အစိုးရက အခမဲ့ပညာရေးလုပ်ပေးနေသော်လည်း PDF နယ်မြေများတွင် ပိုက်ဆံပေးကာ စာသင်နေရ

 134

Pearl (NP News) - မေ ၂ဝ

အစိုးရအနေဖြင့် ကျောင်းလခအပါအဝင် မည်သည့် အခကြေးငွေကိုမျှ မကောက်ခံသည့်အပြင် ကျောင်းစိမ်း ဝတ်စုံများနှင့် စာရေးကိရိယာများကို အတန်းအဆင့်အလိုက် ထောက်ပံ့ပေးသော်လည်း PDF ထိန်းချုပ်ဒေသရှိ ကလေး များမှာမူ လစဉ်ကြေး ပေးကာ ပညာသင်ကြားနေရကြောင်း တန့်ဆည် ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
“ကလေးတွေလည်း ကျောင်းနေဖို့ကို လခပေးရတယ်။ တခြားမြို့တွေ ၊ တခြားနယ်တွေကို ကျောင်းသွားထားလို့ မရဘူး။ မနှစ်က ဒီလိုကျောင်း ဖွင့်တဲ့အချိန် မန္တလေးနဲ့ ရွှေဘိုဘက်တွေကို ကျောင်း သွားထားကြတော့ မိဘတွေကို ခေါ်ပြီးတော့ ရိုက်တာ ခေါင်းတောင်မထောင်နိုင်ဘူး။ သူတို့ဖွင့်တဲ့ကျောင်း ထားရတာ။ ကျောင်းသာတက်တာ အတန်း ကလည်း မတက်ဘူး။ လစဉ်ကြေးကလည်း တစ်လ (၁၀ဝဝဝ) ပေးရတယ်။ တချို့ဆို ကျောင်းမနေနိုင်လို့ အသက် (၁၀) နှစ် ပတ်လည်လေးတွေ သူများအလုပ်လုပ်နေရ တာတွေရှိတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
လက်ရှိတွင် PDF အဖွဲ့ စိုးမိုးထားသည့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာတစ်ခု၌ ကျောင်းသူ၊ ကျောင်းသားများကို အခြားမြို့နယ်များသို့သွားရောက် ကျောင်းတတ်ရောက်ခြင်းမပြုရန် ကန့်သတ်ထားပြီး ၎င်းတို့ လက်နက်ခဲယမ်းများ ပြုလုပ်သည့် နေရာအနီး လာမည့် ပညာသင်နှစ်အမီ အခြေခံပညာကျောင်း ဆောက်လုပ်ရန်လည်း စီစဉ်နေကြောင်း သိရ သည်။
“ဆေးခန်းဟောင်းကြီးထဲမှာ ဟိုတလောက လက်နက်တွေ လုပ်သေးတယ်။ ဗုံးသီးတွေ လည်းထားတယ်။ အခု စာသင်ကျောင်းဆောက်မယ့် နားကို သူတို့လက်နက်လုပ်တဲ့နေရာ ရွှေ့သွားပြန်ပြီ။ အဲဒါလည်း စည်းရိုးခတ်မလို့ဆိုပြီး ပိုက်ဆံကောက်တယ်။ စာသင်ကျောင်းဆောက်ဖို့လည်း တစ်အိမ် (၁၀ဝဝဝ) ကောက်ထားတယ်။ နဂိုရှိတဲ့ အထက် တန်းကျောင်းထဲမှာက သူတို့အဖွဲ့တွေနေတာ။ အရင်ကတော့ တပ်ရင်း (၅)တွေ၊ တပ်ရင်း (၂၀)တွေ။ အခုတော့ ပေါ်ဦး စစ်ကြောင်းဆိုပြီးတော့ ကျောင်းထဲမှာနေတာ” ဟု အထက်ပါဒေသခံကပြော သည်။
PDF အဖွဲ့အနေဖြင့် လက်နက်ခဲယမ်းဝယ် ယူရန်၊ ကျေးရွာဖွံ့ဖြိုးရေးများဆောက်ရွက်ရန်ဟု ခေါင်းစဉ်အမျိုးမျိုး တပ်ကာ မကြာခဏ ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်လျက်ရှိပြီး ယင်းကောက်ခံမှုများအပြင် စာသင်ရန် အတွက်ပါ ငွေကြေး ပေးနေရခြင်းဖြစ်သည်။ “သူတို့လက်အောက်မှာ ဒေသခံတွေ စီးပွားရေးကလည်း ကျပ်တည်းတယ်။ ဘယ်သူမှ ချောင်ချောင်လည်လည်မရှိဘူး။ အဲဒီကြားက လက်နက်ဖိုးကောက်လိုက်၊ ကျည်ဆန်ဖိုးကောက်လိုက်။ အထူးကတော့ တစ်နှစ် (၃)ကြိမ်လောက် ကောက်တယ်။ ကြားထဲမှာကောက်တာက (၃)သောင်း၊ (၅)သောင်းကတော့ ခဏခဏပဲ။ ကောက်တယ်ဆိုလည်း ကြောက်ရတော့ ထည့်နေရတာပဲ။ ရွာကောင်းကျိုးက တစ်ခုမှ လုပ်တာမတွေ့ ပါဘူး။ သူတို့အစည်းအဝေးပွဲတွေလုပ်ပြီးရင် ငွေကောက် တော့တာပဲ။ သူတို့ စီးပွားရေးက ပိုက်ဆံကောက်တဲ့ အပြင်ရွာ ကထွက်သွားတဲ့ လူတွေကျန်ခဲ့တဲ့ လယ်တွေကို လုပ်တာ။ ရွာကလူတွေကို စပါးစိုက်ခိုင်းတယ်၊ ကောက်ရိတ်တယ်၊ အကုန်လုပ်ခိုင်းတာ။ စက်ရှိတဲ့ လူက သူတို့လယ်ရိတ် ပေး၊ ရွာကလူတွေက စိုက်ပေး ရတယ်}} ဟု အထက်ပါဒေသခံက ဆက်လက်ပြောသည်။
PDF အဖွဲ့များအနေဖြင့် ၎င်းတို့ စိုးမိုးထား သည့် ဒေသအချို့၌ ကလေးငယ်များ ပညာသင်ကြား နိုင်ရေးအတွက် မလုပ်ဆောင်ပေးနိုင်သော်လည်း ပညာရေးဝန်ထမ်းများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူး လွန်လျက်ရှိကာ ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်မှ ယခုအချိန်ထိ ပညာရေး ဝန်ထမ်း (၇၇)ဦး အကြမ်းဖက် သတ်ဖြတ်ခြင်းခံထား ရကြောင်း နစကမှ ထုတ်ပြန်ထားသော အချက်အလက် များအရသိရသည်။

