မွတ်ဆလင်ဥပုသ်လ နီးလာသော်လည်း ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်ဖို့ အလှမ်းဝေးနေဆဲ

668

ALynn (NP News) - မတ် ၆
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ဟားမတ်စ်တို့နှင့် သုံးရက်ကြာ ဆွေးနွေးညှိနှိုင်းမှု များသည် မွတ်ဆလင်ဥပုသ်လ မတိုင်မီ တစ်ပတ်အလိုတွင် အောင်မြင်မှုမရရှိဘဲ အဆုံးသတ်ခဲ့ရသည်။ ခြောက်ပတ် ကြာအပစ်အခတ်ရပ်စဲရေး၊ ပါလက်စတိုင်းအကျဉ်းသားအချို့ လွှတ်ပေးရေး နှင့် ဂါဇာကမ်းမြောင်ဒေသအတွက် နောက်ထပ်အကူအညီများရရှိရေး နှင့် အပြန်အလှန်အားဖြင့် ဟားမတ်စ်တို့ဖမ်းဆီးထားသော အစ္စရေးဓားစာခံများ ပြန်လွှတ်ပေးရေးတို့ ပါဝင်သည့်သဘောတူညီချက်ကို ချုပ်ဆိုနိုင်ရန် အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က သီတင်း ပတ်များစွာကြာအောင် ကြိုးပမ်းခဲ့ကြသည်။
Al Jazeera သတင်းထောက် Hamdah Salhut ၏ ဖော်ပြချက်အရ “ကိုင်ရိုတွင် ကျင်းပသည့် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲသည် ရှေ့ဆက်မည့်အစီအစဉ်အတွက် ရေရေရာရာမရှိဘဲ အဆုံးသတ်ခဲ့ကြောင်း၊ အစ္စရေးဘက်က ဟားမက်စ်တို့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသလို ဟားမက်စ်တို့ဘက်ကလည်း အစ္စရေး၏တုံ့ပြန်မှုကို စောင့်နေ ခြင်းဖြစ်ကြောင်း၊ ကြားဝင်ဖျန်ဖြေပေးသူများသည်လည်း နှစ်ဖက်အကြားပြေလည်နိုင်မည့် အချက်တစ်စုံတရာကို ရှာဖွေနိုင်ခြင်း မရှိခဲ့ကြောင်း” သိရသည်။
ဟားမက်စ်တို့က ၎င်းတို့ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံအားလုံးကို လွှတ်ပေးရန်ငြင်းဆိုခဲ့ပြီး အစ္စရေး၏ ထိုးစစ် များ ဂါဇာကမ်းမြောင်မှ ဆုတ်ခွာသွားပြီး ပါလက်စတိုင်းအကျဉ်းသားများ ပြန်လွှတ်ပေးမှသာ ကျန်ရှိနေသည့် အစ္စရေးဓားစာခံ ၃ဝ ကျော်ကို လွှတ်ပေးမည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဟားမက်စ်အဖွဲ့၏ အကြီးတန်းအရာရှိ Osama Hamdan က “၆ ပတ်ကြာအပစ် အခတ်ရပ်စဲရေးထက် ထာဝရငြိမ်းချမ်းရေးကိုလိုလားပြီး အစ္စရေးတပ်ဖွဲ့ များ အပြီးအပိုင်ဆုတ်ခွာရေးကိုသာ ရည်ရွယ်ကြောင်း” ဖေဖော်ဝါရီလ ၅ ရက် (အင်္ဂါနေ့) က ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်စ်တို့၏ တောင်းဆိုချက်များကို လူသိရှင်ကြား ပယ်ချခဲ့ကာ ဟားမက်စ်အဖွဲ့ဖျက်သိမ်းပြီး ဓားစာခံများပြန်လွှတ်ပေးမှသာ စစ်ပွဲကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲသို့ အစ္စရေးမှ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းမရှိပါ။ ဂါဇာကမ်းမြောင်ဒေသ အပေါ် အစ္စရေး၏ လက်တုံ့ပြန်ထိုးစစ်ကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။
ငါးလနီးပါးကြာ တိုက်ပွဲများကြောင့် ဂါဇာကမ်းမြောင်ဒေသအများစုသည် အပျက်အစီးအဆုံးအရှုံးများဖြင့် ပိုမို ဆိုးရွားလာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ရပ်ဖြစ်လာခဲ့သည်။

