နန်ကျောက်သမိုင်း နှင့် ပျူနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခြင်း

 1077

ရဲထွန်း(သီပေါ) (NP News) - ဖေဖော်ဝါရီလ ၂၉

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ဝ လောက်က ပျူနိုင်ငံကို အရှေ့ မြောက်အရပ်မှ လာရောက်တိုက်ခိုက်ကြသူတို့မှာ တရုတ်လူမျိုးများ မဟုတ်ကြပါ။ ယနေ့ တရုတ်ပြည် ယူနန်နယ်မှ နန်ကျောက်တို့ ဖြစ် ကြပါသည်။ နန်ကျောက်နိုင်ငံသည် အေဒီ ၇၃၈ မှ အေဒီ ၉၀၃ ခုနှစ်အထိ နှစ်ပေါင်း ၁၇၀ ကြာမျှ တည်ရှိ ခဲ့ပါသည်။ ထိုစဉ်က နန်ကျောက်ဒေသသည်လည်း တရုတ်နိုင်ငံမဖြစ်သေးပါ။ တရုတ်သမိုင်းပညာရှင်များ၏ ယူဆချက်အရ နန်ကျောက်နိုင်ငံ၏ အုပ်စိုးသူများ မှာ ယီလူမျိုးနှင့် ဘိုင်လူမျိုးများဖြစ်ပြီး၊ အထက်တန်း လွှာများမှာ တိဗက်တိုဘားမင်း အုပ်စုဝင် နော့ဆိုး ( Nuosu ) သို့မဟုတ် ယီ ဘာသာစကားကို ပြောဆို ကြသည်။ ထိုဘာသာစကားသည် မြောက်ပိုင်းလိုလို ( Loloish language) အနွယ်ဝင်ဖြစ်ပြီး၊ မြန်မာဘာသာစကားနှင့် နီးကပ်သော ဆက်နွှယ်မှုရှိသည်။

နန်ကျောက်နိုင်ငံ
အေဒီ ၂၂၅ ခုနှစ်တွင် စစ်သူကြီး ကျူကဲ့လျန်၏ တောင်ပိုင်းချီစစ်ပွဲအတွင်း ဆွမ့်မိန် ( 爨蠻 ) လူမျိုးစုသည် ကျူကဲ့လျန်ကို ထောက်ခံခြင်းအားဖြင့် အုပ်ချုပ်ရေးအာဏာ ရလာခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် အေဒီ ၅၉၃ ခုနှစ်တွင် စွေးမင်းဆက် ( 隋朝 )ကို ပုန်ကန်ခြားနားသဖြင့် အေဒီ ၆၀၂ ခုနှစ်တွင် စွေးမင်းဆက်၏ တိုက်ခိုက် ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။ ထို့နောက် ဆွမ့် တို့သည် အဖြူနှင့် အမည်းမီးဝါ ( Black and white Mywa) အဖြစ် အုပ်စုနှစ်စုကွဲသွားကြသည်။ မီးဝါဖြူ (White Mywa) တို့သည် ယနေ့ ဘိုင်လူမျိုးတို့၏ ဘိုးဘေး များဖြစ်ကြသည်ဟု ယူဆကြပြီး၊ ယူနန်အနောက်ပိုင်း အဲ့ဟိုင် ကန်ကြီးတစ်ဝိုက်တွင် နေထိုင်ကြသည်။ မီးဝါမည်း (Black Mywa) တို့သည် ယနေ့ ယိ လူမျိုးတို့၏ ဘိုးဘေးများဖြစ်ကြသည်ဟု ယူဆကြပြီး၊ ယူနန်ပြည်နယ်အရှေ့ပိုင်း တောင်တန်းဒေသတွင် နေထိုင်ကြသည်။ ဤလူမျိုးစုများတွင် မုန်ဆဲ့ Men­gshe (蒙舍)ယမိန်ရှီး Mengxi (蒙嶲)ယလန့်ချုံ Langqiong (浪穹)ယထင်တန် Tengtan (邆賧)ယရှိလန့် Shilang (施浪)ယနှင့် ယွဲ့ရှီး Yuexi (越析) လူမျိုးအုပ်စုလိုက် စုစည်းနေထိုင်ကြပြီး အုပ်စုတစ်ခုချင်းစီတွင် စောဝ် ဟုခေါ်သည့် အုပ်ချုပ်သူ တစ်ဦးစီရှိလေသည်။ နန်ကျောက်ဘုရင့်နိုင်ငံတွင် ပါဝင်သော လူမျိုးများနှင့် ပတ်သက်ပြီး ပညာရှင်များအကြားတွင် ငြင်းခုန်ဆွေးနွေးမှုများရှိခဲ့ရာ တရုတ်မဟုတ်သောပညာရှင်များက နန်ကျောက်တွင် အဓိက ပါဝင်သောလူမျိုးစုမှာ ထိုင်း မျိုးနွယ်စုဖြစ်သည်ဟု မှတ်ယူကြပြီး၊ ၎င်းတို့သည် နောက်ပိုင်းတွင် ယနေ့ခေတ် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ ရှမ်း ပြည်နယ်ဘက်သို့ ပြောင်းရွှေ့နေ ထိုင်ခဲ့ကြသည်ဟု ယူဆကြပါသည်။

