ဘင်္ဂလားဒေ့ရှ်က အိမ်နီးချင်း မြန်မာအပေါ် ဘာအထာတွေလဲ(ဘာသာပြန်ဆောင်းပါး)

 5407

Htay Oung (NP News) - မတ် ၁

ဘင်္ဂလားဒေ့ရှ်ဟာ အိမ်နီးချင်းမြန်မာနယ်စပ်ကို တိုက်ခိုက်ရေး တင့်ကားအချို့ စေလွှတ်နေကြောင်း ဗွီဒီယိုဖိုင်တွေ ပျံ့လွင့်နေပါတယ်။
အဲဒါဘာအဓိပ္ပါယ်ဆောင်ပါသလဲ။ မြန်မာ့အိမ်နီးချင်း သူတို့ဘက်မှာ ဖြစ်ပျက်နေတာတွေကို တတ်နိုင်သရွေ့သိထား သင့်ပါတယ်။ တကယ်လို့ လွန်ခဲ့တဲ့ရက်သတ္တတစ်ပတ်လောက်ကသာ ဘင်္ဂလားဒေ့ရှ်အနေနနဲ့ အဲဒီလိုလုပ်ခဲ့ရင် နေပြည်တော်နဲ့ တပ်မတော်အပေါ် တိုက်ရိုက်ရည်ရွယ်တယ်လို့ ယူဆနိုင်ပါတယ်။

နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ နယ်ခြားကျော်ပြီး ကျရောက်လာတဲ့လက်နက်ကြီးနဲ့ သေနတ်ကျည်များကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာပြ သူများ ရှိခဲ့တယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အများစု လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လဝကနဲ့ အ ကောက်ခွန်များ၊ မှီခိုသူမိသားစုဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၃ဝဝ ကျော်ဟာ သူတို့ဘက်ကို ပြေးဝင်ခိုလှုံလာ ကြကြောင်း၊ တရားမဝင် ဝင်ရောက်မှုနဲ့ အခြားမြန်မာနိုင်ငံသား ၂၃ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သူတို့ သတင်းစာများက ရေးသားခဲ့ကြောင်း တွေ့ရှိရပါတယ်။

အဲဒီနောက်ဖြစ်စဉ်များကို ဒါကာထရိုင်ဗြွန်း ရေးသားချက်အရ ရက်စွဲအလိုက် ဖော်ပြရရင်...
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့) မှာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းပြည်နယ်၊ ကော့ခ်ဘဇားခရိုင်၊ တက္ကနဖ်မြို့နယ်၊ ရှာပူရီဒွစ်ဒေသခံတွေဟာ နယ်ခြားတစ်ဖက်ကမ်းမြန်မာဘက်ခြမ်းမှ သေနတ်သံနဲ့ ပေါက်ကွဲသံ များကြောင့် တစ်ညလုံး အိပ်မရဘဲ ငုတ်တုပ်ထိုင်နေရတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အရှေ့ဇုံ ကမ်းခြေစောင့်တပ်မှူးကတော့ သူတို့ဘက်ကို ပြေးဝင်လာသူမှန်သမျှ လက်ခံမည်မဟုတ်ကြောင်း၊ ယခင် ခိုလှုံလာသူ ၂ဝဝ ကျော်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့လ နောက်ဆုံးရက်သတ္တပတ် ရခိုင်ပြည်မြောက်ဖျား နှစ်နိုင်ငံ နယ်ခြားတစ်လျှောက် ရက္ခိုင့်တပ် AA နဲ့ နစက တပ်မတော်တို့အကြားတိုက်ပွဲများဟာ မောင်တော မြောက်ပိုင်း (မြန်မာ-တောင်ပြို) ဘက်မှ တောင်ပိုင်းကို ရွေ့လျားခဲ့ပြီးနောက် ယခုလို မောင်တောနယ်ခြားတစ်ဖက်ကမ်း ရှာပူရီဒွစ်ဒေသခံများ အတိုင်းသားကြားနေရခြင်း ဖြစ်ပါတယ်။

