လက်နက်များ လွယ်ကူစွာ သယ်နိုင်သည့်အတွက် ရန်ကုန်မြို့အဝင်ဂိတ်များတွင် စစ်ဆေးမှုကို တင်းကြပ်ရန် လို

 728

Pearl (NP News) - မေ ၁၉

လက်နက်များ လွယ်ကူစွာသယ်နိုင်သည့်အတွက် ရန်ကုန်မြို့အဝင်ဂိတ်များတွင် စစ်ဆေးမှုကို တင်းကြပ်ရန်လိုကြောင်း NP News သို့ ပြည်သူအချို့နှင့် နားလည်တတ်ကျွမ်းသူများက အကြံပြုပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ ဝင်ရောက်နိုင်သည့် စစ်ဆေးရေးဂိတ်များအပါအဝင် အချို့စစ်ဆေးရေး ဂိတ်များတွင် မော်တော်ယာဉ်များ ကိုထိရောက်စွာ စစ်ဆေးခြင်းမရှိဘဲ အလွယ်တကူ လွှတ်ပေးနေကြောင်း ပြည်သူ တစ်ဦးက ဆိုသည်။ ယင်းအပြုအမူများသည် အကြမ်းဖက်သမားများ လက်နက်သယ်ရန်၊ ဝင်ရောက်ရန် ဟာကွက်တစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဂိတ်တစ်ဂိတ်ဆိုရင် အောက်က ဘာတွေပါလဲ မစစ်ဘူး။ မကွေးမြို့ဘက်ကလာရင် အဲဒီကို ဖြတ်ရတာလေ။ လမ်းကြောင်းက လုံးဝပွင့်နေလို့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ နေရထိုင်ရတာ မလုံခြုံဘူး” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့စစ်ဆေးရေးဂိတ်များတွင် မော်တော် ယာဉ်များကို အလွယ်တကူလွှတ်ပေးခြင်းဖြင့် လက် နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများကို လွယ်ကူစွာ သယ်ယူနိုင်သည့်အတွက် ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသူများအနေဖြင့်လည်း လုံခြုံရေးအမြင်ဖြင့် ပါးနပ်စွာ စစ်ဆေးရန် လိုအပ်နေ ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက အကြံပြုသည်။
‘လက်နက်တွေ မြို့ပြထဲကို တရားမဝင် ရောက်ရှိနေခြင်းက ပြည်သူတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်တာ အမှန်ပဲ။ စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ကျတဲ့ လူတွေကလည်း ပိုက်ဆံပေးပြီး အလွယ်တကူ လွှတ်ပေးတာ ရိုးရာလို ဖြစ်နေတယ်။ စစ်ဆေးရေး ဂိတ်မှာ တာဝန်ကျသူတွေကလည်း ကိုယ့်အလုပ်ကို တန်ဖိုးထားဖို့လိုတယ်။ စိတ်ဓာတ်လည်း အရေးကြီးတယ်။ လုံခြုံရေးအမြင်နဲ့ ပါးနပ်ဖို့လည်းလိုတယ်။ ဂိတ်တွေက တားဆီးဖော်ထုတ်တာတင်မကဘူး။ ရပ်ကွက် ထဲက အုပ်ချုပ်ရေးပိုင်းဆိုင်ရာလူတွေကအစ ပူးပေါင်းဖော်ထုတ်ဖို့လိုတယ်။ ရဲတစ်ဖွဲ့တည်း၊ စစ်တပ်တစ်ဖွဲ့ တည်းကပဲ တာဝန်ရှိတယ်လို့ပြောလို့မရဘူး။ လူတိုင်းမှာ တာဝန်ရှိတယ်။ ဒါကြီးက လူတိုင်းရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေ တာဖြစ်သွားပြီ။ ခြိမ်းခြောက်မှုအန္တရာယ်က အရင်ကထက်စာရင် ပိုများလာပြီ’ ဟု အငြိမ်းစား ရဲမှူးကြီးတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာမြို့နယ် မိုင်တိုင်အမှတ် (၂၈၂)၌ Light truck ကားတစ်စီးပေါ်တွင် ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော လက်နက်ခဲယမ်းများနှင့် တပ်ကုန်း မြို့နယ် ကင်းသာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ နနွင်းအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် သေနတ်အရှည် (၁၅)လက်၊ (၇.၆၂) ကျည်၊ (၅.၅၆) ကျည်များ၊ ရှေ့ ထွက်မိုင်းများ၊ စကားပြောစက်များ၊ လက်ပစ်ဗုံးများ၊ ခြောက်လုံး ပြူးများ၊ ကျည်အိမ်များ၊ ပြောင်းချော ကျည်များနှင့် PDF အမှတ်တံဆိပ်များ သိမ်းဆည်းရမိခဲ့ဖူးကြောင်းလည်း သိရသည်။

Zawgyi Version:
လက္နက္မ်ား လြယ္ကူစြာ သယ္ႏိုင္သည့္အတြက္ ရန္ကုန္ၿမိဳ႕အဝင္ဂိတ္မ်ားတြင္ စစ္ေဆးမႈကို တင္းၾကပ္ရန္ လို
Pearl (NP News) - ေမ ၁၉