အေဒီ ၆၄၉ ခုနှစ်တွင် မုန်ဆဲ့ အုပ်စုခေါင်းဆောင် Xinuluo (細奴邏) ရှင့်နူးလိုသည် (奇嘉王) ချိကျား ဝမ်(ဘုန်းတန်ခိုးကြီးသည့်မင်း)ဟူ သည့် ဘွဲ့အမည်ကိုခံယူကာ တာ့မိန် Great Meng (大蒙)နိုင်ငံကို တည် ထောင်ခဲ့သည်။ သူက ထန်မင်းဆက်၏ လက်အောက်ခံဖြစ်မှုကို အသိအမှတ်ပြုလက်ခံသည်။ အေဒီ ၆၅၂ ခုနှစ်တွင် ရှင့်နူးလိုသည် မီးဝါဖြူ White Mywa တို့၏ဒေသ၊ အဲ့ဟိုင်ကန်ကြီး နှင့် ဆန်းတောင်တန်း (Erhai Lake and Cang Mountain) ကိုအုပ်ချုပ်သည့် ကျန်းလဲ့ကျင်းချိုးကို သိမ်းသွင်းခဲ့ရာ၊ ကျန်းလဲ့ကျင်းချိုးက ၎င်း၏ စိတ်ဆန္ဒဖြင့် ပူးပေါင်းဆောင် ရွက်ခဲ့သည့်အတွက် ငြိမ်းချမ်းစွာ ဖြစ်ပွားခဲ့ပေသည်။ ထို့နောက်ပိုင်းတွင် မီးဝါအမည်းနှင့် အဖြူ Black and White Mywa တို့သည် စစ်သူကြီးများနှင့်ဝန်ကြီးများအဖြစ် ဆောင်ရွက် ကြလေ သည်။ ရှင့်နူးလိုကို ၎င်း၏သား လိုရှင်းယန်က ဆက်ခံ သည်။ လိုရှင်းယန်သည် ချန်အန်းသို့သွားရောက်ပြီး ထန်မင်း ဆက်ထံ လက်ဆောင်ပဏ္ဏာဆက်သခဲ့သည်။ အေဒီ ၇၀၄ ခုနှစ်တွင် တိဗက်အင်ပါယာက မီးဝါဖြူအုပ်စုကို ပဏ္ဏာဆက်နိုင်ငံအဖြစ်သတ်မှတ်ခဲ့သလို မီးဝါမည်းအုပ်စုကို လက်အောက်ခံနိုင်ငံအဖြစ် သိမ်းသွင်းခဲ့သည်။ အေဒီ ၇၁၃ တွင် လိုရှင်းယန်ကို ၎င်း၏သား ရှင်းလို့ဖြီက ဆက်ခံသည်။ အေဒီ ၇၃၃ တွင် ရှင်းလို့ဖြီကို သူ၏သား ဖြီလို့ကော်က ဆက်ခံ လေသည်။ ဖြီလို့ကော်သည် အေဒီ ၇၃၀ ပြည့်နှစ် အစောပိုင်းနှစ်များတွင် သူအုပ်စိုးသည့်နယ်ပယ်ကို ချဲ့ထွင်ခဲ့ရာ ပထမဦးစွာအားဖြင့် မျက်မမြင်ကျောက် ယွမ်အုပ်ချုပ်သော အိမ်နီးချင်းမုန်းစွေးကို တိုက်ခိုက် သိမ်းပိုက်ခဲ့လေသည်။ ဖြီလို့ကော်သည် ကျောက်ယွမ် ၏သားယွမ်လို့ကို သူ့ဖခင်အား ဆက်ခံသူအဖြစ် လက်ခံကာ မုန်းစွေးကို အားနည်းချည့်နဲ့စေလေ သည်။ ကျောက်ယွမ် လုပ်ကြံခံရပြီးနောက်တွင် ဖြီလို့ ကော်သည် ယွမ်လို့ကို မုန်းစွေးမှ မောင်းထုတ်လိုက်ပြီး နယ်မြေကိုလည်း သိမ်းပိုက်လိုက်လေသည်။ ကျန်ရှိ သောစောဝ်များသည် ဖြီလို့ကော်ကို ဆန့်ကျင်ရန် ပူးပေါင်းလိုက်ကြသည်။ ဖြီလို့ကော်သည် ၎င်းတို့ကို ထန်မင်းဆက်နှင့်မဟာမိတ်မဖွဲ့နိုင်စေရန် နှောင့်ယှက်လေသည်။

အေဒီ ၇၃၃ ခုနှစ်နောက်ပိုင်းတွင် ထန်နန်းတော်မှအရာရှိ ယန်ကျင့်ဟွေးသည် ဖြီလို့ကော် နှင့်ပူးပေါင်းကာ ရှီလန်း “ကျောက်” ကို အောင်မြင်စွာ တိုက်ခိုက်ခဲ့သဖြင့် မုန်းစဲ့အုပ်ချုပ်သူအဖြစ် ဆုလာဘ်ချီးမြှင့်ခြင်း ခံရလေသည်။

ရှီးလန်ကိုတိုက်ခိုက်ရာတွင် အခြားသော “ကျောက်” နှစ်ယောက်ဖြစ်သည့် မေလို့ဖြီ အုပ်ချုပ်သော တင်းတန့် နှင့် သိုလော့ဝမ် အုပ်ချုပ်သော လန်ချုံတို့လည်းပါဝင်လာရာ ဖြီလို့ကော်က ဝမ်ယွီကို လာဘ်ထိုးခြင်းဖြင့် အဆိုပါ ပြိုင်ဘက်များကို ချေမှုန်းခဲ့သည်။ ဝမ်ယွီမှာ ကျန့်နန် (ယနေ့ခေတ် စိချွမ်း)၏ စစ်အုပ်ချုပ်ရေးမှူး ဖြစ်ရာ၊ “ကျောက်” ခြောက်နယ်ကို စုစည်းရန်အတွက် သူ့ကို ထန်နန်းတော်က ထောက်ခံ အားပေးသည်ဟု ဝမ်ယွီက မှတ်ယူလာစေရန် အယုံ သွင်းနိုင်ခဲ့လေသည်။ ထို့နောက် ဖြီလို့ကော်သည် တင့်တန်းကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး၊ မေလို့ဖြီနှင့် ရှိလန်ဒေသကိုအုပ်ချုပ်သည့် ရှီဝမ်ချင်တို့၏ တပ်ဖွဲ့ နှစ်ဖွဲ့လုံးကိုပါ အနိုင်တိုက်ခဲ့လေသည်။

