မုံရွာမြို့ရှိ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး (၁၇)လုံးခန့်ဖြင့် PDF အဖွဲ့က ပစ်ခတ်မှုဖြစ်ပွား

 3480

Pearl (NP News) - မတ် ၆

မုံရွာမြို့ရှိ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး (၁၇)လုံးခန့်ဖြင့် PDF အဖွဲ့ကပစ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

PDF ပူးပေါင်းအဖွဲ့က မတ်လ (၅) ရက်၊ နေ့လည် (၁၂) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"နမခ ရုံးချုပ်ကို ပစ်တာ။ ၁၂ လောက်က စပစ်တာ။ ‌နောက်မှ လိုက်ရှင်းရတာ။ တပ်ထိန်း ၇၆၇ ထဲမှာက(၂)လုံး၊ အားကစားကွင်းနား (၂)လုံး၊ နမခတိုင်းရုံး ငါးကန်ထဲမှာက (၁)လုံး၊ အစွန်အဖျားကျတာတွေရော၊ ပြီးတော့ လမ်း‌ပေါ်မှာကျတာ များတယ်။ အဆောက်အဦးတွေပေါ်တော့ မကျဘူး။ အကုန်လုံးပေါင်းက (၁၇)လုံးကျတာ” ဟု လုံခြုံ‌ရေးအဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
အဆိုပါပစ်ခက်တိုက်ခိုက်မှုကို Daung New Generation - KANI PDF အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မုံ႐ြာၿမိဳ႕ရွိ စစ္ဌာနခ်ဳပ္ကို ေရွာ့တိုက္ဒုံး (၁၇)လုံးခန႔္ျဖင့္ PDF အဖြဲ႕က ပစ္ခတ္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၆

မုံ႐ြာၿမိဳ႕ရွိ စစ္ဌာနခ်ဳပ္ကို ေရွာ့တိုက္ဒုံး (၁၇)လုံးခန႔္ျဖင့္ PDF အဖြဲ႕ကပစ္ခတ္ခဲ့ေသာ္လည္း ထိခိုက္ပ်က္စီးမႈမရွိခဲ့ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူထံမွ သိရသည္။

PDF ပူးေပါင္းအဖြဲ႕က မတ္လ (၅) ရက္၊ ေန႔လည္ (၁၂) နာရီခန႔္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ အေျခစိုက္ အေနာက္ ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

"နမခ ႐ုံးခ်ဳပ္ကို ပစ္တာ။ ၁၂ ေလာက္က စပစ္တာ။ ‌ေနာက္မွ လိုက္ရွင္းရတာ။ တပ္ထိန္း ၇၆၇ ထဲမွာက(၂)လုံး၊ အားကစားကြင္းနား (၂)လုံး၊ နမခတိုင္း႐ုံး ငါးကန္ထဲမွာက (၁)လုံး၊ အစြန္အဖ်ားက်တာေတြေရာ၊ ၿပီးေတာ့ လမ္း‌ေပၚမွာက်တာ မ်ားတယ္။ အေဆာက္အဦးေတြေပၚေတာ့ မက်ဘူး။ အကုန္လုံးေပါင္းက (၁၇)လုံးက်တာ” ဟု လုံၿခဳံ‌ေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေသာ္လည္း ထိခိုက္ပ်က္စီးမႈမ်ား မရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ တပ္မေတာ္လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာလုံၿခဳံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္လုပ္ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါပစ္ခက္တိုက္ခိုက္မႈကို Daung New Generation - KANI PDF အဖြဲ႕က ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.