၂၀၃၀ ပြည့်နှစ်မှစ ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်တွေ အသုံးပြုခွင့် တားမြစ် ပိတ်ပင်ဖို့ EU ပြင်ဆင်နေ

480

ရောင်နီ (NP News) - မတ် ၆
EU ရဲ့ ၂၇ နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာ ၂ဝ၃ဝ ခုနှစ်မှာ ၂၀၁၈ ခုနှစ်နဲ့ယှဉ်ရင် ပလက်စတစ်စွန့်ပစ် အမှိုက် ငါးရာခိုင်နှုန်း ဖြတ်တောက်ပစ်ဖို့ မတ်လ ၄ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။
ရည်ရွယ်ချက်ကတော့ ၂ဝ၃၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း၊ ၂၀၄၀ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်။ ၎င်းဟာ အဖွဲ့ရဲ့ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များပြည့်မီအောင် ကူညီပေးတဲ့ Green Deal အောက် EU ရဲ့ သဘာဝပတ်ဝန်းကျင်ရည်မှန်းချက်တွေရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ညီမျှတဲ့ ကတ်ထူပြား (သို့မဟုတ်) သစ်ပင်များမှ ထွက်တဲ့ စက္ကူများထက် ပလတ်စတစ် အသုံးပြုမှုက ပိုများနေတာကြောင့် EU အဖွဲ့က အမြန်စားအစာလုပ်ငန်းကြီးများ၊ စက္ကူလုပ်ငန်းများနဲ့ ပူးပေါင်းပြီး အခုလို ဆွေးနွေးခဲ့ကြတာပါ။
၂ဝ၃ဝ ပြည့်နှစ်မှ စတင်မယ့် တစ်ခါသုံး ပလတ်စတစ်ထုပ်ပိုးမှုတားမြစ်ချက်ဟာ လတ်ဆတ်တဲ့ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကွန်ဒိန်ချဉ်၊ သကြားစတဲ့ ထုတ်ကုန်တွေမှာ သယ်ပိုးဖို့ ပလက်စတစ် အသုံးပြုမှုကို တက်နိုင်သလောက် လျှော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
"သဘာဝပတ်ဝန်းကျင်ဥပဒေအရ EU ဟာ ဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် ပလက်စတစ် ထုပ်ပိုးသုံးစွဲမှု လျှော့ချဖို့ ပစ်မှတ် တွေကို ချမှတ်နေပါတယ်” လို့ EU ဥပဒေပြုအမတ် မစ္စဖရက်ဒရီရိုက်က ပြောကြားခဲ့ပါတယ်။
အချိုရည်နဲ့ အစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေကတော့ ၂၀၃၀ ပြည့်နှစ်ကစ ၎င်းတို့ ထုတ်ကုန်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်တဲ့ထုပ်ပိုးမှုတွေနဲ့ အစားထိုးဖို့ ကြိုးပမ်းရမှာဖြစ်ပြီး စားသုံးသူတွေကိုလည်း ထုတ်ပိုးမှုနဲ့ပတ်သက်ပြီး ရွေးချယ်ခွင့်ပေးသင့်တယ်လို့ အီးယူပါလီမန်က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
၂၀၃၀ ျပည့္ႏွစ္မွစ ေကာ္ဖီဆိုင္ေတြနဲ႔စားေသာက္ဆိုင္ေတြမွာ တစ္ခါသုံးပလတ္စတစ္ေတြ အသုံးျပဳခြင့္ တားျမစ္ ပိတ္ပင္ဖို႔ EU ျပင္ဆင္ေန
ေရာင္နီ (NP News) - မတ္ ၆
EU ရဲ႕ ၂၇ ႏိုင္ငံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအဖြဲ႕ဟာ ၂ဝ၃ဝ ခုႏွစ္မွာ ၂၀၁၈ ခုႏွစ္နဲ႔ယွဥ္ရင္ ပလက္စတစ္စြန္႔ပစ္ အမႈိက္ ငါးရာခိုင္ႏႈန္း ျဖတ္ေတာက္ပစ္ဖို႔ မတ္လ ၄ ရက္မွာ သေဘာတူညီခဲ့ၾကပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ ၂ဝ၃၅ ခုႏွစ္မွာ ၁၀ ရာခိုင္ႏႈန္း၊ ၂၀၄၀ ခုႏွစ္မွာ ၁၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ၎ဟာ အဖြဲ႕ရဲ႕ရာသီဥတုဆိုင္ရာ ရည္မွန္းခ်က္မ်ားျပည့္မီေအာင္ ကူညီေပးတဲ့ Green Deal ေအာက္ EU ရဲ႕ သဘာဝပတ္ဝန္းက်င္ရည္မွန္းခ်က္ေတြရဲ႕ အဓိက အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ သဘာဝပတ္ဝန္းက်င္နဲ႔ ညီမွ်တဲ့ ကတ္ထူျပား (သို႔မဟုတ္) သစ္ပင္မ်ားမွ ထြက္တဲ့ စကၠဴမ်ားထက္ ပလတ္စတစ္ အသုံးျပဳမႈက ပိုမ်ားေနတာေၾကာင့္ EU အဖြဲ႕က အျမန္စားအစာလုပ္ငန္းႀကီးမ်ား၊ စကၠဴလုပ္ငန္းမ်ားနဲ႔ ပူးေပါင္းၿပီး အခုလို ေဆြးေႏြးခဲ့ၾကတာပါ။
၂ဝ၃ဝ ျပည့္ႏွစ္မွ စတင္မယ့္ တစ္ခါသုံး ပလတ္စတစ္ထုပ္ပိုးမႈတားျမစ္ခ်က္ဟာ လတ္ဆတ္တဲ့ သစ္သီးမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ား၊ ကြန္ဒိန္ခ်ဥ္၊ သၾကားစတဲ့ ထုတ္ကုန္ေတြမွာ သယ္ပိုးဖို႔ ပလက္စတစ္ အသုံးျပဳမႈကို တက္ႏိုင္သေလာက္ ေလွ်ာ့ခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
"သဘာဝပတ္ဝန္းက်င္ဥပေဒအရ EU ဟာ ဘယ္လိုပစၥည္းပဲျဖစ္ျဖစ္ ပလက္စတစ္ ထုပ္ပိုးသုံးစြဲမႈ ေလွ်ာ့ခ်ဖို႔ ပစ္မွတ္ ေတြကို ခ်မွတ္ေနပါတယ္” လို႔ EU ဥပေဒျပဳအမတ္ မစၥဖရက္ဒရီ႐ိုက္က ေျပာၾကားခဲ့ပါတယ္။
အခ်ိဳရည္နဲ႔ အစားအေသာက္ထုတ္လုပ္တဲ့လုပ္ငန္းေတြကေတာ့ ၂၀၃၀ ျပည့္ႏွစ္ကစ ၎တို႔ ထုတ္ကုန္ေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ျပန္လည္အသုံးျပဳႏိုင္တဲ့ထုပ္ပိုးမႈေတြနဲ႔ အစားထိုးဖို႔ ႀကိဳးပမ္းရမွာျဖစ္ၿပီး စားသုံးသူေတြကိုလည္း ထုတ္ပိုးမႈနဲ႔ပတ္သက္ၿပီး ေ႐ြးခ်ယ္ခြင့္ေပးသင့္တယ္လို႔ အီးယူပါလီမန္က ေျပာၾကားခဲ့ပါတယ္။