ယွိရှီး အုပ်ချုပ်သူ ပိုချုန်းကို သူ့မိန်းမ၏ ချစ်သူ ကျန်းရွှင်းချိုးက လုပ်ကြံသတ်ဖြတ်လိုက်ပြီး နောက် ထိုဒေသကိုပါ သိမ်းသွင်းလိုက်ပြန်သည်။ ကျန်းရွှင်းချိုးမှာ ထန်နန်းတော်တရားရုံးက ဆင့်ခေါ်ခံရပြီးနောက် သေသည်အထိ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းခံရလေသည်။ ယွမ်ရှီးဒေသကို ဖြီလို့ကော် သိမ်းပိုက်ပြီးနောက် ပိုချုန်း၏သား ယွီစိန်းသည် ထွက်ပြေးကာ အချိန်အတော်ကြာခုခံတိုက်ခိုက်သည်။ နောက်ဆုံးတွင် ဖြီလို့ကော်၏ သား ကော်လို့ဖုန်းကို ရှုံးနိမ့်ကာ ချန်ကျန်းမြစ်တွင်ရေနစ်သေဆုံးခဲ့သည်။ ဖြီလို့ကော်၏ ဝမ်းကွဲမြေး တော်စပ်သူ တစ်ယောက်သည် သူ၏ပထွေး ကော်လို့ဖုန်း အလွန်ထင်ပေါ် ကျော်ကြားလာခြင်းကို မနာလိုဖြစ်ကာ သူ့ကိုယ်ပိုင် “ကျောက်” နယ်တစ်ခုကို တိဗက်အင်ပါယာနှင့် မဟာ မိတ်ဖွဲ့ပြီး တည်ထေင်ဖို့ကြံစည်‌စဉ် သတင်းပေါက် ကြားသွားသဖြင့် အသတ်ခံရလေသည်။

အေဒီ ၇၃၇ ခုနှစ်တွင် ဖြီလို့ကော်သည် “ကျောက်” ၆ နယ်ကိုအောင်မြင်စွာစုစည်းနိုင်ခဲ့ပြီး နန် ကျောက် (တောင်ပိုင်းကျောက်) ဟူသော ဘုရင့်အင်ပါ ယာသစ်တစ်ခု တည်ထောင်လိုက်လေသည်။ အေဒီ ၇၃၈ ခုနှစ်တွင် ထန်နန်းတော်သည် ဖြီလို့ကော်အား “ယူနန်မင်းသား”ဘွဲ့ကိုပေးအပ်လေသည်။ အေဒီ ၇၃၉ ခုနှစ်တွင် ဖြီလို့ကော်သည် ထိုက်ဟော် (ယနေ့ခတ် တာ့လီတောင်ဘက် မိုင်အနည်းငယ်အကွာရှိ ထိုက်ဟော့ကျေးရွာ)တွင် နေပြည်တော် အသစ်တည် သည်။ ထိုနေရာသည် အဲဟိုင်ကန်လွင် ပြင်အလယ် တွင် အကောင်းဆုံးနေရာ ဖြစ်သည်။ ထိုနေရာမှ ရန်သူတို့ကို အလွယ်တကူ ခုခံကာကွယ်နိုင်သလို မြေ ဩဇာကြွယ်ဝသော လယ်ယာမြေများ ၏အလယ်တွင် တည်ရှိသည်။ ဖြီလို့ကော်၏ အုပ်ချုပ်မှုအောက်တွင် မီးဝါဖြူ ( White Mywa ) များသည် ယူနန်နယ်အ ရှေ့ပိုင်းမှအနောက်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြလေ သည်။ မီးဝါအဖြူနှင့် အမည်းတို့ သည် ဝန်ကြီးများနှင့် စစ်သူကြီးများအဖြစ် ဇာတ်ခွဲခြားစနစ်ကို ခိုင်မာစွာ ကျင့်သုံးခဲ့ကြသည်။

ဖြီလို့ကော်သည် အေဒီ ၇၄၈ ခုနှစ်တွင် ကွယ်လွန်သွားပြီး သူ့သား ကော်လို့ဖုန်းက ထီးနန်း ဆက်ခံသည်။ အေဒီ ၇၅၀ ပြည့်နှစ်တွင် ယူနန်ပြည် နယ်ဆိုင်ရာ တရုတ်စစ်သူကြီးက နန်ကျောက်သံတ မန်များကို ဓားပြတိုက်ရန် ကြိုးစားသောအခါ ကော်လို့ ဖုန်းက တုံ့ပြန်တိုက်ခိုက်ရာ စစ်သူကြီးသေဆုံးလေ သည်။ ထိုကိစ္စကို လက်တုံ့ပြန် သောအားဖြင့် ကျန့်နန် ဒေသ(ယနေ့ခေတ် စိချွမ်း)၏ ထန်အုပ်ချုပ်ရေးမှူး ရှန်ယွီကျုံးထုန်းက တပ်သား ၈၀ဝဝဝ ပါ စစ်တပ်ဖြင့် နန်ကျောက်ကို အေဒီ ၇၅၁ ခုနှစ်တွင် တိုက်ခိုက်လေ သည်။ သူသည် ရှာကွမ်းဒေသတွင် သွမ့်ကျင် ဝေ့ကို အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။ အများစုမှာ ရောဂါ ကြောင့် သေဆုံးခြင်းဖြစ်သည်။

အေဒီ ၇၅၄ ခုနှစ်တွင် အင်အား ၁၀ဝ,ဝဝဝ ပါသော ထန်တပ်မတော်ကို ဗိုလ်ချုပ်လီမိက ခေါင်းဆောင်ပြီး မြောက်ဘက်အရပ်မှ ချီတက်တိုက်ခိုက် ပြန်သည်။ သို့သော်လည်း မုအဲကော် Mu'ege ကို မကျော်နိုင်ပေ။

အေဒီ ၇၅၄ ခုနှစ်ကုန်တွင် ကော်လို့ ဖုန်းသည် ထန်အင်ပိုင်ယာကို ရင်ဆိုင်ရန် တိဗက်တို့ နှင့် မဟာမိတ်ဖွဲ့လေရာ၊ အေဒီ ၇၉၄ အထိသက်တမ်း ရှည်ခဲ့ပါသည်။ ထိုနှစ်ထဲတွင်ပင် နန်ကျောက်သည် ယန်ယွမ်ခရိုင် ဆားထွက်ရာ စိမ့်မြေကို ထိန်းချုပ်နိုင်ခဲ့ သည်။