Zawgyi Version:
အစိုးရက အခမဲ့ပညာေရးလုပ္ေပးေနေသာ္လည္း PDF နယ္ေျမမ်ားတြင္ ပိုက္ဆံေပးကာ စာသင္ေနရ
Pearl (NP News) - ေမ ၂ဝ

အစိုးရအေနျဖင့္ ေက်ာင္းလခအပါအဝင္ မည္သည့္ အခေၾကးေငြကိုမွ် မေကာက္ခံသည့္အျပင္ ေက်ာင္းစိမ္း ဝတ္စုံမ်ားႏွင့္ စာေရးကိရိယာမ်ားကို အတန္းအဆင့္အလိုက္ ေထာက္ပံ့ေပးေသာ္လည္း PDF ထိန္းခ်ဳပ္ေဒသရွိ ကေလး မ်ားမွာမူ လစဥ္ေၾကး ေပးကာ ပညာသင္ၾကားေနရေၾကာင္း တန႔္ဆည္ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
“ကေလးေတြလည္း ေက်ာင္းေနဖို႔ကို လခေပးရတယ္။ တျခားၿမိဳ႕ေတြ ၊ တျခားနယ္ေတြကို ေက်ာင္းသြားထားလို႔ မရဘူး။ မႏွစ္က ဒီလိုေက်ာင္း ဖြင့္တဲ့အခ်ိန္ မႏၲေလးနဲ႔ ေ႐ႊဘိုဘက္ေတြကို ေက်ာင္း သြားထားၾကေတာ့ မိဘေတြကို ေခၚၿပီးေတာ့ ႐ိုက္တာ ေခါင္းေတာင္မေထာင္ႏိုင္ဘူး။ သူတို႔ဖြင့္တဲ့ေက်ာင္း ထားရတာ။ ေက်ာင္းသာတက္တာ အတန္း ကလည္း မတက္ဘူး။ လစဥ္ေၾကးကလည္း တစ္လ (၁၀ဝဝဝ) ေပးရတယ္။ တခ်ိဳ႕ဆို ေက်ာင္းမေနႏိုင္လို႔ အသက္ (၁၀) ႏွစ္ ပတ္လည္ေလးေတြ သူမ်ားအလုပ္လုပ္ေနရ တာေတြရွိတယ္” ဟု အထက္ပါေဒသခံက ေျပာသည္။
လက္ရွိတြင္ PDF အဖြဲ႕ စိုးမိုးထားသည့္ တန႔္ဆည္ၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္ခု၌ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို အျခားၿမိဳ႕နယ္မ်ားသို႔သြားေရာက္ ေက်ာင္းတတ္ေရာက္ျခင္းမျပဳရန္ ကန႔္သတ္ထားၿပီး ၎တို႔ လက္နက္ခဲယမ္းမ်ား ျပဳလုပ္သည့္ ေနရာအနီး လာမည့္ ပညာသင္ႏွစ္အမီ အေျခခံပညာေက်ာင္း ေဆာက္လုပ္ရန္လည္း စီစဥ္ေနေၾကာင္း သိရ သည္။
“ေဆးခန္းေဟာင္းႀကီးထဲမွာ ဟိုတေလာက လက္နက္ေတြ လုပ္ေသးတယ္။ ဗုံးသီးေတြ လည္းထားတယ္။ အခု စာသင္ေက်ာင္းေဆာက္မယ့္ နားကို သူတို႔လက္နက္လုပ္တဲ့ေနရာ ေ႐ႊ႕သြားျပန္ၿပီ။ အဲဒါလည္း စည္း႐ိုးခတ္မလို႔ဆိုၿပီး ပိုက္ဆံေကာက္တယ္။ စာသင္ေက်ာင္းေဆာက္ဖို႔လည္း တစ္အိမ္ (၁၀ဝဝဝ) ေကာက္ထားတယ္။ နဂိုရွိတဲ့ အထက္ တန္းေက်ာင္းထဲမွာက သူတို႔အဖြဲ႕ေတြေနတာ။ အရင္ကေတာ့ တပ္ရင္း (၅)ေတြ၊ တပ္ရင္း (၂၀)ေတြ။ အခုေတာ့ ေပၚဦး စစ္ေၾကာင္းဆိုၿပီးေတာ့ ေက်ာင္းထဲမွာေနတာ” ဟု အထက္ပါေဒသခံကေျပာ သည္။