ရှာပူရီဒွစ် ရှာပူရီဆိုတာ မြန်မာတို့ သိထားတဲ့ ရှင်မဖြူကျွန်းပါ၊ နတ်မြစ်အတိုင်း စုန်ဆင်းလာရင် ယာဘက် မြစ်ဝ အနီးတည်ရှိပြီး တစ်ချိန်က ကျွန်းသဖွယ် သီးခြားရှိခဲ့ပေမယ့် အခုတော့ ကုန်းမြေနဲ့ တစ်ဆက်တည်းဖြစ်သွားပါပြီ။ ကျွန်းအဖြစ် သီးခြားတည်ရှိစဉ် သူတို့အပိုင်ဖြစ်ကြောင်း ဗြိတိသျှတို့က တပ်လာစွဲတဲ့အတွက် ၁၈၂၄ ခုနှစ် မတ်လမှာ မြန်မာဘုရင် ဘကြီးတော်နဲ့ အင်္ဂလိပ်တို့ စစ်ဖြစ်ကြပါတယ်။

၂ နှစ်နီးပါးကြာစစ်ပွဲမှာ စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးပြီးနောက် မြန်မာတို့အရေးနိမ့်ပြီး ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ် အရ စစ်လျော်ကြေးငွေ တစ်ကုဋေနဲ့အတူ မြန်မာပိုင် အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းတို့ကို ဗြိတိသျှ ထံ ပေးအပ်လိုက်ခဲ့ရပါတယ်။

မြန်မာအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ခင်းဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး နှစ်ပေါင်းများစွာ ကြိုးစားနေကြောင်း၊ ရခိုင်မြောက်ပိုင်းမှ ဘင်္ဂါလီတွေကို မောင်းထုတ်ကျူးကျော်စေခြင်း အပါအဝင်၊ အစဉ်တစ်စိုက် ရန်စလျက်ရှိ ကြောင်း၊ ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့အတတ်နိုင်ဆုံး သည်းခံတဲ့သဘောထားအမြင်နဲ့ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာမူးယစ်ဆေးများအတွက် အဓိက ဈေးကွက်ကြီးဖြစ်နေ ကြောင်း၊ မူးယစ်ဆေးကုန်ကူးသူများဟာ နိုင်ငံအသီးသီးကို ဖြန့်ကျက်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် RAB ခေါ် “လျှပ်တပြတ်တိုက်ခိုက်ရေးအထူးတပ်” ညွှန်ကြားရေးမှူး ကာရှတ်_ဟိုစိန်က ပြောပါတယ်။

RAB ဆိုတာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကို ကိုယ်စားပြုခြင်းမရှိပါ။ ကြည်း-ရေ-လေ၊ ရဲတပ်ဖွဲ့နယ်ခြားစောင့်နဲ့ လုံခြုံရေးရဲတို့မှ ရွေးချယ်ထားသူများနဲ့ ၂ဝဝ၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဝါရှင်တန်ရဲ့အကြံပြုချက်အရ ဖွဲ့စည်းခြင်းဖြစ်ပြီး အမေရိကန်ကပဲ လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ရှိတ်ဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာတော့ ရှိတ်ဟာစီနာရဲ့ခါးပိုက်ဆောင် လက်နက်ကိုင်များဖြစ်ကြပြီး ဒုစရိုက်မှု အကျင့် ပျက်ခြစားမှုအကြောင်းပြချက်နဲ့ နိုင်ငံရေးပြိုင်ဘက်များကို နှိပ်ကွပ်ရာမှာ အသုံးချနေကြောင်း စွပ်စွဲခြင်းခံထားရပါ တယ်။

ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး ၁၅ နေရာမှာ တပ်စွဲထားပြီး လက်လွတ်စပယ် ပစ်သတ်ခြင်း၊ ရုံးတင်တရားစွဲဆိုခြင်းမရှိ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်က RAB အရာရှိ ကြီး ၇ ဦးကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ကာရှတ်ဟိုစိန်ဟာ ရှိတ်ဟာစီနာ သဘောကျလုပ်ကိုင်တတ်သူ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ (မှုခင်းနဲ့စစ်ဆင်ရေးဌာန) ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အတိုက်အခံ BNP ပါတီအစိုးရလက်ထက် ထိန်းသိမ်းခံခဲ့ဖူးပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် (တနင်္လာနေ့) မှာ မြန်မာဘက်ခြမ်းမှာ သေန်သံများ မကြားရတော့ပဲ ငြိမ်သက်သွား ကြောင်း ရှာပူရီဒေသခံများက ပြောပါတယ်။ တနင်္ဂနွေ ညဦးပိုင်းအထိ သေနတ်သံများကြားရပေမယ့် တနင်္လာနေ့ မနက် ၃ နာရီလောက်မှာ တိတ်ဆိတ်သွားခဲ့ကြောင်း နတ်မြစ်အတွင်း ကင်းလှည့်မှုများကို တိုးမြှင့်ထားပြီး ခိုးဝင်ရန် ကြိုးစားသူ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီ ၉ ဦးကို တားဆီးခဲ့ကြောင်း၊ ယခုလစောစောပိုင်း နယ်စပ်ရောက်ရှိနေသူ ဘင်္ဂါလီ ၄ဝဝ ခန့်ကို ဥပဒေနှင့်အညီပြန်ပို့ပေးခဲ့ကြောင်း၊ မြစ်ကြောင်းမှ ဝင်ရောက်ရန်ကြိုးစားတဲ့ ဘင်္ဂါလီ ၂ဝဝ ခန့် ကို ကမ်းခြေစောင့်တပ်က မောင်းထုတ်ခဲ့တယ်လို့ မီဒီယယာများက ရေးသားပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် (အင်္ဂါနေ့) မှာ စစ်တကောင်းပြည်နယ် ဘန်ဒါဘန်ခရိုင်နယ်စပ်ဒေသမှာ လုံခြုံရေး အခြေအနေကြောင့် ပိတ်ထားရတဲ့ မဒရပ်ဆာဘာသာရေးကျောင်း အပါအဝင် မူလတန်းကျောင်း ၅ ကျောင်းကို ပြန် လည် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာဘက်ခြမ်းတိုက်ပွဲများကြောင့် မတည်မငြိမ်ဖြစ်လာတဲ့အတွက် အဲဒီ စာသင်ကျောင်းများကို ဇန်ဝါရီလ ၂၉ ရက်မှာ စတင်ပိတ်ထားခဲ့ရပါတယ်။ ဒါပေမယ့် နယ်စပ်အခြေအနေများ ငြိမ်သက်သွားတဲ့အတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှစတင်ပြီး မြန်မာဘက်ခြမ်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ ကြောင်း၊ နယ်စပ်ဖြတ်ကျော်လာတဲ့လက်နက်ကြီးနဲ့ သေနတ်ကျည်များ အဆက်မပြတ်ကျရောက်နေမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးက ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက် နောက်ပိုင်းအခြေအနေများ ပုံမှန်ပြန်ဖြစ်လာပေမယ့် အုပ်ချုပ်ရေးပိုင်းမှ ဆက်လက်စောင့်ကြည့်နေခဲ့ကြောင်း၊ စိုးရိမ်စရာများ မရှိတဲ့အဆုံး ယခုလို စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြန်မာနယ်စပ်ကို ဦးတည်ပြီး ဘင်္ဂလားဒေ့ရှ်တင့်ကားများ သွားရောက်နေကြာင်း သတင်းများ လူမှုကွန် ရက်မှာ ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။ ဗီဒီယိုရဲ့သတင်းရင်းမြစ်ခိုင်မာမှုကို အတည်ပြုနိုင်ခြင်းမရှိပါ။ နှစ်ရက်နေ့ ဘယ်အချိန်ဆိုလည်း မသိရပါ။

