ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းချမှုနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရ

 687

Pika (NP News) - မတ် ၁၇

မူးယစ်ဆေးဝါး တရားမဝင်ရောင်းချမှုတွင် ၎င်း၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီကို အမေရိကန် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Wall Street Journal က မတ်လ(၁၆)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံတောင်ပိုင်း ဗာဂျီးနီးယားပြည်နယ်ရှိ အစိုးရရှေ့နေများသည် Meta ကုမ္ပဏီ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများက မူးယစ်ဆေးဝါးတရားမဝင် ရောင်းချမှုမှ အကျိုးအမြတ် ရရှိမှု ရှိ/မရှိ ဆိုသည့်အချက်ကို စုံစမ်း စစ်ဆေးနေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး WSJ က ရေးသားဖော်ပြခဲ့ သည်။

အစိုးရရှေ့နေများသည် Meta ကုမ္ပဏီ၏ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းချမှု အကြောင်းအရာများနှင့်ပတ်သက်သည့်မှတ်တမ်းများကိုပေးရန် တောင်းဆိုထားကြောင်း WSJ က ရေးသားထားသည်။ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က အဆိုပါစုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကူညီ ပေးခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။

Meta ကုမ္ပဏီက "ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ မူးယစ်ဆေးဝါးတွေ တရားမဝင်ရောင်းချမှုဟာ ကျွန်တော်တို့ရဲ့မူဝါဒတွေနဲ့မကိုက်ညီပါဘူး။ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေက အဲဒီလိုမျိုးအကြောင်းအရာတွေကို အမြဲတမ်းရှာဖွေပြီး ဖယ်ရှားပစ်ဖို့ လုပ်ဆောင်နေပါတယ်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းချမှုကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ပြောခဲ့သည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို (FDA) (သို့မဟုတ်) Meta ကုမ္ပဏီက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version;
ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားေပၚတြင္ မူးယစ္ေဆးဝါးတရားမဝင္ေရာင္းခ်မႈႏွင့္ပတ္သက္ၿပီး Meta ကုမၸဏီ စုံစမ္းစစ္ေဆးခံေနရ
Pika (NP News) - မတ္ ၁၇

မူးယစ္ေဆးဝါး တရားမဝင္ေရာင္းခ်မႈတြင္ ၎၏ အခန္းက႑ႏွင့္ပတ္သက္ၿပီး Meta ကုမၸဏီကို အေမရိကန္ အာဏာပိုင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း Wall Street Journal က မတ္လ(၁၆)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

အေမရိကန္ႏိုင္ငံေတာင္ပိုင္း ဗာဂ်ီးနီးယားျပည္နယ္ရွိ အစိုးရေရွ႕ေနမ်ားသည္ Meta ကုမၸဏီ၏ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းမ်ားက မူးယစ္ေဆးဝါးတရားမဝင္ ေရာင္းခ်မႈမွ အက်ိဳးအျမတ္ ရရွိမႈ ရွိ/မရွိ ဆိုသည့္အခ်က္ကို စုံစမ္း စစ္ေဆးေနေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး WSJ က ေရးသားေဖာ္ျပခဲ့ သည္။

အစိုးရေရွ႕ေနမ်ားသည္ Meta ကုမၸဏီ၏ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားေပၚတြင္ မူးယစ္ေဆးဝါး တရားမဝင္ ေရာင္းခ်မႈ အေၾကာင္းအရာမ်ားႏွင့္ပတ္သက္သည့္မွတ္တမ္းမ်ားကိုေပးရန္ ေတာင္းဆိုထားေၾကာင္း WSJ က ေရးသားထားသည္။ အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲမႈဌာန (FDA) က အဆိုပါစုံစမ္းစစ္ေဆးမႈတြင္ ပါဝင္ကူညီ ေပးခဲ့ေၾကာင္းလည္း ေရးသားေဖာ္ျပထားသည္။

Meta ကုမၸဏီက "ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြေပၚမွာ မူးယစ္ေဆးဝါးေတြ တရားမဝင္ေရာင္းခ်မႈဟာ ကြၽန္ေတာ္တို႔ရဲ႕မူဝါဒေတြနဲ႔မကိုက္ညီပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ဝန္ေဆာင္မႈေတြက အဲဒီလိုမ်ိဳးအေၾကာင္းအရာေတြကို အၿမဲတမ္းရွာေဖြၿပီး ဖယ္ရွားပစ္ဖို႔ လုပ္ေဆာင္ေနပါတယ္။ မူးယစ္ေဆးဝါး တရားမဝင္ေရာင္းခ်မႈကို တိုက္ဖ်က္ရာမွာ အေထာက္အကူျဖစ္ေစဖို႔အတြက္ တရားဥပေဒစိုးမိုးေရးအဖြဲ႕ေတြနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ဆက္လက္ လုပ္ေဆာင္ေနပါတယ္” ဟု ေျပာခဲ့သည္။

အဆိုပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို (FDA) (သို႔မဟုတ္) Meta ကုမၸဏီက ျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.