ကော်လို့ဖုန်းသည် တိဗက်ကပေးအပ်သော ဘွဲ့ကိုလက်ခံခဲ့ပြီး တိဗက်အင်ပါယာ၏အစိတ်အပိုင်း တစ်ခု သဖွယ်ပြုမူခဲ့သည်။ သူ့ကိုဆက်ခံသူ ယိမိုရွှင်က လည်း တိဗက်လိုလားသော ပေါ်လစီကို ဆက်လက်ကျင့်သုံး သည်။ အေဒီ ၇၇၉ ခုနှစ်တွင် ယိမိုရွှင်က ထန်မင်းဆက်ကိုတိုက်ခိုက်သည့် တိဗက် တိုက်ခိုက်မှုကြီးတွင် ပါဝင်ခဲ့သည်။ သို့ဖြင့် ထန်မင်းဆက်ကို တိုက်ခိုက်သည့် တိဗက်စစ်ဆင်ရေးဝန်ထုပ်ဝန်ပိုးသည် သူ့အပေါ်ကျ ရောက်လာလေသည်။ အေဒီ ၇၉၄ ခုနှစ် တွင် တိဗက်တို့နှင့်ဆက်ဆံရေး ဆိုးရွားလာပြီး ထန်တို့ ဘက်သို့ ဘက်ပြောင်းခဲ့သည်။ အေဒီ ၇၉၅ ခုနှစ်တွင် ယိမိုရွှင်က ခွန်းမင်ရှိ တိဗက် အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်လေသည်။ ထို့ကြောင့် အေဒီ ၇၉၉ ခုနှစ် တွင် တိဗက်တို့ကလက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ သို့သော် လည်း ထန်နှင့် နန်ကျောက် ပူးပေါင်းတပ်ဖွဲ့ များက ပြန်လည်တွန်းလှန်တိုက်ထုတ်ခြင်းကို ခံရလေသည်။

အေဒီ ၈၀၁ ခုနှစ်တွင် နန်ကျောက်နှင့် ထန်တပ်များသည် တိဗက်နှင့် မွတ်စလင်အဘဆစ် ကျေးကျွန်စစ်သား အဖွဲ့တစ်ခုကို အနိုင်တိုက်ခိုက်ခဲ့ လေသည်။ တိဗက်တပ်သား တစ်သောင်းကျော် သေဆုံးပြီး ၆၀ဝ၀ ကျော် အဖမ်းခံရသည်။ နန်ကျောက် သည် တိဗက်မြို့ ၇ မြို့နှင့် ခံတပ်မြို့ ၅ မြို့ကို သိမ်းပိုက်နိုင်ခဲ့လေသည်။ ခံတပ်စခန်း ပေါင်း တစ်ရာကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါသည်။ ဤတိုက်ပွဲ၏ ရလဒ် က ထန်နှင့်နန်ကျောက်တို့ဘက်သို့ အင်အား ချိန်ခွင် လျှာသာစေခဲ့သည်။

ချွမ်းလုံချိန် ( ၈၀၉-၈၁၆) လက်ထက်တွင် အုပ်ချုပ်သူသည် လောဘမသတ်နိုင်ဖြစ်သဖြင့် ဩဇာ အာဏာကြီး သော ဘုရင်ခံ ဝမ်ဆို့တင်၏သတ်ဖြတ်ခြင်းကိုခံရလေသည်။ တိဗက်ကို စစ်နိုင်လိုက်သဖြင့် နန်ကျောက် စစ်ဗိုလ်ချုပ်များသည် ဩဇာကြီးမားလာကြသည်။ ဝမ်ဆို့တင်က ရုပ်သေးအုပ်ချုပ်သူ ချွင်လိစိန့်ကို တင်မြှောက်သည်။ နောက် ၃ နှစ်မျှကြာ သောအခါ စစ်သူကြီးများအကူအညီဖြင့် သူ့ကို ချွမ်ဖုန်းယိုဖြင့် အစားထိုးလိုက်ကြသည်။ ချွမ်ဖုန်းယို နှင့် ဝမ်ဆို့တင်တို့နှစ်ယောက်မှာ ဩဇာ အာဏာအကြီး ဆုံး စစ်သူကြီးများဖြစ်ကြပြီး နန်ကျောက် နယ်မြေချဲ့ ထွင်ရေးစစ်ပွဲတွင် အခရာကျသူများ ဖြစ်လာပါသည်။ နန်ကျောက်တို့သည် အေဒီ ၈၂၀ ခုနှစ်များတွင် ပျူမြို့ပြနိုင်ငံများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ တကောင်းမြို့ပြနိုင်ငံကို အေဒီ ၈၃၂ ခုနှစ်တွင် တိုက်ခိုက်အောင်မြင်ခဲ့ကြလေသည်။

zawgyi version
နန္ေက်ာက္သမိုင္း ႏွင့္ ပ်ဴႏိုင္ငံကို ဝင္ေရာက္တိုက္ခိုက္ျခင္း

ရဲထြန္း(သီေပါ) (NP News) - ေဖေဖာ္ဝါရီလ ၂၉

လြန္ခဲ့သည့္ ႏွစ္ေပါင္း ၁၂၀ဝ ေလာက္က ပ်ဴႏိုင္ငံကို အေရွ႕ ေျမာက္အရပ္မွ လာေရာက္တိုက္ခိုက္ၾကသူတို႔မွာ တ႐ုတ္လူမ်ိဳးမ်ား မဟုတ္ၾကပါ။ ယေန႔ တ႐ုတ္ျပည္ ယူနန္နယ္မွ နန္ေက်ာက္တို႔ ျဖစ္ ၾကပါသည္။ နန္ေက်ာက္ႏိုင္ငံသည္ ေအဒီ ၇၃၈ မွ ေအဒီ ၉၀၃ ခုႏွစ္အထိ ႏွစ္ေပါင္း ၁၇၀ ၾကာမွ် တည္ရွိ ခဲ့ပါသည္။ ထိုစဥ္က နန္ေက်ာက္ေဒသသည္လည္း တ႐ုတ္ႏိုင္ငံမျဖစ္ေသးပါ။ တ႐ုတ္သမိုင္းပညာရွင္မ်ား၏ ယူဆခ်က္အရ နန္ေက်ာက္ႏိုင္ငံ၏ အုပ္စိုးသူမ်ား မွာ ယီလူမ်ိဳးႏွင့္ ဘိုင္လူမ်ိဳးမ်ားျဖစ္ၿပီး၊ အထက္တန္း လႊာမ်ားမွာ တိဗက္တိုဘားမင္း အုပ္စုဝင္ ေနာ့ဆိုး ( Nuosu ) သို႔မဟုတ္ ယီ ဘာသာစကားကို ေျပာဆို ၾကသည္။ ထိုဘာသာစကားသည္ ေျမာက္ပိုင္းလိုလို ( Loloish language) အႏြယ္ဝင္ျဖစ္ၿပီး၊ ျမန္မာဘာသာစကားႏွင့္ နီးကပ္ေသာ ဆက္ႏႊယ္မႈရွိသည္။