၁ဝ၂၇ စစ်ဆင်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ ပါဝင်တဲ့ AA ဟာ ၂၀၂၄ ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံရဲ့ ရခိုင် ပြည်နယ်မြောက်ပိုင်း ကုလားတန်ဘက်စုံစီမံကိန်းမှာ အချက်အချာဖြစ်တဲ့ ပလက်ဝမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ နောက် ရက်သတ္တပတ်များအတွင်းမှာပဲ စီမံကိန်းရဲ့မဟာဗျူဟာမြောက်မြို့များဖြစ်တဲ့ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်မြို့များကို ဆက်တိုက်သိမ်းယူခဲ့ပါတယ်။
တရုတ်ရဲ့ကိုယ်စားပြု ပရောက်ဆီလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA ရဲ့ စစ်ရေးလှုပ်ရှားမှုများကို အိန္ဒိယမီဒီယာများက သတိပြူစောင့်ကြည့်နေကြပြီး အထူးသဖြင့် ပလက်ဝမြို့ ကျဆုံးသတင်းနဲ့ နောက်ဆက်တွဲဖြစ်နိုင်ခြေများကို စိုးရိမ် တကြီး ခန့်မှန်းရေးသားနေကြပါတယ်။ အထူးသဖြင့် ကုလားတန်စီမံကိန်းက သူတို့ရဲ့စီးပွားရေးနဲ့ လူနေမှုဘဝကို မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြသူ ချင်းမျိုးနွယ်စုတို့ဟာ သူတို့နယ်မြေအတွင်း ရခိုင်တပ်များ နေရာယူလာ ခြင်းကို မနှစ်မြို့ပဲရှိနေကြာင်း ဖော်ပြကြပါတယ်။

Chin World ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဇန်နဝါရီလ ၂၄ ရက် နောက်ပိုင်း ယခုအချိန်ထိ ချင်းပြည်နယ် ပလက်ဝမြို့နယ် မရာလူမျိုးစုများနေထိုင်ရာဒေသမှာ ချင်းတပ်ဖွဲ့များအချင်းချင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရရှိများဖြစ်ပေါ်လျက်ရှိတယ်လို့ ရေးသားပါတယ်။
CAN, CDF-Mara ပူးပေါင်း ချင်းအမျိုးသားတပ်နဲ့ မရာလန်းကာကွယ်ရေးတပ်မဟာမိတ် MDF တို့အကြား တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း MDF တို့ဘက်က ရက္ခိုင့်တပ် AA က ကူညီတိုက်ခိုက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ဘဂၤလားေဒ့ရွ္က အိမ္နီးခ်င္း ျမန္မာအေပၚ ဘာအထာေတြလဲ(ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၁

ဘဂၤလားေဒ့ရွ္ဟာ အိမ္နီးခ်င္းျမန္မာနယ္စပ္ကို တိုက္ခိုက္ေရး တင့္ကားအခ်ိဳ႕ ေစလႊတ္ေနေၾကာင္း ဗြီဒီယိုဖိုင္ေတြ ပ်ံ႕လြင့္ေနပါတယ္။
အဲဒါဘာအဓိပၸါယ္ေဆာင္ပါသလဲ။ ျမန္မာ့အိမ္နီးခ်င္း သူတို႔ဘက္မွာ ျဖစ္ပ်က္ေနတာေတြကို တတ္ႏိုင္သေ႐ြ႕သိထား သင့္ပါတယ္။ တကယ္လို႔ လြန္ခဲ့တဲ့ရက္သတၱတစ္ပတ္ေလာက္ကသာ ဘဂၤလားေဒ့ရွ္အေနနနဲ႔ အဲဒီလိုလုပ္ခဲ့ရင္ ေနျပည္ေတာ္နဲ႔ တပ္မေတာ္အေပၚ တိုက္႐ိုက္ရည္႐ြယ္တယ္လို႔ ယူဆႏိုင္ပါတယ္။

နယ္စပ္တေလွ်ာက္ ျမန္မာဘက္ျခမ္းမွာ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားေနေၾကာင္း၊ နယ္ျခားေက်ာ္ၿပီး က်ေရာက္လာတဲ့လက္နက္ႀကီးနဲ႔ ေသနတ္က်ည္မ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္မွာ လူ ၂ ဦး ေသဆုံးၿပီး ဒဏ္ရာျပ သူမ်ား ရွိခဲ့တယ္။ ဒီအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဌာနက ျမန္မာသံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးကို ဆင့္ေခၚၿပီး ကန႔္ကြက္ေၾကာင္း၊ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္အမ်ားစု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ လဝကနဲ႔ အ ေကာက္ခြန္မ်ား၊ မွီခိုသူမိသားစုဝင္မ်ား အပါအဝင္ ျမန္မာႏိုင္ငံသား ၃ဝဝ ေက်ာ္ဟာ သူတို႔ဘက္ကို ေျပးဝင္ခိုလႈံလာ ၾကေၾကာင္း၊ တရားမဝင္ ဝင္ေရာက္မႈနဲ႔ အျခားျမန္မာႏိုင္ငံသား ၂၃ ဦးကိုလည္း ဖမ္းဆီးထားတယ္လို႔ သူတို႔ သတင္းစာမ်ားက ေရးသားခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

