ချန်းရီအလုပ်သမားသပိတ်သို့ အလုပ်သမားဒုဝန်ကြီး လာရောက်ဖြေရှင်းနေ

 674

NP News - မေလ ၁၉

ချန်းရီအလုပ်သမားသပိတ်များ ဆန္ဒပြမှုကို နေပြည်တော်မှ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်လာရောက် ဖြေရှင်းပေးနေကြောင်း သိရသည်။
မေလ ၁၄ ရက်မှစတင်ကာ လုပ်ခလစာတိုးမြင့်ပေးရေး အပါအဝင် တောင်းဆိုချက်လေးခုဖြင့် စက်ရုံဝင်းအတွင်းဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ ညှိနှိုင်း၍မရကြောင်း အလုပ်သမားများထံမှသိရသည်။
တစ်ရက်လုပ်ခလစာကို ၁၂၀၀၀ ကျပ်အထိ တိုးမြင့်ပေးရန် အလုပ်သမားများက တောင်းဆိုခဲ့သော်လည်း စက်ရုံဘက်မှ ၈ဝဝ ကျပ်ခန့်သာ တိုးမြင့်ပေးကြောင်း သိရသည်။
လက်ရှိစက်ရုံတွင် ရရှိနေသောအလုပ်သမား လုပ်ခလစာမှာ တစ်ရက်လျှင် ၅၈၀၀ ကျပ်နှင့် ထောက်ပံ့ကြေး ၂ဝဝဝ ကျပ်ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ် အနော်ရထာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်ထားသည့် ချန်းရီ (Tsang Yih) ဖိနပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသား Mr. Liao Jung Ta ပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား အမျိုးသား၊ အမျိုသမီးဝန်ထမ်း ၆,၂၉၆ ယောက်နဲ့ လည်ပတ်နေသောစက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ခ်န္းရီအလုပ္သမားသပိတ္သို႔ အလုပ္သမားဒုဝန္ႀကီး လာေရာက္ေျဖရွင္းေန
NP News - ေမလ ၁၉

ခ်န္းရီအလုပ္သမားသပိတ္မ်ား ဆႏၵျပမႈကို ေနျပည္ေတာ္မွ အလုပ္သမားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းရွိန္လာေရာက္ ေျဖရွင္းေပးေနေၾကာင္း သိရသည္။
ေမလ ၁၄ ရက္မွစတင္ကာ လုပ္ခလစာတိုးျမင့္ေပးေရး အပါအဝင္ ေတာင္းဆိုခ်က္ေလးခုျဖင့္ စက္႐ုံဝင္းအတြင္းဆႏၵထုတ္ေဖာ္ေနျခင္းျဖစ္ၿပီး၊ လက္ရွိအခ်ိန္အထိ ညႇိႏႈိင္း၍မရေၾကာင္း အလုပ္သမားမ်ားထံမွသိရသည္။
တစ္ရက္လုပ္ခလစာကို ၁၂၀၀၀ က်ပ္အထိ တိုးျမင့္ေပးရန္ အလုပ္သမားမ်ားက ေတာင္းဆိုခဲ့ေသာ္လည္း စက္႐ုံဘက္မွ ၈ဝဝ က်ပ္ခန႔္သာ တိုးျမင့္ေပးေၾကာင္း သိရသည္။
လက္ရွိစက္႐ုံတြင္ ရရွိေနေသာအလုပ္သမား လုပ္ခလစာမွာ တစ္ရက္လွ်င္ ၅၈၀၀ က်ပ္ႏွင့္ ေထာက္ပံ့ေၾကး ၂ဝဝဝ က်ပ္ျဖစ္ေၾကာင္း သိရသည္။
လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္ အေနာ္ရထာစက္မႈဇုန္ ဆိပ္ကမ္းသာလမ္းမွာ ဖြင့္ထားသည့္ ခ်န္းရီ (Tsang Yih) ဖိနပ္စက္႐ုံဟာ ထိုင္ဝမ္ႏိုင္ငံသား Mr. Liao Jung Ta ပိုင္ စက္႐ုံျဖစ္ၿပီး အလုပ္သမား အမ်ိဳးသား၊ အမ်ိဳသမီးဝန္ထမ္း ၆,၂၉၆ ေယာက္နဲ႔ လည္ပတ္ေနေသာစက္႐ုံတစ္ခုျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.