နန္ေက်ာက္ႏိုင္ငံ
ေအဒီ ၂၂၅ ခုႏွစ္တြင္ စစ္သူႀကီး က်ဴကဲ့လ်န္၏ ေတာင္ပိုင္းခ်ီစစ္ပြဲအတြင္း ဆြမ့္မိန္ ( 爨蠻 ) လူမ်ိဳးစုသည္ က်ဴကဲ့လ်န္ကို ေထာက္ခံျခင္းအားျဖင့္ အုပ္ခ်ဳပ္ေရးအာဏာ ရလာခဲ့ၾကသည္။ သို႔ေသာ္လည္း ၎တို႔သည္ ေအဒီ ၅၉၃ ခုႏွစ္တြင္ ေစြးမင္းဆက္ ( 隋朝 )ကို ပုန္ကန္ျခားနားသျဖင့္ ေအဒီ ၆၀၂ ခုႏွစ္တြင္ ေစြးမင္းဆက္၏ တိုက္ခိုက္ ေခ်မႈန္းျခင္းကို ခံလိုက္ရေလသည္။ ထို႔ေနာက္ ဆြမ့္ တို႔သည္ အျဖဴႏွင့္ အမည္းမီးဝါ ( Black and white Mywa) အျဖစ္ အုပ္စုႏွစ္စုကြဲသြားၾကသည္။ မီးဝါျဖဴ (White Mywa) တို႔သည္ ယေန႔ ဘိုင္လူမ်ိဳးတို႔၏ ဘိုးေဘး မ်ားျဖစ္ၾကသည္ဟု ယူဆၾကၿပီး၊ ယူနန္အေနာက္ပိုင္း အဲ့ဟိုင္ ကန္ႀကီးတစ္ဝိုက္တြင္ ေနထိုင္ၾကသည္။ မီးဝါမည္း (Black Mywa) တို႔သည္ ယေန႔ ယိ လူမ်ိဳးတို႔၏ ဘိုးေဘးမ်ားျဖစ္ၾကသည္ဟု ယူဆၾကၿပီး၊ ယူနန္ျပည္နယ္အေရွ႕ပိုင္း ေတာင္တန္းေဒသတြင္ ေနထိုင္ၾကသည္။ ဤလူမ်ိဳးစုမ်ားတြင္ မုန္ဆဲ့ Men­gshe (蒙舍)ယမိန္ရွီး Mengxi (蒙嶲)ယလန႔္ခ်ဳံ Langqiong (浪穹)ယထင္တန္ Tengtan (邆賧)ယရွိလန႔္ Shilang (施浪)ယႏွင့္ ယြဲ႕ရွီး Yuexi (越析) လူမ်ိဳးအုပ္စုလိုက္ စုစည္းေနထိုင္ၾကၿပီး အုပ္စုတစ္ခုခ်င္းစီတြင္ ေစာဝ္ ဟုေခၚသည့္ အုပ္ခ်ဳပ္သူ တစ္ဦးစီရွိေလသည္။ နန္ေက်ာက္ဘုရင့္ႏိုင္ငံတြင္ ပါဝင္ေသာ လူမ်ိဳးမ်ားႏွင့္ ပတ္သက္ၿပီး ပညာရွင္မ်ားအၾကားတြင္ ျငင္းခုန္ေဆြးေႏြးမႈမ်ားရွိခဲ့ရာ တ႐ုတ္မဟုတ္ေသာပညာရွင္မ်ားက နန္ေက်ာက္တြင္ အဓိက ပါဝင္ေသာလူမ်ိဳးစုမွာ ထိုင္း မ်ိဳးႏြယ္စုျဖစ္သည္ဟု မွတ္ယူၾကၿပီး၊ ၎တို႔သည္ ေနာက္ပိုင္းတြင္ ယေန႔ေခတ္ ထိုင္းႏိုင္ငံ၊ လာအိုႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ ရွမ္း ျပည္နယ္ဘက္သို႔ ေျပာင္းေ႐ႊ႕ေန ထိုင္ခဲ့ၾကသည္ဟု ယူဆၾကပါသည္။

