ဆယ်ကျော်သက်အရွယ် သမီးရည်းစား(၂)ဦး စကားများရန်ဖြစ်ပြီးနောက် ဟိုတယ်တစ်လုံး၏(၇)လွှာမှ အမျိုးသားဖြစ်သူ ခုန်ချမှုဖြစ်ပွား

9627

သန့်ဇင် (NP News) - မတ် ၅
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် သမီးရည်းစား(၂)ဦး စကားများရန်ဖြစ်ပြီးနောက် ဟိုတယ်တစ်လုံး၏ (၇)လွှာမှ အမျိုးသားဖြစ်သူခုန်ချမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၄ ရက်)၊ ည ၇ နာရီဝန်းကျင်အချိန်တွင် စမ်းချောင်းမြို့နယ်၊ မုဒ်တောင်ရပ်ကွက်၊ ကျွန်းတောလမ်းရှိ (121)ဟိုတယ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ည ၇နာရီလောက်က ကောင်လေးကကောင်မလေးကို စကားပြောစရာရှိလို့ဆိုပြီး ဟိုတယ်ကိုခေါ်သွားတယ်။ သိရတာတော့ ကောင်မလေးကို သတ်ဖို့ကြိုးစားရင်းနဲ့ လုံးထွေးပြီး ကောင်မလေးက အောက်ကိုပြေးဆင်းလာ တယ်။ ကောင်လေးကတော့ (၇)လွှာက ပြတင်းပေါက်ကနေ အောက်ကိုခုန်ချတယ်ပေါ့။ ရန်ပြုတဲ့အချိန်မှာ ဓားတစ်ချောင်းပါတယ်လို့ ကောင်မလေးက ပြောပြတယ်” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်စဉ်တွင် အသက်(၁၉)နှစ်အရွယ်အမျိုးသားမှာ ဟိုတယ်ပေါ်မှ ခုန်ချခဲ့သည့်အတွက် ဒဏ်ရာများရ ရှိခဲ့ပြီး ၎င်းထိုးကြိတ် ရန်ပြုခဲ့သော အသက်(၁၆)နှစ်အရွယ်သာရှိသေးသည့် အမျိုးသမီးတွင်လည်း မျက်နှာ ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကောင်မလေးကတော့ ဒဏ်ရာကြီးကြီးမားမားမရှိဘူး။ လက်သီးနဲ့အထိုးခံထားရတာဆိုတော့ နှုတ်ခမ်းမှာ ဖူးယောင် ဒဏ်ရာရှိတယ်။ ကောင်လေးကတော့ ခုန်ချပေမယ့် ဘာမှသိပ်မဖြစ်ဘူး။ ဆေးရုံပို့ပြီးတော့ ထိုင်နိုင်တဲ့ အခြေအနေမှာတောင်ရှိတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးအကြံပြုရရင် လူငယ်တွေကို အခုလိုမျိုးတွေ မဖြစ်အောင် မိဘတွေအနေနဲ့ကြပ်မက်ပြီး ဂရုစိုက်သင့်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားနှင့်အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း ဖြူးမြို၌ သမီးရည်းစားစုံတွဲတစ်တွဲ စကားများရန်ဖြစ်ရာမှ အမျိုးသားက အမျိုးသမီးကို ဓားဖြင့်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ဆယ္ေက်ာ္သက္အ႐ြယ္ သမီးရည္းစား(၂)ဦး စကားမ်ားရန္ျဖစ္ၿပီးေနာက္ ဟိုတယ္တစ္လုံး၏(၇)လႊာမွ အမ်ိဳးသား ျဖစ္သူ ခုန္ခ်မႈျဖစ္ပြား
သန႔္ဇင္ (NP News) - မတ္ ၅
ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ဆယ္ေက်ာ္သက္အ႐ြယ္ သမီးရည္းစား(၂)ဦး စကားမ်ားရန္ျဖစ္ၿပီးေနာက္ ဟိုတယ္တစ္လုံး၏ (၇)လႊာမွ အမ်ိဳးသားျဖစ္သူခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၄ ရက္)၊ ည ၇ နာရီဝန္းက်င္အခ်ိန္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ မုဒ္ေတာင္ရပ္ကြက္၊ ကြၽန္းေတာလမ္းရွိ (121)ဟိုတယ္၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ည ၇နာရီေလာက္က ေကာင္ေလးကေကာင္မေလးကို စကားေျပာစရာရွိလို႔ဆိုၿပီး ဟိုတယ္ကိုေခၚသြားတယ္။ သိရတာေတာ့ ေကာင္မေလးကို သတ္ဖို႔ႀကိဳးစားရင္းနဲ႔ လုံးေထြးၿပီး ေကာင္မေလးက ေအာက္ကိုေျပးဆင္းလာ တယ္။ ေကာင္ေလးကေတာ့ (၇)လႊာက ျပတင္းေပါက္ကေန ေအာက္ကိုခုန္ခ်တယ္ေပါ့။ ရန္ျပဳတဲ့အခ်ိန္မွာ ဓားတစ္ေခ်ာင္းပါတယ္လို႔ ေကာင္မေလးက ေျပာျပတယ္” ဟု စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္စဥ္တြင္ အသက္(၁၉)ႏွစ္အ႐ြယ္အမ်ိဳးသားမွာ ဟိုတယ္ေပၚမွ ခုန္ခ်ခဲ့သည့္အတြက္ ဒဏ္ရာမ်ားရ ရွိခဲ့ၿပီး ၎ထိုးႀကိတ္ ရန္ျပဳခဲ့ေသာ အသက္(၁၆)ႏွစ္အ႐ြယ္သာရွိေသးသည့္ အမ်ိဳးသမီးတြင္လည္း မ်က္ႏွာ ဖူးေယာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ေကာင္မေလးကေတာ့ ဒဏ္ရာႀကီးႀကီးမားမားမရွိဘူး။ လက္သီးနဲ႔အထိုးခံထားရတာဆိုေတာ့ ႏႈတ္ခမ္းမွာ ဖူးေယာင္ ဒဏ္ရာရွိတယ္။ ေကာင္ေလးကေတာ့ ခုန္ခ်ေပမယ့္ ဘာမွသိပ္မျဖစ္ဘူး။ ေဆး႐ုံပို႔ၿပီးေတာ့ ထိုင္ႏိုင္တဲ့ အေျခအေနမွာေတာင္ရွိတယ္။ ဒီလိုျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီးအႀကံျပဳရရင္ လူငယ္ေတြကို အခုလိုမ်ိဳးေတြ မျဖစ္ေအာင္ မိဘေတြအေနနဲ႔ၾကပ္မက္ၿပီး ဂ႐ုစိုက္သင့္တာေပါ့” ဟု ၎က ဆက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပး ထားၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၇ ရက္တြင္လည္း ျဖဴးၿမိဳ၌ သမီးရည္းစားစုံတြဲတစ္တြဲ စကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသားက အမ်ိဳးသမီးကို ဓားျဖင့္သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။