မြန်မာ မပါဝင်သော ထိုင်း COBRA GOLD ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မတ်လ ၈ ရက်အထိ နိုင်ငံပေါင်း ၃ဝ ပူးပေါင်း ပါဝင်လေ့ကျင့်မည်

1123

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈
ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ ဦးဆောင်ကျင်းပသော COBRA GOLD 2024 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံမှလွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု ပူးပေါင်းပါဝင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော COBRA GOLD 2024 စစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အာရှတိုက်ဒေသအတွင်းပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများ တွင် အချိန်အကြာဆုံးပြုလုပ်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ၄၃ ကြိမ်မြောက်ပြုလုပ်သော COBRA GOLD စစ်ရေးလေ့ကျင့်ခန်းအစီစဉ်တွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အဓိက ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ ဆွီဒင်၊ ကူဝိတ်၊ သီရိလင်္ကာ၊ ဂရိ၊ လာအို၊ ပါကစ္စတန် ၊ ဘရာဇီး၊ ဗီယက်နမ်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိဂျီ၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၃ဝ သည် ၎င်းတို့သက်ဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်းများအလိုက် ပူးပေါင်းပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
စစ်ရေးလေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း ၃ဝ မှ တပ်ဖွဲ့ဝင်ပေါင်း ၉၅၉ဝ ဦး ပူးပေါင်းပါဝင်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းနှင့် အမေရိကန်နိုင်ငံတို့က အများဆုံးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်တွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအစီအစဉ်များ အပါအဝင် အခြားစစ်ရေးလေ့ကျင့်ခန်း များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် စစ်ရေးလေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်သောနိုင်ငံများကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော စစ်ရေးလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ စင်ကာပူသံအမတ်ကြီး၊ ဂျပန်သံအမတ်ကြီး၊ တောင်ကိုရီယားသံအမတ်ကြီး၊ မလေးရှားသံအမတ် ကြီး၊ အင်ဒိုနီးရှားသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ မပါဝင္ေသာ ထိုင္း COBRA GOLD ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို မတ္လ ၈ ရက္အထိ ႏိုင္ငံေပါင္း ၃ဝ ပူးေပါင္း ပါဝင္ေလ့က်င့္မည္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈
ထိုင္းႏွင့္ အေမရိကန္ႏိုင္ငံတို႔ ဦးေဆာင္က်င္းပေသာ COBRA GOLD 2024 အမည္ရွိ စစ္ေရးေလ့က်င့္ခန္းကို ျမန္မာႏိုင္ငံမွလြဲၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအမ်ားစု ပူးေပါင္းပါဝင္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္ က်င္းပေသာ COBRA GOLD 2024 စစ္ေရးေလ့က်င့္ခန္းကို ေဖေဖာ္ဝါရီ ၂၇ ရက္မွ မတ္လ ၈ ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ရာ အာရွတိုက္ေဒသအတြင္းျပဳလုပ္ေသာ စစ္ေရးေလ့က်င့္ခန္းမ်ား တြင္ အခ်ိန္အၾကာဆုံးျပဳလုပ္ေသာ ပူးတြဲစစ္ေရးေလ့က်င့္ခန္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၄၃ ႀကိမ္ေျမာက္ျပဳလုပ္ေသာ COBRA GOLD စစ္ေရးေလ့က်င့္ခန္းအစီစဥ္တြင္ ထိုင္း၊ အေမရိကန္၊ စင္ကာပူ၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔က အဓိက ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ၾသစေၾတးလ်၊ ဖိလစ္ပိုင္၊ ကေမာၻဒီးယား၊ ဂ်ာမနီ၊ ဆြီဒင္၊ ကူဝိတ္၊ သီရိလကၤာ၊ ဂရိ၊ လာအို၊ ပါကစၥတန္ ၊ ဘရာဇီး၊ ဗီယက္နမ္၊ ၿဗိတိန္၊ ကေနဒါ၊ ျပင္သစ္၊ တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒရွ႕္၊ မြန္ဂိုလီးယား၊ နီေပါ၊ ဖိဂ်ီ၊ ဖိလစ္ပိုင္၊ ဘ႐ူးႏိုင္းႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံေပါင္း ၃ဝ သည္ ၎တို႔သက္ဆိုင္ရာ စစ္ေရးေလ့က်င့္ခန္းမ်ားအလိုက္ ပူးေပါင္းပါဝင္ေလ့က်င့္မည္ျဖစ္ေၾကာင္း သိရသည္။
စစ္ေရးေလ့က်င့္ခန္းတြင္ ႏိုင္ငံေပါင္း ၃ဝ မွ တပ္ဖြဲ႕ဝင္ေပါင္း ၉၅၉ဝ ဦး ပူးေပါင္းပါဝင္ေလ့က်င့္မည္ျဖစ္ၿပီး ထိုင္းႏွင့္ အေမရိကန္ႏိုင္ငံတို႔က အမ်ားဆုံးပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ စစ္ေရးေလ့က်င့္ခန္း အစီအစဥ္တြင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအစီအစဥ္မ်ား အပါအဝင္ အျခားစစ္ေရးေလ့က်င့္ခန္း မ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစစ္ေရးေလ့က်င့္ခန္းသည္ စစ္ေရးေလ့က်င့္ခန္းတြင္ ပူးေပါင္းပါဝင္ေသာႏိုင္ငံမ်ားၾကား စစ္ေရးပူးေပါင္း ေဆာင္႐ြက္မႈ ပိုမိုေကာင္းမြန္ေစရန္ရည္႐ြယ္လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ ေဖေဖာ္ဝါရီလ ၂၇ ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ေသာ စစ္ေရးေလ့က်င့္ခန္းဖြင့္ပြဲအခမ္းအနားကို ထိုင္းႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး၊ စင္ကာပူသံအမတ္ႀကီး၊ ဂ်ပန္သံအမတ္ႀကီး၊ ေတာင္ကိုရီယားသံအမတ္ႀကီး၊ မေလးရွားသံအမတ္ ႀကီး၊ အင္ဒိုနီးရွားသံအမတ္ႀကီးတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။