ေအဒီ ၆၄၉ ခုႏွစ္တြင္ မုန္ဆဲ့ အုပ္စုေခါင္းေဆာင္ Xinuluo (細奴邏) ရွင့္ႏူးလိုသည္ (奇嘉王) ခ်ိက်ား ဝမ္(ဘုန္းတန္ခိုးႀကီးသည့္မင္း)ဟူ သည့္ ဘြဲ႕အမည္ကိုခံယူကာ တာ့မိန္ Great Meng (大蒙)ႏိုင္ငံကို တည္ ေထာင္ခဲ့သည္။ သူက ထန္မင္းဆက္၏ လက္ေအာက္ခံျဖစ္မႈကို အသိအမွတ္ျပဳလက္ခံသည္။ ေအဒီ ၆၅၂ ခုႏွစ္တြင္ ရွင့္ႏူးလိုသည္ မီးဝါျဖဴ White Mywa တို႔၏ေဒသ၊ အဲ့ဟိုင္ကန္ႀကီး ႏွင့္ ဆန္းေတာင္တန္း (Erhai Lake and Cang Mountain) ကိုအုပ္ခ်ဳပ္သည့္ က်န္းလဲ့က်င္းခ်ိဳးကို သိမ္းသြင္းခဲ့ရာ၊ က်န္းလဲ့က်င္းခ်ိဳးက ၎၏ စိတ္ဆႏၵျဖင့္ ပူးေပါင္းေဆာင္ ႐ြက္ခဲ့သည့္အတြက္ ၿငိမ္းခ်မ္းစြာ ျဖစ္ပြားခဲ့ေပသည္။ ထို႔ေနာက္ပိုင္းတြင္ မီးဝါအမည္းႏွင့္ အျဖဴ Black and White Mywa တို႔သည္ စစ္သူႀကီးမ်ားႏွင့္ဝန္ႀကီးမ်ားအျဖစ္ ေဆာင္႐ြက္ ၾကေလ သည္။ ရွင့္ႏူးလိုကို ၎၏သား လိုရွင္းယန္က ဆက္ခံ သည္။ လိုရွင္းယန္သည္ ခ်န္အန္းသို႔သြားေရာက္ၿပီး ထန္မင္း ဆက္ထံ လက္ေဆာင္ပဏၰာဆက္သခဲ့သည္။ ေအဒီ ၇၀၄ ခုႏွစ္တြင္ တိဗက္အင္ပါယာက မီးဝါျဖဴအုပ္စုကို ပဏၰာဆက္ႏိုင္ငံအျဖစ္သတ္မွတ္ခဲ့သလို မီးဝါမည္းအုပ္စုကို လက္ေအာက္ခံႏိုင္ငံအျဖစ္ သိမ္းသြင္းခဲ့သည္။ ေအဒီ ၇၁၃ တြင္ လိုရွင္းယန္ကို ၎၏သား ရွင္းလို႔ၿဖီက ဆက္ခံသည္။ ေအဒီ ၇၃၃ တြင္ ရွင္းလို႔ၿဖီကို သူ၏သား ၿဖီလို႔ေကာ္က ဆက္ခံ ေလသည္။ ၿဖီလို႔ေကာ္သည္ ေအဒီ ၇၃၀ ျပည့္ႏွစ္ အေစာပိုင္းႏွစ္မ်ားတြင္ သူအုပ္စိုးသည့္နယ္ပယ္ကို ခ်ဲ႕ထြင္ခဲ့ရာ ပထမဦးစြာအားျဖင့္ မ်က္မျမင္ေက်ာက္ ယြမ္အုပ္ခ်ဳပ္ေသာ အိမ္နီးခ်င္းမုန္းေစြးကို တိုက္ခိုက္ သိမ္းပိုက္ခဲ့ေလသည္။ ၿဖီလို႔ေကာ္သည္ ေက်ာက္ယြမ္ ၏သားယြမ္လို႔ကို သူ႔ဖခင္အား ဆက္ခံသူအျဖစ္ လက္ခံကာ မုန္းေစြးကို အားနည္းခ်ည့္နဲ႔ေစေလ သည္။ ေက်ာက္ယြမ္ လုပ္ႀကံခံရၿပီးေနာက္တြင္ ၿဖီလို႔ ေကာ္သည္ ယြမ္လို႔ကို မုန္းေစြးမွ ေမာင္းထုတ္လိုက္ၿပီး နယ္ေျမကိုလည္း သိမ္းပိုက္လိုက္ေလသည္။ က်န္ရွိ ေသာေစာဝ္မ်ားသည္ ၿဖီလို႔ေကာ္ကို ဆန႔္က်င္ရန္ ပူးေပါင္းလိုက္ၾကသည္။ ၿဖီလို႔ေကာ္သည္ ၎တို႔ကို ထန္မင္းဆက္ႏွင့္မဟာမိတ္မဖြဲ႕ႏိုင္ေစရန္ ေႏွာင့္ယွက္ေလသည္။

ေအဒီ ၇၃၃ ခုႏွစ္ေနာက္ပိုင္းတြင္ ထန္နန္းေတာ္မွအရာရွိ ယန္က်င့္ေဟြးသည္ ၿဖီလို႔ေကာ္ ႏွင့္ပူးေပါင္းကာ ရွီလန္း “ေက်ာက္” ကို ေအာင္ျမင္စြာ တိုက္ခိုက္ခဲ့သျဖင့္ မုန္းစဲ့အုပ္ခ်ဳပ္သူအျဖစ္ ဆုလာဘ္ခ်ီးျမႇင့္ျခင္း ခံရေလသည္။

ရွီးလန္ကိုတိုက္ခိုက္ရာတြင္ အျခားေသာ “ေက်ာက္” ႏွစ္ေယာက္ျဖစ္သည့္ ေမလို႔ၿဖီ အုပ္ခ်ဳပ္ေသာ တင္းတန႔္ ႏွင့္ သိုေလာ့ဝမ္ အုပ္ခ်ဳပ္ေသာ လန္ခ်ဳံတို႔လည္းပါဝင္လာရာ ၿဖီလို႔ေကာ္က ဝမ္ယြီကို လာဘ္ထိုးျခင္းျဖင့္ အဆိုပါ ၿပိဳင္ဘက္မ်ားကို ေခ်မႈန္းခဲ့သည္။ ဝမ္ယြီမွာ က်န႔္နန္ (ယေန႔ေခတ္ စိခြၽမ္း)၏ စစ္အုပ္ခ်ဳပ္ေရးမႉး ျဖစ္ရာ၊ “ေက်ာက္” ေျခာက္နယ္ကို စုစည္းရန္အတြက္ သူ႔ကို ထန္နန္းေတာ္က ေထာက္ခံ အားေပးသည္ဟု ဝမ္ယြီက မွတ္ယူလာေစရန္ အယုံ သြင္းႏိုင္ခဲ့ေလသည္။ ထို႔ေနာက္ ၿဖီလို႔ေကာ္သည္ တင့္တန္းကို ႐ုတ္တရက္တိုက္ခိုက္ခဲ့ၿပီး၊ ေမလို႔ၿဖီႏွင့္ ရွိလန္ေဒသကိုအုပ္ခ်ဳပ္သည့္ ရွီဝမ္ခ်င္တို႔၏ တပ္ဖြဲ႕ ႏွစ္ဖြဲ႕လုံးကိုပါ အႏိုင္တိုက္ခဲ့ေလသည္။

