမ်းများတဲ့အခါကျတော့ စက်နဲ့ လူဦးရေကမမျှဘူး။ ကိုယ့်လူနာဆိုရင် စုစုပေါင်း ဓာတ်ကင်တာ ၂၅ ကြိမ်နဲ့ ဆေးသွင်းတာ ၅ ကြိမ်လုပ်ရ တယ်။ ပုဂ္ဂလိကဆေးရုံမှာပဲ လုပ်လိုက်ရတယ်။ အခု လို ကင်ဆာရောဂါကုသရေးဌာန ဖွင့်လိုက်ရင် ကင် ဆာရောဂါ ဝေဒနာရှင်တွေအတွက် ပိုပြီးအဆင်ပြေ သွားနိုင်တယ်"ဟု ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှု ခံယူရသည့် လူနာရှင်တစ်ဦးက ‌ပြောသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံတော်မှခွင့်ပြုရန်ပုံငွေကျပ်(၉၂၀၈)သန်း အသုံးပြု တည် ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသမှုအပါအဝင် ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်း မွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ကင္ဆာဓာတ္ေရာင္ျခည္ကုသစက္(၄)လုံးျဖင့္ ကုသမႈေပးႏိုင္မည့္ အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာနကို ယခုႏွစ္အတြင္း ဖြင့္လွစ္ရန္စီစဥ္ေန
NP News - ေဖေဖာ္ဝါရီ ၂၉

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၌ တည္ေဆာက္ေနေသာ ကင္ဆာဓာတ္ေရာင္ျခည္ ကုသစက္ (၄)လုံးျဖင့္ ကုသမႈေပးႏိုင္မည့္ အမ်ိဳးသား ကင္ဆာေရာဂါကုသေရးဌာနကို ယခုႏွစ္ (၂၀၂၄ ခုႏွစ္)အတြင္း ဖြင့္လွစ္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။

အဆိုပါ ဌာနတည္ေဆာက္ၿပီးစီးပါက ကင္ဆာ ေရာဂါလူနာမ်ားအတြက္ ခြဲစိတ္ကုသျခင္း၊ ကင္ဆာ ေဆးသြင္းကုသျခင္း၊ ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္း၊ အထူးၾကပ္မတ္ကုသျခင္း၊ ဓာတ္ခြဲစမ္းသပ္မႈ၊ ဓာတ္မွန္ျဖင့္ေရာဂါရွာေဖြျခင္းတို႔ကို တစ္ေနရာတည္းတြင္ အခ်ိန္ႏွင့္တေျပးညီ ေဆာင္႐ြက္ႏိုင္မည္ျဖစ္‌ေၾကာင္း သိရသည္။ လက္ရွိတြင္ ဓာတ္ေရာင္ျခည္သုံး ပစၥည္း မ်ား သိုေလွာင္ထားရွိမည့္ ေျမေအာက္ ၾကညဳနမ မ်ားတည္ေဆာက္ျခင္း ၊ (၅) ထပ္လူနာ ေဆာင္မ်ား တည္ေဆာက္ျခင္းႏွင့္ ခြဲစိတ္ခန္းမ်ား၊ ဓာတ္ခြဲခန္းမ်ား၊ ဓာတ္မွန္ခန္းမ်ား၊ အေဆာက္အဦးအတြင္း အခန္း မ်ားဖြဲ႕စည္းမႈအပိုင္းမ်ားစသည့္ တည္ေဆာက္မႈအ မ်ားစုမွာၿပီးစီးေနၿပီျဖစ္‌ေၾကာင္း သိရသည္။

"ျပည္သူ႔ေဆး႐ုံေတြမွာလဲ ကုသမႈ ေပးပါတယ္။ လူအရမ္းမ်ားတဲ့အခါက်ေတာ့ စက္နဲ႔ လူဦးေရကမမွ်ဘူး။ ကိုယ့္လူနာဆိုရင္ စုစုေပါင္း ဓာတ္ကင္တာ ၂၅ ႀကိမ္နဲ႔ ေဆးသြင္းတာ ၅ ႀကိမ္လုပ္ရ တယ္။ ပုဂၢလိကေဆး႐ုံမွာပဲ လုပ္လိုက္ရတယ္။ အခု လို ကင္ဆာေရာဂါကုသေရးဌာန ဖြင့္လိုက္ရင္ ကင္ ဆာေရာဂါ ေဝဒနာရွင္ေတြအတြက္ ပိုၿပီးအဆင္ေျပ သြားႏိုင္တယ္"ဟု ကင္ဆာ ဓာတ္ေရာင္ျခည္ကုသမႈ ခံယူရသည့္ လူနာရွင္တစ္ဦးက ‌ေျပာသည္။

အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာနကို (၂၀၁၉-၂၀၂၀)ဘ႑ာေရးႏွစ္မွစတင္ကာ ႏိုင္ငံေတာ္မွခြင့္ျပဳရန္ပုံေငြက်ပ္(၉၂၀၈)သန္း အသုံးျပဳ တည္ ေဆာက္ေနျခင္းျဖစ္ၿပီး စီမံကိန္းၿပီးစီးပါက ကင္ဆာေရာဂါဓာတ္ေရာင္ျခည္ ကုသမႈအပါအဝင္ ကင္ဆာေရာဂါကုသေရးလုပ္ငန္းမ်ား ပိုမိုေကာင္း မြန္စြာ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Picture

COPPAMUN DO AMDSYL

02/03/2024 12:20

Very good service

Picture

COPPAMUN DO AMDSYL

02/03/2024 12:20

Very good service

Related news

© 2021. All rights reserved.