ပြန်မကြိုက်သည့်အမျိုးသမီးကို မိဘများရှေ့တွင် ဝက်လက် PDF က ပစ်သတ်မှုဖြစ်ပွား

1452
သန့်ဇင် (NP News) - မတ် ၂
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် PDF အဖွဲ့ဝင်တစ်ဦးက ၎င်းကိုပြန်မကြိုက်သည့် အမျိုးသမီးကို နေအိမ်ခြံဝန်းအတွင်းဝင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်အပြင် အခြားသူတစ်ဦးကိုပါ သတ်ရန်ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာ အချို့နှင့်ဖြစ်စဉ်ကို သိရှိသူများ၏ ရေးသားပြောကြားထားချက်များအရ သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်း (၄)နာရီအချိန်ခန့်က ဝက်လက်မြို့နယ် သခွတ္တော ကျေးရွာ၌ ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ ကျေးရွာတွင်နေထိုင်သူ အသက် (၂၂) နှစ်အရွယ် မယုမွန်ထက်သည် ၎င်း၏မိဘများအပြင် လိင်တူချစ်သူဖြစ်သည့် မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးနှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့တစ်ဖွဲ့ ဖြစ်သော ဝက်လက်မြို့နယ် တပ်ရင်း ၂ ၏ တပ်စိတ်မှူး ကိုပြည့်ဆိုသူက ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
ကိုပြည့်က လိင်တူချစ်သူအမျိုးသမီးကို ပြန်မကြိုက်ရန်နှင့် ၎င်းကိုကြိုက်ရန်ပြောဆိုခဲ့ရာ မယုမွန် ထက်က လက်မခံသဖြင့် အသင့်ပါလာသော မောင်းတင်ထားသည့်သေနတ်ဖြင့် မယုမွန်ထက်ကို မိဘများရှေ့တွင်ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အိမ်တွင်အတူရှိနေသည့် မယုမွန် ထက်၏လိင်တူချစ်သူအမျိုးသမီးကို ထပ်မံပစ်ခတ်ရာ ကျည်မထွက်ခြင်းကြောင့် အဆိုပါအမျိုးသမီးမှာ အသက်ချမ်းသာရာရခဲ့ကြောင်း သိရသည်။ သို့သော် လည်း အဆိုပါ အမျိုးသမီးကို ယင်းနေ့တွင် ဝက်လက် တပ်ရင်း ၂ က ဖမ်းဆီးသွားခဲ့ရာ အဆိုပါ အမျိုးသမီး နှင့်ပတ်သက်၍ နောက်ဆက်တွဲအခြေအနေကို သိရခြင်းမရှိသေးပေ။
zawgyi version
ျပန္မႀကိဳက္သည့္အမ်ိဳးသမီးကို မိဘမ်ားေရွ႕တြင္ ဝက္လက္ PDF က ပစ္သတ္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - မတ္ ၂
စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္တြင္ PDF အဖြဲ႕ဝင္တစ္ဦးက ၎ကိုျပန္မႀကိဳက္သည့္ အမ်ိဳးသမီးကို ေနအိမ္ၿခံဝန္းအတြင္းဝင္ကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သည့္အျပင္ အျခားသူတစ္ဦးကိုပါ သတ္ရန္ႀကိဳးပမ္းမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမီဒီယာ အခ်ိဳ႕ႏွင့္ျဖစ္စဥ္ကို သိရွိသူမ်ား၏ ေရးသားေျပာၾကားထားခ်က္မ်ားအရ သိရသည္။
ေဖေဖာ္ဝါရီ ၂၆ ရက္ ညေနပိုင္း (၄)နာရီအခ်ိန္ခန႔္က ဝက္လက္ၿမိဳ႕နယ္ သခြေတၱာ ေက်း႐ြာ၌ ယင္းျဖစ္စဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အဆိုပါ ေက်း႐ြာတြင္ေနထိုင္သူ အသက္ (၂၂) ႏွစ္အ႐ြယ္ မယုမြန္ထက္သည္ ၎၏မိဘမ်ားအျပင္ လိင္တူခ်စ္သူျဖစ္သည့္ မႏၲေလးၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးႏွင့္အတူ ေနအိမ္၌ရွိေနစဥ္ PDF အဖြဲ႕တစ္ဖြဲ႕ ျဖစ္ေသာ ဝက္လက္ၿမိဳ႕နယ္ တပ္ရင္း ၂ ၏ တပ္စိတ္မႉး ကိုျပည့္ဆိုသူက ေရာက္ရွိလာခဲ့ ေၾကာင္း သိရသည္။
ကိုျပည့္က လိင္တူခ်စ္သူအမ်ိဳးသမီးကို ျပန္မႀကိဳက္ရန္ႏွင့္ ၎ကိုႀကိဳက္ရန္ေျပာဆိုခဲ့ရာ မယုမြန္ ထက္က လက္မခံသျဖင့္ အသင့္ပါလာေသာ ေမာင္းတင္ထားသည့္ေသနတ္ျဖင့္ မယုမြန္ထက္ကို မိဘမ်ားေရွ႕တြင္ပင္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ အိမ္တြင္အတူရွိေနသည့္ မယုမြန္ ထက္၏လိင္တူခ်စ္သူအမ်ိဳးသမီးကို ထပ္မံပစ္ခတ္ရာ က်ည္မထြက္ျခင္းေၾကာင့္ အဆိုပါအမ်ိဳးသမီးမွာ အသက္ခ်မ္းသာရာရခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ လည္း အဆိုပါ အမ်ိဳးသမီးကို ယင္းေန႔တြင္ ဝက္လက္ တပ္ရင္း ၂ က ဖမ္းဆီးသြားခဲ့ရာ အဆိုပါ အမ်ိဳးသမီး ႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲအေျခအေနကို သိရျခင္းမရွိေသးေပ။