ယြိရွီး အုပ္ခ်ဳပ္သူ ပိုခ်ဳန္းကို သူ႔မိန္းမ၏ ခ်စ္သူ က်န္း႐ႊင္းခ်ိဳးက လုပ္ႀကံသတ္ျဖတ္လိုက္ၿပီး ေနာက္ ထိုေဒသကိုပါ သိမ္းသြင္းလိုက္ျပန္သည္။ က်န္း႐ႊင္းခ်ိဳးမွာ ထန္နန္းေတာ္တရား႐ုံးက ဆင့္ေခၚခံရၿပီးေနာက္ ေသသည္အထိ ႐ိုက္ႏွက္ျပစ္ဒဏ္ေပးျခင္းခံရေလသည္။ ယြမ္ရွီးေဒသကို ၿဖီလို႔ေကာ္ သိမ္းပိုက္ၿပီးေနာက္ ပိုခ်ဳန္း၏သား ယြီစိန္းသည္ ထြက္ေျပးကာ အခ်ိန္အေတာ္ၾကာခုခံတိုက္ခိုက္သည္။ ေနာက္ဆုံးတြင္ ၿဖီလို႔ေကာ္၏ သား ေကာ္လို႔ဖုန္းကို ရႈံးနိမ့္ကာ ခ်န္က်န္းျမစ္တြင္ေရနစ္ေသဆုံးခဲ့သည္။ ၿဖီလို႔ေကာ္၏ ဝမ္းကြဲေျမး ေတာ္စပ္သူ တစ္ေယာက္သည္ သူ၏ပေထြး ေကာ္လို႔ဖုန္း အလြန္ထင္ေပၚ ေက်ာ္ၾကားလာျခင္းကို မနာလိုျဖစ္ကာ သူ႔ကိုယ္ပိုင္ “ေက်ာက္” နယ္တစ္ခုကို တိဗက္အင္ပါယာႏွင့္ မဟာ မိတ္ဖြဲ႕ၿပီး တည္ေထင္ဖို႔ႀကံစည္‌စဥ္ သတင္းေပါက္ ၾကားသြားသျဖင့္ အသတ္ခံရေလသည္။

ေအဒီ ၇၃၇ ခုႏွစ္တြင္ ၿဖီလို႔ေကာ္သည္ “ေက်ာက္” ၆ နယ္ကိုေအာင္ျမင္စြာစုစည္းႏိုင္ခဲ့ၿပီး နန္ ေက်ာက္ (ေတာင္ပိုင္းေက်ာက္) ဟူေသာ ဘုရင့္အင္ပါ ယာသစ္တစ္ခု တည္ေထာင္လိုက္ေလသည္။ ေအဒီ ၇၃၈ ခုႏွစ္တြင္ ထန္နန္းေတာ္သည္ ၿဖီလို႔ေကာ္အား “ယူနန္မင္းသား”ဘြဲ႕ကိုေပးအပ္ေလသည္။ ေအဒီ ၇၃၉ ခုႏွစ္တြင္ ၿဖီလို႔ေကာ္သည္ ထိုက္ေဟာ္ (ယေန႔ခတ္ တာ့လီေတာင္ဘက္ မိုင္အနည္းငယ္အကြာရွိ ထိုက္ေဟာ့ေက်း႐ြာ)တြင္ ေနျပည္ေတာ္ အသစ္တည္ သည္။ ထိုေနရာသည္ အဲဟိုင္ကန္လြင္ ျပင္အလယ္ တြင္ အေကာင္းဆုံးေနရာ ျဖစ္သည္။ ထိုေနရာမွ ရန္သူတို႔ကို အလြယ္တကူ ခုခံကာကြယ္ႏိုင္သလို ေျမ ဩဇာႂကြယ္ဝေသာ လယ္ယာေျမမ်ား ၏အလယ္တြင္ တည္ရွိသည္။ ၿဖီလို႔ေကာ္၏ အုပ္ခ်ဳပ္မႈေအာက္တြင္ မီးဝါျဖဴ ( White Mywa ) မ်ားသည္ ယူနန္နယ္အ ေရွ႕ပိုင္းမွအေနာက္ပိုင္းသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ၾကေလ သည္။ မီးဝါအျဖဴႏွင့္ အမည္းတို႔ သည္ ဝန္ႀကီးမ်ားႏွင့္ စစ္သူႀကီးမ်ားအျဖစ္ ဇာတ္ခြဲျခားစနစ္ကို ခိုင္မာစြာ က်င့္သုံးခဲ့ၾကသည္။

ၿဖီလို႔ေကာ္သည္ ေအဒီ ၇၄၈ ခုႏွစ္တြင္ ကြယ္လြန္သြားၿပီး သူ႔သား ေကာ္လို႔ဖုန္းက ထီးနန္း ဆက္ခံသည္။ ေအဒီ ၇၅၀ ျပည့္ႏွစ္တြင္ ယူနန္ျပည္ နယ္ဆိုင္ရာ တ႐ုတ္စစ္သူႀကီးက နန္ေက်ာက္သံတ မန္မ်ားကို ဓားျပတိုက္ရန္ ႀကိဳးစားေသာအခါ ေကာ္လို႔ ဖုန္းက တုံ႔ျပန္တိုက္ခိုက္ရာ စစ္သူႀကီးေသဆုံးေလ သည္။ ထိုကိစၥကို လက္တုံ႔ျပန္ ေသာအားျဖင့္ က်န႔္နန္ ေဒသ(ယေန႔ေခတ္ စိခြၽမ္း)၏ ထန္အုပ္ခ်ဳပ္ေရးမႉး ရွန္ယြီက်ဳံးထုန္းက တပ္သား ၈၀ဝဝဝ ပါ စစ္တပ္ျဖင့္ နန္ေက်ာက္ကို ေအဒီ ၇၅၁ ခုႏွစ္တြင္ တိုက္ခိုက္ေလ သည္။ သူသည္ ရွာကြမ္းေဒသတြင္ သြမ့္က်င္ ေဝ့ကို အႀကီးအက်ယ္ရႈံးနိမ့္ခဲ့သည္။ အမ်ားစုမွာ ေရာဂါ ေၾကာင့္ ေသဆုံးျခင္းျဖစ္သည္။

ေအဒီ ၇၅၄ ခုႏွစ္တြင္ အင္အား ၁၀ဝ,ဝဝဝ ပါေသာ ထန္တပ္မေတာ္ကို ဗိုလ္ခ်ဳပ္လီမိက ေခါင္းေဆာင္ၿပီး ေျမာက္ဘက္အရပ္မွ ခ်ီတက္တိုက္ခိုက္ ျပန္သည္။ သို႔ေသာ္လည္း မုအဲေကာ္ Mu'ege ကို မေက်ာ္ႏိုင္ေပ။