လက္နက္မ်ား လြယ္ကူစြာသယ္ႏိုင္သည့္အတြက္ ရန္ကုန္ၿမိဳ႕အဝင္ဂိတ္မ်ားတြင္ စစ္ေဆးမႈကို တင္းၾကပ္ရန္လိုေၾကာင္း NP News သို႔ ျပည္သူအခ်ိဳ႕ႏွင့္ နားလည္တတ္ကြၽမ္းသူမ်ားက အႀကံျပဳေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕သို႔ ဝင္ေရာက္ႏိုင္သည့္ စစ္ေဆးေရးဂိတ္မ်ားအပါအဝင္ အခ်ိဳ႕စစ္ေဆးေရး ဂိတ္မ်ားတြင္ ေမာ္ေတာ္ယာဥ္မ်ား ကိုထိေရာက္စြာ စစ္ေဆးျခင္းမရွိဘဲ အလြယ္တကူ လႊတ္ေပးေနေၾကာင္း ျပည္သူ တစ္ဦးက ဆိုသည္။ ယင္းအျပဳအမူမ်ားသည္ အၾကမ္းဖက္သမားမ်ား လက္နက္သယ္ရန္၊ ဝင္ေရာက္ရန္ ဟာကြက္တစ္ခု ျဖစ္လာႏိုင္ေၾကာင္း ၎က ဆိုသည္။
“ဂိတ္တစ္ဂိတ္ဆိုရင္ ေအာက္က ဘာေတြပါလဲ မစစ္ဘူး။ မေကြးၿမိဳ႕ဘက္ကလာရင္ အဲဒီကို ျဖတ္ရတာေလ။ လမ္းေၾကာင္းက လုံးဝပြင့္ေနလို႔ တျဖည္းျဖည္းနဲ႔ ကြၽန္ေတာ္တို႔ ေနရထိုင္ရတာ မလုံၿခဳံဘူး” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔စစ္ေဆးေရးဂိတ္မ်ားတြင္ ေမာ္ေတာ္ ယာဥ္မ်ားကို အလြယ္တကူလႊတ္ေပးျခင္းျဖင့္ လက္ နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ားကို လြယ္ကူစြာ သယ္ယူႏိုင္သည့္အတြက္ ျပည္သူမ်ား၏ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနၿပီး စစ္ေဆးေရးဂိတ္မ်ားတြင္ တာဝန္က်သူမ်ားအေနျဖင့္လည္း လုံၿခဳံေရးအျမင္ျဖင့္ ပါးနပ္စြာ စစ္ေဆးရန္ လိုအပ္ေန ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက အႀကံျပဳသည္။
‘လက္နက္ေတြ ၿမိဳ႕ျပထဲကို တရားမဝင္ ေရာက္ရွိေနျခင္းက ျပည္သူေတြရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္တာ အမွန္ပဲ။ စစ္ေဆးေရးဂိတ္ေတြမွာ တာဝန္က်တဲ့ လူေတြကလည္း ပိုက္ဆံေပးၿပီး အလြယ္တကူ လႊတ္ေပးတာ ႐ိုးရာလို ျဖစ္ေနတယ္။ စစ္ေဆးေရး ဂိတ္မွာ တာဝန္က်သူေတြကလည္း ကိုယ့္အလုပ္ကို တန္ဖိုးထားဖို႔လိုတယ္။ စိတ္ဓာတ္လည္း အေရးႀကီးတယ္။ လုံၿခဳံေရးအျမင္နဲ႔ ပါးနပ္ဖို႔လည္းလိုတယ္။ ဂိတ္ေတြက တားဆီးေဖာ္ထုတ္တာတင္မကဘူး။ ရပ္ကြက္ ထဲက အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာလူေတြကအစ ပူးေပါင္းေဖာ္ထုတ္ဖို႔လိုတယ္။ ရဲတစ္ဖြဲ႕တည္း၊ စစ္တပ္တစ္ဖြဲ႕ တည္းကပဲ တာဝန္ရွိတယ္လို႔ေျပာလို႔မရဘူး။ လူတိုင္းမွာ တာဝန္ရွိတယ္။ ဒါႀကီးက လူတိုင္းရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္ေန တာျဖစ္သြားၿပီ။ ၿခိမ္းေျခာက္မႈအႏၲရာယ္က အရင္ကထက္စာရင္ ပိုမ်ားလာၿပီ’ ဟု အၿငိမ္းစား ရဲမႉးႀကီးတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ မတ္လအတြင္းက ရန္ကုန္-မႏၲေလးအျမန္လမ္း မိတၳီလာၿမိဳ႕နယ္ မိုင္တိုင္အမွတ္ (၂၈၂)၌ Light truck ကားတစ္စီးေပၚတြင္ ငွက္ေပ်ာသီးမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ားႏွင့္ တပ္ကုန္း ၿမိဳ႕နယ္ ကင္းသာ ပူးေပါင္းစစ္ေဆးေရးဂိတ္၌ နႏြင္းအိတ္မ်ားအတြင္း သိုဝွက္သယ္ေဆာင္လာသည့္ ေသနတ္အရွည္ (၁၅)လက္၊ (၇.၆၂) က်ည္၊ (၅.၅၆) က်ည္မ်ား၊ ေရွ႕ ထြက္မိုင္းမ်ား၊ စကားေျပာစက္မ်ား၊ လက္ပစ္ဗုံးမ်ား၊ ေျခာက္လုံး ျပဴးမ်ား၊ က်ည္အိမ္မ်ား၊ ေျပာင္းေခ်ာ က်ည္မ်ားႏွင့္ PDF အမွတ္တံဆိပ္မ်ား သိမ္းဆည္းရမိခဲ့ဖူးေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.