တရုတ်အစိုးရက ယခုနှစ်စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းသို့ရောက်အောင် ကြိုးစားသွားမည်ဟု ထုတ်ဖော်ပြောကြား

732

ALynn (NP News) - မတ် ၆
တရုတ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားစုအဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့သော်လည်း ယခုနှစ် များအတွင်း တဖြည်းဖြည်း စီးပွားရေးကျဆင်းလာခဲ့သည်။ တရုတ်အစိုးရသည် ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းသို့ရောက်အောင် ရည်မှန်းထားကြောင်း မတ်လ ၅ ရက် (အင်္ဂါနေ့) က ကျင်းပသည့် ကွန်ဂရက်စ်၏ နှစ်စဉ်အစည်းအဝေးတွင် ဖော်ပြခဲ့သည်။
သို့သော် ဒေါ်လာ ၁၈ ထရီလီယံဖြင့် လည်ပတ်နေသော တရုတ်၏ စီးပွားရေးသည် တိုးတက်ဖို့အတွက် အဟန့် အတားများစွာနှင့် ကြုံတွေ့နေရသည်။ တရုတ်ဝန်ကြီးချုပ်လီချန်းက “တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ပြောင်းလဲရမည်ဖြစ်ကြောင်း နှင့် ၎င်းတွင် အခွန်စနစ်နှင့် နည်းပညာကဏ္ဍတို့ ပြုပြင်ပြောင်းလဲရန်၊ ပြည်တွင်း စားသုံးမှုနှုန်းမြှင့်တင်ရန် နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွင် အဟန့်အတားများကို လျှော့ချပေးရန်တို့ ပါဝင်သင့် ကြောင်း” ဖော်ပြခဲ့သည်။
အစိုးရအနေဖြင့် အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းအတွက် မြို့ပြအလုပ်အကိုင်သစ်ပေါင်း ၁၂ သန်းခန့်ကို ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ကြောင်း လီက ထပ်လောင်းဖော်ပြခဲ့သည်။ ထို့ပြင် စစ်အသုံးစရိတ်ကိုမူ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
တရုတ်စီးပွားရေးလမ်းပြမြေပုံအရ ပြီးခဲ့သည့်နှစ်စီးပွားရေးရည်မှန်းချက်ကို ပြည့်မီသော်လည်း ပို့ကုန်နှေးကွေးမှု၊ အမေရိကန်နှင့် ပထဝီနိုင်ငံရေးအရ တင်းမာမှု၊ လူဦးရေလျှော့ကျမှု၊ အလုပ်လက်မဲ့လူငယ်များပြားမှု စသည့် စိန်ခေါ်မှုများစွာက ရှိနေဆဲဖြစ်သည်။ တရုတ်၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်များ (ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့်ကာလများမှလွဲ၍) နှင့်နှိုင်းယှဥ်လျှင် စီးပွားရေးအနှေးကွေးဆုံးနှစ်ဖြစ်နေသည်။
တရုတ်အနေဖြင့် ပြည်တွင်းစိန်ခေါ်မှုများအပြင် နှစ်ရှည်လများရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်ပ စိန်ခေါ်မှုများစွာ လည်းရှိနေသည်။ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနုတ်ထွက်သွားခြင်းကြောင့် ဒေါ်လာ ၆၈.၇ ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ တရုတ်တွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အတိအကျမရှိသေးသလို ယခုနှစ်တွင် သတ်မှတ်ထားသည့် စီးပွားရေးရည်မှန်းချက် ပြည့်မီနိုင်မည်မဟုတ်ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္အစိုးရက ယခုႏွစ္စီးပြားေရးတိုးတက္မႈႏႈန္းကို ၅ ရာခိုင္ႏႈန္းသို႔ေရာက္ေအာင္ ႀကိဳးစားသြားမည္ဟု ထုတ္ေဖာ္ေျပာၾကား
