မန္တလေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အိမ်(၄)လုံးခန့် မီးလောင်ဆုံးရှုံး

1048
သန့်ဇင် (NP News) - မတ် ၂
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ် (၄)လုံးခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(မတ်လ ၂ ရက်)၊ နံနက် ၅နာရီဝန်းကျင်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနှင့် ၁၁၂×၁၁၃ လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်ကစလောင်လဲတော့ မသိရသေးဘူးပေါ့။ လောင်သွားတာက အိမ်(၄)လုံးလောင်သွားတယ်။ အဲနားကလည်း အိမ်လေးတွေက ကပ်နေတော့ ကူးသွားတာပါ။ မိန်းကလေးငယ်တစ်ဦးလည်း မီးလောင်ပြီးဆုံးသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးသည်လည်း မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသမီးကို အားမာန်လူငယ်များလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းနှင့် (၈၆ x၈၇) ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မန္တလေးတိုင်းအတွင်းရှိ မီးသတ်တပ်ဖွဲ့အချို့က Level 1 အဆင့်ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆယ္ေက်ာ္သက္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ၿပီး အိမ္(၄)လုံးခန႔္ မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - မတ္ ၂
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆယ္ေက်ာ္သက္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ၿပီး လူေနအိမ္ (၄)လုံးခန႔္ မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(မတ္လ ၂ ရက္)၊ နံနက္ ၅နာရီဝန္းက်င္အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၅၉ လမ္းႏွင့္ ၁၁၂×၁၁၃ လမ္းၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘယ္ကစေလာင္လဲေတာ့ မသိရေသးဘူးေပါ့။ ေလာင္သြားတာက အိမ္(၄)လုံးေလာင္သြားတယ္။ အဲနားကလည္း အိမ္ေလးေတြက ကပ္ေနေတာ့ ကူးသြားတာပါ။ မိန္းကေလးငယ္တစ္ဦးလည္း မီးေလာင္ၿပီးဆုံးသြားတယ္”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္ေၾကာင့္ လူေနအိမ္(၄)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ၿပီး အသက္(၁၄)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္လည္း မီးေလာင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီးကို အားမာန္လူငယ္မ်ားလူမႈကူညီေရးအသင္းမွ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို မီးသတ္တပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည္ ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၉ လမ္းႏွင့္ (၈၆ x၈၇) ၾကားတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ မႏၲေလးတိုင္းအတြင္းရွိ မီးသတ္တပ္ဖြဲ႕အခ်ိဳ႕က Level 1 အဆင့္ျဖင့္ ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။