PDF အဖြဲ႕အေနျဖင့္ လက္နက္ခဲယမ္းဝယ္ ယူရန္၊ ေက်း႐ြာဖြံ႕ၿဖိဳးေရးမ်ားေဆာက္႐ြက္ရန္ဟု ေခါင္းစဥ္အမ်ိဳးမ်ိဳး တပ္ကာ မၾကာခဏ ေငြေၾကးေကာက္ခံမႈမ်ားလည္း ျပဳလုပ္လ်က္ရွိၿပီး ယင္းေကာက္ခံမႈမ်ားအျပင္ စာသင္ရန္ အတြက္ပါ ေငြေၾကး ေပးေနရျခင္းျဖစ္သည္။ “သူတို႔လက္ေအာက္မွာ ေဒသခံေတြ စီးပြားေရးကလည္း က်ပ္တည္းတယ္။ ဘယ္သူမွ ေခ်ာင္ေခ်ာင္လည္လည္မရွိဘူး။ အဲဒီၾကားက လက္နက္ဖိုးေကာက္လိုက္၊ က်ည္ဆန္ဖိုးေကာက္လိုက္။ အထူးကေတာ့ တစ္ႏွစ္ (၃)ႀကိမ္ေလာက္ ေကာက္တယ္။ ၾကားထဲမွာေကာက္တာက (၃)ေသာင္း၊ (၅)ေသာင္းကေတာ့ ခဏခဏပဲ။ ေကာက္တယ္ဆိုလည္း ေၾကာက္ရေတာ့ ထည့္ေနရတာပဲ။ ႐ြာေကာင္းက်ိဳးက တစ္ခုမွ လုပ္တာမေတြ႕ ပါဘူး။ သူတို႔အစည္းအေဝးပြဲေတြလုပ္ၿပီးရင္ ေငြေကာက္ ေတာ့တာပဲ။ သူတို႔ စီးပြားေရးက ပိုက္ဆံေကာက္တဲ့ အျပင္႐ြာ ကထြက္သြားတဲ့ လူေတြက်န္ခဲ့တဲ့ လယ္ေတြကို လုပ္တာ။ ႐ြာကလူေတြကို စပါးစိုက္ခိုင္းတယ္၊ ေကာက္ရိတ္တယ္၊ အကုန္လုပ္ခိုင္းတာ။ စက္ရွိတဲ့ လူက သူတို႔လယ္ရိတ္ ေပး၊ ႐ြာကလူေတြက စိုက္ေပး ရတယ္}} ဟု အထက္ပါေဒသခံက ဆက္လက္ေျပာသည္။
PDF အဖြဲ႕မ်ားအေနျဖင့္ ၎တို႔ စိုးမိုးထား သည့္ ေဒသအခ်ိဳ႕၌ ကေလးငယ္မ်ား ပညာသင္ၾကား ႏိုင္ေရးအတြက္ မလုပ္ေဆာင္ေပးႏိုင္ေသာ္လည္း ပညာေရးဝန္ထမ္းမ်ားကို ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ား က်ဴး လြန္လ်က္ရွိကာ ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္မွ ယခုအခ်ိန္ထိ ပညာေရး ဝန္ထမ္း (၇၇)ဦး အၾကမ္းဖက္ သတ္ျဖတ္ျခင္းခံထား ရေၾကာင္း နစကမွ ထုတ္ျပန္ထားေသာ အခ်က္အလက္ မ်ားအရသိရသည္။

Related news

© 2021. All rights reserved.