Zawgyi Version;
မြတ္ဆလင္ဥပုသ္လ နီးလာေသာ္လည္း ဂါဇာကမ္းေျမာင္ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ ေအာင္ျမင္ဖို႔ အလွမ္းေဝး ေနဆဲ
ALynn (NP News) - မတ္ ၆
ဂါဇာကမ္းေျမာင္ေဒသတြင္ အပစ္အခတ္ရပ္စဲေရးႏွင့္ပတ္သက္၍ ဟားမတ္စ္တို႔ႏွင့္ သုံးရက္ၾကာ ေဆြးေႏြးညႇိႏႈိင္းမႈ မ်ားသည္ မြတ္ဆလင္ဥပုသ္လ မတိုင္မီ တစ္ပတ္အလိုတြင္ ေအာင္ျမင္မႈမရရွိဘဲ အဆုံးသတ္ခဲ့ရသည္။ ေျခာက္ပတ္ ၾကာအပစ္အခတ္ရပ္စဲေရး၊ ပါလက္စတိုင္းအက်ဥ္းသားအခ်ိဳ႕ လႊတ္ေပးေရး ႏွင့္ ဂါဇာကမ္းေျမာင္ေဒသအတြက္ ေနာက္ထပ္အကူအညီမ်ားရရွိေရး ႏွင့္ အျပန္အလွန္အားျဖင့္ ဟားမတ္စ္တို႔ဖမ္းဆီးထားေသာ အစၥေရးဓားစာခံမ်ား ျပန္လႊတ္ေပးေရးတို႔ ပါဝင္သည့္သေဘာတူညီခ်က္ကို ခ်ဳပ္ဆိုႏိုင္ရန္ အေမရိကန္၊ ကာတာႏွင့္ အီဂ်စ္တို႔က သီတင္း ပတ္မ်ားစြာၾကာေအာင္ ႀကိဳးပမ္းခဲ့ၾကသည္။
Al Jazeera သတင္းေထာက္ Hamdah Salhut ၏ ေဖာ္ျပခ်က္အရ “ကိုင္႐ိုတြင္ က်င္းပသည့္ ေနာက္ဆုံးအႀကိမ္ ေဆြးေႏြးပြဲသည္ ေရွ႕ဆက္မည့္အစီအစဥ္အတြက္ ေရေရရာရာမရွိဘဲ အဆုံးသတ္ခဲ့ေၾကာင္း၊ အစၥေရးဘက္က ဟားမက္စ္တို႔၏ တုံ႔ျပန္မႈကို ေစာင့္ဆိုင္းေနသလို ဟားမက္စ္တို႔ဘက္ကလည္း အစၥေရး၏တုံ႔ျပန္မႈကို ေစာင့္ေန ျခင္းျဖစ္ေၾကာင္း၊ ၾကားဝင္ဖ်န္ေျဖေပးသူမ်ားသည္လည္း ႏွစ္ဖက္အၾကားေျပလည္ႏိုင္မည့္ အခ်က္တစ္စုံတရာကို ရွာေဖြႏိုင္ျခင္း မရွိခဲ့ေၾကာင္း” သိရသည္။
ဟားမက္စ္တို႔က ၎တို႔ဖမ္းဆီးထားသည့္ အစၥေရးဓားစာခံအားလုံးကို လႊတ္ေပးရန္ျငင္းဆိုခဲ့ၿပီး အစၥေရး၏ ထိုးစစ္ မ်ား ဂါဇာကမ္းေျမာင္မွ ဆုတ္ခြာသြားၿပီး ပါလက္စတိုင္းအက်ဥ္းသားမ်ား ျပန္လႊတ္ေပးမွသာ က်န္ရွိေနသည့္ အစၥေရးဓားစာခံ ၃ဝ ေက်ာ္ကို လႊတ္ေပးမည္ဟု ေဖာ္ျပထားသည္။ ထို႔ျပင္ ဟားမက္စ္အဖြဲ႕၏ အႀကီးတန္းအရာရွိ Osama Hamdan က “၆ ပတ္ၾကာအပစ္ အခတ္ရပ္စဲေရးထက္ ထာဝရၿငိမ္းခ်မ္းေရးကိုလိုလားၿပီး အစၥေရးတပ္ဖြဲ႕ မ်ား အၿပီးအပိုင္ဆုတ္ခြာေရးကိုသာ ရည္႐ြယ္ေၾကာင္း” ေဖေဖာ္ဝါရီလ ၅ ရက္ (အဂၤါေန႔) က ေျပာၾကားခဲ့သည္။
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုကမူ ဟားမက္စ္တို႔၏ ေတာင္းဆိုခ်က္မ်ားကို လူသိရွင္ၾကား ပယ္ခ်ခဲ့ကာ ဟားမက္စ္အဖြဲ႕ဖ်က္သိမ္းၿပီး ဓားစာခံမ်ားျပန္လႊတ္ေပးမွသာ စစ္ပြဲကို ရပ္တန႔္ေပးမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။ ထို႔ျပင္ ေနာက္ဆုံးအႀကိမ္ ေဆြးေႏြးပြဲသို႔ အစၥေရးမွ ကိုယ္စားလွယ္ေစလႊတ္ခဲ့ျခင္းမရွိပါ။ ဂါဇာကမ္းေျမာင္ေဒသ အေပၚ အစၥေရး၏ လက္တုံ႔ျပန္ထိုးစစ္ေၾကာင့္ လူေပါင္း ၃၀,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အမ်ားစုမွာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားျဖစ္ေၾကာင္း ဂါဇာက်န္းမာေရးဝန္ႀကီးဌာနမွ ေျပာၾကားခဲ့သည္။
ငါးလနီးပါးၾကာ တိုက္ပြဲမ်ားေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသအမ်ားစုသည္ အပ်က္အစီးအဆုံးအရႈံးမ်ားျဖင့္ ပိုမို ဆိုး႐ြားလာကာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကပ္ေဘးတစ္ရပ္ျဖစ္လာခဲ့သည္။