အဲဒီေနာက္ျဖစ္စဥ္မ်ားကို ဒါကာထ႐ိုင္ႁဗြန္း ေရးသားခ်က္အရ ရက္စြဲအလိုက္ ေဖာ္ျပရရင္...
၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ (စေနေန႔) မွာ ဘဂၤလားေဒ့ရွ္ စစ္တေကာင္းျပည္နယ္၊ ေကာ့ခ္ဘဇားခ႐ိုင္၊ တကၠနဖ္ၿမိဳ႕နယ္၊ ရွာပူရီဒြစ္ေဒသခံေတြဟာ နယ္ျခားတစ္ဖက္ကမ္းျမန္မာဘက္ျခမ္းမွ ေသနတ္သံနဲ႔ ေပါက္ကြဲသံ မ်ားေၾကာင့္ တစ္ညလုံး အိပ္မရဘဲ ငုတ္တုပ္ထိုင္ေနရတယ္လို႔ ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ စစ္တေကာင္း အေရွ႕ဇုံ ကမ္းေျခေစာင့္တပ္မႉးကေတာ့ သူတို႔ဘက္ကို ေျပးဝင္လာသူမွန္သမွ် လက္ခံမည္မဟုတ္ေၾကာင္း၊ ယခင္ ခိုလႈံလာသူ ၂ဝဝ ေက်ာ္ကို ျပန္ပို႔ခဲ့ၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့လ ေနာက္ဆုံးရက္သတၱပတ္ ရခိုင္ျပည္ေျမာက္ဖ်ား ႏွစ္ႏိုင္ငံ နယ္ျခားတစ္ေလွ်ာက္ ရကၡိဳင့္တပ္ AA နဲ႔ နစက တပ္မေတာ္တို႔အၾကားတိုက္ပြဲမ်ားဟာ ေမာင္ေတာ ေျမာက္ပိုင္း (ျမန္မာ-ေတာင္ၿပိဳ) ဘက္မွ ေတာင္ပိုင္းကို ေ႐ြ႕လ်ားခဲ့ၿပီးေနာက္ ယခုလို ေမာင္ေတာနယ္ျခားတစ္ဖက္ကမ္း ရွာပူရီဒြစ္ေဒသခံမ်ား အတိုင္းသားၾကားေနရျခင္း ျဖစ္ပါတယ္။

ရွာပူရီဒြစ္ ရွာပူရီဆိုတာ ျမန္မာတို႔ သိထားတဲ့ ရွင္မျဖဴကြၽန္းပါ၊ နတ္ျမစ္အတိုင္း စုန္ဆင္းလာရင္ ယာဘက္ ျမစ္ဝ အနီးတည္ရွိၿပီး တစ္ခ်ိန္က ကြၽန္းသဖြယ္ သီးျခားရွိခဲ့ေပမယ့္ အခုေတာ့ ကုန္းေျမနဲ႔ တစ္ဆက္တည္းျဖစ္သြားပါၿပီ။ ကြၽန္းအျဖစ္ သီးျခားတည္ရွိစဥ္ သူတို႔အပိုင္ျဖစ္ေၾကာင္း ၿဗိတိသွ်တို႔က တပ္လာစြဲတဲ့အတြက္ ၁၈၂၄ ခုႏွစ္ မတ္လမွာ ျမန္မာဘုရင္ ဘႀကီးေတာ္နဲ႔ အဂၤလိပ္တို႔ စစ္ျဖစ္ၾကပါတယ္။