ALynn (NP News) - မတ္ ၆
တ႐ုတ္သည္ ကမာၻ႔ဒုတိယအႀကီးဆုံးစီးပြားေရးအင္အားစုအျဖစ္ ဆယ္စုႏွစ္မ်ားစြာ ရပ္တည္ခဲ့ေသာ္လည္း ယခုႏွစ္ မ်ားအတြင္း တျဖည္းျဖည္း စီးပြားေရးက်ဆင္းလာခဲ့သည္။ တ႐ုတ္အစိုးရသည္ ၂၀၂၄ ခုႏွစ္အတြက္ ၎တို႔၏ စီးပြားေရးတိုးတက္မႈႏႈန္းကို ၅ ရာခိုင္ႏႈန္းသို႔ေရာက္ေအာင္ ရည္မွန္းထားေၾကာင္း မတ္လ ၅ ရက္ (အဂၤါေန႔) က က်င္းပသည့္ ကြန္ဂရက္စ္၏ ႏွစ္စဥ္အစည္းအေဝးတြင္ ေဖာ္ျပခဲ့သည္။
သို႔ေသာ္ ေဒၚလာ ၁၈ ထရီလီယံျဖင့္ လည္ပတ္ေနေသာ တ႐ုတ္၏ စီးပြားေရးသည္ တိုးတက္ဖို႔အတြက္ အဟန႔္ အတားမ်ားစြာႏွင့္ ႀကဳံေတြ႕ေနရသည္။ တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းက “တ႐ုတ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈပုံစံကို ေျပာင္းလဲရမည္ျဖစ္ေၾကာင္း ႏွင့္ ၎တြင္ အခြန္စနစ္ႏွင့္ နည္းပညာက႑တို႔ ျပဳျပင္ေျပာင္းလဲရန္၊ ျပည္တြင္း စားသုံးမႈႏႈန္းျမႇင့္တင္ရန္ ႏွင့္ ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ အဟန႔္အတားမ်ားကို ေလွ်ာ့ခ်ေပးရန္တို႔ ပါဝင္သင့္ ေၾကာင္း” ေဖာ္ျပခဲ့သည္။
အစိုးရအေနျဖင့္ အလုပ္လက္မဲ့ႏႈန္း ၅ ဒသမ ၅ ရာခိုင္ႏႈန္းအတြက္ ၿမိဳ႕ျပအလုပ္အကိုင္သစ္ေပါင္း ၁၂ သန္းခန႔္ကို ဖန္တီးေပးရန္ လိုအပ္မည္ျဖစ္ေၾကာင္း လီက ထပ္ေလာင္းေဖာ္ျပခဲ့သည္။ ထို႔ျပင္ စစ္အသုံးစရိတ္ကိုမူ ၇ ဒသမ ၂ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားရန္ ရည္႐ြယ္ထားေၾကာင္းလည္း သိရသည္။
တ႐ုတ္စီးပြားေရးလမ္းျပေျမပုံအရ ၿပီးခဲ့သည့္ႏွစ္စီးပြားေရးရည္မွန္းခ်က္ကို ျပည့္မီေသာ္လည္း ပို႔ကုန္ေႏွးေကြးမႈ၊ အေမရိကန္ႏွင့္ ပထဝီႏိုင္ငံေရးအရ တင္းမာမႈ၊ လူဦးေရေလွ်ာ့က်မႈ၊ အလုပ္လက္မဲ့လူငယ္မ်ားျပားမႈ စသည့္ စိန္ေခၚမႈမ်ားစြာက ရွိေနဆဲျဖစ္သည္။ တ႐ုတ္၏ စီးပြားေရးသည္ ၂၀၂၃ ခုႏွစ္တြင္ ၅ ဒသမ ၂ ရာခိုင္ႏႈန္း တိုးတက္ခဲ့ေသာ္လည္း လြန္ခဲ့သည့္ႏွစ္မ်ား (ကိုဗစ္ကပ္ေရာဂါျဖစ္ပြားသည့္ကာလမ်ားမွလြဲ၍) ႏွင့္ႏႈိင္းယွဥ္လွ်င္ စီးပြားေရးအေႏွးေကြးဆုံးႏွစ္ျဖစ္ေနသည္။
တ႐ုတ္အေနျဖင့္ ျပည္တြင္းစိန္ေခၚမႈမ်ားအျပင္ ႏွစ္ရွည္လမ်ားရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ ျပည္ပ စိန္ေခၚမႈမ်ားစြာ လည္းရွိေနသည္။ ၿပီးခဲ့သည့္ႏွစ္အတြင္း ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏုတ္ထြက္သြားျခင္းေၾကာင့္ ေဒၚလာ ၆၈.၇ ဘီလ်ံခန႔္ ဆုံးရႈံးနစ္နာခဲ့ရသည္။ ပညာရွင္မ်ား၏ သုံးသပ္ခ်က္အရ တ႐ုတ္တြင္ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံခ်က္ အတိအက်မရွိေသးသလို ယခုႏွစ္တြင္ သတ္မွတ္ထားသည့္ စီးပြားေရးရည္မွန္းခ်က္ ျပည့္မီႏိုင္မည္မဟုတ္ေၾကာင္း သိရသည္။