ေအဒီ ၇၅၄ ခုႏွစ္ကုန္တြင္ ေကာ္လို႔ ဖုန္းသည္ ထန္အင္ပိုင္ယာကို ရင္ဆိုင္ရန္ တိဗက္တို႔ ႏွင့္ မဟာမိတ္ဖြဲ႕ေလရာ၊ ေအဒီ ၇၉၄ အထိသက္တမ္း ရွည္ခဲ့ပါသည္။ ထိုႏွစ္ထဲတြင္ပင္ နန္ေက်ာက္သည္ ယန္ယြမ္ခ႐ိုင္ ဆားထြက္ရာ စိမ့္ေျမကို ထိန္းခ်ဳပ္ႏိုင္ခဲ့ သည္။

ေကာ္လို႔ဖုန္းသည္ တိဗက္ကေပးအပ္ေသာ ဘြဲ႕ကိုလက္ခံခဲ့ၿပီး တိဗက္အင္ပါယာ၏အစိတ္အပိုင္း တစ္ခု သဖြယ္ျပဳမူခဲ့သည္။ သူ႔ကိုဆက္ခံသူ ယိမို႐ႊင္က လည္း တိဗက္လိုလားေသာ ေပၚလစီကို ဆက္လက္က်င့္သုံး သည္။ ေအဒီ ၇၇၉ ခုႏွစ္တြင္ ယိမို႐ႊင္က ထန္မင္းဆက္ကိုတိုက္ခိုက္သည့္ တိဗက္ တိုက္ခိုက္မႈႀကီးတြင္ ပါဝင္ခဲ့သည္။ သို႔ျဖင့္ ထန္မင္းဆက္ကို တိုက္ခိုက္သည့္ တိဗက္စစ္ဆင္ေရးဝန္ထုပ္ဝန္ပိုးသည္ သူ႔အေပၚက် ေရာက္လာေလသည္။ ေအဒီ ၇၉၄ ခုႏွစ္ တြင္ တိဗက္တို႔ႏွင့္ဆက္ဆံေရး ဆိုး႐ြားလာၿပီး ထန္တို႔ ဘက္သို႔ ဘက္ေျပာင္းခဲ့သည္။ ေအဒီ ၇၉၅ ခုႏွစ္တြင္ ယိမို႐ႊင္က ခြန္းမင္ရွိ တိဗက္ အေျခစိုက္စခန္းတစ္ခုကို တိုက္ခိုက္ေလသည္။ ထို႔ေၾကာင့္ ေအဒီ ၇၉၉ ခုႏွစ္ တြင္ တိဗက္တို႔ကလက္တုံ႔ျပန္တိုက္ခိုက္ခဲ့သည္။ သို႔ေသာ္ လည္း ထန္ႏွင့္ နန္ေက်ာက္ ပူးေပါင္းတပ္ဖြဲ႕ မ်ားက ျပန္လည္တြန္းလွန္တိုက္ထုတ္ျခင္းကို ခံရေလသည္။

ေအဒီ ၈၀၁ ခုႏွစ္တြင္ နန္ေက်ာက္ႏွင့္ ထန္တပ္မ်ားသည္ တိဗက္ႏွင့္ မြတ္စလင္အဘဆစ္ ေက်းကြၽန္စစ္သား အဖြဲ႕တစ္ခုကို အႏိုင္တိုက္ခိုက္ခဲ့ ေလသည္။ တိဗက္တပ္သား တစ္ေသာင္းေက်ာ္ ေသဆုံးၿပီး ၆၀ဝ၀ ေက်ာ္ အဖမ္းခံရသည္။ နန္ေက်ာက္ သည္ တိဗက္ၿမိဳ႕ ၇ ၿမိဳ႕ႏွင့္ ခံတပ္ၿမိဳ႕ ၅ ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့ေလသည္။ ခံတပ္စခန္း ေပါင္း တစ္ရာေက်ာ္ကိုလည္း ဖ်က္ဆီးႏိုင္ခဲ့ပါသည္။ ဤတိုက္ပြဲ၏ ရလဒ္ က ထန္ႏွင့္နန္ေက်ာက္တို႔ဘက္သို႔ အင္အား ခ်ိန္ခြင္ လွ်ာသာေစခဲ့သည္။

ခြၽမ္းလုံခ်ိန္ ( ၈၀၉-၈၁၆) လက္ထက္တြင္ အုပ္ခ်ဳပ္သူသည္ ေလာဘမသတ္ႏိုင္ျဖစ္သျဖင့္ ဩဇာ အာဏာႀကီး ေသာ ဘုရင္ခံ ဝမ္ဆို႔တင္၏သတ္ျဖတ္ျခင္းကိုခံရေလသည္။ တိဗက္ကို စစ္ႏိုင္လိုက္သျဖင့္ နန္ေက်ာက္ စစ္ဗိုလ္ခ်ဳပ္မ်ားသည္ ဩဇာႀကီးမားလာၾကသည္။ ဝမ္ဆို႔တင္က ႐ုပ္ေသးအုပ္ခ်ဳပ္သူ ခြၽင္လိစိန႔္ကို တင္ေျမႇာက္သည္။ ေနာက္ ၃ ႏွစ္မွ်ၾကာ ေသာအခါ စစ္သူႀကီးမ်ားအကူအညီျဖင့္ သူ႔ကို ခြၽမ္ဖုန္းယိုျဖင့္ အစားထိုးလိုက္ၾကသည္။ ခြၽမ္ဖုန္းယို ႏွင့္ ဝမ္ဆို႔တင္တို႔ႏွစ္ေယာက္မွာ ဩဇာ အာဏာအႀကီး ဆုံး စစ္သူႀကီးမ်ားျဖစ္ၾကၿပီး နန္ေက်ာက္ နယ္ေျမခ်ဲ႕ ထြင္ေရးစစ္ပြဲတြင္ အခရာက်သူမ်ား ျဖစ္လာပါသည္။ နန္ေက်ာက္တို႔သည္ ေအဒီ ၈၂၀ ခုႏွစ္မ်ားတြင္ ပ်ဴၿမိဳ႕ျပႏိုင္ငံမ်ားကို အႀကိမ္ႀကိမ္ တိုက္ခိုက္ခဲ့ၿပီး၊ တေကာင္းၿမိဳ႕ျပႏိုင္ငံကို ေအဒီ ၈၃၂ ခုႏွစ္တြင္ တိုက္ခိုက္ေအာင္ျမင္ခဲ့ၾကေလသည္။

Related news

© 2021. All rights reserved.