၂ ႏွစ္နီးပါးၾကာစစ္ပြဲမွာ စစ္သူႀကီး မဟာဗႏၶဳလ က်ဆုံးၿပီးေနာက္ ျမန္မာတို႔အေရးနိမ့္ၿပီး ၁၈၂၆ ခုႏွစ္ ရႏၲပိုစာခ်ဳပ္ အရ စစ္ေလ်ာ္ေၾကးေငြ တစ္ကုေဋနဲ႔အတူ ျမန္မာပိုင္ အာသံ၊ မဏိပူရ၊ ရခိုင္နဲ႔ တနသၤာရီကမ္း႐ိုးတန္းတို႔ကို ၿဗိတိသွ် ထံ ေပးအပ္လိုက္ခဲ့ရပါတယ္။

ျမန္မာအစိုးရဟာ ဘဂၤလားေဒ့ရွ္နဲ႔ စစ္ခင္းဖို႔ နည္းလမ္းအမ်ိဳးမ်ိဳး အသုံးျပဳၿပီး ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားေနေၾကာင္း၊ ရခိုင္ေျမာက္ပိုင္းမွ ဘဂၤါလီေတြကို ေမာင္းထုတ္က်ဴးေက်ာ္ေစျခင္း အပါအဝင္၊ အစဥ္တစ္စိုက္ ရန္စလ်က္ရွိ ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာရဲ႕အတတ္ႏိုင္ဆုံး သည္းခံတဲ့သေဘာထားအျမင္နဲ႔ အေျခအေနအရပ္ရပ္ကို ကိုင္တြယ္လ်က္ရွိေၾကာင္း၊ ဘဂၤလားေဒ့ရွ္ဟာ ျမန္မာမူးယစ္ေဆးမ်ားအတြက္ အဓိက ေဈးကြက္ႀကီးျဖစ္ေန ေၾကာင္း၊ မူးယစ္ေဆးကုန္ကူးသူမ်ားဟာ ႏိုင္ငံအသီးသီးကို ျဖန႔္က်က္လ်က္ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္ RAB ေခၚ “လွ်ပ္တျပတ္တိုက္ခိုက္ေရးအထူးတပ္” ၫႊန္ၾကားေရးမႉး ကာရွတ္_ဟိုစိန္က ေျပာပါတယ္။

RAB ဆိုတာ ဘဂၤလားေဒ့ရွ္တပ္မေတာ္ကို ကိုယ္စားျပဳျခင္းမရွိပါ။ ၾကည္း-ေရ-ေလ၊ ရဲတပ္ဖြဲ႕နယ္ျခားေစာင့္နဲ႔ လုံၿခဳံေရးရဲတို႔မွ ေ႐ြးခ်ယ္ထားသူမ်ားနဲ႔ ၂ဝဝ၄ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။ ဝါရွင္တန္ရဲ႕အႀကံျပဳခ်က္အရ ဖြဲ႕စည္းျခင္းျဖစ္ၿပီး အေမရိကန္ကပဲ ေလ့က်င့္လက္နက္တပ္ဆင္ေပးခဲ့တယ္လို႔ ရွိတ္ဟာစီနာက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ျပည္တြင္းမွာေတာ့ ရွိတ္ဟာစီနာရဲ႕ခါးပိုက္ေဆာင္ လက္နက္ကိုင္မ်ားျဖစ္ၾကၿပီး ဒုစ႐ိုက္မႈ အက်င့္ ပ်က္ျခစားမႈအေၾကာင္းျပခ်က္နဲ႔ ႏိုင္ငံေရးၿပိဳင္ဘက္မ်ားကို ႏွိပ္ကြပ္ရာမွာ အသုံးခ်ေနေၾကာင္း စြပ္စြဲျခင္းခံထားရပါ တယ္။

ဘဂၤလားေဒ့ရွ္တစ္ႏိုင္ငံလုံး ၁၅ ေနရာမွာ တပ္စြဲထားၿပီး လက္လြတ္စပယ္ ပစ္သတ္ျခင္း၊ ႐ုံးတင္တရားစြဲဆိုျခင္းမရွိ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း၊ ညႇင္းပန္းႏွိပ္စက္ျခင္း၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားေၾကာင့္ အေမရိကန္က RAB အရာရွိ ႀကီး ၇ ဦးကို ဒဏ္ခတ္ပိတ္ဆို႔ထားပါတယ္။ ကာရွတ္ဟိုစိန္ဟာ ရွိတ္ဟာစီနာ သေဘာက်လုပ္ကိုင္တတ္သူ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕ (မႈခင္းနဲ႔စစ္ဆင္ေရးဌာန) ၫႊန္ၾကားေရးမႉး တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး အတိုက္အခံ BNP ပါတီအစိုးရလက္ထက္ ထိန္းသိမ္းခံခဲ့ဖူးပါတယ္။

၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၆ ရက္ (တနလၤာေန႔) မွာ ျမန္မာဘက္ျခမ္းမွာ ေသန္သံမ်ား မၾကားရေတာ့ပဲ ၿငိမ္သက္သြား ေၾကာင္း ရွာပူရီေဒသခံမ်ားက ေျပာပါတယ္။ တနဂၤေႏြ ညဦးပိုင္းအထိ ေသနတ္သံမ်ားၾကားရေပမယ့္ တနလၤာေန႔ မနက္ ၃ နာရီေလာက္မွာ တိတ္ဆိတ္သြားခဲ့ေၾကာင္း နတ္ျမစ္အတြင္း ကင္းလွည့္မႈမ်ားကို တိုးျမႇင့္ထားၿပီး ခိုးဝင္ရန္ ႀကိဳးစားသူ ရခိုင္ေျမာက္ပိုင္းေန ဘဂၤါလီ ၉ ဦးကို တားဆီးခဲ့ေၾကာင္း၊ ယခုလေစာေစာပိုင္း နယ္စပ္ေရာက္ရွိေနသူ ဘဂၤါလီ ၄ဝဝ ခန႔္ကို ဥပေဒႏွင့္အညီျပန္ပို႔ေပးခဲ့ေၾကာင္း၊ ျမစ္ေၾကာင္းမွ ဝင္ေရာက္ရန္ႀကိဳးစားတဲ့ ဘဂၤါလီ ၂ဝဝ ခန႔္ ကို ကမ္းေျခေစာင့္တပ္က ေမာင္းထုတ္ခဲ့တယ္လို႔ မီဒီယယာမ်ားက ေရးသားပါတယ္။

၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၇ ရက္ (အဂၤါေန႔) မွာ စစ္တေကာင္းျပည္နယ္ ဘန္ဒါဘန္ခ႐ိုင္နယ္စပ္ေဒသမွာ လုံၿခဳံေရး အေျခအေနေၾကာင့္ ပိတ္ထားရတဲ့ မဒရပ္ဆာဘာသာေရးေက်ာင္း အပါအဝင္ မူလတန္းေက်ာင္း ၅ ေက်ာင္းကို ျပန္ လည္ ဖြင့္လွစ္လိုက္ၿပီျဖစ္ပါတယ္။ ျမန္မာဘက္ျခမ္းတိုက္ပြဲမ်ားေၾကာင့္ မတည္မၿငိမ္ျဖစ္လာတဲ့အတြက္ အဲဒီ စာသင္ေက်ာင္းမ်ားကို ဇန္ဝါရီလ ၂၉ ရက္မွာ စတင္ပိတ္ထားခဲ့ရပါတယ္။ ဒါေပမယ့္ နယ္စပ္အေျခအေနမ်ား ၿငိမ္သက္သြားတဲ့အတြက္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရွိရပါတယ္။

ဇန္နဝါရီ ၁၃ ရက္မွစတင္ၿပီး ျမန္မာဘက္ျခမ္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္လာခဲ့ ေၾကာင္း၊ နယ္စပ္ျဖတ္ေက်ာ္လာတဲ့လက္နက္ႀကီးနဲ႔ ေသနတ္က်ည္မ်ား အဆက္မျပတ္က်ေရာက္ေနမႈေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားလိုက္ေၾကာင္း ခ႐ိုင္အုပ္ခ်ဳပ္ေရးက ေၾကညာခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၆ ရက္ ေနာက္ပိုင္းအေျခအေနမ်ား ပုံမွန္ျပန္ျဖစ္လာေပမယ့္ အုပ္ခ်ဳပ္ေရးပိုင္းမွ ဆက္လက္ေစာင့္ၾကည့္ေနခဲ့ေၾကာင္း၊ စိုးရိမ္စရာမ်ား မရွိတဲ့အဆုံး ယခုလို စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီေနာက္ ျမန္မာနယ္စပ္ကို ဦးတည္ၿပီး ဘဂၤလားေဒ့ရွ္တင့္ကားမ်ား သြားေရာက္ေနၾကာင္း သတင္းမ်ား လူမႈကြန္ ရက္မွာ ပ်ံ႕ႏွံ႔လာျခင္းျဖစ္ပါတယ္။ ဗီဒီယိုရဲ႕သတင္းရင္းျမစ္ခိုင္မာမႈကို အတည္ျပဳႏိုင္ျခင္းမရွိပါ။ ႏွစ္ရက္ေန႔ ဘယ္အခ်ိန္ဆိုလည္း မသိရပါ။

