ပါလက်စတိုင်းအကျဉ်းသား(၇၀၀)ကျော်ကို လွှတ်ပေးရန် အစ္စရေးဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မီဒီယာများဖော်ပြ

 580

Pika (NP News) - မတ် ၂၅

ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ဓါးစာခံလူ(၄၀)ဦးအတွက် အပြန်အလှန်အနေဖြင့် ပါလက်စတိုင်းအကျဉ်းသား(၇၀၀)မှ (၈၀၀)ကြားကို လွှတ်ပေးရန် အစ္စရေးအစိုးရက သဘောတူညီခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့်အရာရှိများ၏ပြောဆိုချက်ကို ကိုးကားပြီး အစ္စရေးမီဒီယာများက မတ်လ(၂၄)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါအကျဉ်းသားလဲလှယ်မှု အောင်မြင်သွားမည်ဆိုပါက အစ္စရေးနှင့် ဟားမက်ကြား စစ်ပွဲကို ရပ်ဆိုင်းထားရန် ရည်ရွယ်သည့် အလားအလာရှိသော အမေရိကန်ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးအစိုးရက လွှတ်ပေးရန်ဆန္ဒရှိသည့် အကျဉ်းသားများထဲတွင် လူသတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား(၁၀၀)ပါဝင်ကြောင်း Channel 12 and သတင်းဝက်ဘ်ဆိုက် Walla တို့၏ ဖော်ပြချက်အရ သိရသည်။

အမည်မဖော်လိုသော အစ္စရေးအရာရှိတစ်ဦးက “လက်ရှိအချိန်မှာတော့ ဒီသဘောတူညီချက်အတွက် အခွင့်အရေး တွေက ၅၀/၅၀ လို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။

ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိုလည်း အစ္စရေး အစိုးရက ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဟားမက် လက်နက်ကိုင်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာအဆိုပြုချက်ကို ယခင်က ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရသည်။

ထို့အပြင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်လက်နက်ကိုင်အဖွဲ့၏ တည်ရှိမှုကို လုံးဝ ချေမှုန်းပစ်ရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ကြောင်း နေတန်ရာဟုက ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂၀၀)ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်း လူမျိုး(၃)သောင်းကျော် သေဆုံးထားကြောင်း အချက်အလက်များအရ သိရသည်။

Zawgyi Version;
ပါလက္စတိုင္းအက်ဥ္းသား(၇၀၀)ေက်ာ္ကို လႊတ္ေပးရန္ အစၥေရးဘက္က အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း မီဒီယာမ်ားေဖာ္ျပ
Pika (NP News) - မတ္ ၂၅

ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားေသာ ဓါးစာခံလူ(၄၀)ဦးအတြက္ အျပန္အလွန္အေနျဖင့္ ပါလက္စတိုင္းအက်ဥ္းသား(၇၀၀)မွ (၈၀၀)ၾကားကို လႊတ္ေပးရန္ အစၥေရးအစိုးရက သေဘာတူညီခဲ့ေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သည့္အရာရွိမ်ား၏ေျပာဆိုခ်က္ကို ကိုးကားၿပီး အစၥေရးမီဒီယာမ်ားက မတ္လ(၂၄)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါအက်ဥ္းသားလဲလွယ္မႈ ေအာင္ျမင္သြားမည္ဆိုပါက အစၥေရးႏွင့္ ဟားမက္ၾကား စစ္ပြဲကို ရပ္ဆိုင္းထားရန္ ရည္႐ြယ္သည့္ အလားအလာရွိေသာ အေမရိကန္ၾကားဝင္ေစ့စပ္ေပးသည့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္၏ တစ္စိတ္တစ္ပိုင္းျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

အစၥေရးအစိုးရက လႊတ္ေပးရန္ဆႏၵရွိသည့္ အက်ဥ္းသားမ်ားထဲတြင္ လူသတ္မႈျဖင့္ ျပစ္ဒဏ္က်ခံေနရေသာ အက်ဥ္းသား(၁၀၀)ပါဝင္ေၾကာင္း Channel 12 and သတင္းဝက္ဘ္ဆိုက္ Walla တို႔၏ ေဖာ္ျပခ်က္အရ သိရသည္။

အမည္မေဖာ္လိုေသာ အစၥေရးအရာရွိတစ္ဦးက “လက္ရွိအခ်ိန္မွာေတာ့ ဒီသေဘာတူညီခ်က္အတြက္ အခြင့္အေရး ေတြက ၅၀/၅၀ လို႔ပဲ ကြၽန္ေတာ္ထင္ပါတယ္” ဟု ေျပာခဲ့သည္။

ထို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသ ေျမာက္ပိုင္းသို႔ ပါလက္စတိုင္းဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္ေရးကိုလည္း အစၥေရး အစိုးရက ေဆြးေႏြးရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ဟားမက္ လက္နက္ကိုင္အဖြဲ႕၏ အပစ္အခတ္ရပ္စဲေရးႏွင့္ အက်ဥ္းသားလဲလွယ္ေရးဆိုင္ရာအဆိုျပဳခ်က္ကို ယခင္က ျငင္းဆန္ပယ္ခ်ခဲ့ဖူးေၾကာင္း သိရသည္။

ထို႔အျပင္ အစၥေရးစစ္တပ္သည္ ဂါဇာကမ္းေျမာင္ေဒသတြင္ ဟားမက္လက္နက္ကိုင္အဖြဲ႕၏ တည္ရွိမႈကို လုံးဝ ေခ်မႈန္းပစ္ရန္ စိတ္ပိုင္းျဖတ္ထားဆဲျဖစ္ေၾကာင္း ေနတန္ရာဟုက ေျပာခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ (၇)ရက္တြင္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား (၁၂၀၀)ေက်ာ္ ေသဆုံးခဲ့ကာ ပါလက္စတိုင္း လူမ်ိဳး(၃)ေသာင္းေက်ာ္ ေသဆုံးထားေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.