တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူပြည်နယ်အစိုးရက ပြည်နယ်သတင်းဌာနအတွက် AI သတင်းတင်ဆက်သူကို အသုံးပြုလာ

 1781

ရောင်နီ (NP News) - မတ် ၁၅

တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူပြည်နယ်အစိုးရဟာ ၎င်းရဲ့အပတ်စဉ် YouTube ပရိုဂရမ်အတွက် သတင်းကြေညာသူကို တစ်လ ဝမ် 600,000 (ဒေါ်လာ 450) နဲ့သာ ငှားရမ်းခဲ့ပါတယ်။

အဲဒါကတော့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ အမျိုးသမီး တင်ဆက်သူဖြစ်ပြီး၊ ကျွန်းမှ မူဝါဒ အပ်ဒိတ်တွေနဲ့ ဒေသဆိုင်ရာသတင်းတွေကို AI နဲ့ ဖတ်ရှု ကြေညာပေးပါတယ်။

အဆိုပါပရိုဂရမ်ကို ပုဂ္ဂလိက ကန်ထရိုက်တာ ကုမ္ပဏီတစ်ခုမှ တီထွင် စီမံခန့်ခွဲခြင်းဖြစ်ပြီး ဒီအတွက် ကုန်ကျစရိတ်ကတော့ တစ်လကို ဝမ် ၆၀၀,၀၀၀ သာ ရှိတယ်လို့ သိရသည်။

အခြား လူသား သတင်းတင်ဆက်သူတွေကို ခန့်အပ်ခြင်းဟာ ကုန်ကျစရိတ်ကြီးမားတာကြောင့် J-na လို့ အမည်ပေးထားတဲ့ AI သတင်းကြေညာသူကို ရွေးချယ်ခဲ့တယ်လို့ ဂျယ်ဂျူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

J-na ဆိုတဲ့ အမည်ဟာ "Jeju၊” “News” နဲ့ "AI” တို့ရဲ့ အစစာလုံးတွေ ပေါင်းစပ်ရာမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

ပြည်နယ်ရဲ့တရားဝင် YouTube ချန်နယ်နဲ့ ၎င်းရဲ့ဝဘ်ဆိုဒ်မှ ထုတ်လွှင့်တဲ့ "Weekly Jeju” ရဲ့ မတ်လ ၈ ရက် ထုတ်လွှင့်တဲ့အပိုင်းမှာ အပြာရောင် ဝတ်စုံဝတ်ထားတဲ့ J-na ဟာ သဘာဝကျကျ သတင်းဖတ်နေခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ် AI သတင်းတင်ဆက်သူကို မိတ်ဆက်လာခြင်း မဟုတ်ပါဘူး။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်ကလည်း MBN ဟာ လူသားသတင်းတင်ဆက်သူ ကင်ဂျိုဟာနဲ့ ပုံတူ AI သတင်းတင်ဆက်သူကို အသုံးပြုကာ သတင်းကြေညာခဲ့ဖူးပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလငလည်း သတင်းချန်နယ် YTN မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ကိုယ်စားပြုသည့် AI သတင်းတင်ဆက်သူ Y-Go နဲ့ Y-On တို့ကို မိတ်ဆက်ပေးခဲ့ဖူးပါတယ်။

ေတာင္ကိုရီးယားႏိုင္ငံ ဂ်ယ္ဂ်ဴျပည္နယ္အစိုးရက ျပည္နယ္သတင္းဌာနအတြက္ AI သတင္းတင္ဆက္သူကို အသုံးျပဳလာ
ေရာင္နီ (NP News) - မတ္ ၁၅

ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴျပည္နယ္အစိုးရဟာ ၎ရဲ႕အပတ္စဥ္ YouTube ပ႐ိုဂရမ္အတြက္ သတင္းေၾကညာသူကို တစ္လ ဝမ္ 600,000 (ေဒၚလာ 450) နဲ႔သာ ငွားရမ္းခဲ့ပါတယ္။

အဲဒါကေတာ့ ကြန္ပ်ဴတာနဲ႔ ဖန္တီးထားတဲ့ အမ်ိဳးသမီး တင္ဆက္သူျဖစ္ၿပီး၊ ကြၽန္းမွ မူဝါဒ အပ္ဒိတ္ေတြနဲ႔ ေဒသဆိုင္ရာသတင္းေတြကို AI နဲ႔ ဖတ္ရႈ ေၾကညာေပးပါတယ္။

အဆိုပါပ႐ိုဂရမ္ကို ပုဂၢလိက ကန္ထ႐ိုက္တာ ကုမၸဏီတစ္ခုမွ တီထြင္ စီမံခန႔္ခြဲျခင္းျဖစ္ၿပီး ဒီအတြက္ ကုန္က်စရိတ္ကေတာ့ တစ္လကို ဝမ္ ၆၀၀,၀၀၀ သာ ရွိတယ္လို႔ သိရသည္။

အျခား လူသား သတင္းတင္ဆက္သူေတြကို ခန႔္အပ္ျခင္းဟာ ကုန္က်စရိတ္ႀကီးမားတာေၾကာင့္ J-na လို႔ အမည္ေပးထားတဲ့ AI သတင္းေၾကညာသူကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ ဂ်ယ္ဂ်ဴ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

J-na ဆိုတဲ့ အမည္ဟာ "Jeju၊” “News” နဲ႔ "AI” တို႔ရဲ႕ အစစာလုံးေတြ ေပါင္းစပ္ရာမွ ဆင္းသက္လာျခင္းျဖစ္ပါတယ္။

ျပည္နယ္ရဲ႕တရားဝင္ YouTube ခ်န္နယ္နဲ႔ ၎ရဲ႕ဝဘ္ဆိုဒ္မွ ထုတ္လႊင့္တဲ့ "Weekly Jeju” ရဲ႕ မတ္လ ၈ ရက္ ထုတ္လႊင့္တဲ့အပိုင္းမွာ အျပာေရာင္ ဝတ္စုံဝတ္ထားတဲ့ J-na ဟာ သဘာဝက်က် သတင္းဖတ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ဒါဟာ ေတာင္ကိုရီးယားမွာ ပထမဆုံးအႀကိမ္ AI သတင္းတင္ဆက္သူကို မိတ္ဆက္လာျခင္း မဟုတ္ပါဘူး။ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၆ ရက္ကလည္း MBN ဟာ လူသားသတင္းတင္ဆက္သူ ကင္ဂ်ိဳဟာနဲ႔ ပုံတူ AI သတင္းတင္ဆက္သူကို အသုံးျပဳကာ သတင္းေၾကညာခဲ့ဖူးပါတယ္။

၂၀၂၃ ခုႏွစ္ စက္တင္ဘာလငလည္း သတင္းခ်န္နယ္ YTN မွာ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို ကိုယ္စားျပဳသည့္ AI သတင္းတင္ဆက္သူ Y-Go နဲ႔ Y-On တို႔ကို မိတ္ဆက္ေပးခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.