၁ဝ၂၇ စစ္ဆင္ေရး ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕မွာ ပါဝင္တဲ့ AA ဟာ ၂၀၂၄ ဇန္နဝါရီလမွာ အိႏၵိယႏိုင္ငံရဲ႕ ရခိုင္ ျပည္နယ္ေျမာက္ပိုင္း ကုလားတန္ဘက္စုံစီမံကိန္းမွာ အခ်က္အခ်ာျဖစ္တဲ့ ပလက္ဝၿမိဳ႕ကို သိမ္းပိုက္ခဲ့ပါတယ္။ ေနာက္ ရက္သတၱပတ္မ်ားအတြင္းမွာပဲ စီမံကိန္းရဲ႕မဟာဗ်ဴဟာေျမာက္ၿမိဳ႕မ်ားျဖစ္တဲ့ ေပါက္ေတာ၊ ေျမာက္ဦး၊ ေက်ာက္ေတာ္ၿမိဳ႕မ်ားကို ဆက္တိုက္သိမ္းယူခဲ့ပါတယ္။
တ႐ုတ္ရဲ႕ကိုယ္စားျပဳ ပေရာက္ဆီလက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ AA ရဲ႕ စစ္ေရးလႈပ္ရွားမႈမ်ားကို အိႏၵိယမီဒီယာမ်ားက သတိျပဴေစာင့္ၾကည့္ေနၾကၿပီး အထူးသျဖင့္ ပလက္ဝၿမိဳ႕ က်ဆုံးသတင္းနဲ႔ ေနာက္ဆက္တြဲျဖစ္ႏိုင္ေျခမ်ားကို စိုးရိမ္ တႀကီး ခန႔္မွန္းေရးသားေနၾကပါတယ္။ အထူးသျဖင့္ ကုလားတန္စီမံကိန္းက သူတို႔ရဲ႕စီးပြားေရးနဲ႔ လူေနမႈဘဝကို ျမႇင့္တင္ေပးလိမ့္မယ္လို႔ ယုံၾကည္ၾကသူ ခ်င္းမ်ိဳးႏြယ္စုတို႔ဟာ သူတို႔နယ္ေျမအတြင္း ရခိုင္တပ္မ်ား ေနရာယူလာ ျခင္းကို မႏွစ္ၿမိဳ႕ပဲရွိေနၾကာင္း ေဖာ္ျပၾကပါတယ္။

Chin World ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ ဇန္နဝါရီလ ၂၄ ရက္ ေနာက္ပိုင္း ယခုအခ်ိန္ထိ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ မရာလူမ်ိဳးစုမ်ားေနထိုင္ရာေဒသမွာ ခ်င္းတပ္ဖြဲ႕မ်ားအခ်င္းခ်င္း တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ေသဆုံးဒဏ္ရာရရွိမ်ားျဖစ္ေပၚလ်က္ရွိတယ္လို႔ ေရးသားပါတယ္။
CAN, CDF-Mara ပူးေပါင္း ခ်င္းအမ်ိဳးသားတပ္နဲ႔ မရာလန္းကာကြယ္ေရးတပ္မဟာမိတ္ MDF တို႔အၾကား တိုက္ပြဲ မ်ားျဖစ္ပြားခဲ့ေၾကာင္း MDF တို႔ဘက္က ရကၡိဳင့္တပ္ AA က ကူညီတိုက္ခိုက္လ်က္ရွိတယ္လို႔ သိရွိရပါတယ္။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.