KIA ပူးပေါင်းအဖွဲ့က ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် လမ်းတစ်လျှောက်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်

 2857

Pearl (NP News) - မတ် ၇

KIA ပူးပေါင်းအဖွဲ့က ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် လမ်းတစ် လျှောက်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (မတ်လ ၇ ရက်) ၊ နံနက် (၅)နာရီခန့်မှ စတင်ကာ ကချင် ပြည်နယ်၊ မြစ်ကြီးနားခရိုင် ၊ ဝိုင်းမော်မြို့၊ ရွှေညောင်ပင် အနီးရှိ နယ်မြေခံတပ်ရင်း နှင့် ရွှေညောင်ပင်၊ အောင်မြေ (၁) အနီးရှိ တပ်မတော်လုံခြုံရေးစခန်းငယ် အပါအဝင် တပ်ရင်း (၆)ခုခန့်နှင့် တပ်မတော်လုံခြုံရေးစခန်းငယ် (၁၃)ခုခန့်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“ရွှေညောင်ပင်၊ အောင်မြေ(၁)ဘက်တွေကတော့ မနက် (၅)နာရီလောက်က စတိုက်တာ။ အခုတော့ အဲဒီဘက်ကို ဆက်သွယ်လို့မရသေးဘူး။ ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် တစ်ကျောက တပ်ရင်း (၆)ခုနဲ့ တပ်စခန်းငယ် (၁၃)ခုကို ဝင်တိုက်တာလို့တော့ ကြားတယ် ။ ဝိုင်းမော်ဘက်က ခလရ ၃၂၁၊ ဗန်းမော်ဘက်က ၃၇၀ အမြောက်တပ် နဲ့ ၃၇၈ လို့ကြားတယ်။ အဲဒီလောက်ပဲ သိတယ်။ တခြား ဘာတွေပါလဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်းအရပ်သားထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် လုံခြုံရေးအဖွဲ့ဝင်များ၊ လက်နက်ကိုင်အဖွဲ့ဝင်များလည်း သေဆုံးမှုများရှိကြောင်း သိရသည်။

ထို့ပြင် ယနေ့၊ နံနက်အစောပိုင်းတွင်လည်း မြစ်ကြီးနားမြို့ရှိ တပ်မတော်လေတပ်စခန်းအနီးကို KIA ပူးပေါင်းအဖွဲ့က လက် နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြစ်ကြီးနားလေတပ်ဘက်ကိုလည်း ပစ်တယ်လို့ပြောတယ်။ ဘယ်မှာကျလဲတော့ မသိဘူး ။ မြစ်ကြီးနားကိုလည်း ဝင်တိုက်မယ်တော့ ကြားနေတာပဲ။ အခုလောလောဆယ်တော့ ငြိမ်နေတယ်”ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။

ပြီးခဲ့သောကာလများတွင်လည်း ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ လုံခြုံရေးစခန်းများကို KIA ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

zawgyi version
KIA ပူးေပါင္းအဖြဲ႕က ဝိုင္းေမာ္ - လိုင္ဇာ - ဗန္းေမာ္ လမ္းတစ္ ေလွ်ာက္ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို တၿပိဳင္နက္တည္းဝင္ေရာက္တိုက္ခိုက္

Pearl (NP News) - မတ္ ၇

KIA ပူးေပါင္းအဖြဲ႕က ဝိုင္းေမာ္ - လိုင္ဇာ - ဗန္းေမာ္ လမ္းတစ္ ေလွ်ာက္ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို တၿပိဳင္နက္တည္းဝင္ေရာက္တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ (မတ္လ ၇ ရက္) ၊ နံနက္ (၅)နာရီခန႔္မွ စတင္ကာ ကခ်င္ ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္ ၊ ဝိုင္းေမာ္ၿမိဳ႕၊ ေ႐ႊေညာင္ပင္ အနီးရွိ နယ္ေျမခံတပ္ရင္း ႏွင့္ ေ႐ႊေညာင္ပင္၊ ေအာင္ေျမ (၁) အနီးရွိ တပ္မေတာ္လုံၿခဳံေရးစခန္းငယ္ အပါအဝင္ တပ္ရင္း (၆)ခုခန႔္ႏွင့္ တပ္မေတာ္လုံၿခဳံေရးစခန္းငယ္ (၁၃)ခုခန႔္ကို တၿပိဳင္နက္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

“ေ႐ႊေညာင္ပင္၊ ေအာင္ေျမ(၁)ဘက္ေတြကေတာ့ မနက္ (၅)နာရီေလာက္က စတိုက္တာ။ အခုေတာ့ အဲဒီဘက္ကို ဆက္သြယ္လို႔မရေသးဘူး။ ဝိုင္းေမာ္ - လိုင္ဇာ - ဗန္းေမာ္ တစ္ေက်ာက တပ္ရင္း (၆)ခုနဲ႔ တပ္စခန္းငယ္ (၁၃)ခုကို ဝင္တိုက္တာလို႔ေတာ့ ၾကားတယ္ ။ ဝိုင္းေမာ္ဘက္က ခလရ ၃၂၁၊ ဗန္းေမာ္ဘက္က ၃၇၀ အေျမာက္တပ္ နဲ႔ ၃၇၈ လို႔ၾကားတယ္။ အဲဒီေလာက္ပဲ သိတယ္။ တျခား ဘာေတြပါလဲေတာ့မသိဘူး”ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါတိုက္ပြဲမ်ားအတြင္းအရပ္သားထိခိုက္ေသဆုံးမႈမ်ားရွိေနသည့္အျပင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၊ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားလည္း ေသဆုံးမႈမ်ားရွိေၾကာင္း သိရသည္။

ထို႔ျပင္ ယေန႔၊ နံနက္အေစာပိုင္းတြင္လည္း ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေလတပ္စခန္းအနီးကို KIA ပူးေပါင္းအဖြဲ႕က လက္ နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

“ျမစ္ႀကီးနားေလတပ္ဘက္ကိုလည္း ပစ္တယ္လို႔ေျပာတယ္။ ဘယ္မွာက်လဲေတာ့ မသိဘူး ။ ျမစ္ႀကီးနားကိုလည္း ဝင္တိုက္မယ္ေတာ့ ၾကားေနတာပဲ။ အခုေလာေလာဆယ္ေတာ့ ၿငိမ္ေနတယ္”ဟု အထက္ပါ ေဒသခံက ဆက္လက္ေျပာသည္။

ၿပီးခဲ့ေသာကာလမ်ားတြင္လည္း ဗန္းေမာ္ - ျမစ္ႀကီးနား လမ္းေပၚရွိ လုံၿခဳံေရးစခန္းမ်ားကို KIA ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.